advertisement-image
Job

TODAY Ogilvy & Mather Myanmar

၁) သင်က စာနယ်ဇင်း သတင်းသမား တစ်ယောက်ဖြစ်ပြီး အပြောင်းအလဲအနေနဲ့  အလုပ်သစ်ကို ရှာနေပါသလား?

ခိုင်မာတောင့်တင်းသော ပြည်သူ့ဆက်ဆံရေး(public relations)အဖွဲ့နှင့်အတူ လက်တွဲ လုပ်ကိုင်ရန် အတွက် သတင်းလုပ်ငန်း အတွေ့အကြုံရှိသူများကို  ရှိသူများကို TODAY Ogilvy Public Relations မှရှာဖွေနေပါသည်။

အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာလုံးတွင် စာရေးခြင်းနှင့် စကားပြေအရေးအသားကျွမ်းကျင်သူများ လျှောက်ထားနိုင်ပါသည်။ ထို့အပြင် လေ့လာစူးစမ်းလိုသည့် စိတ်ရှိ၍ ပြည်သူ့ဆက်ဆံရေး (Public Relations) လုပ်ငန်းနှင့်ပါတ်သတ်ပြီး တက်ကြွစွာ လုပ်ကိုင်လိုသူ၊ အခက်အခဲများ နှင့် စိန်ခေါ်မှုတို့ကို ရင်ဆိုင်ဖြေရှင်းလိုသည့် ခံယူချက်ရှိသူများနှင့် လက်တွဲလုပ်ကိုင်လိုပါသည်။ စာနယ်ဇင်း သတင်းလောက လုပ်ငန်းအတွေ့အကြုံရှိရမည်ဖြစ်ပြီး၊ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာလုံးဖြင့် ကျွမ်းကျင်စွာပြောဆိုဆက်ဆံနိုင်ရမည် ဖြစ်ပါသည်။

 

၂) စိန်ခေါ်မှုများပြီး လေ့လာသင်ယူစရာတွေ များပြားလှသည့် မြန်မာနိုင်ငံရှိ ထွန်းသစ်စ လုပ်ငန်းနယ်ပယ်ရဲ့ နိုင်ငံတကာ ထိပ်တန်း ကုမ္ပဏီ တစ်ခုရဲ့ အဖွဲ့ဝင် သင်ဖြစ်လိုပါသလား?

အတွေ့အကြုံများစွာရှိပြီး မြန်မာနိုင်ငံ၏ ဦးဆောင် ပြည်သူ့ဆက်ဆံရေး (public relations) ကုမ္ပဏီဖြစ်သည့် TODAY Ogilvy Public Relations နှင့် အတူလက်တွဲလုပ်ကိုင်ရန် အဖွဲ့ဝင်ဖြစ်လိုသူများကို ရှာဖွေနေပါသည်။

အကယ်၍ သင်ဟာ

  • ဘာသာပြန်ခြင်း နှင့် စာရေးသားခြင်း
  • လူအများဖြင့် ဆက်ဆံရခြင်း
  • clients ထံရှင်းလင်းတင်ပြခြင်း
  • နည်းဗျူဟာ ကျကျ အစီအစဉ်ရေးဆွဲခြင်း
  • သုတေသန ပြုလုပ်ခြင်း
  • အခမ်းအနား နှင့် လုပ်ငန်းအစီအစဉ်များကို စီမံခန့်ခွဲခြင်း

တို့တွင် စိတ်ပါဝင်စားပြီး သင်ယူလိုစိတ်ရှိသူဖြစ်ပါလျှင် TODAY Ogilvy Public Relations ၏ အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ ဖိတ်ခေါ်လိုပါသည်။ လုပ်ငန်းနယ်ပယ်သစ်များနှင့် လျင်မြန်စွာ တိုးတက် ပြောင်းလဲနေသော ဈေးကွက်များအတွင်း ဦးဆောင်လိုစိတ်နှင့် စိန်ခေါ်မှုတို့ကို ရင်ဆိုင်ဖြေရှင်းလိုသည့် ခံယူချက်ရှိသူ၊ တက်ကြွပြီး အသင်းအဖွဲ့ဖြင့် လုပ်ကိုင်တက်သူများနှင့် လက်တွဲလုပ်ကိုင်လိုပါသည်။ ပြည်သူ့ဆက်ဆံရေး (public relations) သို့မဟုတ် စာနယ်ဇင်းလုပ်ငန်း အတွေ့အကြုံရှိသူများ နှင့် မြန်မာ နှင့် အင်္ဂလိပ် ဘာသာစကား ကို ကျွမ်းကျင်သူများအား ဦးစားပေးမည် ဖြစ်ပါသည်။

 

အထက်ပါအရည်အချင်းများနှင့် ပြည့်စုံသူများသည် [email protected] ထံသို့ ကိုယ်ရေးရာဇဝင် ပေးပို့လျှောက်ထားနိုင်ပါသည်။

ရုံးလိပ်စာ :

အမှတ် ၂၁ ၊ အောင်မြေသာစည်လမ်း၊ အောင်မြေသာစည်အိမ်ရာ၊ ဆင်ရေတွင်း၊ ကမာရွတ်မြို့နယ်။

ဖုန်း – ၉၅၀ ၅၁၃၆၄၃ ၊ ၉၅၉ ၅၀၉၆၈၈၁

 

TODAY Publishing House LTD

၁) DTP Staff

ဘွဲ့ရ၊ အသက် ၂၀ မှ ၃၀ အတွင်း
စာအုပ်တိုက်တွင် စာစီစာရိုက်အတွေ့အကြုံရှိသူ ဦးစားပေးပါမည်

 

၂) Secretary

ဘွဲ့ရ၊ အသက် ၂၅ နှစ်မှ ၃၅ နှစ်အတွင်း
အင်တာနက်၊ အီးမေးလ်၊ Microsoft Office Word, Excel ကောင်းစွာအသုံးပြုနိုင်သူ
အင်္ဂလိပ်စာ အရေး၊ အပြော ကျွမ်းကျင်သူ

 

၃) Reporter (ကျား)

ဘွဲ့ရ ၊ အသက် ၂၀ နှစ်မှ၊ ၃၅ နှစ်အတွင်း

အင်္ဂလိပ်စာတတ်ကျွမ်းနားလည်ပြီး မြန်မာလက်ကွက်ကျွမ်းကျင်စွာ စာရိုက်နိုင်သူ ဦးစားပေးပါမည်

 

၎) Distribution Staff

ဘွဲ့ရ

ကွန်ပျူတာအသုံးပြုနိုင်သူ

မြို့တွင်းလမ်းကြောင်း ကျွမ်းကျင်သူ

 

၅) Web Developer

PHP ဖြင့် ရေးသားထားသော websites များကို Maintenance လုပ်နိုင်သူ

Error များကို Troubleshoot လုပ်နိုင်သူ

 

အထက်ပါအရည်အချင်းနှင့် ပြည့်စုံသူများသည် [email protected] သို့ ကိုယ်ရေးရာဇ၀င် ပေးပို့လျှေက်ထားနိုင်ပါသည်။

ရုံးလိပ်စာ :

အမှတ် (H)၊ ကန်ရိပ်မွန်အိမ်ရာ၊ လှိုင်မြင်းမိုရ်ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်။
ဖုန်း – ၉၅၁ ၅၀၇၃၉၁၊ ၅၀၇၃၉၂ ၊ ၅၀၇၃၉၃

 

Myanmar Spa TODAY Far East Advertising CO LTD

၁) Admin Assistant

Microsoft Office Word ကျွမ်းကျင်သူ

အင်္ဂလိပ်စာ ရေး/ပြော အသင့်အတင့်ရှိသူ

စီမံခန့်ခွဲနိုင်သူ

ဘွဲ့ရ

 

၂၀၁၅ ခုနှစ် မတ်လ ၃ ရက်နေ့ နောက်ဆုံးထားကာ ဖုန်း ၀၁ ၅၀၇၁၀၂၊  ၅၂၁၂၀၀ ကို ဆက်သွယ်လျှောက်ထားနိုင်ပါသည်။