လူတွေအချင်းချင်း ဆက်ဆံကြရာမှာ အဓိကကတော့ ယဉ်ယဉ်ကျေးကျေး ရည်ရည်မွန်မွန် ပြောဆိုတတ်ရေး ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အချက်လေးချက်ကို အောက်ပါအတိုင်း တင်ပြထားပါတယ်။
၁။ ဖုန်းပြောတဲ့အခါ
--------------------
- အကျယ်ကြီးလည်း မပြောပါနဲ့။ တိုးတိုးဖွဖွလေးလည်း မပြောပါနဲ့။ မိမိရဲ့အသံအနိမ့်အမြင့်နဲ့ ပတ်သက်ပြီး စိုးရိမ်နေရင် ဒါလေးပြောကြည့်ပါ။ ''ဘယ်လိုလုပ်ပြီး ကြုံမှာလဲ''၊ ''ဒီထက်လျှော့ပြီး တိုးတိုးတိတ်တိတ် ပြောစေချင်လို့လား'' အဲဒီလို ပြောကြည့်ပါ။
- တခြားလူတစ်ယောက် ကိုယ့်အနားမှာရှိနေရင်၊ ဖုန်းနဲ့ စကားမပြောပါနဲ့။ အိတ်ကပ်ထဲ၊ ဒါမှမဟုတ် အိတ်ထဲ အမြဲထည့်ထားပါ။
- ဖုန်းအသုံးပြုပြီး အများနဲ့ဆွေးနွေးပွဲလုပ်ရရင်၊ ကိုယ်ကလည်း ဝင်မပြောဘူးဆိုရင် ဆွေးနွေးပွဲလုပ်နေကြသူတွေ အနှောင့်အယှက်မဖြစ်ရအောင် ဖုန်းမပြောပါနဲ့။
၂။ အီးမေးလ်ပို့တဲ့အခါ
-----------------------
- ဌာနတွင်း အီးမေလ်ကို နေ့ချင်းပြန်ပါ။ အပြင်ကဆိုရင် သုံးရက်အတွင်းပြန်ပါ။
- အာမေဍိတ်အမှတ်အသားတွေ၊ ပျော်မြူးနေတဲ့ မျက်နှာပုံတွေ အလွန်အကျွံ မသုံးပါနဲ့။
၃။ တစ်ယောက်ချင်းတွေ့ဆုံတဲ့အခါ
----------------------
- ချောလိုက်တာ လှလိုက်တာဆိုတာမျိုးတွေ မပြောသင့်ဘူး။ ကြားရသူတွေ အနေရအထိုင်ရကျပ်တတ်တယ်။
- တွေ့နေရတဲ့အချိန်ရဲ့ ၆၀ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်းအတွင်း မျက်စိချင်းဆုံပေးပါ။
- ပြောနေသူနဲ့ လိုက်လျောညီထွေ အသံအနိမ့်အမြင့်လုပ်ပေးပါ။
- ပြောနေသူပြောတာတွေကို စိတ်ခံစားကြောင်းပြပါ။
၄။ အပြင်မှာ တွေ့နေရသလို ဖုန်းထဲမှာ တွေ့မြင်ပြောဆိုနေရတဲ့အခါ
-------------
- ကင်မရာကိုပဲ ကြည့်ပါ။ ကိုယ့်မျက်နှာရော သူ့မျက်နှာပါ မကြည့်နဲ့။ မျက်လုံးချင်းဆုံပြောနေသလို ဖြစ်သွားအောင်ပါ။
- တံခါးကို ပိတ်ထားပါ။ အိမ်မွေးကြောင်တို့၊ ခွေးတို့၊ ကလေးတို့၊ အိပ်ခန်းဖော်တို့ စတာတွေကြောင့် အနှောင့်အယှက်မဖြစ်သင့်ပါ။
အဲဒီလိုစကားမပြောခင် ကင်မရာထဲမှာ ပါသွားနိုင်တဲ့၊ ကိုယ်ရေးကိုယ်တာ အသုံးအဆောင် စတာတွေ ဘေးလွတ်ရာရွှေ့ထားပါ။
ဦးညွန့်သောင်း