ကုမ္ပဏီပိုင်ရှင်တစ်ဦးကို မီဒီယာသမားတစ်ဦးက မေးခွန်းထုတ်သည်။
''ဆရာ့ကုမ္ပဏီက ဝန်ထမ်းတွေ ရုံးကိုနေ့စဉ်အချိန်မှန်ရောက်ကြတယ်လို့ ကြားရပါတယ်။ ဒီလိုဖြစ်အောင် ဆရာဘယ်လိုများ စီမံခန့်ခွဲထားပါသလဲ၊ အိတ်ချ်အာပညာရှင်တွေနဲ့ စီမံချက်တွေရေးဆွဲပြီး လုပ်ဆောင်တာလား၊ ဒါမှမဟုတ် ကတ်ဖြတ်တဲ့စနစ်သုံးတာလား၊ လက်ဗွေနှိပ်တဲ့စနစ် သုံးတာလား''
ကုမ္ပဏီပိုင်ရှင်ကဖြေသည်။ ''ရိုးရိုးကလေးပါပဲဗျာ၊ ကျွန်တော်ရုံးမှာ ဝန်ထမ်းအယောက် ၂၀ ရှိတယ်၊ ရုံးရှေ့မှာ ကားပါကင်အခု နှစ်ဆယ်လုပ်ပေးထားတယ်၊ ၁၉ ခုက အလကား၊ ကျန်တစ်ခုကတော့ ငွေပေးရမယ်၊ အဲဒါပါပဲ'' ဟု ဆိုသည်။
ဥပဒေသ။ ။ အခမဲ့အခွင့်အရေးကို တန်ဖိုးထားရယူလိုသော လူ့သဘာဝကို အသုံးချလျက် ရိုးရှင်းသော စီမံခန့်ခွဲမှုနည်းလမ်းများကို စီစဉ်ဆောင်ရွက်နိုင်ပါသည်။
အပြုံးဖြင့်စီမံ အပြုံးဖြင့်နာခံနိုင်ကြပါစေ။
ရီနေနိုင်