Liu ကို ၁၉၉၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် Shanghai ၌ မွေးဖွားခဲ့သည်။ သူ၏ အဘိုးသည် သူ့ဖခင် Liu Gushu ကို ရှန်ဟိုင်းတွင် ပညာသင်ရန် စေလွှတ်ခဲ့သည်။ Liu Gushu သည် ပညာသင်ဆုကို စွန့်လွှတ်ကာ Bank of China တွင် အလုပ်ဝင်လုပ်ခဲ့ပြီး၊ နောက်ပိုင်းတွင် ဘဏ်၏ စီနီယာအမှုဆောင်၊ ထို့နောက်တွင် တရုတ်နိုင်ငံ နည်းပညာ လိုင်စင်ချထားရေးကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်လာပါသည်။ သူ၏ မိခင်ဘက်က အဘိုးသည် ဒေသဆိုင်ရာ စစ်သူကြီး Sun Chuanfang ၏ ဘဏ္ဍာရေးဝန်ကြီး ဖြစ်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် ကွန်မြူနစ်ပါတီ အာဏာရလာ ပြီးနောက် Liu မိသားစုသည် ပေကျင်းသို့ ပြောင်းလာပြီး၊ Wangfujing ဒေသရှိ ရိုးရာအိမ်ခြံဝင်းတစ်ခုတွင် နေထိုင်ခဲ့ သည်။ Liu ၏ဖခင်သည် Bank of China တွင် အလုပ် ဆက်လုပ်ခဲ့သည်။ Liu သည် အထက်တန်းပညာကို ၁၉၆၂ ခုနှစ်တွင် အောင်မြင်ပြီးနောက် လေတပ်တွင် တာဝန်ထမ်း ဆောင်ရန် ဝင်ခွင့်စာမေးပွဲ အောင်မြင်ခဲ့သည်။ သို့သော် သူ့ဆွေမျိုးထဲတွင် လက်ယာယိမ်း အရင်းရှင်တစ်ယောက် ပါဝင်သည်ဆိုသော အကြောင်းပြချက်ဖြင့် တပ်ထဲမဝင်ခဲ့ရ ပေ။ ထိုနှစ်မှာပင် Xi'an တပ်မတော် အီလက်ထရောနစ် အင်ဂျင်နီယာသိပ္ပံသို့တက်ရောက်ကာ ရေဒါပညာကိုသာမက ကွန်ပျူတာပညာ အခြေခံကိုပါ လေ့လာသင်ယူခဲ့ရသည်။ သူ့တွင် အိမ်ထောင်ရှိပြီး သားသမီးသုံးယောက်ရှိပါသည်။ Lenovo ကို တည်ထောင်ခြင်း Liu သည် Lenovo ကို အခြားအင်ဂျင်နီယာ ဆယ် ယောက်နှင့်အတူ ၁၉၈၄ ခုနှစ်တွင် ပေကျင်းမြို့၌ တည် ထောင်ခဲ့သည်။ ထိုသို့ တည်ထောင်ချိန်တွင် ယွမ်ငွေ နှစ်သိန်းနှင့် အကျယ်အဝန်း စတုရန်းကိုက် ၂၀ ခန့်သာ ရှိသော ရုံးခန်းတစ်ခန်းသာ ရှိသည်။ ထိုစဉ်က တရုတ် အစိုးရ၏ စီမံကိန်းစီးပွားရေး စနစ်ကြောင့် ကုမ္ပဏီ ကျရှုံး သွားမည်ကိုလည်း စိုးရိမ်ခဲ့ရသေးသည်။ ရုပ်မြင်သံကြားများ တင်သွင်းရန် သူတို့၏ ပထမဆုံး ကြိုးပမ်းမှုသည် မအောင်မြင်ခဲ့ပေ။ နောက်ပိုင်းတွင် ကွန်ပျူတာဝယ်ယူသည့် ဖောက်သည်အသစ်များအတွက် အရည်အသွေးစစ်ဆေးပေး မှုများဆောင်ရွက်ရင်း ကုမ္ပဏီကို ပြန်လည်ထူထောင်နိုင်ခဲ့သည်။ သိပ်မကြာခင်မှာပင် Lenovo သည် IBM PC များတွင် တရုတ်စာလုံးများကို သိရှိနိုင်စေမည့် ဆား ကစ်ပြားတစ်မျိုးကို တီထွင်ရန် ရင်းနှီးမြှုပ်နှံခဲ့သည်။ ယင်းမှာ Lenovo ၏ ပထမဆုံး အောင်မြင်မှုမှတ်တိုင် ဖြစ်သည်။ ၁၉၉၀ ခုနှစ်တွင် Lenovo သည် မူလ အမှတ်တံဆိပ်ဖြစ်သောLenovo အမည်ဖြင့် ကွန်ပျူတာများ စတင်တပ်ဆင်ရောင်းချခဲ့သည်။ ထိုမတိုင်ခင်က ကုမ္ပဏီကို New Technology Developer, Inc. ဟု ခေါ်တွင်ပါသည်။ Lenovo သည် ဒစ်ဂျစ်တယ်နာရီတစ်မျိုး ထုတ် လုပ်ရန်အတွက် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ Liu က သူနှင့် သူ့အင်ဂျင်နီယာချုပ်တို့ သဘောထား ညှိ နှိုင်းရပုံကို ယခုလိုရှင်းပြသည်။ ''သူကတော့ ပစ္စည်းအရည် အသွေး ကောင်းနေရင် ရောင်းကောင်းမယ်လို့ ထင်တယ်။ တကယ်တော့ ဒါက မမှန်ပါဘူး။ ထုတ်ကုန်တစ်ခု နောက် ဆုံးမှာ အောင်မြင်သွားတယ်ဆိုတာ မားကက်တင်းနဲ့တခြား အချက်တွေနဲ့လည်း အများကြီးဆိုင်ပါတယ်'' ဟု သူကပြော သည်။ Lenovo ၏ အစောပိုင်းကျရှုံးမှုများမှာ စီးပွားရေးအ တွေ့အကြုံနည်းပါးသည့် ဝန်ထမ်းများကြောင့် ပိုဆိုးခဲ့သည်။ Liu က ''ကျွန်တော်တို့က သိပ္ပံပညာရှင်တွေဆိုတော့ ဈေး ကွက်အကြောင်း နားမလည်ပါဘူး။ လုပ်ရင်း သင်သွားတာ ပါပဲ။ စိတ်ဝင်စားစရာကောင်းသလို အန္တရာယ်လည်းကြီးပါ တယ်'' ဟု ပြောသည်။ Liu သည် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ၁၉၈၈ ခုနှစ်တွင် ဟောင်ကောင်သို့ လုပ်ငန်းခွဲတစ်ခု ပြောင်းရွှေ့ဖွင့် လှစ်လိုက်သည်။ Lenovo သည် ဟောင်ကောင်တွင် အများ ပိုင်ကုမ္ပဏီအဖြစ် စာရင်းဖွင့်ပြီးနောက် အမေရိကန်ဒေါ်လာ သန်း ၃၀ နီးပါး ရှိလာသည်။ ကုမ္ပဏီ၏ ကောင်းမွန်သော စီမံခန့်ခွဲမှု၊ အမှတ်တံဆိပ် ခိုင်မာစွာ အသိအမှတ်ပြုခံရမှုနှင့် ဖွံ့ဖြိုးနိုင်သည့် အလားအလာများ ရှိထားမှုတို့ကြောင့်လည်း နာမည်ကောင်း ရထားချိန်ဖြစ်သည်။ ထိုမှရရှိသည့် ငွေကြေး များဖြင့် ဥရောပ၊ မြောက်အမေရိကနှင့် သြစတြေးလျတို့က အရောင်းပြခန်းများအတွက် အသုံးပြုခဲ့သည်။ ထုတ်လုပ်မှု တိုးတက်ရေး၊ သုတေသနနှင့် ဖွံ့ဖြိုးရေးတို့အတွက်လည်း အသုံးပြုသည်။ ၁၉၉၇ ခုနှစ်တွင် Lenovo ၏ ဟောင် ကောင်နှင့် တရုတ်ပြည်မကြီးက စီးပွားရေးယူနစ်တို့ကို ပေါင်း စည်းလိုက်ကာ ဒုတိယအကြိမ် IPO ကို ဆောင်ရွက်လိုက်ပါသည်။ HP နှင့် လက်တွဲ၊IBMကို ဝယ်ယူ ''Hewlett-Packard ဟာ Lenovo အတွက် အဓိက အား တက်စရာဖြစ်ပါတယ်'' ဟု Liu ကပြောသည်။ Economist မဂ္ဂဇင်းနှင့် အင်တာဗျူးတစ်ခုတွင် ''ကျွန်တော်တို့ရဲ့အကောင်း ဆုံးလက်ဦးဆရာဟာ Hewlett-Packard ပါပဲ'' ဟု သူကပြော သည်။ Lenovo သည် တရုတ်ပြည်တွင် Hewlett-Packard ၏ဖြန့်ချိသူအဖြစ် ဆယ်နှစ်ကျော်ဝန်ဆောင်ပေးခဲ့သည်။ ထိုသို့ Lenovo က IBM ကုမ္ပဏီ၏ PC ယူနစ်ကို ၂၀၀၅ ခုနှစ်တွင် ဝယ်ယူလိုက်ခြင်းကြောင့် Liu သည်လည်း အမေရိကန်ကုမ္ပဏီကြီးတစ်ခုကို လွှဲပြောင်း ယူသည့်ပထမဆုံးတရုတ်လူမျိုး CEO ဖြစ်လာပါသည်။ ထိုသို့ဝယ်ယူမှုနှင့်ပတ်သက်ပြီး Liu က IBM အေးဂျင့် တွေနဲ့ ပထမဆုံးအကြိမ် အစည်းအဝေးလုပ်တုန်းက ဒီလို ကုမ္ပဏီကြီးကို တစ်နေ့မှာ ဝယ်လာနိုင်လိမ့်မယ်လို့ အိပ် မက်တောင်မမက်ခဲ့ပါဘူးဗျာ'' ဟု ပြောသည်။ ထိုသို့ ဝယ်ယူ လိုက်စဉ်က အင်တာဗျူးတစ်ခုတွင် သူက ''ကျွန်တော်တို့ ရင်ဆိုင်ရမယ့် အရေးကြီးတဲ့ကိစ္စသုံးခုရှိပါတယ်။ ဖောက်သည် တွေက ပိုင်ရှင်သစ်ဆီကနေ ဆက်လက်ပြီး ဝယ်ပါဦးလား၊ ဝန်ထမ်းတွေကလည်း ပိုင်ရှင်သစ်အတွက် အလုပ်လုပ်ပေးဦး မှာလား၊ နောက်ပြီး တရုတ်စီမံခန့်ခွဲမှုနဲ့ အနောက်တိုင်း စီမံခန့်ခွဲမှုကြားမှာ ပဋိပက္ခတွေဖြစ်လာနိုင်မလားဆိုတဲ့ အချက် တွေပါပဲ'' ဟု ရှင်းပြသွားသည်။ လုပ်ငန်းနှင့် ကျင့်ဝတ်စည်းကမ်းအချို့ Lenovo ကို တည်ထောင်ချဲ့ထွင်ရာတွင် Liu အတွက် အဓိကအခက်အခဲမှာ စီးပွားရေး ကျင့်ဝတ်ပိုင်းဖြစ်ကြောင်း၊ အစတွင် အမိန့်ပေးစေခိုင်းသည့်ပုံစံကို ကျင့်သုံးခဲ့ကြောင်း Liu က ပြောသည်။ အမှုဆောင်ငါးဦးကိုလည်း အကျင့်ပျက် မှုဖြင့် ထောင်ထဲသို့ ပို့ပစ်ခဲ့ရသည်ဟု ဆိုသည်။ စည်းကမ်းပိုင်းနှင့်ပတ်သက်ပြီး အစည်းအဝေး များသို့ နောက်ကျမှရောက်လာပါက လူရှေ့သူရှေ့တွင် အသံတိတ်မတ်တတ်ရပ်ကာ အပြစ်ပေး ခံရနိုင်ပါသည်။ Liu ကိုယ်တိုင်လည်း ထိုအတိုင်း သုံးကြိမ်ဒဏ်ထိခဲ့သည်။ တဖြည်းဖြည်းနှင့်Lenovo ၏ ယဉ်ကျေးမှုသည် ပြောင်းလဲ လာပြီး Liu ၏ အာဏာရှင်ပုံစံမျိုးသည်လည်း ပျော့ ပျောင်းညင်သာလာပါသည်။ သို့ဖြင့် Lenovo သည်လည်း ပြည်ပပညာတတ်တရုတ်အင်ဂျင်နီယာများနှင့် မန်နေဂျာများ အတွက် ဦးစားပေးရွေးချယ်စရာကုမ္ပဏီ ဖြစ်လာပါသည်။ အနားယူပြီးနောက် ၂၀၁၂ ခုနှစ်၊ ဇွန်လတွင်Liu သည် Lenovo ၏ မိခင် ကုမ္ပဏီဖြစ်သော Legend Holdings ၏ ဥက္ကဋ္ဌအဖြစ်က အနားယူလိုက်သည်။ သူမနုတ်ထွက်မီ နှစ်အနည်းငယ် အလိုကတည်းကပငLiu သည် Legend ၏ ဖွံ့ဖြိုးမှုကို ဦးစားပေးခဲ့ကာ အဓိကပိုင်ဆိုင်မှုများကို ပိုမိုများပြားလာ အောင် ဆောင်ရွက်ပြီး ၂၀၁၄ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်ကြား ကာလအတွက် အများပိုင်စတော့များ ထုတ်ပေးခဲ့သည်။ Legend ၏ အဓိကပိုင်ဆိုင်မှုများတွင် Lenovo, ူLegend Capital, Raycom အိမ်ခြံမြေလုပ်ငန်း၊ Digital China နှင့် Hony Capital တို့ ပါဝင်ပါသည်။ BBC နှင့် အင်တာဗျူးတစ်ခုတွင်Liu ကLegend အတွက် သူ၏ရေရှည်မျော်မှန်းချက်မှာ ကိုယ်ပိုင် လမ်းကြောင်းနှင့်လုပ်ငန်းတစ်ခု ဖြစ်လာစေရေးနှင့် တရုတ် ပြည်မှာသာမက တစ်ကမ္ဘာလုံးမှာပါ ထိပ်တန်းလုပ်ငန်းတစ်ခု ဖြစ်လာရေးဟု ဆိုခဲ့သည်။ သူက သူ၏ရေရှည်မျော်မှန်း ချက်သည် အလွန်တရာကြီးမားလှသည့်အတွက် သူ့နောက် တွင် ဆက်ခံမည့်သူက ဆက်လက်အကောင်အထည်ဖော်သွား ရလိမ့်မည်ဟု ဆိုခဲ့ပါသည်။ Forbes မဂ္ဂဇင်းနှင့် အင်တာဗျူးတွင်လည်းLiu က IT နှင့်ဆိုင်သော လုပ်ငန်းမှ ခွဲဖြာရန် မျော်မှန်း ထားကြောင်း၊IT ၊ အိမ်ခြံမြေ၊ ဝန်ဆောင်မှုများ၊ ကျောက်မီးသွေးထုတ်လုပ်ခြင်းနှင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကထားသွားမည်ဖြစ်ကြောင်း ပြောခဲ့ သည်။ နိုင်ငံရေးနှင့်ပတ်သက်ပြီး Liu က တရားဥပဒေ စိုးမိုးရေးကို အထူးအလေးထားကြောင်း ပြောသည်။ သူက ''ကျွန်တော့်ရဲ့ အကြီးမားဆုံး စိုးရိမ်မှုကတော့ စည်းမဲ့ကမ်းမဲ့ ကမ္ဘာကြီး ဖြစ်လာမှာကို ကြောက်တာပါပဲ။ ကျွန်တော့် ဝန်ထမ်းတွေကိုလည်း အမြဲတမ်းသတိထားဖို့ ပြောပါတယ်။ အစိုးရကို မလေးမစား မလုပ်ဖို့၊ ဘယ်သူ့ကိုမှ လာဘ် မထိုးဖို့ပေါ့။ ဒါတောင်မှ လာဘ်ပေးလာဘ်ယူ မကင်းတဲ့ လူအချို့ကြောင့် ပြဿနာအမြဲဖြစ်နေရလို့ ရတက်မအေးမိ ပါဘူး'' ဟု ပြောသည်။ အခြားရာထူးများနှင့် ဂုဏ်ပြုခံရခြင်းများ Liu သည် ၂၀၀၂ ခုနှစ်တွင် တရုတ်နိုင်ငံလုံးဆိုင်ရာစက်မှု နှင့် ကူးသန်းရောင်းဝယ်ရေး ဖက်ဒရေးရှင်း၏ ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ယူသည်။ ၂၀၀၄ ခုနှစ်တွင် တရုတ်သိပ္ပံ အကယ်ဒမီ၏ ကွန်ပျူတာနည်းပညာသုတေသနသိပ္ပံတွင် ñွှန်ကြားရေးမှူးတာဝန်ယူခဲ့သည်။ သူသည် တရုတ်ကွန်မြူ နစ်ပါတီ၏ ၁၆ ကြိမ်မြောက် အမျိုးသားကွန်ဂရက်၏ ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည်။ Liu သည် 'အာရှစီးပွားရေးသမား(Asian Businessman)` ဆု၊ 'လွှမ်းမိုးမှုအရှိဆုံးဂလိုဘယ်စီးပွားရေး ခေါင်းဆောင် ၂၅ ဦး' စာရင်း စသည်တို့တွင် ဖော်ပြခံရ သည်။ ထို့ပြင် ၁၉၉၆ ခုနှစ်တွင် တရုတ်နိုင်ငံကကူးသန်းရောင်း ဝယ်ရေးကဏ္ဍတွင် လွှမ်းမိုးမှုအရှိဆုံးဆယ်ယောက်စာရင် တွင် ပါဝင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် Business Week မဂ္ဂဇင်း၏ Stars of Asia စာရင်းတွင် ဖော်ပြခံခဲ့ရ သလို၊ ၂၀၀၁ ခုနှစ်တွင် Time မဂ္ဂဇင်း၏ 'လွှမ်းမိုးမှုအရှိဆုံး ဂလိုဘယ်အမှုဆောင် ၂၅ ဦး' စာရင်းတွင်လည်း ရွေးချယ် ခံခဲ့ရသည်။ Forbes မဂ္ဂဇင်းကလည်း ၂၀၁၂ ခုနှစ်တွင် Liu ကို တရုတ်နိုင်ငံက အဓိကစီးပွားရေးခေါင်းဆောင် ဆယ်ယောက်စာရင်းတွင် ထည့်သွင်းဖော်ပြခဲ့ပါသည်။