KFC Myanmar ရဲ့မန်နေးဂျင်း ဒါရိုက်တာ JR Ching နှင့် တွေ့ဆုံခြင်း

Kentucky Fried Chicken (KFC) ကြက်ကြော် အသင့်စားသောက်ဆိုင်လုပ်ငန်းတွဲကုမ္ပဏီကို အမေရိကန်ပြည်ထောင်စု၊ North Corbin အရပ်ရှိ Kentucky ပြည်နယ်မှာ ၁၉၃၀ ပြည့်နှစ်က Colonel Harland Sanders က စတင် တည်ထောင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ကုမ္ပဏီရဲ့ရုံးချုပ်ကို Kentucky ပြည်နယ် ၊ Louisville မြို့မှာ တည်ထောင်ထားပြီး နိုင်ငံပေါင်း ၁၁၈ နိုင်ငံမှာ ဆိုင်ခွဲပေါင်း ၁၈,၈၇၅ ဆိုင်နဲ့ တစ်ကမ္ဘာလုံးမှာ ဒုတိယ အကြီးဆုံးစားသောက်ဆိုင် လုပ်ငန်းတွဲတစ်ခုအနေနဲ့ ရပ်တည်နေပါတယ်။  ဒီကုမ္ပဏီဟာ ၁၉၅၂ ခုနှစ်မှာ Franchise လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ပါတယ်။ မြန်မာပြည်မှာ Franchise လုပ်ငန်းကို ၂၀၁၅ ခုနှစ်၊ မေလမှာ စတင်တည်ထောင်ခဲ့ပြီး KFC Myanmar ရဲ့ မန်နေဂျင်းဒါရိုက်တာအဖြစ် JR Ching က တာဝန်ယူ ဆောင်ရွက်နေပါတယ်။ JR Ching ဟာ Yoma Strategic Holdings Ltd ရဲ့ Head of Business Development တာဝန်နဲ့ Chief Financial Officer (CFO) တာဝန်တွေကိုလည်း ထမ်းဆောင်နေပါတယ်။ KFC ဟာ လက်ရှိ နှစ်နှစ်အတွင်းမှာ မြန်မာပြည်မှာ ဆိုင်ခွဲပေါင်း ၄ ဆိုင်ကို အောင်အောင်မြင်မြင် ဖွင့်ထားပြီးဖြစ်တာကြောင့် KFC Myanmar ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ရှေ့ဆက် ဆောင်ရွက်သွားမှာတွေကို JR Ching နဲ့ တွေ့ဆုံပြီး အခုလိုပဲ မေးမြန်းဖြစ်ခဲ့ပါတယ်။

JrChing1

ပညာအရည်အချင်းနဲ့ လုပ်ငန်းအတွေ့အကြုံ . . .

ကျွန်တော်က အမေရိကန်နိုင်ငံ၊ မြောက်ကာရိုလိုင်နား ပြည်နယ်က Chapel Hill တက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့ပါတယ်။ ကျွန်တော်ဟာ Investment Bank မှာ ၁၂ နှစ် အလုပ်လုပ်ခဲ့ပါတယ်။ မြန်မာပြည်ကိုလာပြီး YOMA Strategic မှာ အလုပ်မလုပ်ခင် လန်ဒန်မှာ ကိုးနှစ်လုပ်ခဲ့ပြီး ဟောင်ကောင်မှာ သုံးနှစ်လုပ်ခဲ့ပါတယ်။ အခုအခါမှာတော့ ကျွန်တော်ဟာ KFC Myanmar ရဲ့ မန်နေးဂျင်း ဒါရိုက်တာ၊ YOMA Strategic ရဲ့ Chief Financial Officer (CFO) နဲ့ Head of Business Development အနေနဲ့ တာဝန်ယူထားပါတယ်။

ဈေးကွက်ထိုးဖောက်တဲ့အခါမှာ မြန်မာပြည်နဲ့ တခြားနိုင်ငံတွေရဲ့ မတူညီမှုတွေ . . .

မြန်မာနိုင်ငံမှာ KFC ကို မိတ်ဆက်တဲ့အခါမှာ တခြားနိုင်ငံတွေနဲ့မတူတဲ့ အဓိကအချက်က ကျွန်တော်တို့က မြန်မာပြည်မှာ KFC Product ကို မိတ်ဆက်နေတာမဟုတ်ဘဲ ပထမဆုံး Quick Service Restaurant (QSR Brand) ကို လာရောက်မိတ်ဆက်နေတာ ဖြစ်ပါတယ်။

မြန်မာ့ကြက်ကြော်လုပ်ငန်းအပေါ်အမြင် . . .

KFC မှာ ရောင်းချနေတဲ့ Product တွေကို မြန်မာလူမျိုးတွေ အကြိုက်တွေ့လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အသားဓာတ်ရဖို့ဆိုရင် မြန်မာလူမျိုးတွေရဲ့စားနေကျ အစားအစာတွေထဲမှာ ကြက်သားဟာလည်း အပါအဝင် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ မြန်မာပြည်ဈေးကွက်ဟာ KFC Product အတွက် အလားအလာ အများကြီးရှိတယ်လို့ ခံစားမိပါတယ်။

မြန်မာပြည်ဈေးကွက်ကို မိတ်ဆက်တဲ့အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေ . . .

ကျွန်တော်တို့ရဲ့ Product ကို မြန်မာပြည်မှာ စတင်မိတ်ဆက်တုန်းက စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို အများကြီး တွေ့ခဲ့ရပါတယ်။ အကြီးမားဆုံးအခက်အခဲက မြန်မာနိုင်ငံမှာ ကုမ္ပဏီတစ်ခုပိုင်ဆိုင်ခွဲတွေနဲ့ ပတ်သက်ပြီး အရင်ဆုံး နိုင်ငံတကာအဆင့်မီအောင် ဆောင်ရွက်ရတယ်။ အရည်အသွေးပြည့်မီတဲ့ ကုန်ကြမ်းထောက်ပံ့သူတွေ၊ မှန်ကန်တဲ့နည်းလမ်းတွေနဲ့အတူ စနစ်တကျဆောင်ရွက်နိုင်ဖို့တွေအပြင် ကုမ္ပဏီရဲ့ ဆိုင်ခွဲတိုင်းကို တသမတ်တည်း စီမံခန့်ခွဲဖို့တွေဟာ ကျွန်တော်တို့ ကြုံတွေ့ရတဲ့ အကြီးဆုံးအခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ KFC အနေနဲ့ ဆက်လက်ဆောင်ရွက်သွားမှာတွေ . . .

အခုလောလောဆယ်မှာတော့ ကျွန်တော်တို့က ရန်ကုန်မှာပဲ ဈေးကွက်ကို အောင်မြင်အောင်လုပ်ဖို့ အာရုံစိုက်ထားတာကို တွေ့ရမှာပါ။ ဒီနှစ်ထဲမှာ ကျွန်တော်တို့ရဲ့ ဆိုင်ခွဲတွေကိုလည်း ဆက်ပြီးဖွင့်သွားဦးမှာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွက် ပထမဆုံးဆိုင်ခွဲကို ကျွန်တာ်တို့က ဒဂုံစင်တာမှာ ဖွင့်ထားပြီးဖြစ်ပါတယ်။ ဒါအပြင် ကျွန်တော်တို့အနေနဲ့ နောက်ထပ်ဆိုင်ခွဲတွေကို ထပ်ဖွင့်သွားဖို့အတွက်လည်း စီစဉ်နေပါတယ်။ နောက်ပြီး ဒီနှစ်ထဲမှာ ရန်ကုန်မြို့မှာအပြင် မန္တလေးနဲ့နေပြည်တော်မှာလည်း ဆိုင်ခွဲတွေ သွားရောက်ဖွင့်လှစ်ဖို့ အစီအစဉ်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ရန်ကုန်ပြင်ပဆိုင်ခွဲအနေနဲ့ မန္တလေးမှာ စတင်ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။

KFC Myanmar မှာ နိုင်ငံတကာ KFC က ဝန်ဆောင်ပေးနေတဲ့ Menu အားလုံးကို ရရှိနိုင်မှု ရှိ၊ မရှိ . . .

ကျွန်တော်တို့ KFC Myanmar ဟာ KFC International ရဲ့ အဓိက Menu တွေ အကုန်လုံးဖြစ်တဲ့ Original Recipe  Chicken ၊ Hot and Crispy Chicken တို့လို Menu တွေကိုလည်း ဝန်ဆောင်မှုပေးနေပါတယ်။ ဒါကြောင့် KFC Myanmar ဟာ KFC International  က ဝန်ဆောင်မှုပေးနေတဲ့ Menu တွေ အကုန်လုံးကို ဝန်ဆောင်မှုပေးနေတယ်လို့ ပြောနိုင်ပါတယ်။

KFC ဟာ လက်ရှိ ဘယ်နိုင်ငံမှာ အအောင်မြင်ဆုံးဖြစ်ပါသလဲ . . .

KFC ဟာ လက်ရှိ နိုင်ငံတကာမှာဆိုရင် ဆိုင်ခွဲပေါင်း တစ်သောင်းကျော်နေပြီဖြစ်ပါတယ်။ KFC ဟာ အမေရိကန်ပြည်ထောင်စုမှာ စတင်ခဲ့တာဖြစ်ပေမဲ့ လက်ရှိဈေးကွက်မှာတော့ KFC ဟာ တရုတ်နိုင်ငံမှာ အအောင်မြင်ဆုံးဖြစ်နေပါတယ်။ KFC ရဲ့ အရောင်းရဆုံးနဲ့ လူကြိုက်အများဆုံး Recipe က နိုင်ငံတကာမှာဆိုရင် Original Recipe ဖြစ်ပါတယ်။ နိုင်ငံတကာမှာ KFC ဟာ Original Recipe မှာ ပါဝင်တဲ့ အရသာ ၁၁ မျိုးကို လျှို့ဝှက်စွာဖော်စပ်ထားတာကြောင့် နာမည်အကြီးဆုံးလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း KFC ရဲ့ Original Recipe ဟာ အောင်မြင်တယ်ဆိုပေမဲ့ တကယ်တမ်း မြန်မာပြည်မှာ Hot and Crispy Chicken ဟာ အရောင်းရဆုံးဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဘယ်လိုဆောင်ရွက်ထားပါသလဲ . . .

KFC ဟာ တိကျတဲ့ အရည်အသွေးတွေ၊ စံချိန်စံညွှန်းတွေနဲ့အညီ ဆိုင်တိုင်းမှာ ဝန်ဆောင်မှုပေးနေပါတယ်။ ကျွန်တော်တို့ KFC Myanmr ဟာလည်း ဒီစံချိန်စံညွှန်းတွေနဲ့အညီ ဆောင်ရွက်နေပါတယ်။ ဒါအပြင် တိကျတဲ့ ပါဝင်ပစ္စည်းတွေကို အသုံးပြုပြီး စားသုံးသူတွေ ကျန်းမာရေးနဲ့ ညီညွတ်အောင်လည်း KFC Product တွေ အားလုံးမှာ တူညီတဲ့ဝန်ဆောင်မှုတွေ ပေးထားပါတယ်။

KFC မှာ Halal စနစ်ထည်သွင်းထားခြင်း ရှိ၊ မရှိ . . .

အခုအချိန်ထိတော့ ကျွန်တော်တို့က Halal စနစ်ထည့်သွင်းမထားပါဘူး။

KFC Myanmar ရဲ့ Supplier တွေကိုကော သိရှိနိုင်မှု ရှိ၊ မရှိ . . .

ကျွန်တော်တို့ရဲ့ Supplier တွေကို နာမည်နဲ့ အတိအကျ မပြောလိုပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ Supplier တွေဟာလည်း အရည်အသွေးကို ထိန်းဖို့အတွက် စံသတ်မှတ်ချက်တစ်ခုတည်းကိုပဲ ဆောင်ရွက်တဲ့အတွက် ကျွန်တော်တို့ရဲ့ Product နဲ့ ပတ်သက်ပြီး စိတ်ချရတယ်၊ အရည်အသွေးပြည့်မီတယ်ဆိုတာကိုတော့ အာမခံနိုင်ပါတယ်။

KFC Myanmar မှာ ဝန်ထမ်းအရည်အတွက်အနေနဲ့ ဘယ်လောက်ရှိပြီး သူတို့တွေကို သင်တန်းဘယ်လိုပေးတယ်ဆိုတာ . . .

ကျွန်တော်တို့ KFC Myanmar ရဲ့ ဆိုင်တိုင်းမှာရှိတဲ့ ဝန်ထမ်းအားလုံးက မြန်မာလူမျိုးတွေချည်းပဲ ဖြစ်ပါတယ်။ သူတို့တွေကို သင်တန်းပေးတဲ့အခါမှာလည်း ပြည်တွင်းမှာတင်ပဲ သင်ကြားပေးပါတယ်။ လောလောဆယ်မှာတော့ KFC Myanmar ရဲ့ ဆိုင်ခွဲလေးဆိုင်မှာ ဝန်ထမ်းပေါင်း ၂၅၀ ကျော်ရှိနေပါတယ်။  ပထမပိုင်းမှာတော့ ဆိုင်ကို စနစ်တကျလည်ပတ်နိုင်ဖို့နဲ့ စီမံခန့်ခွဲမှုတွေ ပြုလုပ်နိုင်ဖို့ မန်နေဂျာ ၁၆ ယောက်ကို ဖိလစ်ပိုင်မှာ သွားရောက် သင်တန်းတက်စေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတို့တွေက မြန်မာပြည်က တခြားဝန်ထမ်းတွေကို တစ်ဆင့် ပြန်လည်သင်ကြားပေးခဲ့ပါတယ်။ သင်တန်းကာလအနေနဲ့ တစ်လနဲ့ နှစ်လကြား ကြာမြင့်ပါတယ်။

KFC ကို မြန်မာလူမျိုးတွေရဲ့ အကြိုက်နဲ့ ကိုက်ညီစေဖို့ ပြုပြင်ပြောင်းလဲလိုက်တာမျိုး ရှိပါသလား . . .

KFC ရဲ့ အဓိက Product တွေကိုတော့ ကျွန်တော်တို့က နိုင်ငံတကာ KFC က ဝန်ဆောင်မှုပေးနေတဲ့ အရသာ၊ အရည်အသွေးအတိုင်းပဲ ဝန်ဆောင်မှုပေးနေပါတယ်။ ဒါပေမဲ့ မြန်မာလူမျိုးတွေရဲ့ အကြိုက်နဲ့ ကိုက်ညီစေဖို့အတွက် ကျွန်တော်တို့ KFC အနေနဲ့ Rice Box Concept နဲ့ အရှေ့တောင်အာရှမှာ တော်တော်လေးကို လူကြိုက်များနေတဲ့ Egg Tart Menu နှစ်မျိုးကို ထည့်သွင်းမိတ်ဆက်ပေးထားတာ ရှိပါတယ်။

ဖြည့်စွက်ချင်တာရှိရင် . . .

လက်ရှိမှာ KFC အနေနဲ့ မြန်မာနိုင်ငံမှာ Localize လုပ်နိုင်ဖို့ အထူးကြိုးပမ်းနေပါတယ်။ ပြောရရင် Think Globally ၊ Act Locally ပေါ့။ အခုအချိန်အထိ ခြောက်လတာကာလအတွင်း ဘာလုပ်ခဲ့ပြီးပြီလဲဆိုရင် မနှစ်က ၂၀၁၅ ခုနှစ်၊ သြင်္ကန်အချိန်မှာ မြန်မာပြည်သူပြည်သားတွေနဲ့ KFC ကို ရင်းနှီးစေနိုင်ဖို့အတွက် ဆိုင်မဖွင့်ပေမဲ့လည်း သြင်္ကန်ကားအစီး ၂၀ ကို လုံခြုံရေးအပြည့်နဲ့ စီစဉ်ပေးခဲ့ပါတယ်။ KFC အတွက်တော့ တကယ်ကို အမှတ်တရပါပဲ။ သီတင်းကျွတ်၊ တန်ဆောင်တိုင်အချိန်မှာလည်း မြန်မာ့ယဉ်ကျေးမှုရဲ့ အသက်ကြီးဝါကြီး လူကြီးသူမတွေကို ကန်တော့ကြတဲ့ တအားချစ်ဖို့ကောင်းတဲ့ အလေ့အထလေးကြောင့် လူကြီးတွေအတွက် အထူးသင့်တော်မယ့် KFC Product ဖြစ်တဲ့ Egg Tart လေးတွေကို အဲဒီသီတင်းကျွတ်သီးသန့် အထူးထုတ်ပိုးမှုပုံစံနဲ့ ရောင်းချပေးခဲ့ပါတယ်။ ဒီနှစ်သြင်္ကန်အတွက်လည်း စီစဉ်နေပါပြီ။ စားသုံးသူတွေအတွက် သြင်္ကန်တွင်းကို KFC ONE နဲ့ KFC Junction Square ဆိုင်ဖွင့်ထားမှာဖြစ်ပြီး သြင်္ကန်အတွက်  Bucket Meal တစ်ခုကိုလည်း စီစဉ်ထားပါသေးတယ်။ မြန်မာ့ချစ်စရာ ယဉ်ကျေးမှု တစ်ခုဖြစ်တဲ့ မုန့်လုံးရေပေါ်ကိုလည်း တစ်မျိုးဆန်းသစ်ပြီး ဒီ Campaign မှာ သုံးထားပါတယ်။ အားလုံးလည်း ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။

ကိုဒီ