Hot Deal တွေပါဝင်လာမယ့် Koolpon1: www.koolpon.com.mm

koolpon1

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်ကနေ ၅ ရက်အထိ ရန်ကုန်မြို့ ၊ တပ်မတော်ခန်းမမှာ ပြုလုပ်ခဲ့တဲ့ Yangon ICT Fair မှာ Koolpon ဆိုတဲ့ App ကို AcePlus ကနေ မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ Koolpon အကြောင်းနဲ့ပတ်သက်လို့ မေးမြန်းထားတာလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နိုင်ငံတကာမှာတော့ Coupon/Deal တွေအတွက် App တွေနဲ့ User တွေက အသားကျပြီးသားဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ လူတိုင်းသိပြီးသုံးဖို့အတွက် အတိုင်းအတာတစ်ခုအထိ အချိန်ယူရပါလိမ့်ဦးမယ်။

[caption id="attachment_26975" align="alignnone" width="370"]koolpon2Business Development Manager
AcePlus[/caption]

Koolpon က Discount/ Promotion စတဲ့ Information တွေကို စားသုံးသူ User တွေကနေပြီးတော့ Online ကနေ Browser ကနေဖြစ်စေ၊ Mobile Application ကနေဖြစ်စေ၊ Facebook ကနေဖြစ်စေ သိနိုင်တဲ့ Application လေးပါ။

Website ၊ Android ၊iOS စတာတွေမှာ Koolpon ကိုအသုံးပြုလို့ ရနေပါပြီ။ Koolpon.com.mm မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ User တွေကို Discount/Promotion Information လေးတွေ စဉ်ဆက်မပြတ်သိစေနိုင်ဖို့ Email/SMS စတာတွေကနေလည်း Update လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ Hotel တွေကနေပေးတဲ့ ဘူဖေး Breakfast တွေ၊ Spa တွေကနေပေးတဲ့ Promotion တွေ၊ Bar တွေ၊ Restaurant တွေကနေပေးတဲ့ Promotion တွေ အစုံအလင် ပါဝင်ပါတယ်။

Facebook Account နဲ့ Login လုပ်နိုင်ပါတယ်။ Twitter ကနေလည်း Register လုပ်နိုင်ပါတယ်။ Website ကနေဆိုရင်တော့ Email ၊ ဒါမှမဟုတ် ဖုန်းနံပါတ်၊ မွေးနေ့ စတာတွေလိုပါတယ်။ မွေးနေ့ကို ဘာကြောင့်တောင်းတာလဲဆိုတော့ User တွေရဲ့မွေးနေ့နီးလာတဲ့အခါမှာ Promotion အစီအစဉ်ကောင်းတွေကို Surprised Information လေးတွေအဖြစ် ပို့ပေးချင်လို့ဖြစ်ပါတယ်။ ကိုယ်သိချင်တာကို Application ကနေတစ်ဆင့် Filter လုပ်ပြီးရှာလို့လည်း ရပါတယ်။ ဥပမာ- Barbeue ဆိုရင် Barbeue ဆိုင်တွေ၊ Hot Pot ဆိုရင် Hot Pot ဆိုင်တွေကို Filter လုပ်ပြီး ရှာနိုင်မှာဖြစ်ပါတယ်။ Price နဲ့ Filter လုပ်ပြီးလည်းရှာနိုင်ပါတယ်။ ဥပမာ - တစ်ထောင်ကနေ တစ်သောင်းအတွင်း ဘယ်လိုဆိုင်တွေရှိသလဲဆိုတာမျိုးဖြစ်ပါတယ်။

ကျွန်မတို့က ICT Fair မှာ App ကို Soft Launch လုပ်ချင်တဲ့အတွက် ပြီးခဲ့တဲ့တစ်လအတွင်း ဆိုင်တွေနဲ့ချိတ်ဆက် Deal လုပ်ခဲ့ပါတယ်။ ဒါကြောင့် လက်ရှိမှာတော့ Deal လုပ်ထားတဲ့ဆိုင် ၃၈ ဆိုင်လောက် ရှိပါတယ်။ (စက်တင်ဘာလ ၃ ရက်၊ ၂၀၁၆ခုနှစ်) နောက်ပိုင်းဒီထက်ပိုပြီး Partner လုပ်သွားမယ့်ဆိုင်တွေ အများကြီးရှိပါသေးတယ်။

ICT ပြပွဲမှာ တစ်ရက်ကို လူပေါင်းနှစ်ထောင် ကနေ ငါးထောင်အထိ လာပါတယ်။ ပွဲမှာ ကျွန်မတို့ App ကို Register လုပ်တဲ့သူ တစ်ရက်ကို ငါးရာ ပတ်ဝန်းကျင် ရှိပါတယ်။


နိုင်ငံတကာမှ အကောင်းဆုံး Coupon App ၁၀ မျိုး . . .

koolpon3

Coupon တွေ၊ Loyalty Card တွေနဲ့ တခြား Special Deal တွေ အများအပြားရှိနေတာကြောင့် ချွေတာချင်တဲ့ User တွေအနေနဲ့ အမြဲတမ်း ဈေးနှုန်းအပြည့်အ၀ ပေးစရာမလိုပါဘူး။ စာရွက်တွေ၊ လက်ကမ်းကြော်ငြာတွေလည်း ဖြတ်သိမ်းထားစရာမလိုဘဲ Digitally Discount/Promotion Coupon တွေကို အသုံးပြုနိုင်တာကြာပါပြီ။ စားသောက်ဆိုင်၊ ဈေးဆိုင်၊ ဟိုတယ် စတာတွေကစလို့ အမျိုးမျိုးသော အရောင်းဆိုင်တွေမှာ သက်သာခွင့်ခံစားနိုင်ဖို့ နိုင်ငံတကာမှာအသုံးများတဲ့ အကောင်းဆုံး App ဆယ်မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

koolpon4

1) RetailMeNot

2) Groupon

3) Shopular

4) Coupon Sherapa

5) Ebates

6) Slickdeals

7) Shrink

8) Coupons.com

9) Key Ring

10) SnipSnap