KBZ နှင့် Microsoft ပူးပေါင်းလိုက်လျှင် ပြည်တွင်းမှာဖြစ်ပေါ်လာမည့် အကျိုးဆက်များ

[caption id="attachment_23360" align="alignnone" width="720"]CEO
Myanmar Information Technology Pte Ltd.
[/caption]

Microsoft နဲ့ သူရဲ့ Local Partner MIT ပူးပေါင်းပြီး KBZ Group အတွက် မြန်မာပြည်မှာ Microsoft ရဲ့ အကြီးဆုံး IT Project ကို KBZ Bank က စတင်အကောင်အထည်ဖော်ပြီး လက်မှတ်ရေးထိုးတာ ဖြစ်ပါတယ်။

ဖြစ်ပေါ်လာမယ့် ကောင်းကျိုးတွေကတော့ KBZ Bank ရဲ့ Customer တွေဟာ Value Added Services အကျိုးတွေရရှိမှာ ဖြစ်ပါတယ်။

နံပါတ်တစ် အကျိုးကျေးဇူးကတော့ Cyber Security လုံခြုံရေးဖြစ်ပါတယ်။ ဘဏ်လုပ်ငန်းတွေမှာ လုံခြုံရေးက အဓိကဖြစ်ပါတယ်။ ဘဏ်ရဲ့အချက်အလက်တွေသာမက ဘဏ် Customer တွေရဲ့အချက်အလက်တွေပါ လုံခြုံစွာသိမ်းဆည်းပြီး ဝန်ဆောင်မှုပေးနိုင်ဖို့က အရေးကြီးပါတယ်။

နံပါတ်နှစ်ကတော့ Workplace Modernization and Collaboration ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းတွေ ပိုမိုထိရောက်အောင်မြင်ပြီး Effective နဲ့ Efficient ဖြစ်ပြီး Customer တွေကို ဝန်ဆောင်မှုပေးနိုင်လာမှာဖြစ်ပါတယ်။

နံပါတ်သုံးအနေနဲ့ကတော့ ဒါဟာ Intellectual Property (IP) ကို တန်ဖိုးထားပြီး Compliance and Good Governance အားဖြင့် မြန်မာနိုင်ငံရဲ့ထိပ်တန်းကုမ္ပဏီတစ်ခုက စတင်ပြီး  ဦးဆောင်ဆောင်ရွက်ပြသွားခြင်းပဲ ဖြစ်ပါတယ်။ တခြားကုမ္ပဏီတွေကလည်း ဆက်လက်ပြီး အကောင်အထည်ဖော်လာဖို စံပြဦးဆောင်မှုတစ်ခု ဖြစ်ပါတယ်။

ဒီအကျိုးအမြတ်တွေဟာ KBZ Group သာမက သူရဲ့ Customer တွေ အကျိုးအပြင် နိုင်ငံအနေနဲ့လည်း IP ရဲ့တန်ဖိုးကို အဓိကထားတဲ့ အမေရိကန်ကုမ္ပဏီတွေရဲ့ Investment ကို ပိုမိုလက်ခံလာနိုင်ပြီး ပူးပေါင်း ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။