News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
မြန်မာနိုင်ငံမှာ ဗြိတိသျှနိုင်ငံထုတ် Jaguar Land Rover ကားစတင်မိတ်ဆက်
Editorial
March 7, 2014
Car
Leisure
Local News
News
Top Story
ဗြိတိသျှနိုင်ငံထုတ် Jaguar Land Rover ကားကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်ခြင်းနဲ့ မြန်မာနိုင်ငံရှိ Capital Automotive Ltd ကို အရောင်းကိုယ်စားလှယ်အဖြစ်ခန့်အပ်ခြင်းအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ မတ်လ ၃ ရက်နေ့ က ရန်ကုန်မြို့၊ Sedona Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ အဖွင့်နှုတ်ခွန်းဆက်စကားကို Captial Automotive Ltd ရဲ့ Managing Director ဦးခင်ထွန်း က ပြောကြားခဲ့ပြီး Jaguar Land Rover ရဲ့ Regional Business Manager Mr Steve Martin က လည်း အဖွင့်နှုတ်ခွန်းဆက်စကားအနေနဲ့ “ ကျွန်တော့်အနေနဲ့ Jaguar Land Rover ကားကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်ခွင့်ရတဲ့အတွက် အင်မတန်ကိုဂုဏ်ယူမိပါတယ်။ လာမယ့် ၂၀၁၄ခုနှစ်၊ အောက်တိုဘာလမှာ လည်း Jaguar Land Rover Service Centre ကိုဖွင့်လှစ်သွားမှာဖြစ်ပြီးတော့ ကျွန်တော်တို့အနေနဲ့ ဈေးကွက်အားကောင်းတဲ့ မြန်မာနိုင်ငံမှာ လုပ်ကိုင်ခွင့်ရတဲ့အတွက်လည်း ကျေနပ်အားရမိပါတယ်” ဟု ပြော ကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး အင်ဒရူးပက်ထရစ် က “ ဒီနိုင်ငံမှာ Jaguar Land Rover ရဲ့ လုပ်ငန်းတွေချဲ့ထွင်ဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ်မှာ များစွာဝမ်းမြောက်မိပါတယ်။ ဒါဟာ နိုင်ငံအတွင်း အလုပ်အလုပ်အကိုရရှိစေခြင်း၊ ဌာနဝန်ထမ်းတွေကို နိုင်ငံတကာအဆင့်မီ လေ့ကျင့်ပေးခြင်းနဲ့ သုံးစွဲသူတွေ အတွက် အဆင့်မြင့်တဲ့ ဝန်ဆောင်မှုပေးခြင်း အပြင် ဗြိတိသျှနိုင်ငံရဲ့စက်မှုအတတ်ပညာနဲ့ ထုတ်လုပ်မှုကို ပြသနိုင်တဲ့ပြယုဂ်တစ်ခုဖြစ်တစ်ခုဖြစ်တယ်” ဟု ပြောကြားခဲ့ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ တစ်ပတ်စာဟောစာတမ်း