လေ့လာသိမြင်နိုင်စွမ်း

learning

ပါမောက္ခကြီးတစ်ဦးက ပထမနှစ်ဆေးကျောင်း စာသင်သားများကို အော်တော့ပ်ပဆီဟုခေါ်သော အလောင်းခွဲစိတ်ခြင်းပညာရပ် ပထမပို့ချချက်ကို သင်ကြားပေးသည်။ ပါမောက္ခကြီးက ကျောင်းသားကျောင်းသူများကို အလောင်းခွဲစိတ်ခြင်းပညာတွင် အဓိကလိုက်နာသင့်သည့် နှစ်ချက်ရှိကြောင်း၊ ပထမအချက်မှာ လုံးဝကြောက်စိတ်မရှိဖို့ဖြစ်ကြောင်းပြောကာ သူ့ရှေ့တွင်ရှိသော အလောင်း၏စအိုတွင်းသို့ သူ့လက်ချောင်းကို ထိုးသွင်းလိုက်ပြီးနောက် သူ့ပါးစပ်ထဲထည့်စုတ်လိုက်သည်။ ပြီးတော့ ကျောင်းသူကျောင်းသားများကို သူတို့ကိုယ်စီရှေ့တွင်ရှိသော အလောင်းများကို အလားတူလုပ်ကြည့်ရန် ညွှန်ကြားလိုက်သည်။

မိနစ်အနည်းငယ်ကြာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် စာသင်သားအားလုံးက ဆရာ့စကားကို လိုက်နာပြီး လိုက်လုပ်ကြသည်။ ထိုအခါ ပါမောက္ခကြီးက သူ့သင်ကြားချက်ကို ဆက်လိုက်သည်။   

''ဒုတိယအချက်ကတော့ မင်းတို့မှာ တိကျသေချာတဲ့ လေ့လာကြည့်ရှုသိမြင်နိုင်စွမ်း (observation) ရှိဖို့က သိပ်အရေးကြီးတယ်၊ ဆရာက ခုနကဆရာ့ရဲ့ လက်ခလယ်ကို စအိုထဲထည့်ပြီး ပါးစပ်ထဲထည့်စုပ်လိုက်တာက ဆရာ့လက်ညှိုးပါ''ဟု ဆိုသည်။

ဥပဒေသ။ ။ အတွေ့အကြုံပြည့်ဝသူများထံမှ အတုယူသင်ကြားရမည် မှန်သော်လည်း သူတို့လုပ်ဆောင်ချက်အဖြစ် မိမိတွေ့မြင်ရသော လုပ်ပုံလုပ်နည်း၏ နောက်ကွယ်တွင်  ထူးခြားပြီး မမြင်သာသော လုပ်နည်းလုပ်ဟန် လျှို့ဝှက်ချက်များ ရှိနေတတ်သည်။

အပြုံးဖြင့် စီမံ အပြုံးဖြင့် နာခံနိုင်ကြပါစေ

ရီနေနိုင်