ကျောက်စိမ်းကို တော်ဝင်ဂမ္ဘီရကျောက်မျက်အဖြစ် တန်ဖိုး ထားကြတယ်။ အာရှတိုက်မှာဆိုရင် ငွေကြေးကြွယ်၀ ချမ်းသာ ကြတဲ့သူတွေရဲ့ ဂုဏ်အဆင့်အတန်းကို ဖော်ပြတဲ့သင်္ကေတ တစ်ခုလိုလည်း သဘောထားကြတယ်။ ဒါပေမဲ့ ဈေးတွေခေါင် ခိုက်နေတဲ့အတွက် ဟောင်ကောင်မှာရှိတဲ့ ကျောက်ကုန်သည် တွေဆိုရင် ဝယ်သူကို တမျော်မျော်ဖြစ်နေကြတယ်။ ပြီးခဲ့တဲ့ ရှစ်နှစ်အတွင်း ဈေးတွေထိုးတက်လာလိုက်တာ ဝယ်မယ့်သူ တွေနောက်တွန့်ကုန်ကြတယ်။ ဒါပေမဲ့ ဒီအခြေအနေဟာ မကြာခင် ပြောင်းလဲသွားမှာဖြစ်တယ်လို့လည်း တချို့က ဆိုကြတယ်။ ကျောက်စိမ်းဈေး ခုလိုအတက်ကြမ်းတဲ့အခြေအနေ ဟာ ကျောက်စိမ်းအဓိကထွက်တဲ့မြန်မာနိုင်ငံထဲက ကျောက် စိမ်းအထွက်နည်းနေတာနဲ့ပတ်သက်ပြီး စိုးရိမ်နေတာလည်း ပါဝင်တယ်။ ''ဝယ်မယ့်သူတွေက ဒီလောက်ဈေးကြီးနေတာကို လက်မခံကြဘူး။ ဒီတော့ အရောင်းအဝယ်မဖြစ်ဘူးပေါ့'' လို့ ဟောင်ကောင်က ကျောက်စိမ်းကုန်သည်တစ်ဦးက ဆိုတယ်။ သူက ဟောင်ကောင်ကျောက်စိမ်းအရောင်းပြပွဲကို ဆယ်နှစ် တိုင်တိုင်တက်ရောက်ခဲ့သူဖြစ်ပြီး ဒီနှစ်ပြပွဲကို လာအတက် မှာခုလိုပြောတာဖြစ်တယ်။ သူက ''၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ် တွေကထက် ဒီနှစ်ပိုပြီးအရောင်းအဝယ်အေးနေတယ်''တဲ့။ သူကဆက်လက်ပြီး ''မြန်မာ ဘက်က အရည်အသွေးမြင့် ကျောက်စိမ်းအထွက် နည်းလာတယ်။ ဒီတော့ ကျွန်တော်တို့လည်း မဖြစ်မနေ ဈေးတွေတင်ရတော့တာပါပဲ။ ဈေးပိုမပေးဘူးဆိုရင်တော့ ကျောက်စိမ်းအရိုင်းတုံးတွေသူများ လက်ထဲပါသွားမှာပေါ့'' လို့ပြောတယ်။ သူက ပြောရင်း Jadeite လို့ခေါ်တဲ့အရည် အသွေးအကောင်းဆုံး ကျောက်စိမ်းနဲ့လုပ်ထားတဲ့ ကျောက် စိမ်းလက်ကောက်ကို လက်က ကိုင်ကြည့်တယ်။ တန်ဖိုး ကတော့ အမေရိကန် ဒေါ်လာ ၂၆၀ç၀၀၀။ ကျောက်စိမ်းပြပွဲကို လာရောက်တဲ့ ထိုင်ဝမ်က ကျောက်စိမ်းအဝယ်သမားတစ်ဦးက ''ကျွန်တော်က တော့ အရည်အသွေးမြင့်နဲ့ အရည်အသွေး အလယ်အလတ်ရှိတဲ့ ကျောက်စိမ်းတွေ ဈေးကျသွားတဲ့အထိ စောင့်နေဖို့ ဆုံးဖြတ် ထားပါတယ်'' လို့ ပြောတယ်။ ''ဒီထက်တော့ ဆက်မတက် တော့ဘူးလို့ ထင်တာပဲ'' တဲ့။ ဆိုင်ကြီးကနားကြီးနဲ့ မဟုတ်ဘဲ အပြင်မှာပဲ ဆိုင်ဖွင့်ပြီး ရောင်းဝယ်နေကြတဲ့ ကျောက်စိမ်းဈေး သည်လေးတွေလည်း ခုလိုကျောက်စိမ်းတွေဈေးကြီးလာတဲ့အတွက် ထိခိုက် မှုရှိတယ်။ ဝယ်မယ့်သူအလာ ကျဲနေတဲ့အတွက် ဆိုင်နီးနားချင်း စကားစမြည်ပြောရင်းပဲ တစ်နေကုန်နေကြရတယ်။ ဆိုင်ပိုင် ရှင်တစ်ဦးက ''ကျွန်မရဲ့ ရောင်းဖော်ရောင်းဖက်တချို့ဆိုရင် ဒီအလုပ်ကို မလုပ်ကြတော့ဘူး။ ဈေးတွေက တအားကြီးပြီး အရောင်းအဝယ်ကလည်း သိပ်အေးနေတာကိုး'' လို့ ဆို တယ်။ တရုတ်ပြည်မှာ ကျောက်စိမ်းကို တန်ဖိုးသိဒ္ဓိရှိ တယ်လို့ ယူဆကြတယ်။ မကောင်းဆိုးဝါးတွေ မကပ်နိုင် ဘူး။ ကျန်းမာရေးကို အကျိုးပြုတယ်လို့အယူရှိကြတယ်။ ကျောက်စိမ်းရဲ့ ဈေးနှုန်းနဲ့ပတ်သက်ပြီး အပြည် ပြည်ဆိုင်ရာ ဈေးနှုန်းသတ်မှတ်ရေးစနစ်မရှိတဲ့အတွက် ချမ်းသာလာကြတဲ့တရုတ်တွေဟာ ၂၀၀၅ ခုနှစ် ကစပြီး ကျောက်စိမ်းတွေကို သိမ်းကျုံးဝယ်ခဲ့ကြ တယ်။ ရွှေဝယ်ထားတာထက် ပိုပြီး ဂုဏ်ရှိ တယ်လို့ ယူဆကြတာနဲ့အမျ ကျောက်စိမ်းဟာ လူကုံထံတွေရဲ့ သင်္ကေတအမှတ်အသားလို ဖြစ်လာခဲ့တယ်။ ကျောက်စိမ်းတွေကို မြန်မာနိုင်ငံက အခုလိုမရောင်းတော့ဘဲ ကုန်ချောပစ္စည်းအဖြစ် ထုတ်လုပ်ရောင်းချ သွားဖို့ စီစဉ်ထားတဲ့အတွက် အရည်အသွေးကောင်းတဲ့ မြန်မာ့ ကျောက်စိမ်းတွေဟာ ဈေးကွက်မှာ အဝင်နည်းလာတယ်။ ပြီးခဲ့တဲ့ဇွန်လအတွင်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ကျောက်စိမ်းအရောင်းပြပွဲမှာ ကျောက်စိမ်းကုန် သည် ခုနစ်ထောင်လောက် လာရောက်ကြတဲ့အထဲမှာ တစ်ဦးအပါ အဝင်ဖြစ်တဲ့ ကုန်သည်တစ်ဦးက သူဟာ အရည်အသွေးမြင့် ကျောက်စိမ်းမဝယ်နိုင်တော့ပါဘူးလို့ ပြောတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ဒီကျောက်စိမ်း လေလံရောင်းပွဲဟာ စည်ကားမှု နည်းလာတယ်။ ဒါဟာ ကျောက်စိမ်းဈေးတွေ သိပ်ကြီးလာ လို့ဖြစ်တယ်လို့ ဆိုတယ်။ ''ဒီလေလံဆွဲနိုင်ဖို့ ကျွန်တော် ယူရိုငွေနှစ်သန်းကျော် ဖယ်ထားတယ်။ ဒါပေမဲ့ အရည်အသွေး မြင့်ကျောက်စိမ်းတုံးတစ်တုံးအတွက် ဒီငွေက မမီဘူးဗျ။ အ ရင်က ယူရိုတစ်သိန်းလောက်နဲ့ရတဲ့ကျောက်စိမ်းကို လူတွေက ဒီနှစ်ငါးသိန်းပေးမယ်လို့ ပြောနေကြတယ်'' တဲ့။ တချို့ တရုတ်ကုန်သည်တွေဟာ လေလံပြိုင်ဘက် တွေ လိုက်မမီအောင် ဈေးကိုတမင်အများကြီး မြှင့်ပေးကြတာတွေရှိတယ်။ Jadeite လို့ ခေါ်တဲ့ ကမ္ဘာပေါ်မှာအရည်အသွေးအ ကောင်းဆုံးကျောက်စိမ်းတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ မြန်မာ နိုင်ငံမြောက်ပိုင်းဖားကန့်က ထွက်တာဖြစ်တယ်။ ဟိုအရင် က တစ်နှစ်မှာ နှစ်ကြိမ်ကျင်းပလေ့ရှိတဲ့ ကျောက်စိမ်းလေလံ အရောင်းပြပွဲမှာ အဲဒီက ထွက်တဲ့ကျောက်စိမ်းတန်ချိန် ရာနဲ့ ချီပြီး ပြသခဲ့တယ်။ ဒါပေမဲ့ ၂၀၁၃ ခုနှစ်ထဲမှာတော့ ဒီလိုပွဲမျိုးတစ် ကြိမ်ပဲရှိတယ်။ ဒီပြပွဲမှာ ၂၀၁၂ ခုနှစ်၊ မတ်လတုန်းက ပြ ခဲ့တဲ့ကျောက်စိမ်းအတွဲအရေအတွက် စုစုပေါင်းနဲ့နှိုင်းယှဉ်ရင် ၃၈ ရာခိုင်နှုန်း လျော့ကျသွားတယ်။ ဒါပေမဲ့ ရောင်းရငွေ ကတော့ ဒေါ်လာ ၂.၄ ဘီလီယံရှိတယ်လို့ သိရတယ်။ မြန်မာနဲ့ တရုတ်ကျောက်စိမ်းအရောင်းအဝယ်လုပ်ရာ ဗဟိုဌာနဖြစ်တဲ့ ယူနန်နယ်က တာဝန်ရှိသူတစ်ဦး က ''မြန်မာနိုင်ငံဟာ အခုဆိုရင် ကျောက်စိမ်းကို အရိုင်းတုံးအဖြစ် ပြည်ပပို့ရုံသာမကတော့ဘူး။ ကုန်ချောပစ္စည်းလုပ်ပြီး တရုတ်ပြည်ဘက်ကို ပို့ဖို့ဆန္ဒရှိနေတယ်'' လို့ ပြောတယ်။ ယူနန်ပြည်နယ်၊ ကူမင်းတက္ကသိုလ်ကျောက်မျက် ဗေဒဌာနအကြီးအကဲဖြစ်သူက ''ကျောက်စိမ်းအရိုင်း တုံးကို ထုဆစ်ပြီး လက်စွပ်၊ လက်ကောက်၊ လည်ဆွဲ ဆိုတာတွေ လုပ်လိုက်ရင် တန်ဖိုးက အဆ ၂၀ တက်သွားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက အဲဒီလိုလုပ်မယ်ဆိုတော့ ဒါဟာ အဓိပ္ပာယ်ရှိတာပေါ့'' လို့ မှတ်ချက်ပြုတယ်။ တချို့က မြန်မာနိုင်ငံဟာ ကျောက်စိမ်းတွင်းတွေ ကိုလုံးဝပိတ်ပစ်လိုက်မှာ၊ ဒါမှမဟုတ် လျော့ထုတ်သွား မှာကို စိုးရိမ်နေကြတယ်။ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေ ကြောင့်လည်း ကျောက်စိမ်းတူးဖော်မှုကို ထိခိုက်ခဲ့ပြီးဖြစ် နိုင်တယ်။ သေချာတာတစ်ခုကတော့ အရည်အသွေးမြင့်တဲ့ ကျောက်စိမ်းအရိုင်းတုံးတွေရဲ့ ဈေးတွေ ခေါင်ခိုက်နေတဲ့ အတွက် ကုန်သည်တွေဟာ ရနေကျအမြတ်အစွန်း ပမာဏကို ထိန်းထားတဲ့အနေနဲ့ သူတို့ရဲ့ ကျောက်စိမ်းတွေကို ဈေးမြှင့် သွားကြတော့မှာဖြစ်ပါ တယ်။
ညွန့်သောင်း