ဖွံ့ဖြိုးဆဲ ဈေးကွက်တစ်ခုဖြစ်တဲ့ Smartwatch ဈေးကွက်ထဲကို Samsung နဲ့ Sony တို့လို ကုမ္ပဏီကြီးတွေသာမက Pebble လို ကုမ္ပဏီလေးတွေကပါ ဈေးကွက်ထဲမှာ နာမည်ရဖို့ အပြိုင်အဆိုင် ကြိုးပမ်းအားထုတ်နေကြသလို LG ကလည်း နောက်ကျမကျန်ခဲ့ရအောင် သူ့ရဲ့ ပထမဦးဆုံး ကွန်ပျူတာနည်းပညာအသုံးပြု နာရီတစ်လုံးကို ဒီနှစ်နှောင်းပိုင်းမှာ ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။ LG ရဲ့ မိုဘိုင်းဌာနဆိုင်ရာ ဆက်သွယ်ရေး ဥက္ကဋ္ဌ Park Jong-seok က အရှေ့ပိုင်းမှာ ထွက်ရှိခဲ့တဲ့ smartwatch model တွေဟာ အသုံးပြုသူတွေအနေနဲ့ ဘာကြောင့်ဝယ်ယူသင့်တယ်ဆိုတာကို ကောင်းကောင်း သရုပ်မပြနိုင်ခဲ့ကြပါဘူး။ LG ရဲ့ နည်းဗျူဟာအရ မပြည့်စုံတဲ့ ပစ္စည်းမျိုးကို အသုံးပြုသူတွေဆီ ဖြန့်ချိမှာမဟုတ်ဘူးလို့ သူကဆိုပါတယ်။ တခြား smartwatch တွေလိုပဲ LG ရဲ့ smartwatch က smartphone နဲ့ pair လုပ်ပြီး အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ LG က သူ့ရဲ့ smartwatch ထုတ်လုပ်မယ့်အစီအစဉ်ကို ဘာစီလိုနာမှာကျင်းပတဲ့ Mobile Fair တစ်ခုမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ LG ဟာ smartphone နဲ့ tablet ဈေးကွက်ထဲကို အခုလက်ရှိ ကမ္ဘာ့အကြီးမားဆုံး smartphone ထုတ်လုပ်သူဖြစ်တဲ့ နိုင်ငံတူပြိုင်ဘက် Samsung ရဲ့ နောက်မှ ဝင်ရောက်လာတာ ဖြစ်ပါတယ်။ LG ရဲ့ ပြောရေးဆိုခွင့်ရှိသူ Kim So-yeong က LG က Google အတွက် Andorid smartwatch တစ်မျိုး ထုတ်လုပ်ပေးမယ်လို့ ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဖြေကြားပေးဖို့ကို ငြင်းဆန်ခဲ့ပါတယ်။ LG ဟာ မြောက်အမေရိကဈေးကွက်မှာ သူ့ရဲ့ mobile brand ကို မြှင့်တင်ဖို့ ကြိုးပမ်းအားထုတ်ရာက အခုလို Google နဲ့ ပူးပေါင်းဖြစ်ခဲ့တာ ဖြစ်ပါတယ်။ Google ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Operation System ဖြစ်တဲ့ KitKat အသုံးပြုထားတဲ့ ပထမဆုံး mobile device တစ်ခုဖြစ်တဲ့ Nexus 5 smartphone နဲ့ Nexus 4 smartphone တို့ကို LG က ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ Gartner ရဲ့ လေ့လာချက်တွေအရ LG ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ ကမ္ဘာ့စတုတ္ထအကြီးမားဆုံး smartphone ထုတ်လုပ်သူ အဖြစ်ရပ်တည်နေခဲ့ပါတယ်။ ဒါပေမဲ့ နံပါတ်လေးနေရာ ဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့စီးပွားရေးက အမြတ်အစွန်းထွက်တယ်လို့တော့ ဆိုလို့မရပါဘူး။ Smartphone ဈေးကွက်ရဲ့ အကျိုးအမြတ်အားလုံးနီးပါးကို ဈေးကွက်ကို ဦးဆောင်နေတဲ့ ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Apple နဲ့ Samsung တို့က သိမ်းပိုက်ထားတဲ့အတွက် အုပ်စုခွဲလိုက်ရင် LG က ဒုတိယအုပ်စုအဆင့် နေရာမှာသာ ရှိနေခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း LG က သူ့ရဲ့ ပထမဦးဆုံး Smartwatch ကို ဖြန့်ချိနိုင်ဖို့ မှန်းထား ဖွံ့ဖြိုးဆဲ ဈေးကွက်တစ်ခုဖြစ်တဲ့ Smartwatch ဈေးကွက်ထဲကို Samsung နဲ့ Sony တို့လို ကုမ္ပဏီကြီးတွေသာမက Pebble လို ကုမ္ပဏီလေးတွေကပါ ဈေးကွက်ထဲမှာ နာမည်ရဖို့ အပြိုင်အဆိုင် ကြိုးပမ်းအားထုတ်နေကြသလို LG ကလည်း နောက်ကျမကျန်ခဲ့ရအောင် သူ့ရဲ့ ပထမဦးဆုံး ကွန်ပျူတာနည်းပညာအသုံးပြု နာရီတစ်လုံးကို ဒီနှစ်နှောင်းပိုင်းမှာ ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။ LG ရဲ့ မိုဘိုင်းဌာနဆိုင်ရာ ဆက်သွယ်ရေး ဥက္ကဋ္ဌ Park Jong-seok က အရှေ့ပိုင်းမှာ ထွက်ရှိခဲ့တဲ့ smartwatch model တွေဟာ အသုံးပြုသူတွေအနေနဲ့ ဘာကြောင့်ဝယ်ယူသင့်တယ်ဆိုတာကို ကောင်းကောင်း သရုပ်မပြနိုင်ခဲ့ကြပါဘူး။ LG ရဲ့ နည်းဗျူဟာအရ မပြည့်စုံတဲ့ ပစ္စည်းမျိုးကို အသုံးပြုသူတွေဆီ ဖြန့်ချိမှာမဟုတ်ဘူးလို့ သူကဆိုပါတယ်။ တခြား smartwatch တွေလိုပဲ LG ရဲ့ smartwatch က smartphone နဲ့ pair လုပ်ပြီး အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ LG က သူ့ရဲ့ smartwatch ထုတ်လုပ်မယ့်အစီအစဉ်ကို ဘာစီလိုနာမှာကျင်းပတဲ့ Mobile Fair တစ်ခုမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ LG ဟာ smartphone နဲ့ tablet ဈေးကွက်ထဲကို အခုလက်ရှိ ကမ္ဘာ့အကြီးမားဆုံး smartphone ထုတ်လုပ်သူဖြစ်တဲ့ နိုင်ငံတူပြိုင်ဘက် Samsung ရဲ့ နောက်မှ ဝင်ရောက်လာတာ ဖြစ်ပါတယ်။ LG ရဲ့ ပြောရေးဆိုခွင့်ရှိသူ Kim So-yeong က LG က Google အတွက် Andorid smartwatch တစ်မျိုး ထုတ်လုပ်ပေးမယ်လို့ ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဖြေကြားပေးဖို့ကို ငြင်းဆန်ခဲ့ပါတယ်။ LG ဟာ မြောက်အမေရိကဈေးကွက်မှာ သူ့ရဲ့ mobile brand ကို မြှင့်တင်ဖို့ ကြိုးပမ်းအားထုတ်ရာက အခုလို Google နဲ့ ပူးပေါင်းဖြစ်ခဲ့တာ ဖြစ်ပါတယ်။ Google ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Operation System ဖြစ်တဲ့ KitKat အသုံးပြုထားတဲ့ ပထမဆုံး mobile device တစ်ခုဖြစ်တဲ့ Nexus 5 smartphone နဲ့ Nexus 4 smartphone တို့ကို LG က ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ Gartner ရဲ့ လေ့လာချက်တွေအရ LG ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ ကမ္ဘာ့စတုတ္ထအကြီးမားဆုံး smartphone ထုတ်လုပ်သူ အဖြစ်ရပ်တည်နေခဲ့ပါတယ်။ ဒါပေမဲ့ နံပါတ်လေးနေရာ ဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့စီးပွားရေးက အမြတ်အစွန်းထွက်တယ်လို့တော့ ဆိုလို့မရပါဘူး။ Smartphone ဈေးကွက်ရဲ့ အကျိုးအမြတ်အားလုံးနီးပါးကို ဈေးကွက်ကို ဦးဆောင်နေတဲ့ ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Apple နဲ့ Samsung တို့က သိမ်းပိုက်ထားတဲ့အတွက် အုပ်စုခွဲလိုက်ရင် LG က ဒုတိယအုပ်စုအဆင့် နေရာမှာသာ ရှိနေခဲ့ပါတယ်။