Recordium
ခရီးတွေအမြဲတမ်းလိုလို သွားနေရပြီး ကိုယ့်အတွင်းရေးမှူးအပါအဝင် ကိုယ့်ဝန်ထမ်းတွေအတွက် အဝေးက လှမ်းခိုင်းစရာတွေအများကြီး ရှိနေသူတွေအတွက် အဆင်ပြေမှာပါ။ ကိုယ်မှာစရာ၊ တာဝန်ပေးစရာ၊ မှတ်ထားခိုင်းစရာ၊ စာပြန်ထုတ်ခိုင်းစရာ စသဖြင့် အမျိုးမျိုးကို အသံဖမ်းပြီး Mail နဲ့လှမ်းပို့လိုက်ရုံပါပဲ။ သူ့မှာ Dropbox ၊ Evernote ၊ iCl-oud စတာတွေနဲ့ Sync လုပ်နိုင်တာကြောင့် Speech တွေ အမြဲပေးနေရသူတွေပဲဖြစ်ဖြစ်၊ Lecture အမြဲပေးနေရတတ်တဲ့ သူတွေပဲဖြစ်ဖြစ် ကိုယ့်ရဲ့ပြောကြားချက်တွေကို ပြန်လည်မျှဝေပေးချင်သူတွေအတွက်လည်း အဆင်ပြေနိုင်ပါတယ်။ File Format တွေအမျိုးမျိုးနဲ့ သိမ်းဆည်းနိုင်သလို Wi-Fi Sync လုပ်ဆောင်ချက်ရရှိတာကြောင့် Network ထဲရှိ တခြားလုပ်ဖော်ကိုင်ဖက်တွေကို တစ်ပြိုင်နက်တည်း File Share ပေးလို့ရနိုင်မှာဖြစ်ပါတယ်။ သူ့ကို App Store ကနေ Download ရယူအသုံးပြုနိုင်ပါတယ်။
Boomeranggmail.com
ဒါကတော့ Gmail နဲ့တွဲသုံးရမယ့် Tools တစ်ခုဖြစ်ပါတယ်။ နောက်မှပို့ရမယ့် စာတွေကို Send Later လုပ်ထားလို့ရမယ့် လုပ်ဆောင်ချက်ပါဝင်ပါတယ်။ နောက်ပြီးတော့ ထပ်ခါတလဲဖြေဆိုရမယ့်၊ ပေးပို့ရမယ့်အရာတွေအတွက်လည်း တစ်ခါတည်း Format လုပ်ပြီး စီစဉ်ထားလို့ရတာကြောင့် အလုပ်တွေအများကြီး တစ်ပြိုင်နက်တည်း လုပ်နိုင်ပါတယ်။ ကိုယ်ပို့လိုက်တဲ့ Email ကို Follow up လုပ်နိုင်ဖို့ Reminder တွေလည်း ထည့်ထားလို့ရတာကြောင့် လွတ်ကုန်တဲ့ကိစ္စတွေဆိုတာ မရှိနိုင်တော့ပါဘူး။ တကယ်လို့ ကိုယ်ကိုယ်တိုင် ကိုယ့် Email ကိုမစစ်ဘဲ ကိုယ့်အတွင်းရေးမှူး၊ ကိုယ့်လက်ထောက်ကို စစ်ခိုင်းတယ်ဆိုရင်လည်း ဘယ်လိုကိစ္စမျိုးအတွက် ဘယ်လို Format နဲ့ ပြန်စာရေးနိုင်ပြီး၊ ဘယ်လို ကိုယ့်ကို Remind လုပ်ပေးဖို့ဆိုတာတွေကိုပါ တစ်ခါတည်း လုပ်ထားနိုင်ပါတယ်။ ဘယ်လို Browser မျိုးနဲ့မဆို အသုံးပြုနိုင်သလို Android Mobile Device တွေနဲ့လည်း အသုံးပြုနိုင်ပါတယ်။