မြန်မာအစိုးရရဲ့ စီးပွားရေးတံခါးဖွင့်ဝါဒ ကျင့်သုံးမှုရဲ့ရလဒ်တစ်ခုအဖြစ် ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံတကာက လုပ်ငန်းရှင်တွေနဲ့အတူ လွတ်လွတ်လပ်လပ် ကုန်သွယ်မှုပြုလုပ်လာနိုင်တာကို တွေ့ရပြီး မိမိတို့တတ်စွမ်းသမျ ဈေးကွက်နယ်ပယ်သစ်ကို အပြိုင်အဆိုင် ရှာဖွေလာကြပါတယ်။ ဈေးကွက်နည်းဗျူဟာတွေ အမျိုးမျိုး ရှိတဲ့အထဲမှာမှ Traditional Marketing Method ကို အသုံးပြုပြီး ဈေးကွက်ထိုးဖောက်သွားမယ်ဆိုတဲ့ LAL Global Co Ltd ရဲ့ ဒါရိုက်တာ Mr Mawia Lal နဲ့ တွေ့ ဆုံမေးမြန်းခဲ့တာကို စာဖတ်ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။
လုပ်ငန်းစတင်တည်ထောင်တဲ့ခုနှစ်၊ ရည်ရွယ်ချက် ၂၀၁၂ ခုနှစ်မှာ ကုမ္ပဏီလိုင်စင်ရယူပြီးတော့ လာမယ့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကုမ္ပဏီရုံးခန်းသစ်ဖွင့်ပွဲနဲ့ ပစ္စည်းသစ်မိတ်ဆက်ပွဲအခမ်းအနားကို ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ ဖွင့်ဖြစ်သွားတဲ့ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံအနေနဲ့ အခုလိုပြောင်းလဲမှုတွေနဲ့အတူ တိုးတက်ဖွံ့ဖြိုးလာတဲ့အခါမှာ ကျွန်တော်တို့ကုမ္ပဏီတွေ အနေနဲ့ မြန်မာပြည်သူပြည်သားတွေအတွက် ကျန်းမားရေးနဲ့ညီညွတ်ပြီး ပစ္စည်းကောင်းသုံးစေချင်တာရယ်၊ လူနေမှုဘဝကို မြှင့်တင်စေချင်တဲ့အတွက် အခုလိုတင် သွင်းရောင်းချဖြစ်သွားတာပါ။ ကျွန်တော့်အနေနဲ့ စက်ရုံတည်ထောင်ဖို့ ရည်ရွယ်ထားတဲ့အတွက် တခြားနိုင်ငံကနည်းပညာကိုယူပြီး ဒီပစ္စည်းကို ဒီမှာထုတ်လုပ်နိုင်မယ် ဆိုရင် မြန်မာနိုင်ငံရဲ့ကုန်ကြမ်းပစ္စည်းတွေကိုလည်း အသုံးပြုနိုင်မှာဖြစ်ပြီးတော့ မြန်မာလူမျိုးတွေအနေနဲ့လည်း အရည်အသွေးကောင်းတဲ့ပစ္စည်းတွေ သုံးရမှာဖြစ်ပြီး အရည်အသွေးမြင့်ထုတ်ကုန်တွေကိုလည်း Export လုပ်နိုင်မယ်လို့ ယူဆထားတဲ့အတွက် အခုလိုတင်သွင်းရောင်းချဖြစ်သွားတာပါ။
ရရှိနိုင်တဲ့ ပစ္စည်းအမျိုးအစားနဲ့ မှာယူတင်သွင်းတဲ့နိုင်ငံ ကျွန်တော့်် Product အမျိုးအစားကတော့ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်း (Personal Care Product) နဲ့ အိမ်သန့်ရှင်းရေးသုံးပစ္စည်း (House Keeping Product) တို့ဖြစ်ပါတယ်။ ရရှိနိုင်တဲ့ပစ္စည်းအမျိုးအစားအနေနဲ့ Green Cross အမှတ်တံဆိပ်ဖြစ်တဲ့ ခန္ဓာကိုယ်အရေပြားသန့်စင်ဆေးရည်၊ ရေချိုးခန်း၊ အိမ်သာ၊ ကြမ်းပြင်သန့် စင်ဆေးရည်၊ အဝတ်အထည် အစွန်းချွတ်ဆေးရည်အပြင် အဝတ်လျော်တဲ့နေရာမှာ အသုံးပြုတဲ့အမွှေးရည်တို့ကိုရရှိနိုင်ပါတယ်။ မှာယူတင်သွင်းတဲ့နိုင်ငံကတော့ ဖိလစ်ပိုင်နိုင်ငံ ဖြစ်ပါတယ်။
ဈေးကွက်ထဲကို ဝင်ရောက်ဖို့ Marketing ပိုင်း ပြင်ဆင်ထားပုံ Marketing ပိုင်းအနေနဲ့ ကျွန်တော်တို့က ဆင့်ပွားနည်းဈေး ကွက်ထိုးဖောက်တဲ့ Multi-Level Marketing (MLM) အနေနဲ့တော့ မသွားပါဘူး။ သမားရိုးကျဈေးကွက် ထိုးဖောက်နည်းအတိုင်းဖြစ်တဲ့ Traditional Marketing (Product , Price, Promotion, Place) နည်းလမ်းအတိုင်းပဲသွားမှာပါ။ ပထမဦးဆုံးအနေနဲ့ အရောင်းကိုယ်စား လှယ်တွေ၊ Mini Mart ၊ Supermarket တွေကို ဈေးကွက်ထိုးဖောက်ဖို့ ရည်ရွယ်ထားပါတယ်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ၊ ရုပ်သံလိုင်းတွေမှာလည်း ကြော်ငြာသွားပါမယ်။
Customer တွေရဲ့ယုံကြည်မှုရရှိအောင် ကုန်ပစ္စည်းအရည်အသွေးကို ထိန်းသိမ်းထားပုံ ဒီကုန်အမှတ်တံဆိပ်က သက်တမ်းအားဖြင့်နှစ်ပေါင်း ၆၃ နှစ်ရှိပါပြီ။ ကျွန်တော်တို့မြန်မာနိုင်ငံကို ရောက်လာတဲ့ပစ္စည်းနဲ့ ဟိုမှာရှိတဲ့ပစ္စည်းကိုယှဉ်လိုက်မယ်ဆိုရင် အရည်အသွေးကအတူတူဖြစ်တယ်ဆိုတာကိုတွေ့ရမှာပါ။ ဒီအတွက် ဖိလစ်ပိုင်နိုင်ငံကထုတ်ပေးတဲ့ နိုင်ငံတကာ အရည်အသွေးသတ်မှတ်စံနှုန်း FDA (Food and Drug Administration) လက်မှတ်ကိုလည်း ရယူထားတာဖြစ်ပါတယ်။ အရည်အသွေးပိုင်းနဲ့ပတ်သက်လို့ ကျွန်တော်တို့ဘက်က ကုန်ပစ္စည်းထိန်းသိမ်းထားမှုအပိုင်းကို အကောင်းဆုံးလုပ်ထားပါတယ်။
ဝန်ဆောင်မှုပိုင်း ဝန်ဆောင်မူပိုင်းအနေနဲ့ ကျွန်တော်တို့ပစ္စည်းကို ဝယ်ယူဖြန့်ချိသူ၊ အသုံးပြုသူတိုင်းစိတ်ချမ်းသာမူရရှိစေပြီးပစ္စည်းကို အလွယ်တကူ သယ်ယူအသုံးပြုနိုင်အောင် ဖြန့် ချိပေးသွားမှာ ဖြစ်ပြီးတော့ Customer Satisfaction ကို အဓိကဦးစားပေးလုပ်ဆောင်သွားမှာပါ။ တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် Customer စိတ်ကျေနပ်မူ တစ်စုံတစ်ရာမရှိခဲ့ဘူးဆိုရင် စိတ်ကျေနပ်မူရဖို့အတွက် အကောင်းဆုံးဝန်ဆောင်မှုပေးဖို့ ပြင်ဆင်ထားပါတယ်။
အပြိုင်အဆိုင်ကြားမှာ ကိုယ့်ရဲ့ကုန်အမှတ်တံဆိပ်ကို တည်ဆောက်ပုံ ကျွန်တော်တို့အနေနဲ့ Brand တည်ဆောက်မှုပိုင်းအတွက်ဆိုရင် ပစ္စည်းရဲ့ Quality ပိုင်းကို ထိန်းသိမ်းထားတယ်။ Quality ရှိတဲ့ အရည်အသွေးကောင်းတွေ ကို ဖြန့်ချိတဲ့အတွက် သုံးစွဲသူတွေကပဲ Brand ကို တည်ဆောက်ပေးသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ Brand တည်ဆောက်မှုအပိုင်းပါ။
ဝန်ထမ်းတွေအတွက် Training အစီအစဉ် ဝန်ထမ်းတွေကို Training ပေးတာတွေရှိပါတယ်။ ဥပမာအနေနဲ့ပြောရင် Customer Care ၊ Customer Service ၊ Eye Contact ၊Voice of Tone စတဲ့ Marketing သဘောတရားနဲ့ပတ်သက်ပြီး သင်တန်းပေးတာမျိုးတွေ ရှိပါတယ်။ နောက်ပြီး Team အလိုက် အလုပ်လုပ်ပုံတွေကိုလည်း သင်ကြားပေးပါတယ်။ Team အလိုက်အလုပ် လုပ်တဲ့အခါမှာ စိတ်ဓာတ်ကိုဘယ်လိုထားရမလဲ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရအောင် ဘယ်လိုတည်ဆောက်မလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း Train လုပ်ပေးပါ တယ်။
ဈေးကွက်အလားအလာ ဈေးကွက်အလားအလာနဲ့ပတ်သက်လို့ မြန်မာပြည်မှာ လူနေမှုအဆင့်အတန်းမြင့်မားလာတဲ့အလျောက် လူအများစုဟာ မိမိတို့အတွက် ကျန်းမာရေးနဲ့လည်းညီညွတ်ရ မယ်၊ ပစ္စည်း Quality ကောင်းမယ်ဆိုတဲ့ Brandတွေကို ရွေးချယ်သူတွေများလာပါတယ်။ ကျွန်တော့်ပစ္စည်းက ကျန်းမာရေးနဲ့ညီညွတ်ပြီး အရည်အသွေးကောင်းတဲ့ ပစ္စည်းဖြစ်တဲ့အတွက် ဒီထက်မကပိုပြီး ဈေးကွက်မှာ တွင်ကျယ်လာမယ်လို့ ယုံကြည်ပါတယ်။
အနာဂတ်အစီအစဉ် အနာဂတ်အစီအစဉ်အနေနဲ့ ကျွန်တော်ရဲ့ပစ္စည်းကို မြန်မာပြည်သူတွေအတွက် Health Care ၊ Personal Care ၊ House Care အဖြစ် ဖြန့်ချိသွားမှာဖြစ်ပြီးတော့ ကျွန်တော့်အနေနဲ့ မြန်မာပြည်မှာစက်ရုံထောင်ပြီး တခြားနိုင်ငံကို တင်ပို့နိုင်အောင်ကြိုးစားသွားမှာဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့ မြန်မာပြည်သူတွေအတွက် Job Creation ဖြစ်အောင်လည်း ဦးစားပေးအနေနဲ့ လုပ်ဆောင်သွားမှာပါ။
ဆက်သွယ်ရန်လိပ်စာ အမှတ် ၂၀၂၊ ဘုရင့်နောင်လမ်း၊ ၃၉ ရပ်ကွက်၊ မြောက်ဒဂုံ မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး ဖုန်းနံပါတ် ၀၁-၅၈၀၄၆၈၊ ၀၉-၇၃၁၅၂၆၅၅ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါ တယ်။