Management ကိုသွားတဲ့အခါမှာ ကိုယ်ကဘာကို Manage လုပ်ရမှာလဲဆိုတာက အဓိကကျပါတယ်။ Manage စလုပ်မယ်၊ Management ထဲကို သွားရတော့မယ်ဆိုရင် Change Management ကို သိဖို့လိုတယ်လို့ ပြောချင်ပါတယ်။
Change Management Model မှာ Level ခြောက်ခု ရှိပါတယ်။ အဲဒီမှာ Successful Change ကတော့ အကောင်းဆုံးပါပဲ။ သူ့မှာအချိန်ကာလနဲ့ လူက လွဲပြီး Vision ၊ WII-FM ၊ Action Plans ၊ Skills ၊ Resources အကုန်လုံးပါဝင်ပါတယ်။ လူတိုင်းလူတိုင်းဟာ ကိုယ့်အတွက် အကျိုးရှိတာတစ်ခုခုပါမှ ပြောင်းလဲချင်ကြတာဖြစ်ပါတယ်။ ကိုယ့်အတွက်မပါဘူးဆိုရင် လူက ပြောင်းလဲမှာ မဟုတ်ပါဘူး။ သွားချင်တဲ့လမ်း (Goal) ကို မြင်နေရရင်တောင် ကိုယ့်အတွက်ကော ဘာပါမလဲဆိုတဲ့စိတ်က လူတိုင်းမှာ ရှိပါတယ်။ ရာထူးတက်မလား၊ ချီးကျူးစကား အပြောခံရမလား၊ လစာတိုးမလား၊ အခွင့်အရေး ပိုရလာမလား၊ နာမည်ကောင်းရလာမလားစတဲ့ အကျိုးကျေးဇူးတွေကို ကြည့်လာပါတယ်။ လူတိုင်းမှာ WII-FM ပါလာရင် ပြောင်းလဲသွားမှာပါ။ ဒါက အရေးကြီးပါတယ်။ နောက်ပြီး ဘယ်လိုလုပ်မလဲဆိုတဲ့ Action Plan လိုပါတယ်။ Action ဆိုတဲ့ လုပ်ဆောင်မှုမပါဘဲ ထိုင်စဉ်းစားနေရုံနဲ့တော့ မရပါဘူး။ Action လုပ်ဖို့အတွက် တတ်ကျွမ်းမှု (Skill) ရှိဖို့ လိုပါတယ်။ Action မှာ Skill လည်း ကပ်လိုက်ရော Action က ကောင်းသွားတယ်။ ကောင်းသွားတဲ့ Action ကို ကိုယ်ဘာလုပ်မှာလဲဆိုတာနဲ့ တည်လိုက်တာနဲ့ Vision ကို ရောက်ဖို့ နီးသွားပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ Resource ဆိုတာ လိုပါတယ်။ ပေးထားတဲ့ Data မပြည့်စုံတဲ့အခါမှာ ဘာလုပ်ရမှန်းမသိတာမျိုး ဖြစ်စေပါတယ်။ Resource ဆိုတာ Information ၊ အကြံဉာဏ်၊ စာအုပ်စတဲ့ တစ်ခုခုတော့ ဖြစ်နေမှာပါ။ ဒါမှမဟုတ်လည်း IT Knowledge လား၊ တစ်ယောက်ယောက်ရဲ့ အကူအညီလား။ ရလာတဲ့ အကူအညီ (Supply) နဲ့ ထပ်ပေါင်းတော့မှ Successful Change ဖြစ်သွားမှာဖြစ်ပါတယ်။
ဒီလိုမှမဟုတ်ဘဲ Vision ပျောက်သွားရင် Confusion ဖြစ်လာမယ်။ ဘယ်သွားလို့သွားရမယ်မှန်း မသိတော့ဘူး၊ Direction မရှိတော့ဘူးဆိုရင် ကြာလာတဲ့အခါမှာ Confusion ဖြစ်လာပြီး သူဆရာလား၊ ကိုယ်ဆရာလားဆိုတာ မသိတော့တဲ့ အခြေအနေရောက်လာမှာပါ။
ပြောင်းလဲလိုက်ရင် ကိုယ့်အတွက်ဘာရမှာလဲ၊ ဘယ်လိုအကျိုးအမြတ်ရှိမှာလဲဆိုတဲ့ WII-FM သာ မပါလာဘူးဆိုရင် ပြောင်းလဲချင်မှာ မဟုတ်ပါဘူး။ ကိုယ့်အတွက် အကျိုးမရှိဘူးဆိုရင် ပြောင်းလဲဖို့မလုပ်ချင်ဘူး၊ ပြောင်းလဲမယ့်အထဲမှာ မပါဘူး၊ ကျွန်တော်က အမာခံ ဆိုတဲ့ဘက်ကို ရောက်သွားမှာပါ။ သူ့အတွက် အကျိုးမရှိရင် သူကခံပြီး တိုက်တော့မယ်။ ကိုယ့်အကျိုးမှ မပါတာ ဘာလို့ကူညီရမှာလဲဆိုပြီး ဖြစ်လာမှာပါ။ သူဟာ Vision လည်း နားလည်တယ်၊ Action လည်း သိတယ်၊ Skill နဲ့ Resources လည်း ရှိတယ်။ ဒါပေမဲ့ သူ့အကျိုးမပါတော့ မလုပ်နိုင်ဘူးဆိုတာ ဖြစ်လာမှာပါ။ သူ့အကျိုးမပါတဲ့အတွက် ဒီစနစ်၊ ဒီပုံစံကို မကြိုက်ဘူး၊ လက်မခံနိုင်ဘူးဆိုတာ ဖြစ်လာမှာပါ။
False Start - နည်းလမ်းအမှားနဲ့ စလိုက်ရင်လည်း Action က ပျောက်သွားတယ်။ သူက ပြောပဲ ပြောတယ်။ Vision တွေ၊ ဘာတွေ အကုန်နားလည်ပေမဲ့ အပြောသမားသက်သက်ပဲ ဖြစ်နေပြီး လက်တွေ့မလုပ်ဘူး။ ဒါကစတဲ့ပုံစံ မဟုတ်တဲ့အတွက် ဖြစ်ပါတယ်။ သူ့ကိုကျတော့ False Start လို့ ခေါ်ပါတယ်။
Anxiety ဆိုတဲ့ စိတ်လှုပ်ရှားမှုလွယ်တယ်၊ ဒေါသဖြစ်လွယ်တဲ့အခါမျိုးမှာ Skill က ပါလာတော့မှာ မဟုတ်ပါဘူး။ အဲဒီတော့ သူကလုပ်ပုံလုပ်နည်းမသိ၊ နားမလည်၊ မကျွမ်းကျင်တဲ့အခါကျတော့ လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ အဆင်မပြေတော့ပါဘူး။ Is it the Right Movement လားဆိုတာလည်း မသိတော့ဘူး။ Skill မသိတဲ့အခါမှာ Anxiety ဆိုတာပေါ်လာပါတယ်။ အဲဒီအခါမှာ Anxiety ကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ အရေးကြီးပါတယ်။ Anxiety ဖြစ်နေတဲ့လူကို ရယ်စရာ၊ မောစရာလေးတွေပြောပြီး နောက်မှပြန်ပြောမယ်ဆိုတာမျိုးနဲ့ တုံ့ပြန်မှာလား၊ သူ့ရှေ့မှာတင် ဒေါသဖြစ်ပြီး ပေါက်ကွဲပြမလား စတဲ့နည်းလမ်းတွေကို စဉ်းစားရပါမယ်။
နောက်ဆုံးပြောချင်တာကတော့ လူတစ်ယောက်မှာ Resource မရှိရင် သူ့မှာ Frustration ဆိုတာ ဖြစ်လာပါတယ်။ သူကကျန်တဲ့နည်းတွေ အကုန်သိတယ်။ ဒါပေမဲ့ သူ့ကို Support မပေးဘူး၊ တစ်ယောက်တည်းပဲ လုပ်နေရတယ်။ ဘာ Knowledge ၊ ဘာသင်တန်း၊ ဘာကိရိယာမှလည်း မပေးဘူးလို့ ခံစားလာရတဲ့အခါမှာ စိတ်တအားစိတ်ညစ်ညူးလာတာတွေ၊ ဒေါသဖြစ်လွယ်လာတာတွေ၊ စိတ်ဓာတ်ကျသွားတာတွေ ဖြစ်လာပါတယ်။
ဒါကို Chart လေးနဲ့ ဖော်ပြပေးထားပါတယ်။ ဒီ Chart ကို ကြည့်ပြီး မိမိကိုယ်မိမိပြန်ကြည့်ပါ။ ကိုယ်က ဘယ်နေရာရောက်နေလဲ၊ ကိုယ်ဘာဖြစ်နေလဲဆိုတာ တွေ့ရမှာပါ။ တစ်ခါတလေ ကိုယ်ဘယ်သွားချင်တာလဲဆိုတာ ပျောက်ရင်ပျောက်နေနိုင်ပါတယ်။ ကိုယ်သွားချင်တဲ့နေရာကိုရောက်ဖို့ ဘာလိုနေတယ်ဆိုတာကို သိစေဖို့ ဒီ Chart က အင်မတန်ကောင်းတဲ့ Guide ဖြစ်ပါတယ်။ ဒါကိုလုပ်ပြီး Change Management သွားပါ။ Change Management သွားဖို့ လိုအပ်တာတွေ ဖြည့်ဆည်းပါ။ Management ကိုသွားမယ်ဆို ဒါတွေက အခြေခံကျတယ်လို့ ဆိုချင်ပါတယ်။ ရုံးမှာဆိုလည်း Reminder အဖြစ်နဲ့ ဘေးမှာကပ်ထားသင့်ပါတယ်။ သူများကို ဆရာလုပ်ဖို့ထက် ကိုယ့်ကိုယ်ကိုယ်ဘယ်နေရာမှာ ဘာပျောက်နေတယ်၊ ဘာလိုနေတယ်ဆိုတာ သိဖို့ပိုအရေးကြီးပါတယ်။
စာအုပ်ဖတ်ပါလို့လည်း ကျွန်တော်ပြောချင်ပါတယ်။ စာအုပ်တွေ များများဖတ်တဲ့အခါ နောက်ပိုင်းမှာ ကိုယ်ကြိုက်တဲ့ စာ၊ ဗဟုသုတ၊ လိုအပ်ချက်တွေဟာ ဘယ်လိုစာအုပ်တွေမှာ တွေ့နိုင်တယ်ဆိုတာကို သိလာမှာ ဖြစ်ပါတယ်။
ဦးမျိုးသန်း (Head of HR and Learning and Development ၊ PUMA Energy Myanmar)