m d s Fashion Shop

mds3

ဆိုင်တည်နေရာနဲ့ ဆက်သွယ်လို့ရမယ့်ဖုန်း . . .

ဆိုင်အမှတ် ၁၀၀၇ ၊ မြေညီထပ်၊ တော်ဝင်စင်တာ၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း- ၀၉ ၉၇၄၀၀၇၆၆၆ / ၀၉ ၇၉၉ ၅၅၅ ၉၉၊ Email - [email protected]

ဖွင့်လှစ်တဲ့ရည်ရွယ်ချက် . . .

mds Myanmar ဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်ကတော့ မြန်မာအမျိုးသမီးတွေအနေနဲ့ မြန်မာနိုင်ငံမှာတင်ပဲ လိုအပ်တဲ့ ခေတ်မီအမျိုးသမီးဖက်ရှင်တွေကို စိတ်တိုင်းကျ ဝတ်ဆင်ဝယ်ယူနိုင်စေဖို့ဖြစ်ပါတယ်။ နေ့စဉ် (Casual) နဲ့ ပွဲတက် (Formal) ဒီဇိုင်းအသစ်တွေကို သင့်တော်တဲ့ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

mds4

mds ရဲ့ထူးခြားချက် . . .

mds အမှတ်တံဆိပ်ဟာ စင်ကာပူနိုင်ငံမှာ ထုတ်လုပ်ပြီး စင်ကာပူနိုင်ငံရှိ အမျိုးသမီးဝတ် Fashion Brand တွေ ကြားမှာ ရေပန်းစားပါတယ်။ ဂျပန် ၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ယခုမြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်းခြောက်နိုင်ငံမှာ ဆိုင်ခွဲပေါင်း ၂၅ ဆိုင် ဖွင့်လှစ်ထားပြီး အောင်မြင်စွာ ရပ်တည်နေပါတယ်။ ထူးခြားချက်အနေနဲ့ အပတ်စဉ်တိုင်း ဖက်ရှင်ဒီဇိုင်းသစ်တွေ ထွက်ရှိနေပြီး စင်ကာပူနဲ့ တစ်ပြေးညီအချိန်အတွင်းမှာ ဝယ်ယူရရှိနိုင်ပါတယ်။ ဖက်ရှင်ဒီဇိုင်းပေါင်း ရာကျော်ရှိပြီး နောက်ဆုံးပေါ် ခေတ်မီဒီဇိုင်းသစ်တွေကို နိုင်ငံတကာက mds ဆိုင်တွေမှာ ထွက်ရှိတဲ့တစ်ချိန်တည်းမှာ ရရှိနိုင်မယ့်အပြင် ဈေးနှုန်းလည်း မှန်ကန်ပါတယ်။

Promotion ပိုင်း . . .

Promotion အနေနဲ့ ငွေကျပ် ၁၅၀,၀၀၀ ဖိုး ဝယ်ယူရင် တစ်သက်တာ Member Card ရရှိမှာ ဖြစ်ပါတယ်။ Member Card နဲ့ ဝယ်ယူရင် ပုံမှန် Item တွေပေါ်မှာ ၁၀ ရာခိုင်နှုန်း Discount ရရှိမှာဖြစ်ပြီး မိမိရဲ့မွေးလအတွင်း ဝယ်ယူမယ်ဆိုရင် ၂၀ ရာခိုင်နှုန်း Discount ရရှိမှာ ဖြစ်ပါတယ်။

mds2

အခြားဝန်ဆောင်မှုများ . . .

ထူးခြားတဲ့ Promotions တွေ၊ Giveaway ပေးတဲ့ Special အစီအစဉ်တွေနဲ့ MDS Myanmar ရဲ့ Facebook နဲ့ Instagram မှာ ဖက်ရှင်ဒီဇိုင်းအသစ်ထွက်တိုင်း အမြဲမပြတ် တင်ပေးနေပါတယ်။

ဈေးနှုန်းပိုင်း . . .

ဈေးနှုန်းပိုင်းအနေနဲ့ သုံးသောင်းကျပ်ကစပြီး ရှစ်သောင်းကျပ်အထိ ရှိပါတယ်။

mds1