မြန်မာနိုင်ငံရဲ့ တိုးတက်မှုအမြန်ဆုံးသော Job portal တစ်ခုဖြစ်သည့် JobNet.com.mm မှ ကြီးမှူးပြီး မြန်မာ့ Tech Career Expo 2017 ပွဲကြီးကို ၂၀၁၇ ခုနှစ် ၊ ဇူလိုင်လ ၃၀ ရက်နေ့ ၊ တနင်္ဂနွေနေ့မနက် ၉ နာရီမှ စတင်ကာညနေ ၅ နာရီထိ ရန်ကုန်မြို့ အချက်အချာနေရာကောင်းရှိ Sedona Hotel (Grand Ball Room) ကြီးမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
လွန်ခဲ့သော ၅ နှစ် နိုင်ငံ၏စီးပွားရေးတံခါးဖွင့်ပြီး နောက်ပိုင်းကတည်းက နိုင်ငံအတွင်း သတင်းနှင့်အချက်အလက် ရရှိနိုင်မှု လိုအပ်ချက်ကို ဖွံ့ဖြိုးတိုးတက်စေခဲ့ပြီး နိုင်ငံအတွင်း SIM Card တစ်ကဒ်တန်ဖိုး ဒေါ်လာ ၂၀၀ ခန့်ရှိနေခဲ့ရာမှ ၂၀၁၄ ခုနှစ်အတွင်းမှာ ၁.၅ ဒေါ်လာခန့်အထိ လျှော့ချသွားခဲ့ပြီးနောက်ပိုင်းမှာ မိုဘိုင်းဖုန်းများမှတဆင့် ကမ္ဘာအခြားနေရာဒေသများမှ သတင်းအချက်အလတ်များကို မိုဘိုင်းဖုန်းများမှတဆင့် လွယ်ကူလျှင်မြန်စွာရရှိနိုင်လာတာကြောင့် ကမ္ဘာအခြားနေရာများသို့ လျှင်မြန်သည့် ချိတ်ဆက်နိုင်မှုများလည်းမြင့်တက်လာခဲ့ပါတယ်။
ထိုသို့သတင်းအချက်အလက်များ ရရှိလာနိုင်မှုမှတဆင့် လက်ရှိကာလမှာတော့ နိုင်ငံအနေနဲ့ ကမ္ဘာအခြားနိုင်ငံများနည်းတူ IT နှင့် Tech နယ်ပယ်များတွင် အခွင့်အလမ်းများ ပိုမိုတိုးတက်ဖြစ်ပေါ်လာခဲ့ပါတယ်။ JobNet.com.mm ရဲ့ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Mr. Matt De Luca မှ “ CNBC ရဲ့ဖော်ပြချက်အရ မြန်မာနိုင်ငံဟာ Asian ရဲ့နောက်ဆုံး Technology Frontier လို့ဆိုပါတယ်။ ကျွန်တော်တို့ JobNet.com.mm အနေနဲ့လည်း ယခုလိုမျိုး IT နှင့် Tech နယ်ပယ်တစ်ခုလုံးအနေနဲ့ သိသင့်သိထိုက်သည်များလေ့လာသိရှိနိုင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍမှ ကျွမ်းကျင်သည့်ပုဂ္ဂိုလ်ကြီးများစုစည်းဟောပြောစေခြင်းက နိုင်ငံရဲ့မြန်ဆန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေအတွက် တဖက်တလမ်းမှအထောက်အကူဖြစ်စေမည့် အရေးပါမှုတစ်ခုဖြစ်ကြောင်း သိရှိပါတယ်။ ” လို့ ပြောကြားလိုက်ပါတယ်။
နိုင်ငံအတွင်းရှိ ထိပ်တန်းလုပ်ငန်းရှင်ကြီးများမှ IT နှင့် Tech ကဏ္ဍရှိ အလုပ်အကိုင်နေရာများအတွက် အလျှင်အမြန်လုပ်သားခေါ်ယူရန် စိတ်အားထက်သန်နေကြတာလည်းဖြစ်ပါတယ်။ အလုပ်ရှာဖွေသူများအနေနဲ့လည်း IT နှင့် Tech ကဏ္ဍတစ်ခုလုံးရှိ အလုပ်အကိုင်အမျိုးမျိုးအတွက် စိတ်လှုပ်ရှားဖွယ်ရာ အလုပ်အခွင့်အလမ်းများသာမကဤကဏ္ဍရှိ ကျွမ်းကျင်သူတို့၏ တန်ဖိုးရှိသောအတွေးအမြင်နှင့် သိမှတ်ဖွယ်ရာများလည်း ကြားသိနိုင်မည်ဖြစ်သည့်အပြင် အိုင်တီနယ်ပယ်မှ ကျွမ်းကျင်သူများနှင့် တွေ့ဆုံကာအဆက်အသွယ်ကောင်းများလည်း ရရှိနိုင်မှာဖြစ်တာကြောင့် နိုင်ငံအတွင်းရှိ IT နှင့် Tech ပိုင်းဆိုင်ရာလုပ်သားများအနေဖြင့် မဖြစ်မနေတက်ရောက်သင့်သော ပွဲကောင်းတစ်ခုလဲဖြစ်ပါတယ်။
အဆိုပါပွဲကြီးတွင် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်းမှဥက္ကဌနှင့် Information Matrix မှ CEO ဖြစ်သူ ဦးသောင်းစုငြိမ်း၊ Nex Labs မှ CEO ဖြစ်သူ ဦးရဲမြတ်မင်း ၊ 360ed ၏ CEO ဖြစ်သူဒေါ်လှလှဝင်း၊ MCPA မှ ဒုဥက္ကဌဖြစ်သူ ဦငြိမ်ဦး၊ Blip မှ CEO ဖြစ်သူ Jason Brown ၊ JobNet.com.mm နှင့် ShweProerty.com မှ CEO ဖြစ်သူ Justin Sway ၊ Wave Money မှ Head of Technology ဖြစ်သူ Justin Hadgkiss ၊ MCPA မှ Executive Committee ဖြစ်သူ ဦးမင်းအောင်ကျော်၊ Zwenexsys မှမန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးသာထက် ၊ M-spiral မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Thomas Feichter Phandeeyar မှ CEO ဖြစ်သူ JesKaliebe Petersen ၊ Jzoo မှ Founder ဖြစ်သူ Rita Nguyen နှင့် MCPA မှ U Ravi စသောပြည်တွင်းပြည်ပမှ သက်ဆိုင်ရာကဏ္ဍတွင် ကျွမ်းကျင်သောဝါရင့်ပုဂ္ဂိုလ်ကြီးများနှင့် နိုင်ငံတွင်းရှိထိပ်တန်းကုမ္ပဏီကြီးများမှ CEO နှင့် CTO များ၏ တန်ဖိုးရှိသောအတွေးအမြင်များလည်း ကြားသိနိုင်မှာဖြစ်ပါတယ်။
အဆိုပါပွဲကြီးဟာ မြန်မာနိုင်ငံတွင်းရှိ အိုင်တီပိုင်းလုပ်သားခေါ်ယူလိုသောကုမ္ပဏီများနှင့် နိုင်ငံတွင်းရှိ IT နှင့် Tech ကဏ္ဍလုပ်သားများ ထိပ်တိုက်တွေ့ဆုံစေသည့်အခြေအနေကို ဖြစ်ပေါ်စေမည်ဖြစ်ပြီး နိုင်ငံတွင်းရှိ IT နှင့် Tech နယ်ပယ်ရှိလုပ်သားများအတွက် အလုပ်သမားရှာဖွေနေသောထိပ်တန်းကုမ္ပဏီကြီးများမှ Computer and Information Systems ပိုင်းမှစတင်ကာ IT Systems ၊ Network Management ၊ Programming ၊ Web Administration များနှင့် အခြားအိုင်တီနှင့် နည်းပညာပိုင်းဆိုင်ရာအလုပ်အကိုင် လှစ်လပ်နေရာများအတွက် ခေါ်ယူသွားမှာဖြစ်တဲ့အတွက် နိုင်ငံတွင်းရှိ IT နှင့် Tech ပိုင်းများတွင် အလုပ်အကိုင်ရှာဖွေနေသူများအတွက် အခွင့်အလမ်းကောင်းများလည်း ရရှိနိုင်မည့်ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ ပွဲနှင့်ပတ်သက်သော အသေးစိတ်အချက်အလတ်များကို အောက်ပါလင်ခ့်မှတဆင့်ဝင်ရောက်ကြည့်ရှု့သိရှိနိုင်မှာဖြစ်ပါတယ်။
https://www.jobnet.com.mm/tech-career-expo
အဆိုပါပွဲကြီးဟာ မည်သူမဆိုအခမဲ့တက်ရောက်နိုင်ပြီး ပွဲတက်ရောက်လိုသူများအနေဖြင့် ဤလင်ခ့်မှတဆင့် https://www.jobnet.com.mm/tech-career-expo register လုပ်ပြီးလာရောက်နိုင်မှာဖြစ်ပါတယ်။ ထို့အပြင် နိုင်ငံအတွင်းရှိလုပ်ငန်းကြီးများမှလည်း အလုပ်သမားများရှာဖွေခေါ်ယူသွားမှာဖြစ်တဲ့အတွက် အလုပ်လိုချင်သူများအနေနဲ့လည်း မိမိတို့၏ CV များလုံလုံလောက်လောက်ယူဆောင်လာရန်လိုအပ်မှာ ဖြစ်ပါတယ်။
အဆိုပါ Tech Career Expo 2017 ပွဲကြီးအား Platinum sponsor အဖြစ်များ MyWorld Career ၊ Information Matrix နှင့် MIT ၊ Gold Sponsor များအဖြစ် NTT Data ၊ Shwe Lamin Nagar နှင့် Wave Money တို့ဖြစ်ပြီး It will also participated by Japan SAT Consulting ၊ KMD ၊ EduLink ၊ MCC ၊ Gandamar O.A & Business Solution ၊ Myanmar IT Consulting ၊ Innovative Global Wave နှင့် Digital Lab တို့လည်းပါဝင်သွားကြမှာဖြစ်ပါတယ်။