ဘော့ပ်က စိတ်ရောဂါကုဆရာဝန်နှင့် တွေ့ခွင့်ရခိုက် ''ဆရာလူတစ်ယောက်ဟာ ပုံမှန်သွားလာပြောဆိုနေပေမယ့် တကယ်တမ်းက စိတ်ရောဂါရှိနေတယ်ဆိုရင် ဒီလိုဖြစ်နေတာကို ဆရာ့အနေနဲ့ ဘယ်လိုဖော်ထုတ်သိနိုင်မလဲ ဆရာ'' ဟု မေးကြည့်သည်။
ဆရာဝန်က ''သိပ်တော့ လွယ်လွယ်ကူကူ မသိနိုင်ဘူး၊ ဒါပေမဲ့ သူ့ကိုလူတိုင်းလွယ်လွယ်ဖြေနိုင်မယ့် မေးခွန်းမျိုးတစ်ခုကို မေးကြည့်လိုက်၊ သူချက်ချင်းမဖြေနိုင်ဘဲ စဉ်းစားနေမယ်ဆိုရင် ဒါပုံမှန်မဟုတ်ဘူးပေါ့'' ဟု ဆိုသည်။
ဘော့ပ်က ''ဘယ်လိုမေးခွန်းမျိုးလဲဆရာ၊ ဥပမာပေးပါဦး'' ဟု ဆိုသည်။
ဆရာက ''ဒီလိုဗျာ၊ ခင်ဗျားသူ့ကိုမေးနိုင်တာက ကပ္ပတိန်ကွတ်ဟာ ကမ္ဘာကို သုံးကြိမ်ပတ်ခဲ့တယ်၊ အဲဒီထဲကတစ်ခေါက်မှာ သူဟာ လမ်းမှာကွယ်လွန်သွားတယ်၊ အဲဒါဘယ်အခေါက်ဖြစ်မလဲဆိုတာမျိုးပေါ့'' ဟု ပြောပြသည်။
ဘော့ပ်က ဆရာ့မေးခွန်းကို ခဏကြာစဉ်းစားလိုက်ပြီးနောက် ရှက်ကိုးရှက်ကန်းရယ်မောလိုက်ကာ တောင်းဆိုမှုတစ်ခု လုပ်လိုက်သည်။
''ဆရာရယ်၊ နောက်ထပ် ဥပမာတစ်ခုထပ်ပေးပါလား၊ ကျွန်တော်က သမိုင်းကို သိပ်မပိုင်လို့ခင်ဗျ'' တဲ့။
ဥပဒေသ ။ ။ အခက်အခဲတစ်ခုကို ဖြေရှင်းရန် စဉ်းစားရာတွင် ပြဿနာကို ကြီးကြီးမားမား ခွဲခြားစိပ်ဖြာ သုံးသပ်နေခြင်းကြောင့်လည်း လွယ်လွယ်ဖြေရှင်းနိုင်မည့် အဖြေကိုမမြင်နိုင်ဘဲ ဖြစ်တတ်သည်။
အပြုံးဖြင့်စီမံ အပြုံးဖြင့်နာခံနိုင်ကြပါစေ။
ရီနေနိုင်