သန်းကြွယ်သူဌေးများရဲ့ အမြဲချမ်းသာအောင်နေနည်း ၁၄ ခုနဲ့ ငွေကြေးစီမံခန့်ခွဲမှုနည်းလမ်းကောင်း ၄ ခု

richers

သန်းကြွယ်သူဌေးတွေလက်တွေ့ကျင့်သုံးနေတဲ့ နည်းလမ်းကောင်းတွေကတော့

- နေ့စဉ်နေ့တိုင်း ဗဟုသုတရှာဖွေလေ့လာပါ။ အတတ်ပညာအသိပညာတွေ စုဆောင်းပါ။

- သင့်အတွက် အကြံဉာဏ်ကောင်းတွေပေးနိုင်မယ့် ပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မိတ်ဆွေဖွဲ့ပါ။

- သင့်စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့ ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ်ထားပြီး တစ်ဆင့်ချင်းစီ လုပ်ကိုင်ဆောင်ရွက်ပါ။

- ရည်မှန်းချက်ပန်းတိုင် မရောက်မချင်း ဇွဲမလျှော့ဘဲ ကြိုးစားလုပ်ဆောင်ပါ။

- သင့်အားလပ်ချိန်မှာ သင့်လုပ်ငန်းအတွက် လိုအပ်တဲ့ နည်းနာ၊ ဒဿနတွေ ကိုယ့်ဘာသာကိုယ် လေ့လာသင်ယူနိုင်သလို သင်တန်းတက်နိုင်ပါတယ်။

- သန်းကြွယ်သူဌေး ၆၅ ရာခိုင်နှုန်းခန့်မှာ ဝင်ငွေရနိုင်တဲ့ လုပ်ငန်းစုအနည်းဆုံံးသုံးခုစီရှိကြပါတယ်။ ဒါမှလုပ်ငန်းတစ်ခုသိပ်မပြေလည်တဲ့အခါ ကျန်တဲ့လုပ်ငန်းနှစ်ခုကရတဲ့ ဝင်ငွေတွေနဲ့ လုပ်ငန်းဆက် လည်ပတ်နိုင်မှာဖြစ်ပါတယ်။

- သန်းကြွယ်သူဌေး ၈၀ ရာခိုင်နှုန်းလောက်ဟာ အသက် ၅၀၀န်းကျင်ရောက်မှ ချမ်းသာကြွယ်ဝလာကြတာဖြစ်တဲ့အတွက် သင်လည်း စိတ်ရှည်ရှည်ထားပြီး ပုံမှန်ကြိုးစားနေပါ။

- ကိုယ်ထူးကိုယ်ချွန်ကြိုးစားကြတဲ့ သန်းကြွယ်သူဌေးတွေဟာ ကိုယ်ပိုင်လုပ်ငန်းနဲ့ အိမ်ခြံမြေလုပ်ငန်းတွေမှာ ပိုပြီးရင်းနှီးမြုပ်နှံကြပါတယ်။

- သန်းကြွယ်သူဌေးတွေဟာ သူတို့ကိုယ်သူတို့ ယုံကြည်မှုအပြည့်ရှိသလို အရာရာကို အကောင်းမြင်စိတ်နဲ့ မြင်ကြပါတယ်။ ဒီလိုအကောင်းမြင်စိတ်၊ ယုံကြည်မှုတွေကြောင့်လည်း စီးပွားရေးလုပ်ဖော်ကိုင်ဖက် လုပ်ငန်းရှင်တွေနဲ့အတူ လုပ်ငန်းတိုးတက်အောင်လုပ်ဆောင်နိုင်ကြတာပါ။

- သန်းကြွယ်သူဌေး ၈၁ ရာခိုင်နှုန်းခန့်က သူတို့ရဲ့အတွေး၊ စိတ်ခံစားချက်ကို ထိန်းထားကြပြီး စကားအသုံးအနှုန်း ရွေးချယ်ပြောဆိုရာမှာ ပါးနပ်လိမ္မာကြပါတယ်။

- အသင်းအဖွဲ့နဲ့ လုပ်ကိုင်မှ လုပ်ငန်းတစ်ခုအောင်မြင်မှာဖြစ်တဲ့အတွက် အသင်းသားတစ်ဦးချင်းစီရဲ့အမြင်၊ ခံယူချက်တွေကို အတူတကွဆွေးနွေးမျှဝေပြီး လုပ်ကိုင်လေ့ရှိကြပါတယ်။

- သူတစ်ပါးရဲ့အကြံဉာဏ်၊ ထင်မြင်ယူဆချက်တွေကို လက်ခံဖို့၊ နည်းပညာအသစ်တစ်ခု သင်ယူလေ့လာဖို့ ဝန်မလေးပါနဲ့။ သူတို့တွေရဲ့ အကြံဉာဏ်တစ်ခုကြောင့် သင့်လုပ်ငန်းပိုပြီးတိုးတက်လာနိုင်ခြေရှိပါတယ်။

- ရည်မှန်းချက်ပန်းတိုင်မရောက်မချင်း သင့်လုပ်ငန်းကို မရပ်ပစ်လိုက်ပါနဲ့။ အနည်းဆုံးအချိန်တစ်နှစ်၊ တစ်နှစ်ခွဲလောက်လုပ်ကိုင်ပါ။ လက်ရှိစီမံကိန်းမပြီးမချင်း နောက်စီမံကိန်းတစ်ခုမစပါနဲ့။

- ကျန်းမာရေးကောင်းစေဖို့ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာစားသုံးပါ။

- သန်းကြွယ်သူဌေးတွေဟာ ဖြစ်ပေါ်လာတဲ့ပြဿနာတွေ၊ ဆုံးရှုံးမှုတွေအတွက် တစ်ပါးသူကို အပြစ်မမြင်ဘဲ တာဝန်သိစိတ်အပြည့်နဲ့ ပြေလည်အောင်ဖြေရှင်းတတ်ကြပါတယ်။

ဒီလိုကျင့်ကြံနေထိုင်ပြီး ချမ်းသာကြွယ်ဝလာတဲ့အခါ ဘယ်လိုစီမံံခန့်ခွဲကြမလဲ

--------------------------

- သင့်ရဲ့ချမ်းသာကြွယ်ဝမှုပမာဏ ပိုများလာအောင် ယုံကြည်စိတ်ချရတဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံပါ။ ဥပမာ- အိမ်ခြံမြေ၊ စတော့ရှယ်ယာ၊ တခြားစီးပွားရေးကဏ္ဍ။

- သင်ဝယ်ယူလိုက်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို စာရင်းပြုစုပြီး ပိုက်ဆံပိုမသုံးမိအောင် ဂရုစိုက်ပါ။

- တကယ်မလိုအပ်တဲ့အရာတွေကို ဘယ်တော့မှ မဝယ်မိပါစေနဲ့။ မလိုအပ်ဘဲကြိုက်လို့ဝယ်တာဖြစ်တဲ့အတွက် သင့်အတွက်လည်း အကျိုးမရှိပါဘူး။

- အရင်ကထက် သင်ဘယ်လောက်ပဲချမ်းသာကြွယ်ဝလာပါစေ၊ သင့်လူနေမှုအဆင့်အတန်းကို ချက်ချင်းမပြောင်းလဲပစ်ပါနဲ့။ ခဏတာပဲလိုအပ်တဲ့ ပစ္စည်းတွေကိုမဝယ်ဘဲ ချင့်ချိန်သုံးစွဲကြည့်ပါ။ နောက်ပိုင်းမှာ သင်ဟာ လိုအပ်တဲ့အရာမှန်သမျှကို ဝယ်ယူနိုင်တဲ့သူ တစ်ယောက်ဖြစ်လာပါလိမ့်မယ်။