မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရဲ့ Country Manger : Kanthan Shankar

article people portrait water mark final   မြန်မာနိုင်ငံအနေနဲ့ ဘက်စုံပြုပြင်ပြောင်းလဲမှုတွေကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်နေတဲ့အခါမှာ နိုင်ငံတကာအဖွဲ့အစည်း တွေရဲ့ အကူအညီက နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေ ဖြစ်တဲ့IMF နဲ့ ADB တို့အပြင် ကမ္ဘာ့ဘဏ်(The World Bank)  ရဲ့ အကူအညီကလည်း မြန်မာနိုင်ငံအတွက် အရေးပါပါတယ်။ မြန်မာနိုင်ငံနဲ့ ၂၆ နှစ်ကြာဆယ်သွယ်မှုပြတ်ခဲ့ပြီးတဲ့နောက် အခုအချိန်မှာတော့ ကမ္ဘာ့ဘဏ်ဟာ မြန်မာနိုင်ငံ (ရန်ကုန်) မှာ ရုံးခန်းလာ ရောက်ဖွင့်လှစ်ထားပြီဖြစ်ပါတယ်။ မကြာသေးခင်က ကမ္ဘာ့ဘဏ်အုပ်စုရဲ့ ဥက္ကဋ္ဌMr Jim Yong Kim က မြန်မာနိုင်ငံကို လာရောက် ခဲ့စဉ်မှာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အမေရိကန်ဒေါ်လာနှစ်ဘီလီယံ အကူအညီပေးမယ့်အကြောင်း ပြောကြားသွားခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရဲ့ ပထမဆုံး Country Manager  အဖြစ် တာဝန်ထမ်းဆောင်နေသူ Mr Kanthan Shankar  နဲ့ အခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ ပညာရေးဖြတ်သန်းမှုနဲ့ လုပ်ငန်းအတွေ့အကြုံကို ပြောပြ ပေးပါ။ ကျွန်တော် အိန္ဒိယနဲ့ အမေရိကန်ကနေ အင်ဂျင်နီယာဘွဲ့တွေ ရရှိခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်ကို ဝင်ရောက်မလုပ်ကိုင်ခင်မှာ အမေရိကန်မှာရှိတဲ့ အကြံပေးကုမ္ပဏီတစ်ခုမှာ လုပ်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာ ကမ္ဘာ့ဘဏ်ရဲ့Water Supply and Sani-tation ဌာနမှာ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကကိုပြောင်းရွှေ့ ပြီး ရှှစ်နှစ်လောက်လုပ်ခဲ့ပါတယ်။ ပါလက်စတိုင်းနယ်မြေတွေ အပါအဝင် ဆီးရီးယား၊ ဂျော်ဒန်၊ လက်ဘနွန်၊ အီရန်နဲ့ အီရတ်တို့မှာလည်း လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်အစောပိုင်းမှာ အရှေ့ဥရောပမှာသွားရောက်လုပ်ကိုင်ဖို့ပြောင်းရွှေ့ခဲ့ပြီး အထူးသဖြင့် ဘော်လ် ကန်ဒေသတွေမှာ လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီမှာ ကိုဆိုဗိုနဲ့ အယ်လ်ဘေးနီးယားမှာ လုပ်ကိုင်ခဲ့ပါတယ်။ နောက်တော့ ရုရှား၊ ဘယ်လာရုစ်နဲ့ အဇာဘိုင်ဂျန်မှာ လုပ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အရှေ့အာရှဒေသနဲ့ပစိဖိတ်ဒေသကို ပြောင်း ရွှေ့ခဲ့ပြီး ပါပူအာနယူးဂီနီ၊ ဆော်လမွန်ကျွန်းစု၊ အရှေ့တီမော၊ တွန်ဂါနဲ၊ ဆမိုအာ စတဲ့ ပစိဖိတ်ကျွန်းနိုင်ငံတွေမှာ လုပ်ကိုင် ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်လုပ်ရမယ့်အခွင့်အလမ်း ပေါ်လာတော့ ကျွန်တော်မိမိရရဆုပ်ကိုင်ခဲ့ပြီး နောက်တော့ ကျွန်တော်လုပ်ခဲ့သမျ အလုပ်တွေထဲမှာ စိတ်ဝင်စားဖို့အကောင်း ဆုံးအလုပ်ပဲဆိုတာ ကျွန်တော်သိလာခဲ့ပါတယ်။ မြန်မာနိုင်ငံ ရဲ့သမိုင်းမှာ စိတ်လှုပ်ရှားဖို့ကောင်းတဲ့အချိန်ကာလမှာ လာ ရောက်အလုပ်လုပ်ရတာဟာ ကျွန်တော့်အတွက် တော်တော် ကံကောင်းတယ်လို့ ထင်ပါတယ်။   ထိလွယ်ရှလွယ်နိုင်ငံတွေ (Fragile Countries) မှာ ၁၅ နှစ်တိုင်အောင် လုပ်ငန်းအတွေ့အကြုံရှိခဲ့တယ်လို့ သိရပါ တယ်။ အဲဒီအတွေ့အကြုံကို သိချင်ပါတယ်။ ပဋိပက္ခတွေရှိနေပြီး ထိရှလွယ်တဲ့နိုင်တွေမှာ ကျွန်တော့်ရဲ့ ပထမဆုံး လုပ်ငန်းအတွေ့အကြုံအနေနဲ့ ၁၉၉၆ ခုနှစ်မှာ ပါလက်စတိုင်းနယ်မြေတွေမှာ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါ တယ်။ အဲဒီမှာ ပါလက်စတိုင်းအာဏာပိုင်ဖွဲ့ကို အလုပ် အကိုင်ဖန်တီးမှု မျိုးဆက်သစ်အစီအစဉ်ကို ကူညီဆောင်ရွက် ပေးရတာဖြစ်ပြီး အဲဒီနိုင်ငံတွေမှာ အနည်းငယ်ပမာဏပဲရှိတဲ့ အကူအညီ အထောက်အပံ့ဟာ လူတွေရဲ့ဘဝအတွက် ကြီး မားတဲ့အကျိုးသက်ရောက်မှုရှိနေတယ်ဆိုတာကို ကျွန်တော် နားလည်လာခဲ့ပါတယ်။ အလွန်အကျွံ ဆင်းရဲမွဲတေမှုနှုန်းကိုကြည့်မယ်ဆိုရင် အဓိကအားဖြင့် အဲဒီနိုင်ငံတွေမှာရှိတယ် ဆိုတာကိုတွေ့ရမှာဖြစ်ပြီး ဒါဟာ ခင်ဗျားအနေနဲ့ တစ်စုံတစ် ရာအကျိုးပြုလုပ်ငန်းဆောင်ရွက်ဖို့ သင့်တော်တဲ့နေရာဖြစ် ပါတယ်။ အဲဒီလိုနိုင်ငံပေါင်းများစွာမှာ ကျွန်တော်လုပ်ကိုင် ခဲ့ရပြီး နိုင်ငံတိုင်းမှာ သူ့ရဲ့စိန်ခေါ်မှုနဲ့သူရှိကြပါတယ်။ အဲဒီ နိုင်ငံတွေမှာ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ပြည်သူတွေရဲ့ကောင်းမွန်တဲ့ အပြောင်းအလဲဖြစ်ပေါ်လာဖို့ သံဓိဋ္ဌာန်ချထားတာတွေကို တွေ့ရတာဟာ တကယ့်ကို ထူးကဲပါတယ်။   အဲဒီနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီး မြန်မာနိုင်ငံကိုလည်း သုံးသပ် ပေးပါ။ မြန်မာနိုင်ငံက ထိလွယ်ရှလွယ်တဲ့ အနေအထားမှာဆိုပေမဲ့ ကျွန်တော်အလုပ်လုပ်ခဲ့ဖူးတဲ့နိုင်ငံတွေနဲ့တော့ အတော့်ကို ကွဲပြားခြားနားပါတယ်။ ဒီမှာက လှုပ်ရှားသက်ဝင်နေတဲ့အဖွဲ့ အစည်းတွေ(Functioning Institutions)  ရှိနေပါတယ်။ ပဋိပက္ခလွန် အခြေအနေရှိတဲ့နိုင်ငံတွေ (Post Conflict Countries) မှာဆိုရင် အဲဒီအဖွဲ့အစည်းတွေဟာ အကုန်လုံး နီးပါးဖျက်ဆီးခံရပြီးသား၊ ဒါမှမဟုတ် အောက်ခြေကနေ ပြန်စနေရတဲ့အနေအထားမျိုးဖြစ်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ က တံခါးပိတ်ဝါဒကျင့်သုံးခဲ့တာ အတော်ကြာခဲ့ပြီဖြစ်တဲ့ အတွက် နောက်ဆုံးပေါ်ခေတ်ကာလအခြေအနေတွေနဲ့ အိမ် နီးချင်းနိုင်ငံတွေအပါအဝင် အောင်မြင်နေတဲ့ကမ္ဘာ့အခြားနိုင်ငံ တွေက အကောင်းဆုံးအတွေ့အကြုံတွေကို အသုံးချလုပ်ဆောင် ဖို့အတွက် အမှီလိုက်နေတာဖြစ်တယ်။ အကျိုးဆက်အနေနဲ့ နောက်မှ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ် ရောက်လာတဲ့ နိုင်ငံအနေနဲ့ အခြားသူတွေရဲ့အောင်မြင်မှုတွေကနေ သင်ခန်း စာယူနိုင်သလို အမှားတွေကိုလည်း ထပ်မလုပ်မိနိုင်တဲ့အကျိုး ကျေးဇူးတွေ ရှိနေပါတယ်။   Country Manager   အနေနဲ့  တာဝန်ယူရတဲ့အပိုင်းတွေကို သိချင်ပါတယ်။ ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းလည်ပတ်မှု ကင်းကွာခဲ့တာ အတော်ကြာခဲ့ပြီဖြစ်တဲ့အတွက် ပထမဆုံး  Country Manager  တစ်ယောက်အနေနဲ့ ဦးစားပေးလုပ် ဆောင်ရမယ့်တာဝန်ကတော့ ကမ္ဘာ့ဘဏ်အုပ်စုနဲ့ မြန်မာ အစိုးရ၊ မြန်မာပြည်သူလူထုအကြားမှာ ခိုင်မာပြီး ပူးပေါင်း ဆောင်ရွက်မှုရှိတဲ့ ဆက်ဆံရေးတစ်ရပ်တည်ထောင်ဖို့ဖြစ်ပါ တယ်။ နောက်ပြီး ရန်ကုန်မှာ ပြည်တွင်းအခြေစိုက်ရုံးဖွင့်ဖို့ တာဝန်ယူခဲ့ရသလို ပြည်တွင်းနဲ့ ပြည်ပက ဝန်ထမ်းတွေခန့် အပ်ဖို့လည်း တာဝန်ယူရပါတယ်။ ဝန်ထမ်းလေးယောက်နဲ့ ကျွန်တော်တို့စခဲ့ပြီး အခုအချိန်မှာ အယောက် ၃၀ ကျော်ရှိ နေပါပြီ။ အကောင်းဆုံးဝန်ထမ်းတွကိုခန့်အပ်ဖို့ ကျွန်တော် တို့အကောင်းဆုံးကြိုးစားခဲ့ပြီး နိုင်ငံတကာက ဝန်ထမ်းတွေ ခန့်အပ်ဖို့အတွက်လည်း အခက်အခဲမရှိခဲ့ပါဘူး။ ဘာကြောင့် လဲဆိုတော့ ဖွံဖြိုးရေးဆိုင်ရာကျွမ်းကျင်သူတွေက မြန်မာ နိုင်ငံမှာ အလုပ်လုပ်ဖို့ အင်မတန်စိတ်အားထက်သန်နေကြ လို့ပါပဲ။ ကံကောင်းတာကတော့ ပြည်တွင်းက ဝန်ထမ်း ကောင်းတွေကို ခန့်အပ်နိုင်ခဲ့ပြီး အဲဒီအထဲမှာ နိုင်ငံခြားမှာ ပညာသင်ခဲ့ပြီး တိုင်းပြည်ကိုအကျိုးပြုချင်လို့ ပြန်လာဖို့ စိတ်အားထက်သန်နေကြတဲ့ မြန်မာနိုင်ငံသားတွေလည်း ပါ ဝင်ပါတယ်။ နောက်တစ်ခုက Country Manager   တစ် ယောက်အနေနဲ့ အခုဆိုရင် စီမံကိန်းများစွာရှိနေပြီဖြစ်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ Program တစ်ခုလုံးကို ခြုံငုံကိုင်တွယ်ဖို့ တာဝန်ရှိပါတယ်။ အစိုးရနဲ့ခိုင်မာတဲ့ဆက်ဆံရေး တည်ဆောက်ဖို့အပြင် ဖွံဖြိုးရေးဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေ (Development Partners) ၊ လူမှုအရပ်ဘက်အဖွဲ့အစည်း (CSO)  တွေနဲ့ ပုဂ္ဂလိကကဏ္ဍအပါအဝင် အခြားသက်ဆိုင်တဲ့ Stakeholder တွေနဲ့ လက်တွဲလုပ်ကိုင်ဖို့ တာဝန်ရှိပါတယ်။   မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအနေ အထားအပေါ်   ဘယ်လိုသုံးသပ်မိပါသလဲ။ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်း ၇ ရာခိုင်နှုန်းကျော် ရှိနေတယ်ဆိုတာက ကောင်းတဲ့အချက်ပါပဲ။ OECD နိုင်ငံ တွေဆိုရင် ခန့်မှန်းခြေအားဖြင့် ၃ ရာခိုင်နှုန်းအောက်လောက် ပဲတိုးတက်မှုနှုန်း ရှိကြတယ်။ တရုတ်နိုင်ငံရဲ့တိုးတက်မှုနှုန်း တောင် ၇.၅ ရာခိုင်နှုန်းပဲရှိတယ်။ ပြီးခဲ့တဲ့နှစ်နှစ်တာကာလ တစ်လျောက်မှာ မြန်မာနိုင်ငံရဲ့စီးပွားရေး မှန်မှန်တိုးတက်လာ တာကို တွေ့ရမှာဖြစ်ပြီး လာမယ့်နှစ်တွေမှာ ဒီထက်မြန်တဲ့နှုန်း ထားနဲ့တိုးတက်လာမယ်လို့ မျော်မှန်းထားပါတယ်။ သတိထားရမယ့်အချက်က ငွေကြေးဖောင်းပွမှုဖြစ် ပြီး မနှစ်က ငွေကြေးဖောင်းပွမှုနှုန်း ပျမ်းမျ ၆ ရာခိုင်နှုန်း ရှိခဲ့တယ်။ အထူးသဖြင့် စားသောက်ကုန်ဈေးနှုန်းဖောင်းပွမှု က ဆင်းရဲတဲ့လူတွေအတွက် မမျတတဲ့အကျိုးသက်ရောက်မှု တွေရှိနိုင်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကလည်း အရင် နှစ်ကထက် နှစ်ဆတိုးတက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုက လူအနည်းငယ်ကိုပဲ အကျိုး ပြုတာမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံသားအားလုံးကို အကျိုးဖြစ် ထွန်းစေတဲ့ သာတူညီမျဖြစ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်တစ်ခုကတော့ အစိုးရအနေနဲ့ လှုမှု ရေးကဏ္ဍတွေမှာ အထူးသဖြင့် ကျန်းမာရေးနဲ့ ပညာရေး ဘတ်ဂျက်တွေကို တိုးမြှင့်သုံးစွဲလာတာကို တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်။ ကျန်းမာရေးကဏ္ဍနဲ့ ပညာရေးကအတွက် အစိုးရအနေနဲ့ သုံးစွဲတဲ့ဘတ်ဂျက်က  အခြားနိုင်ငံတွေနဲ့စာရင် တော်တော့်ကို နည်းပါသေးတယ်။ အခု ဒါဖြည်းဖြည်းချင်း မြှင့်တင်နေတဲ့နည်းလမ်းက မှန်တယ်လို့ဆိုရမှာဖြစ်ပြီး မြန် မြန်ဆန်ဆန်တိုးမြှင့်လိုက်မယ်ဆိုရင် အဲဒီငွေတွေကို စီမံသုံး စွဲနိုင်စွမ်းမရှိရင်လည်း ပြဿနာရှိနိုင်ပါတယ်။ မြန်မာနိုင်ငံ အတွက် စိန်ခေါ်မှုတစ်ရပ်ကတော့ ဖွံဖြိုးတိုးတက်အောင်လုပ် ဆောင်တာသာမကဘဲ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းအသစ်တွေ ဖန်တီးပေးနိုင်ဖို့လည်း အရေးကြီး ပါတယ်။   မြန်မာနိုင်ငံအနေနဲ့   ပြုပြင်ပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေ တဲ့အပေါ်မှာ အချို့ကတော့ မြန်တယ်ထင်ပြီး၊ အချို့ကလည်း နှေးကွေးတယ်လို့  အမြင်တွေအမျိုးမျိုးရှိနေပါတယ်။ ကိုယ် ပိုင်အမြင်နဲ့ သုံးသပ်ပေးစေချင်ပါတယ်။ အမြင်ကွဲပြားတာမျိုးကတော့ နားလည်နိုင်တဲ့ကိစ္စပါပဲ။ ဒါပေမဲ့ ဆောင်ရွက်ခဲ့ပြီးတဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ်မှာ ယေဘုယျအားဖြင့် သဘောတူညီမှုနဲ့ ထောက်ခံမှုရှိနေတယ် လို့ကျွန်တော်ယုံကြည်ပြီး ပြုပြင်ပြောင်းလဲမှုတွေက အစော ပိုင်းကာလမှာပဲ ရှိပါသေးတယ်။ အရေးအကြီးဆုံးကတော့ ပြုပြင်ပြောင်းလဲမှုတွေက လူတချို့ကိုပဲ အကျိုးပြုတာလား၊ လူထုအားလုံးကိုပဲ အကျိုးပြုတာလားဆိုတာကို ကြည့်ရမှာ ဖြစ်တယ်။ သမ္မတကလည်း လူထုအခြေပြုဖွံ့ဖြိုးတိုးတက်မှု နဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုရဲ့ အရေးကြီးပါမှုကို အစဉ်တစိုက်ပြောကြားခဲ့တာဖြစ်ပြီး ကျွန်တော်တို့ကမ္ဘာ့ဘဏ် ဘက်ကလည်း အစိုးရရဲ့လုပ်ကိုင်ဆောင်ရွက်မှုတွေကို အပြည့် အဝထောက်ခံပါတယ်။ ကျွန်တော်တို့ လူထုအဖွဲ့အစည်းဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းတစ်ခုကို ဘဏ္ဍာရေးထောက်ပံ့မှုပြုလုပ် နေပါတယ်။ အဲဒါကတော့ လမ်းတွေဖောက်တာ၊ ရေရရှိရေး နဲ့ ရေဆိုးရေနုတ်စနစ်တွေ၊ ဆေးရုံဆေးခန်းတွေနဲ့ စာသင် ကျောင်းစတာတွေအပါအဝင် အခြေခံအဆောက်အုံပြန်လည် ထူထောင်တည်ဆောက်ရေးအတွက် ထောက်ပံ့ကြေးတွေပံ့ပိုး ပေးတဲ့စီမံကိန်းဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း တိုင်းပြည်ကို မြန်မြန် ဆန်ဆန်ဖွင့်ပေးလိုက်တဲ့ အကျိုးကျေးဇူးကို သူတို့ရဲ့နေ့စဉ် ဘဝမှာ အကူအညီမဖြစ်ဘူးလို့ လူတွေကခံစားမိတာမျိုးဖြစ် နိုင်ပါတယ်။  ဥပမာအနေနဲ့ မော်တော်ကားတင်သွင်းမှုကန့် သတ်ချက်တွေကို ဖယ်ရှားပေးလိုက်တဲ့အတွက် ကားတွေ အများကြီးရောက်ရှိလာလို့ကောင်းပေမဲ့ အခုဆိုရင် ရန်ကုန် မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ကြုံတွေ့နေရတာကိုတွေ့ရမှာ ဖြစ်တယ်။ ဒါက မြန်မာနိုင်ငံပဲ ကြုံတွေ့နေတဲ့ကိစ္စမဟုတ် သလို ဘယ်နိုင်ငံကမှ ဒါကို ကျွမ်းကျွမ်းကျင်ကျင်ဖြေရှင်း နိုင်ခဲ့ကြတာမဟုတ်ပါဘူး။ ယာဉ်ကြောပိတ်ဆို့မှုဆိုတာက မွမ်ဘိုင်း၊ ဘန်ကောက်၊ ဝါရှင်တန်နဲ့နေရာတိုင်းမှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာရော ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာပါ ကြုံတွေ့နေရတဲ့ ကိစ္စဖြစ်တယ်။ အရေးအကြီးဆုံးကတော့ ပြုပြင်ပြောင်းလဲမှုဟာ အခြေခံလူတန်းစားတွေအပေါ် အကျိုးသက်ရောက်မှုရှိဖို့လိုပြီး သူတို့ရဲ့နေ့စဉ်ဘဝမှာ လျပ်စစ်ဓာတ်အားရရှိမှု၊ ရေရရှိမှု၊ ရေဆိုးရေနုတ်စနစ်၊ အလုပ်အကိုင်၊ ပညာရေးနဲ့ ကျန်းမာရေး စတဲ့ကဏ္ဍတွေမှာ ပြောင်းလဲမှုရဲ့အကျိုးကျေးဇူးတွေကို လက် တွေ့ခံစားရတယ်ဆိုတာမျိုးဖြစ်ဖို့ လိုပါတယ်။ လျပ်စစ်ဓာတ် အားရရှိမှုက အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ မကြာသေးခင်က မွန်ပြည်နယ်မှာ လျပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၁၄၀ တန် စီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်နေပါတယ်။   မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်ရဲ့ လက်ရှိအချိန်ထိပံ့ပိုးပေးခဲ့တဲ့ အကူအညီတွေနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ ပထမဆုံးစီမံကိန်းကတော့ အမျိုးသားအဆင့် လူထုအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုစီမံ ကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၈၀  ထောက်ပံ့ပေးခဲ့ ပါတယ်။ အဲဒီစီမံကိန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှု ဌာနက ဆောင်ရွက်နေပြီး မြန်မာနိုင်ငံရဲ့ ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေအားလုံးမှာ အကောင်ထည်ဖော်မှာဖြစ်ပါ တယ်။ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဘဏ်ကိုပေးရမယ့် ကြွေး ကျန်တွေကို ရှင်းလင်းရာမှာလည်း ကျွန်တော်တို့အကူအညီ ပေးခဲ့ပါတယ်။ ဆက်သွယ်ရေးကတော့ ကျွန်တော်တို့အကူ အညီပေးနေတဲ့အခြားကဏ္ဍတစ်ခုဖြစ်ပြီး စွမ်းရည်ပျိုးထောင် မှု၊ E-government ၊ တိုင်းပြည်ရဲ့ဝေးလံတဲ့ဒေသတွေအထိ ပါ လက်လှမ်းမီနိုင်တဲ့ မိုဘိုင်းဖုန်းဆက်သွယ်မှုကွန်ရက်တွေ ကိုတိုးချဲ့ဖို့ စတဲ့ကိစ္စရပ်တွေမှာ ဆက်သွယ်ရေးဝန်ကြီးဌာန ကိုအကူအညီပေးနေပါတယ်။ အလားတူပဲ ဘဏ္ဍာရေးဝန်ကြီး ဌာနကိုလည်း ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုအပိုင်းမှာ ကူညီ ထောက်ပံ့ပေးနေပါတယ်။ အဲဒီမှာ လိုအပ်ချက်တွေကိုရှာဖွေ စစ်ဆေးဖော်ထုတ်တဲ့နည်းလမ်းအပြင် ဘတ်ဂျက်သုံးစွဲမှုစနစ် တွေအဆင့်မြှင့်တင်ရေးအတွက် ဘဏ္ဍာရေးထောက်ပံ့မှုကိုပါ ကူညီပံ့ပိုးပေးနေပါတယ်။ နောက်ပြီး ကျွန်တော်တို့မှာ လယ် ယာစိုက်ပျိုးရေး၊ ပညာရေး၊ ရေအရင်းအမြစ်နဲ့ ကျန်းမာရေး ကိစ္စတွေအတွက် ကူညီထောက်ပံ့ပေးမယ့်အစီစဉ်တွေ ရှိပါ တယ်။   မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဘဏ်ကနေ နှစ်ရှည် ချေးငွေတွေ (Concessional Loans)  ကို ရရှိနိုင်ပါတယ်။ နှစ်ရှည်ချေးငွေဆိုတာက အတိုးပေးစရာမလိုဘဲ (ဆယ်နှစ် ထပ်တိုးရရှိခွင့်အပါအဝင်) အနှစ် ၄၀ အထိရရှိနိုင်ပါတယ်။ ကမ္ဘာ့ဘဏ်အနေနဲ့ ယူဆောင်လာတာက ငွေကြေးသက်သက် မဟုတ်ဘဲ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အနှစ် ၆၀ အတွေ့ အကြုံတွေနဲ့ သတင်းအချက်အလက်ဗဟုသုတတွေကိုပါ ယူ ဆောင်လာတာဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ Shareholderဖြစ်တဲ့မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဘဏ်ကပေးတဲ့ အကူအညီ တွေကို အကောင်းဆုံးရယူအသုံးချနိုင်ပါတယ်။ ကမ္ဘာ့ဘဏ် ရဲ့အဆုံးစွန်ရည်မှန်းချက်က နှစ်ချက်ရှိပါတယ်။ ပထမတစ် ချက်က ကမ္ဘာတစ်ဝန်းဥဿုံဆင်းရဲမွဲတေမှုကို ၂၀၃၀ ခုနှစ် ကျရင် ၃ ရာခိုင်နှုန်းအောက်ထိ လျော့ချနိုင်ဖို့ဖြစ်ပြီး နောက် တစ်ချက်က ကျွန်တော်တို့ လှုပ်ရှားဆောင်ရွက်နေတဲ့နိုင်ငံတိုင်းမှာရှိတဲ့အောက်ခြေက ဆင်းရဲမွဲတေသူ ၄၀ ရာခိုင်နှုန်းရဲ့ ဘဝတိုးတက်မှုကို မြှင့်တင်ပေးနိုင်ဖို့ဖြစ်ပါတယ်။ မြန်မာ အစိုးရက ဆင်းရဲမွဲတေမှုကို ၂၆ ရာခိုင်နှုန်းကနေ ၁၆ ရာ ခိုင်နှုန်းအထိလျော့ချဖို့ ပြောနေပါတယ်။ ဒါဟာ ကျွန်တော် တို့ရဲ့ရည်မှန်းချက်နဲ့တူညီပြီး မြန်မာနိုင်ငံရဲ့ဆင်းရဲမွဲတေမှု လျော့ချရေးမှာ ကျွန်တော်တို့လည်း ပါဝင်ကူညီဖို့ ရည်မှန်း ထားပါတယ်။ Mr Kim  မြန်မာနိုင်ငံကိုလာတုန်းက  အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ အကူအညီပေးမယ့်အကြောင်း   ကြေညာသွားခဲ့ ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး  အသေးစိတ်ပြောပြပေးစေချင် ပါတယ်။ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌပြောတဲ့ မြန်မာအစိုးရကိုပေးမယ့် အကူ အညီက လျပ်စစ်ဓာတ်အားစီမံကိန်းအတွက်ဖြစ်ပြီး အထူး သဖြင့် ကျေးလက်ဒေသ လျပ်စစ်ဓာတ်အားရရှိရေးအတွက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဒေသတွင်းက လျပ်စစ်ဓာတ်  အားရရှိမှုနှုန်းအနည်းဆုံး နိုင်ငံတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်နေပါတယ်။ ဒါကြောင့် ဘဏ္ဍာရေးလိုအပ်ချက်တွေကို အစိုးရကပဲ ဖြည့်ဆည်းဖို့မဖြစ်နိုင်တဲ့အတွက် ကျွန်တော်တို့ ရဲ့ ပုဂ္ဂလိကလက်ခွဲအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အပြည်ပြည် ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC)  က မြန်မာနိုင်ငံမှာ လျပ်စစ်ဓာတ်အားထုတ်လုပ်မှုနဲ့ပတ်သက်ပြီး ဘဏ္ဍာရေး ထောက်ပံ့မှုအပြင် တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံသူတွေကိုပါ ခေါ်ဆောင်လာနိုင်ဖို့အကူအညီပေးမှာဖြစ်ပါတယ်။ ပုဂ္ဂလိက ကဏ္ဍဟာ အစိုးရရဲ့အရေးပါတဲ့ပြုပြုပြောင်းလဲမှုအစီအစဉ်ထဲမှာပါဝင်ပြီး တတိယအဆင့်ပြုပြင်ပြောင်းလဲမှုလို့လည်း ရည်ñွှန်းကြပါတယ်။ ရေရှည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်မှုပေါ်ပေါက်လာဖို့နဲ့ ဆင်းရဲမွဲတေမှုကို လျော့ချဖို့ဆိုရင် တော့ ပြည်တွင်းကရော ပြည်ပကပါ တာဝန်သိတဲ့ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေကိုဆွဲဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ အကူအညီပေးမယ့် အမေရိကန်ဒေါ်လာ နှစ်ဘီလီ ယံထဲမှာ ကျန်းမာရေးကဏ္ဍပါဝင်ပြီး အထူးသဖြင့် အစိုးရရဲ့ ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီနိုင်တဲ့ကျန်းမာရေး စောင့်ရှောက်မှုစနစ် (Universal Health Coverage) ကို အကောင်အထည်ဖော်နေတာကို ကူညီထောက်ပံ့သွားမှာဖြစ် ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အနေနဲ့ စိုက်ပျိုးရေးနဲ့ ရေအရင်းအမြစ်ထိန်းသိမ်းရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံသွား မယ့်အစီအစဉ်တွေရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့အဖွဲ့ အစည်းတစ်ခုပဲ ဆောင်ရွက်နေတာမဟုတ်ဘဲ သြစတြေးလျ၊ အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ၊ ဂျပန်၊ ယူကေနဲ့ ဥရောပသမဂ္ဂ (EU) အပါအဝင် အခြားDevelopment Partner   တွေနဲ့ လည်း အနီးကပ်လက်တွဲဆောင်ရွက်နေပါတယ်။   မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်လို အကြံပေးချင်ပါသလဲ။ မြန်မာနိုင်ငံအနေနဲ့ တံခါးပိတ်ဝါဒကျင့်သုံးခဲ့တာ ကြာပြီ  ဖြစ်တဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အမီလိုက်နိုင်ဖို့ ကြိုးစားနေရတာကို နားလည်ပါတယ်။ ဒါပေမဲ့ တိုင်းပြည်နဲ့ ပြည်သူပြည်သားတွေကို အကျိုးဖြစ် ထွန်းစေပြီး နိုင်ငံရဲ့ ကြွယ်ဝတဲ့ယဉ်ကျေးမှုအမွေအနှစ်တွေ နဲ့ အရင်းအမြစ်တွေကို ကာကွယ်ပေးမယ့် ရေရှည်စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပေါ်လာမယ်လို့ ကျွန်တော်တို့ မျော်လင့်ထားပါတယ်။ ကမ္ဘာ့အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုခရီးစဉ်မှာ မိတ်ဖက်အနေနဲ့ ပါဝင်သွားဖို့ မျော် မှန်းထားပြီး သမိုင်းဝင်ပြုပြင်ပြောင်းလဲမှုကာလကို ဖြတ် သန်းနေတဲ့မြန်မာနိုင်ငံအနေနဲ့ အကောင်းဆုံးသောကျွမ်းကျင် မှု၊ ဘဏ္ဍာရေးအထောက်အပံ့နဲ့ အတွေ့အကြုံတွေကိုကျွန် တော်တို့အနေနဲ့ ယူဆောင်လာပေးမယ့်အပေါ်မှာ ယုံကြည် အားထားနိုင်ပါတယ်။