အလုပ်အကိုင်တစ်ခုကို ရွေးချယ်တော့မယ်ဆိုရင်၊ ဒါမှမဟုတ် အဲဒီအလုပ်ကိုရအောင်လုပ်တော့မယ်ဆိုရင် အဲဒီလူကို အကြံပေးဖို့ အသင့်ဖြစ်နေတဲ့ 'ကျွမ်းကျင်သူပညာရှင်' တွေ အများကြီးရှိနေတတ်ပါတယ်။ လူတိုင်းဟာ အောင်မြင်တဲ့ အလုပ်အကိုင်တစ်ခုကိုရဖို့အတွက် ဆောင်ရန်၊ ရှောင်ရန်တွေကို သူတို့ဘာသာသူတို့ ဆုံးဖြတ်ရပါလိမ့်မယ်။
သူတို့အားလုံးရဲ့ရင်ထဲမှာ ကိုယ့်အတွက် အကောင်းဆုံးအကျိုးပြုချင်စိတ်တွေရှိကြပြီး သူတို့ပေးတဲ့ အကြံပြုချက်ဟာ ဟိုတစ်ချိန်တုန်းက သူတို့အတွက်အလုပ်ဖြစ်ကောင်းဖြစ်ခဲ့မှာဖြစ်ပေမယ့် အဲဒီအကြံပြုချက်ဟာ ကိုယ့်ရဲ့အခြေအနေနဲ့ သိပ်ပြီးကိုက်ညီအောင်သက်ဆိုင်ချင်မှ သက်ဆိုင်ပါလိမ့်မယ်။
ဒီအတွက် စီးပွားရေးနဲ့ နည်းပညာဖျက်ဆီးမှုကို ကျေးဇူးတင်ရပါလိမ့်မယ်။ အဲဒီဖျက်ဆီးမှုက လုပ်ငန်းခွင် လိုအပ်ချက်တွေဟာ ကျွန်တော်တို့အထဲက တချို့လူတွေ အမီမလိုက်နိုင်လောက်အောင် အမြန်ပြောင်းလဲသွားပြီး ဆက်ပြီးတော့လည်း ပြောင်းလဲသွားလိမ့်ဦးမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။
အကာတွေကိုဖယ်ပြီး အနှစ်ကိုရအောင် ကိုယ့်အနေနဲ့ စဉ်းစားဆင်ခြင်ပြီးမှ လက်ခံသင့်တဲ့ အကြံပြုချက်တချို့ကို အောက်မှာ မီးမောင်းထိုးပြလိုက်ပါတယ်။
ကိုယ့်ဆီကိုရောက်လာတဲ့ ပထမဆုံးအလုပ်ကိုယူလိုက်ပါ
-----------------------------
ကိုယ့်ကို ပထမဆုံးကမ်းလှမ်းလာတဲ့အလုပ်ကို လက်ခံခြင်းဟာ အထူးသဖြင့် ဒီအလုပ်ဟာ ကိုယ်စပြီးလုပ်ဖို့ သင့်တော်တယ်လို့ ကိုယ့်အနေနဲ့မသေချာရင် ကိုယ်လုံးဝစိတ်မဝင်စားတဲ့ အလုပ်တစ်ခု၊ ဒါမှမဟုတ် ကိုယ့်ရဲ့လေ့လာမှုနယ်ပယ်၊ ဒါမှမဟုတ် ကိုယ့်ရဲ့အားသာချက်တွေနဲ့ မပတ်သက်တဲ့ အလုပ်တစ်ခုနဲ့ ကိုယ်ဇာတ်သိမ်းသွားနိုင်တယ်ဆိုတဲ့အဓိပ္ပာယ် ဖြစ်သွားနိုင်ပါတယ်။
ကိုယ့်အနေနဲ့ အလုပ်ရှာဖွေနေစဉ်အတွင်းမှာ ကိုယ့်ရဲ့ပင်ကိုစွမ်းရည်နဲ့ စိတ်ဝင်စားမှုတွေကို ပထမဦးဆုံးအကဲဖြတ်ပြီး အသိအမြင်ကြွယ်ဝတဲ့ ရွေးချယ်မှုတွေကို လုပ်တယ်ဆိုတာက ပိုပြီးအရေးကြီးပါတယ်။ ဒီလိုလုပ်ခြင်းဟာ ကိုယ့်အတွက်ရနိုင်တဲ့ အသင့်တော်ဆုံးအခွင့်အလမ်းတွေနဲ့ လမ်းကြောင်းတွေကို အဆုံးအဖြတ်ပေးဖို့ ကူညီပါလိမ့်မယ်။ ကိုယ့်ရဲ့အလုပ်အကိုင်ဆိုင်ရာ စိတ်ဝင်စားမှုတွေကို ဘယ်နေရာမှာ ဘယ်လိုအကဲဖြတ်မလဲဆိုတာ ကိုယ်ဘာမှမသိဘူးဆိုရင်တော့ My Skills Future.sg ဝက်ဘ်ဆိုက်ထဲကိုဝင်ပြီး ကိုယ့်ကိုယ်ကိုယ်ပိုပြီးကောင်းကောင်းနားလည်ဖို့ ကိုယ့်ကိုကူညီမယ့် ကိုယ်ရေးအကြောင်းအရာတွေကို ရေးပေးတဲ့ကိရိယာတွေကို အသုံးပြုပါ။ အဲဒီဝက်ဘ်ဆိုက်မှာ ကိုယ်စပြီးလုပ်လို့ရအောင် ကိုယ့်ကိုကူညီပေးမယ့် လုပ်ငန်းဆိုင်ရာအမြင်တွေ၊ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေလို အသုံးဝင်တဲ့ အရင်းအမြစ်တွေလည်း အများကြီးရှိပါတယ်။ ကိုယ့်အနေနဲ့ ကိုယ့်ရဲ့အလုပ်အကိုင်ရှာဖွေမှု၊ အလုပ်အကိုင်အစီအစဉ်နဲ့ ဖွံ့ဖြိုးရေးတွေကတစ်ဆင့် ကိုယ့်ကိုလမ်းညွှန်မယ့် ကျွမ်းကျင်တဲ့ အလုပ်အကိုင်အကြံပေးချက်ကို ရှာဖွေဖို့အတွက် ကိုယ့်ကျောင်းရဲ့ပညာရေးနဲ့ အလုပ်အကိုင်ဆိုင်ရာ ဌာနတွေကိုလည်း ချဉ်းကပ်နိုင်ပါတယ်။ အဲဒီထက်ပိုပြီးရှာဖွေတွေ့ရှိဖို့အတွက် လုပ်ငန်းခေါင်းဆောင်ပိုင်းတွေနဲ့ လုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ၊ တွေ့ဆုံပြောဆိုဆွးနွေးပွဲတွေလို အလုပ်အကိုင်ဆိုင်ရာပွဲအမျိုးမျိုးကို ကိုယ့်အတွက် အကျိုးရှိအောင်အသုံးချပါ။
ပြီးရင် အဲဒီအလုပ်နဲ့ တစ်သက်လုံးနေသွားပါ
---------------------
အရင်တုန်းကမျိုးဆက်တွေဟာ အလုပ်တစ်ခုမှာ၊ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုထဲမှာ သက်တမ်းရှည်ရှည် နေရတာကို တန်ဖိုးထားကောင်းထားခဲ့ကြမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရှေးရိုးစဉ်လာအခန်းကဏ္ဍတွေနဲ့ အလုပ်တွေကို နည်းပညာနဲ့ ဒစ်ဂျစ်တယ်ပုံစံဖန်တီးမှုက မကြုံဖူးသေးတဲ့ အရှိန်အဟုန်နဲ့ ဖျက်ဆီးပစ်နေတဲ့အတွက် အဲဒီမျိုးဆက်တွေကတောင်မှ အလုပ်အကိုင်ဆိုတာကို ဘာတွေက ဖန်တီးတာလဲဆိုတဲ့ ယူဆချက်ကို ပြန်စဉ်းစားနေကြပါပြီ။
''တစ်ကမ္ဘာလုံးပိုပိုပြီး နီးကပ်ဆက်နွှယ်လာတဲ့ စီးပွားရေးအဆောက်အအုံကြီးထဲမှာ အဖွဲ့အစည်းတွေအတွက် အရာအားလုံးပြောင်းလဲနေတာဟာ မြန်လွန်းနေပါတယ်။ အဖွဲ့အစည်းတွေဟာ အာမခံချက်ရှိတဲ့ အလုပ်အကိုင်နဲ့ပတ်သက်လာတဲ့အခါ လက်ရှိအခြအနေကိုထိန်းထားဖို့အတွက် သူတို့ရဲ့ဝင်ငွေနဲ့ အလွယ်တကူ အမီမလိုက်နိုင်ကြပါဘူး'' လို့ စင်ကာပူအခြေစိုက် လေကျင့်သင်ကြားရေးနဲ့ အကြံပေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Career-Ladder ကို တည်ထောင်သူနဲ့ အလုပ်အကိုင်နည်းပြဖြစ်သူ မစ္စတာအဒရီယမ်တန်က ပြောပါတယ်။
အဲဒါကြောင့် ကျွန်တော်တို့ရဲ့စွမ်းရည်တွေကို ကျွန်တော်တို့ပိုင်ဆိုင်ထားပြီး ကျွန်တော်တို့ရဲ့ကျွမ်းကျင်မှုတွေကို တက်တက်ကြွကြွဖော်ထုတ်ပြီး ပိုကောင်းအောင်လုပ်ဖို့ လက်ဦးမှုရယူတာက ပိုပြီးအရေးကြီးပါတယ်။
ဒီလိုလုပ်ခြင်းဟာ နည်းပညာစွမ်းရည်၊ အလိုက်သင့်ပြောင်းလဲနိုင်စွမ်း၊ ခေါင်းဆောင်မှုနဲ့ ဆက်သွယ်ရေးလို သိမ်မွေ့တဲ့ကျွမ်းကျင်မှုတွေမှာလည်း ကျွမ်းကျင်မှုရှိတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ ကိုယ်ရောက်ရှိပြီး အဆုံးသတ်သွားတဲ့ အခန်းကဏ္ဍ၊ ဒါမှမဟုတ် အလုပ်ရဲ့အခန်းကဏ္ဍဟာ ဘာပဲဖြစ်နေဖြစ်နေ ကျွန်တော်တို့ အလုပ်လုပ်ပုံလုပ်နည်း ပြောင်းလဲသွားတဲ့အခါမှာတောင် ဒီလိုကျွမ်းကျင်မှုတွေကို လိုအပ်နေပါလိမ့်မယ်။
ဒီကျွမ်းကျင်မှုတွေကိုရယူဖို့ အကောင်းဆုံးနေရာ တစ်ခုကတော့ ကျောင်းမှာရှိနေတုန်းက အလုပ်သင်အနေနဲ့ လုပ်ကိုင်မှုကတစ်ဆင့်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အလုပ်စလုပ်ပြီး အလုပ်လုပ်ရင်းလေ့ကျင့်သင်ကြားပေးတဲ့ အစီအစဉ်တွေက တစ်ဆင့်ပဲဖြစ်ဖြစ် ကိုယ်အလုပ်လုပ်တဲ့ ကိုယ့်ရဲ့ကိုယ်ပိုင်အလုပ်ခွင်ဖြစ်ပါတယ်။ နောက်ဆုံးရည်မှန်းချက်က ကိုယ့်ရဲ့လုပ်သက်တစ်လျှောက်မှာ ကိုယ့်ကို အလုပ်ခန့်ဖို့ သင့်တော်နေဖို့၊ ကိုယ်ဟာ အလုပ်နဲ့ ထိုက်တန်နေဖို့ ကိုယ့်မှာလိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို ရယူဖို့ပဲ ဖြစ်ပါတယ်။
အောင်မြင်မှုဆိုတာ လုပ်ခလစာမြင့်မားတဲ့ အလုပ်တစ်ခုကို ရယူထားခြင်းကို ဆိုလိုပါတယ်
----------------------
အောင်မြင်မှုဆိုတာဟာ လူအမျိုးမျိုးအတွက် အမျိုးမျိုးသောအရာတွေကို အဓိပ္ပာယ်ဆောင်နေပါတယ်။ ကိုယ့်ရဲ့ လစာဟာ ကိုယ့်ရဲ့အလုပ်မှာ ကိုယ်ဘယ်လောက်ကောင်းကောင်းတိုးတက်နေတယ်ဆိုတဲ့ တစ်ခုတည်းသော တိုင်းတာမှုဖြစ်ပါတယ်။
ပုဂ္ဂလိကစိတ်ကျေနပ်မှုနဲ့ ဂုဏ်ယူမှုကိုဖြစ်ပေါ်စေနိုင်တဲ့ လုပ်ငန်းလမ်းကြောင်းတွေ အများကြီးရှိတဲ့အတွက် အလုပ်အကိုင်တွေအားလုံးကို ငွေတွေအများကြီးနဲ့ပဲ အဆင့်သတ်မှတ်ထားတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ စိတ်ဝင်စားမှုတွေ၊ အလုပ်တန်ဖိုးတွေ၊ ကျွမ်းကျင်မှုတွေနဲ့ လိုက်ဖက်တဲ့ အလုပ်အကိုင်တစ်ခုနောက်ကိုလိုက်ဖို့နဲ့ ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေ တိုးတက်ပြီးရင့်ကျက်လာအောင် တာဝန်ယူဖို့က ပိုပြီးအရေးကြီးပါတယ်။
အလုပ်ရဲ့အခန်းကဏ္ဍမှာ ပါဝင်နိုင်စွမ်းရှိမရှိ၊ အလုပ်ရှင်အတွက် တန်ဖိုးရှိမရှိ၊ တစ်ပြိုင်နက်တည်းမှာပဲ အောင်မြင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကို ထိန်းသိမ်းထားနိုင် ခြင်းရှိမရှိနဲ့ နောက်ဆုံးမှာ အလုပ်ရဲ့ယဉ်ကျေးမှု၊ ကိုယ်ကျင့်သိက္ခာနဲ့ အလုပ်မှာပေးတဲ့ ဆုတွေနဲ့ စိတ်ကျေနပ်မှုရှိ မရှိဆိုတဲ့ အဓိကကျတဲ့ အခြေခံအကြောင်းတရား တော်တော်များများအပေါ်မှာ အခြေခံတဲ့ အလုပ်အကိုင်အစီအစဉ်တစ်ခုကို ဖန်တီးဖို့ စင်ကာပူစီမံခန့်ခွဲမှုတက္ကသိုလ်က Dato' Kho Hui Meng အလုပ်အကိုင်ဌာနရဲ့ဒါရိုက်တာ မစ္စတာ Mr Sim Cher Young က လူငယ်အလုပ်သမားတွေကို အကြံပေးပါတယ်။
ကြိုးစားလေ့လာသင်ယူပြီး ရလဒ်ကောင်းတွေကိုရယူပါ။ ဒါဆိုရင် လုံလောက်ပါလိမ့်မယ်
----------------------------
လူအစား စက်တွေကို အသုံးပြုမှုနဲ့ အမြဲတမ်းပြောင်းလဲနေတဲ့ ဈေးကွက်ဝယ်လိုအားတွေကြောင့် ကျွန်တော်တို့အနေနဲ့ အလိုက်သင့်ပြောင်းလဲပြီး နေသွားနိုင်ဖို့အတွက် ဆက်လက်လေ့လာပြီး သက်ဆိုင်တဲ့ ကျွမ်းကျင်မှုတွေကို ရယူသွားရပါလိမ့်မယ်။ အလုပ်အကိုင်တချို့ဟာ မလိုအပ်တော့ဘဲ ပိုလျှံသွားပေမယ့် အလုပ်အကိုင်သစ်တွေကိုလည်း ဖန်တီးပေးနေပြီး အလုပ်အကိုင်တွေ တော်တော်များများကိုလည်း ပြန်ပြီးတီထွင်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျောင်းသင်ဘာသာရပ်တွေကိုသာ ပိုင်နိုင်အောင် လုပ်နေမယ့်အစား ကျွန်တော်တို့ရဲ့ကျွမ်းကျင်မှုတွေကို ပိုကောင်းအောင်လုပ်ပြီး ကျွန်တော်တို့ရဲ့ အလုပ်နယ်ပယ်တွေကို ပိုင်နိုင်အောင်လုပ်ဖို့က အထူးအရေးကြီးပါတယ်။
အမြင်ကျယ်တဲ့ ပညာရေးနဲ့ အလုပ်အကိုင်ဆုံးဖြတ်ချက်တွေကိုချပြီး သူတို့ရဲ့အစီအစဉ်တွေကိုစလုပ်ဖို့အတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေကို လှမ်းနိုင်အောင် ကျောင်းသားတွေကို အကူအညီပေးဖို့အတွက် ပညာရေးဝန်ကြီးဌာနဟာ ပညာရေးနဲ့ အလုပ်အကိုင်လမ်းညွှန်မှုအစီအစဉ်တွေနဲ့ အရင်းအမြစ်တွေကို စီစဉ်ထားမေးသင့်ပါတယ်။
ကျောင်းသားတွေဟာ ECG အကြံပေးပုဂ္ဂိုလ်တွေနဲ့လည်း တိုင်ပင်နိုင်ပါတယ်။ သူတို့သွားမယ့် လမ်းကြောင်းတွေနဲ့ပတ်သက်ပြီး ချင့်ချိန်စဉ်းစားထားတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ ပုံမှန်လေ့ကျင့်သင်ကြားပေးမှုကတစ်ဆင့် သူတို့ကိုလမ်းညွှန်ဖို့အတွက် လုပ်ငန်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ လုပ်ငန်းမှာခေါ်ယူခန့်ထားမယ့်အလားအလာတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အချိန်နဲ့တစ်ပြေးညီ ရရှိနေဖို့လိုပါတယ်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ လုပ်ငန်းလိုအပ်ချက်တွေရဲ့ ပြောင်းလဲမှုတွေနဲ့ပတ်သက်တဲ့ နက်ရှိုင်းတဲ့အမြင်တွေရဖို့ ဆန္ဒရှိနေတဲ့ ကျောင်းသားတွေအနေနဲ့ အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ပြီး အဲဒီအမြင်တွေကို ရအောင်လုပ်နိုင်ပါတယ်။ အလုပ်သင်အဖြစ် လုပ်ကိုင်ခြင်းဟာ ကျောင်းသားတွေကို စစ်မှန်တဲ့လုပ်ငန်းနဲ့ထိတွေ့မှုကိုပေးပြီး သူတို့လေ့ကျင့်သင်ယူနေတဲ့ နယ်ပယ်တွေထဲက အလုပ်ရဲ့ အတိုင်းအတာ၊ တိုးတက်မှုအခွင့်အလမ်းတွေနဲ့ပတ်သက်ပြီး ပိုပြီးကောင်းတဲ့ နားလည်မှုကို ရရှိစေနိုင်ပါတယ်။ အလုပ်အကိုင်ရှာဖွေသူတွေဟာ SkillsFuture အလုပ်အကိုင်အကြံပေးအစီအစဉ်ကတစ်ဆင့် လုပ်ငန်းပိုင်းဆိုင်ရာ ဝါရင့်ပုဂ္ဂိုလ်တွေဆီက ကဏ္ဍအလိုက် တိကျတဲ့ အလုပ်အကိုင်အကြံပေးချက်ကိုလည်း ရှာဖွေနိုင်ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ သူတို့ရွေးချယ်ခဲ့တဲ့ အခန်းကဏ္ဍမှာ ကြိုးစားအားထုတ်လုပ်ကိုင်ရင်း ရာထူးတွေရခဲ့တာဖြစ်ပြီး လုပ်ငန်းရဲ့ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပတ်သက်ပြီးလည်း အချိန်နဲ့တစ်ပြေးညီ ဖြစ်နေအောင် ထိန်းသိမ်းထားကြပါတယ်။
အသစ်ဆောင်ရွက်ရတဲ့ ဒီလုပ်ငန်းဟာ သတ်မှတ်ထားတဲ့ ကဏ္ဍတစ်ခုမှာအောင်မြင်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေနဲ့ တစ်ကိုယ်ရည်အရည်အချင်းတွေအပေါ်မှာ ပိုပြီးနက်ရှိုင်းတဲ့အမြင်တွေ ပေးပါတယ်။ တစ်ပြိုင်တည်းမှာပဲ ကျွန်တော်တို့ဟာ ပြောင်းလဲနေတဲ့ စီးပွားရေးတစ်ခုမှာ အလိုက်သင့်ပြောင်းလဲပြီး ပြောင်းလွယ်ပြင်လွယ်ဆက်ဖြစ်နေဖို့အတွက် ကျွန်တော်တို့ရဲ့သဘောထားတွေကို ပြောင်းလဲပစ်ဖို့ လိုလိုလားလားရှိပြီး သင်ယူလေ့လာမှုကို ဆက်လုပ်ရမှာဖြစ်ပါတယ်။
ဇော်ဝင်းကြူ (ပျဉ်းမနား)