Japan Pleasure Land

JapanPleasureLand1

လုပ်ငန်းစတင်ဖြစ်ခဲ့ပုံ . . .

ဈေးသက်သာပြီး အရည်အသွေးမြင့်ပစ္စည်းတွေ သုံးနိုင်အောင်ရယ်၊ ကျောင်းသားတွေ၊ လူငယ်တွေအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်နိုင်အောင်အတွက်ပါရည်ရွယ်ပြီး ဒီဆိုင်ကို ဖွင့်ဖြစ်တာလို့ ဆိုင်ရှင်ဦးထိန်လင်းက ပြောပြပါတယ်။

ရနိုင်တဲ့ပစ္စည်းအမျိုးအစား . . .

ဂျပန်ပစ္စည်းတွေဖြစ်တဲ့ Computer နဲ့ပတ်သက်တဲ့ Laptop ၊ Desktop ၊ Monitor ၊ Keyboard တို့ကို အဓိကရောင်းချပါတယ်။ ဒါအပြင် တစ်ခြားအသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ ဂီတနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ၊ ကြွေထည်ပစ္စည်း၊ ပန်းကန်ဆေးစက်၊ ထမင်းပေါင်းအိုး၊ မီးပူ၊ ဖုန်စုပ်စက်၊ ဂေါက်ရိုက်တုတ်(တံ)၊ ရေခဲသေတ္တာနဲ့ DVD Player တွေလည်း ရှိပါတယ်။

JapanPleasureLand2

ဈေးနှုန်းနဲ့ ဝန်ဆောင်မှု . . .

ကွန်ပျူတာ၊ ဆက်စပ်ပစ္စည်းတွေ စတာနဲ့ပတ်သက်ပြီး အနည်းဆုံး လေးထောင်ကနေ မော်ဒယ်အမျိုးအစားပေါ်မူတည်ပြီးတော့ အများဆုံး ၃၅၀,၀၀၀ ဝန်းကျင်ထိ ရှိတယ်လို့ သိရပါတယ်။ တစ်ခြားပစ္စည်းတွေအနေနဲ့လည်း အမျိုးအစားပေါ်မူတည်ပြီးတော့ ရာဂဏန်းကနေ သိန်းဂဏန်းထိရှိပါတယ်။ အထူးအစီအစဉ်အတွေအနေနဲ့ အပတ်စဉ်တိုင်း ပစ္စည်းအမျိုးအစားအလိုက် ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်း၊ အများဆုံး ၅၀ ရာခိုင်နှုန်းထိ ဈေးလျော့ပြီး ရောင်းတာမျိုးတွေရှိပါတယ်။ ကွန်ပျူတာဆိုရင်လည်း အထဲကဆော့ဝဲလ်ပိုင်းကို  အာမခံခြောက်လပေးထားတယ်လို့ သိရပါတယ်။

ထူးခြားချက် . . .

တချို့ Laptop နဲ့ Desktop (Used) တွေကို ၄၀,၀၀၀ ကျပ် ဝန်းကျင်လောက်နဲ့ရတာဆိုတာကတော့ သူများဆိုင်တွေထက် ထူးခြားချက်လို့ ပြောနိုင်ပါတယ်။ တခြားဆိုင်တွေနဲ့ ဈေးတူရင်လည်း ပစ္စည်းပိုကောင်းရမယ်လို့ ပြောပါတယ်။ ဂျပန်ကနေ တိုက်ရိုက်တင်သွင်းတဲ့အတွက် ပစ္စည်းအဆန်းအပြားတွေလည်းရှိပြီး ငါးရာတန်ပစ္စည်းကအစ ၅၀ ရာ ခိုင်နှုန်း လျော့ပေးတာရှိတယ်။

JapanPleasureLand3

အနာဂတ်အစီအစဉ် . . .

ဆိုင်ရဲ့ အဓိကရည်ရွယ်ချက်က ကျောင်းသားလူငယ်အားလုံး ကွန်ပျူတာအသုံးပြုနိုင်စေဖို့ဖြစ်တဲ့အတွက် ကျောင်းသားတွေနဲ့နီးတဲ့ နှစ်နေရာ သုံးနေရာမှာ ထပ်ပြီးတိုးချဲ့ဖွင့်လှစ်သွားဖို့ရှိတယ်။ ယခုလကနေစပြီး ကျောင်းသားအရေအတွက်များပြီးတော့ ကွန်ပျူတာမရှိတဲ့ ကျောင်းတွေမှာ လစဉ်တိုင်း လစဉ်တိုင်း ကွန်ပျူတာအခန်းတစ်ခန်း လှူဒါန်းသွားမှာဖြစ်ကာ ကျောင်းအနေအထားပေါ် မူတည်ပြီးတော့ ကွန်ပျူတာ အလုံး ၃၀ ကနေ ၄၀ ကြား လှူဒါန်းပေးသွားမယ့်အပြင် သင်တဲ့ဆရာပါ ထားရှိပေးသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

ဆိုင်တည်နေရာနဲ့ ဆက်သွယ်ရမယ့် ဖုန်း၊ အီးမေးလ် . . .

ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်မြတ်ထွန်းတာဝါ မြေညီထပ်၊ အခန်းအမှတ်၊ G-06 ဖုန်း - ၀၉ ၉၇၉၅၂၂၆၂၉

www.facebook.com/JapanPleasureLand