Disney ဒါရိုက်တာဘုတ်အဖွဲ့ထဲပါဝင်လာတဲ့ Twitter ရဲ့ CEO

Walt Disney ကုမ္ပဏီက Twitter ရဲ့ Chairman နဲ့ Square Inc ရဲ့ CEO ဖြစ်တဲ့ Jack Dorsey ကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်လိုက်ပါတယ်။ Dorsey ဟာ ဘုတ်အဖွဲ့ကို ချက်ချင်းဝင်ရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ မတ်လ ၁၈ ရက်မှာပြုလုပ်မယ့် ကုမ္ပဏီရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာစပြီး သက်တမ်းပြည့် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် တာဝန်ယူမှာဖြစ်တယ်။ အသက် ၃၇ နှစ်အရွယ် Twitter ရဲ့ ပူးတွဲတည်ထောင်သူ Jack Dorsey ဟာ ၂၀၀၈ ခုနှစ် မတ်လကနေစပြီး Twitter ရဲ့ Chairman အဖြစ်တာဝန်ယူခဲ့ပြီး Twitter ရဲ့ ပထမဆုံး CEO အဖြစ် တာဝန်ယူခဲ့သူ လည်းဖြစ်ပါတယ်။ ဒါ့အပြင် မိုဘိုင်းငွေပေးချေရေးဝန်ဆောင်မှုလုပ်ငန်း Square ကို ၂၀၀၉ ခုနှစ်မှာတည်ထောင်ခဲ့ပြီး CEO တာဝန်ယူထားပါတယ်။ Disney ဟာ Judith Estrin ရဲ့နေရာမှာ Dorsey ကို အစားထိုးမှာဖြစ်တယ်။ Estrin ဟာ ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့ထဲမှာ ၁၅ နှစ်တာဝန်ယူပြီးဖြစ်တဲ့အတွက် လုပ်ငန်းရဲ့ စည်းမျဉ်းစည်းကမ်းအရ ဆက်ပြီးတာဝန်ယူခွင့်မရှိတော့ပါဘူး။ Estrin ဟာ Cisco Systems ရဲ့ CEO အဖြစ်တာဝန်ယူခဲ့သူဖြစ်ပြီး အခုအချိန်မှာ JLABS LLC လုပ်ငန်းကို ဦးဆောင်လုပ်ကိုင်နေသူဖြစ်ပါတယ်။ Ref : AP