လုပ်ငန်းခွင်အတွင်းမှာ ကိုယ့်ရဲ့ Productivity တက်စေဖို့ ကဏ္ဍအသီးသီးကနေ ကူညီပေးနိုင်မယ့် Application ၆ ခုကို ဖော်ပြပေးလိုက်ပါတယ်။
Join.me
---------
Join.me ဟာ အသုံးပြုရလွယ်ကူတဲ့ Online Meeting Tool တစ်ခုဖြစ်ပြီး Web Version လည်းရှိကာ ဒီ App ကို iPhone ရော Android ကနေပါ အသုံးပြုလို့ ရနိုင်ပါတယ်။ Free screen sharing နဲ့ အကန့်အသတ်မရှိ Video Conferencing ကို ထောက်ပံ့ပေးထားပါတယ်။ အသုံးဝင်တဲ့ Feature တစ်ခုဖြစ်တဲ့ Whiteboard Feature ပါဝင်တဲ့အတွက် အစည်းအဝေးလုပ်နေသူတွေနဲ့ တစ်ခန်းတည်း အတူမရှိနေရင်တောင် တစ်မျက်နှာတည်း အတူရှိနိုင်ပါပြီ။ အသုံးဝင်တဲ့ Whiteboard Feature ကြောင့် အစည်းအဝေးခန်းထဲမှာ တခြားသူတွေနဲ့ အတူမရှိနိုင်ရင်တောင် ကိုယ့်ရဲ့အတွေးအခေါ်တွေကို အချိန်နဲ့တပြေးညီ တင်ပြနိုင်မှာဖြစ်ပြီး ဆွေးနွေးမှုမှာ ပါဝင်နိုင်မှာဖြစ်ပါတယ်။
Platforms : Android and iOS
Price : Free
Pen and Paper
----------
ရိုးရှင်းတဲ့ ဒီ App လေးက လုပ်ငန်းတွေ အကျိုးရှိရှိပြီး မြောက်စေဖို့ ကူညီပေးမယ့် ရွေးချယ်စရာကောင်းတစ်ခု ဖြစ်ပါတယ်။ ဒီ App လေးကို အသုံးပြုပြီး ကိုယ့်ရဲ့ Smartphone တွေနဲ့ Tablet တွေပေါ်မှာ Note တွေ၊ Document တွေ ကိုယ်တိုင်လက်နဲ့ ရေးသားနိုင်မှာဖြစ်ပါတယ်။ လက်ချောင်းတွေကိုအသုံးပြုပြီးဖြစ်စေ၊ Stylus ကို အသုံးပြုပြီးဖြစ်စေ ကိုယ့်စိတ်ကြိုက်ပုံတွေ ရေးဆွဲနိုင်လို Resize လုပ်တာ၊ Text Box တွေ ထည့်တာ၊ Diagram တွေ ဖန်တီးတာ စတာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီ App ဟာ Dropbox နဲ့လည်း တွဲဖက်အသုံးပြုနိုင်တဲ့အတွက်ကြောင့် PDF File တွေနဲ့ အခြား File တွေကို Dropbox ဆီ Import လုပ်နိုင်မှာ ဖြစ်ပါတယ်။
Platforms : Android and iOS
Price : $2.99
Clear Timer
-------------
တစ်ပြိုင်တည်းမှာပဲ လုပ်စရာအလုပ်တွေ အမြောက်အမြားရှိနေတယ်ဆိုရင် ထိရောက်တဲ့ အချိန်စီမံခန့်ခွဲမှုကတော့ မရှိမဖြစ်လိုအပ်ပါတယ်။ ဒီအတွက် ကူညီပေးနိုင်မယ့် App တစ်ခုကတော့ Clear Timer ဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်း Run ထားချင်တဲ့ Custom Timer တွေ အများကြီးကို ဖန်တီးထားနိုင်တာကြောင့် တစ်နေ့တည်းမှာပြီး အောင်လုပ်ရမယ့် Deadline တွေ အများကြီးရှိတဲ့အခါ ဒီ App က အသုံးဝင်မှာပါ။ User Interface က အသုံးပြုရလွယ်ကူပြီး ရွေးချယ်စရာ Skin Display နဲ့ အသံအမျိုးမျိုး ပါဝင်ကာ ကိုယ်ပေးထားတဲ့ Timer တစ်ခုချင်းစီအတွက် Start ၊ Pause နဲ့ Reset Feature တွေ ပါဝင်ပါတယ်။
Platforms : iOS
Price : Free
Gyst
------
ကိုယ့်မှာ လုပ်စရာအရာတွေက များပြားလှပေမဲ့ အားလုံးကို ပြီးမြောက်အောင်လုပ်ဖို့ အချိန်မလုံလောက်တဲ့အခါမှာ စိတ်ပင်ပန်းပြီး သူများနောက်မှာ ကျန်ရစ်ခဲ့ပါလိမ့်မယ်။ Gyst ကတော့ ဝန်ထမ်းတွေဆီက စနစ်တကျရှိစေပြီး အလုပ်တွေ ပိုမိုပြီးမြောက်အောင်ကူညီပေးမယ့် App တစ်ခုဖြစ်ပါတယ်။ ဒီ App က Text တွေ၊ Contact တွေ၊ Calendar တွေနဲ့ To-do list တွေကို တစ်နေရာတည်းမှာ တစ်စုတည်း စုစည်းပေးထားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တစ်ခုခုလိုအပ်တဲ့အခါ မတူညီတဲ့ App တွေထဲမှာ ကိုယ်လိုချင်တဲ့ App ကို သွားရောက်ရှာဖွေနေစရာ မလိုတော့ဘဲ Gyst ထဲမှာတင် ကိုယ်လိုချင်တဲ့အရာကို ရှာဖွေရုံပါပဲ။ ဒီ App ကို အသုံးပြုပြီး Text Message တွေကို ဦးစားပေးသတ်မှတ်ခြင်း၊ အစည်းအဝေးများ စီစဉ်ရေးဆွဲခြင်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်သွယ်ခြင်းတို့ လုပ်နိုင်မှာ ဖြစ်ပါတယ်။
Platforms : Android and iOS
Price : Free
Doodle
--------
Doodle က အစည်းအဝေးတွေစီစဉ်တဲ့နေရာမှာ ကူညီပေးမယ့် App တစ်ခု ဖြစ်ပါတယ်။ ဒီ App မှာ Sing in လုပ်ပြီး Event တစ်ခုကို Set Up လုပ်လိုက်ရင် Event မှာ ပါဝင်မယ့် တခြားသူတွေကို အဆင်ပြေမယ့်အချိန်တွေ အကြံပြုပေးပါလိမ့်မယ်။ အဲဒီအခါမှာ လူတိုင်းက ကိုယ်နဲ့အဆင်ပြေမယ့်အချိန်ကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ ဒီအခါမှာ App က အစီအစဉ်မှာ ပါဝင်မယ့်သူတွေအားလုံး အားလပ်တဲ့အချိန်တွေကို နှိုင်းယှဉ်ပြီး အဆင်ပြေဆုံးအချိန်ကို ရှာဖွေပေးမှာ ဖြစ်ပါတယ်။ ဖုန်းထဲက Calendar App ကို Doodle App နဲ့ ချိတ်ဆက်လိုက်မယ်ဆိုရင် Calendar App ထဲက Event တွေကို Doodle က အလိုအလျောက် Sync လုပ်ပေးမှာ ဖြစ်ပါတယ်။
Platforms : Android and iOS
Price : Free
Nudjed
--------
ဝန်ထမ်းတွေ စိတ်ဖိစီးနေရင်၊ မကျန်းမာဖြစ်နေရင်၊ စိတ်အားတက်ကြွမှုမရှိရင် လုပ်ငန်းခွင်ထဲမှာလည်း အဆင်ပြေမှာ မဟုတ်ပါဘူး။ Nudjed ကတော့ လုပ်ငန်းခွင်ထဲက ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို မြှင့်တင်ပေးဖို့ ကူညီပေးမယ့် Online Platform တစ်ခုဖြစ်ပါတယ်။ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို ဝန်ထမ်းတွေဆီက ကောက်ယူပြီး သူတို့ဘာတွေ ခံစားနေရသလဲဆိုတာ Nudjed က ကောက်ချက်ချပြီး အလုပ်ရှင်တွေကို ကူညီပေးမှာဖြစ်ပါတယ်။ Nudjed ကပေးတဲ့ အချက်အလက်တွေကို အသုံးပြုပြီး အလုပ်ရှင်တွေအနေနဲ့ ကိုယ့်ဝန်ထမ်းတွေရဲ့ ကျန်းမာရေးအခြေအနေတွေကို သိရှိကာ လုပ်ငန်းခွင်အခြေပြု ကျန်းမာရေးအစီအစဉ်တွေ စီစဉ်ပေးနိုင်မှာ ဖြစ်ပါတယ်။
Platforms : Web Only
Price : Varies
ကြည်ပြာနွဲ့ဦး