အာဒန်က အိမ်ပြန်နောက်ကျတိုင်း ဧဝကို အမြဲရန်လုပ်သည်။ ''ရှင် ကျွန်မအပြင် နောက်မိန်းမတွေ့နေပြီ မဟုတ်လား'' ဟုလည်း အမြဲစွပ်စွဲပြောဆိုတတ်သည်။ အာဒန်က စိတ်ပျက်လက်ပျက်ဖြင့် ''မင်းကလဲကွာ၊ ငါ့မှာ မင်းအပြင် ဘယ်ကမိန်းမရှိရမှာလဲ'' ဟု ရှင်းပြသည်။ အာဒန်ပြောသည်မှာ သဘာဝကျသဖြင့် မငြင်းသာသော်လည်း ဧဝက မယုံနိုင်ပေ။ တစ်ညတွင် အာဒန်အိပ်မောကျနေခိုက် ရုတ်တရက်လန့်နိုးလာရာ ဧဝက သူ့ရင်ဘတ်ကို ပွတ်သတ်စမ်းကြည့်နေသည်ကို တွေ့ရသည်။ အာဒန်က စိတ်ဆိုးမာန်ဆိုးဖြင့် မင်းဘာလုပ်နေတာလဲ'' ဟု မေးလိုက်တော့ ဧဝက ''ရှင့်နံရိုးတွေ ရေကြည့်နေတာပေါ့ရှင့်၊ နောက်ထပ် တစ်ချောင်းများ ထပ်လျော့နေသေးလားဆိုတာ'' ဟုဆိုသည်။
ဥပဒေသ ။ ။ ပုံမှန်မဟုတ်ပဲ အခွင့်ထူးခံအဖြစ် တစ်နည်းတစ်ဖုံ နေရာရလာသူသည် မိမိဝင်လာသောအပေါက်မှ နောက်ထပ်ပြိုင်ဘက်များထပ်ရောက်လာမလားဟု အမြဲစိုးရိမ်ပူပန်နေတတ်သည်။
အပြုံးဖြင့် စီမံ အပြုံးဖြင့် နာခံနိုင်ကြပါစေ
ရီနေနိုင်