Myint & Associates Telecoms နှင့် NTT Communications တို့ ပူးပေါင်းဖွင့်လှစ်လိုက်တဲ့ Kamayut Data Center

KamayutDataCenter1

MPRL E&P ကုမ္ပဏီများအုပ်စုရဲ့ နည်းပညာဆိုင်ရာ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Myint &Associates Telecommunications Ltd နဲ့ ကမ္ဘာတစ်ဝန်းမှာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေကို ဖြန့်ကြက်လုပ်ကိုင်နေတဲ့ NTT Group (TYO: 9432)  ရဲ့ NTT Communications (Thailand) တို့ ပူးပေါင်းပြီး Kamayut Data Center ကို ဖွင့်လှစ်ကာ ဝန်ဆောင်မှုတွေ စတင်ပေးအပ်နေပြီ ဖြစ်ပါတယ်။ M&A Telecoms နဲ့ NTT Communications တို့ရဲ့ Resale Agreement သဘောတူညီမှုအရ NTT Communications က M&A Data Center မှာရှိတဲ့ Server Colocation Space တွေကို မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှဒေသအတွင်းက NTT ရဲ့ ICT Client တွေနဲ့ Customer တွေကို Kamayut Data Center ဆိုတဲ့အမည်နဲ့ ဝန်ဆောင်မှုတွေ ပေးသွားမှာ ဖြစ်ပါတယ်။ M&A Data Center ဟာ NTT Commuications Ltd နဲ့ Resale Partner အဖြစ် လက်တွဲဆောင်ရွက်နေပြီး တစ်ချိန်တည်းမှာပဲ Carrier Neutral Data Center အဖြစ်လည်း ဆက်လက်ရပ်တည်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

KamayutDataCenter2

NTT ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ ပထမဦးဆုံးဖွင့်လှစ်လိုက်တဲ့ Kamayut Data Center ဟာ ကမာရွတ်မြို့နယ်၊ ပြည်လမ်းနဲ့ ရိုးမရိပ်သာလမ်းထောင့်မှာရှိတဲ့ Vantage Tower မှာ တည်ရှိပါတယ်။ Kamayut Data Center ဟာ သုံးရာစတုရန်းမီတာကျယ်ဝန်းပြီး Data Center ကို နောက်ဆုံးပေါ်ထောက်ပံ့ပစ္စည်းတွေ၊ အရန်ပါဝါစနစ် အလုံအလောက်နဲ့ ဆောက်လုပ်ထားပြီး ဆာဗာသိုလှောင်ခန်း (Server Racks) ကိုးဆယ်အထိ ဝင်ဆံ့ပါတယ်။ စီးပွားရေးလုပ်ငန်းကြီးတွေ၊ ငွေကြေးပိုင်းဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့အစည်းတွေအတွက် အပြန်အလှန်ဆက်သွယ်မှုနဲ့ Data Center ထားသိုဖို့နေရာလိုအပ်ခြင်းစတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ NTT ကုမ္ပဏီက ၉၉.၉၉၅ ရာခိုင်နှုန်း Service Level Agreement (SLAs) နဲ့ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ Data Center မှာ အသုံးပြုထားတဲ့ N+1 လေအေးပေးစနစ်ရဲ့ စနစ်တကျလည်ပတ်မှုဟာ အပူချိန်နဲ့ စိုထိုင်းဆကို ထိန်းသိမ်းပေးပြီး စက်ပျက်စီးတာ၊ ဒါမှမဟုတ် စက်ချို့ယွင်းနေတဲ့အခါမှာလည်း စနစ်တကျလည်ပတ်နိုင်အောင် စီစဉ်ထားတယ်လို့ သိရပါတယ်။ Kamayut Data Center ဟာ ကြားနေကွန်ရက် (Network-Neutral) ဖြစ်တဲ့အတွက် ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ဘယ် Carrier နဲ့မဆို ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ NTT ကုမ္ပဏီရဲ့ Digi-Path Internet Service နဲ့လည်း ယုံကြည်စိတ်ချရတဲ့ VPN စနစ်၊ Arcstar Universal One တို့နဲ့လည်း တိုက်ရိုက်ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်၊ ဇွန်လ ၂  ရက်က Vantage Tower မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Kamayut Data Center ဖွင့်လှစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ NTT Communications (Thailand) ရဲ့ Vice President နဲ့ COO of Sales Consulting  Product & Service ၊ Data Center Department က Mr. Masatoshi Tsuboi က ''များပြားလာတဲ့ နိုင်ငံတကာအကျိုးတူပူးပေါင်းမှုတွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကနေ ရရှိတဲ့အကျိုးအမြတ်တွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာနေပါတယ်။ ရန်ကုန်မြို့မှာ ကျွန်တော်တို့ရဲ့ Data Center ဝန်ဆောင်မှုစတင်ဖို့ အချိန်ကောင်းဖြစ်လို့ စတင်မိတ်ဆက်ခြင်း ဖြစ်ပါတယ်။ လုပ်ငန်းဌာနတွေ၊ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့အစည်းတွေအတွက် လုပ်ငန်းဆောင်ရွက်ပေးနေတဲ့ အရည်အချင်းကြွယ်ဝပြီး အတွေ့အကြုံသက်တမ်းကြာမြင့်တဲ့ NTT Communications ဟာ သုံးစွဲသူတွေ ချောမွေ့စွာအလုပ်လုပ်ကိုင်နိုင်ပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်စီးပွားရေးကို တစ်ဖက်တစ်လမ်းက ကူညီနိုင်ဖို့ သူတို့တွေရဲ့ Data တွေကို အရည်အသွေးမြင့် Data Center မှာ အပြည့်အဝကာကွယ်ပေးထားမှာ ဖြစ်ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။


KamayutDataCenter3

Mr. Masatoshi Tsuboi

Vice President & COO of Sales Consulting,

Product & Services

Data Center Department

NTT Communications (Thailand)

NTT Communications အနေနဲ့ Myint & Associates နဲ့ ပူးပေါင်းဖြစ်ခဲ့ပုံ . . .

မြန်မာနိုင်ငံမှာ Myint & Associates Telecoms က ကျွန်တော်တို့အတွက် အကောင်းဆုံးလို့ ယူဆတဲ့အတွက် ပူးပေါင်းဖြစ်ခဲ့တာပါ။ ကျွန်တော်တို့လိုချင်တဲ့ အရည်အသွေးအားလုံးကို M&A က လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ Data Center ကို အသုံးပြုဖို့ လိုအပ်သည့်အကြောင်းရင်းများ Data Center တွေက မြန်မာနိုင်ငံမှာ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ မီးပျက်တာ၊ အင်တာနက်လိုင်းပျက်သွားတာမျိုးလို Blackout ဖြစ်တဲ့အခါမှာ ရှိနေတဲ့ Data တွေက ဆုံးရှုံးသွားနိုင်ပါတယ်။ အဲဒါတွေကို ကာကွယ်ဖို့ Data Center တွေကို အသုံးပြုဖို့ လိုအပ်ပါတယ်။ တစ်ခုခုဖြစ်ခဲ့ရင် Data တွေကို ပြန်ရနိုင်ဖို့ဆိုတာ အင်မတန်ခဲယဉ်းပါတယ်။ အဓိကအားဖြင့် Data ပျောက်ဆုံးတဲ့၊ ဆုံးရှုံးတဲ့အခက်အခဲတွေကို ကာကွယ်နိုင်ဖို့၊ အာမခံချက်ပေးနိုင်ဖို့ Data Center တွေကို အသုံးပြုတာပါ။

မြန်မာနိုင်ငံရဲ့ Digital Business လောကမှာ မြင်တွေ့မိတဲ့ စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေ . . .

မြန်မာနိုင်ငံမှာ စိန်ခေါ်မှုနဲ့ အခွင့်အလမ်းတွေကတော့ အများကြီးပါပဲ။ ဘာကြောင့်လဲဆိုတော့ Network တွေနဲ့ တစ်ခုနဲ့တစ်ခုကြားမှာ Facility က စုစည်းနိုင်တဲ့အပိုင်းတွေရော၊ Server အပိုင်းတွေရော၊ နောက်ပြီး Data Center နဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ဒါကလည်း တခြားဘယ်နိုင်ငံမှာမဆို ICT တိုင်းမှာ လုပ်ရမယ့်လိုအပ်ချက်တွေ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေမှာ လိုအပ်သလို ဒါတွေက မြန်မာနိုင်ငံမှာလည်း လိုအပ်ပါတယ်။

နောက်ထပ်ဖြည့်စွက်ပြောချင်တာရှိရင် . . .

မြန်မာနိုင်ငံမှာ အခုလိုလုပ်ငန်းတိုးချဲ့ခွင့်ရတာ အလွန်ဝမ်းသာမိပါတယ်။ မြန်မာနိုင်ငံအတွက် ကောင်းမွန်တဲ့ ICT ဝန်ဆောင်မှုတွေကို ထောက်ပံ့ပေးချင်ပါတယ်။ NTT Communications အနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးလာရောက်လုပ်ကိုင်ရုံတင်သက်သက်မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေကို အသုံးပြုခြင်းဖြင့် မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ကျေနပ်ပျော်ရွှင်ဖို့ကိုလည်း ရည်ရွယ်ပါတယ်။


KamayutDataCenter4

ဦးသိန်းစိုးထိုက်

General Manager

Myint & Associates Telecommunications Ltd

Data Center ကို မြန်မာနိုင်ငံမှာ ဘယ်လိုလုပ်ငန်းတွေက သုံးသင့်ပါလဲ။ ဘာကြောင့်အသုံးပြုသင့်ပါသလဲ . . .

Data Center ကို Finanicial Sector တွေ၊ Government Sector တွေ၊ တခြား SME လုပ်ငန်းတွေနဲ့ ကိုယ့်ရဲ့ Data တွေကို အရေးကြီးတဲ့နေရာမှာ သိုလှောင်ဖို့လိုအပ်တဲ့ Business Owner မှန်သမျှက Data Center ကို အသုံးပြုသင့်ပါတယ်။

အရင်တုန်းကဆိုရင် Financial Sector တွေပဲဖြစ်ဖြစ်၊ တခြားကုမ္ပဏီတွေပဲဖြစ်ဖြစ် Computer Room အနေနဲ့ ကိုယ်တိုင်တည်ဆောက်ပြီး လုပ်ကိုင်ကြတာရှိပါတယ်။ Data Center ဆောက်လုပ်မယ်ဆိုရင်တောင် Data Center တစ်ခုတည်းနဲ့ မပြီးပါဘူး။ Operation ပိုင်းကို ဘယ်လိုဆောင်ရွက်မလဲ။ ဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့ Proceure တွေ၊ Process တွေ လိုအပ်ပါတယ်။ သူတို့အနေနဲ့ Computer Room တွေ တည်ဆောက်နေမယ့်အစား၊ Operational Cost တွေ အသုံးပြုမယ့်အစား Data Center ငှားရမ်းအသုံးပြုခြင်းဖြင့် စရိတ်တွေ သက်သာစေနိုင်ပါတယ်။

Data Center ရဲ့ Security နဲ့ Safety ပိုင်းကို ဘယ်လိုစီမံထားပါသလဲ . . .

ကျွန်တော်တို့အနေနဲ့ 7 Step Layer Security ထားရှိပြီး Operational Procedure ကိုလည်း ကမ္ဘာ့အဆင့်မီထားထားတာဖြစ်တဲ့အတွက် အားလုံးကိုလစ်ဟာမှုမရှိအောင် ဆောင်ရွက်ထားပါတယ်။

Target Customer တွေက . . .

Data Center ကို များသောအားဖြင့် သုံးကြတာကတော့ Financial Sector တို့၊ Government Sector တို့အပြင် တခြား Institution တွေက အများကြီးသုံးကြပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် SME နဲ့ တခြားကုမ္ပဏီတွေ အားလုံးမှာလည်း Data Center က မရှိမဖြစ်လိုအပ်ပါတယ်။ နိုင်ငံခြားမှာရှိတဲ့ ကုမ္ပဏီတွေအနေနဲ့လည်း မြန်မာနိုင်ငံမှာ Data Center ငှားရမ်းမယ်ဆိုရင် ဘယ်လိုမျိုး Data Center ရှိမလဲ။ TS3 အဆင့် Data Center ရှိမရှိဆိုတာကို သူတို့က  စိတ်ပူပါတယ်။ အခုဆိုရင် TS3 အဆင့်မီ Data Center မြန်မာနိုင်ငံမှာ ရှိနေပြီဆိုတော့ သူတို့အနေနဲ့လည်း ပိုအဆင်ပြေစေပါတယ်။ ကျွန်တော်တို့ကတော့ Specific Target တော့ မထားပါဘူး။ Data Center ကို အသုံးပြုဖို့ လိုအပ်တဲ့ Customer တိုင်းကို ကျွန်တော်တို့ရဲ့ Customer လို့ ယူဆပါတယ်။

ကြည်ပြာနွဲ့ဦး