လုပ်ငန်းအတွက် အကောင်းဆုံး iOS 10 ခု

IT2017June1 IT2017June2 IT2017June3

Office Productivity: Microsoft Excel, Word, Powerpoint (free)

IPad မှာပဲ အသုံးပြုလို့ရမယ့် APp တွေဖြစ်ပါတယ်။ iWork Suite မှာ တည်မှီခိုမနေရဘဲ ကိုယ့်ကွန်ပျူတာပေါ်မှာ သုံးသလို လုပ်ဆောင်ချက်စုံစုံလင်လင်နဲ့ သုံးနိုင်မှာ ဖြစ်ပါတယ်။

Email: Outlook (free)

ကိုယ့်ကွန်ပျူတာမှာ Microsoft Outlook နဲ့ Email သုံးတတ်တဲ့ User တွေအတွက် Microsoft က iOS Device တွေမှာ လွယ်လွယ်သုံးနိုင်ဖို့ လုပ်ပေးထားတဲ့ App ပါ။

Not Taking: OneNote (free)

Desktop Computer သုံးတတ်တဲ့သူတွေအတွက် iOS Device တွေမှာ Note တွေ လွယ်လွယ်ကူကူ မှတ်နိုင်ပြီး ကွန်ပျူတာထဲက File တွေနဲ့ ပြန်ချိတ်ဖို့ အဓိကကူညီပေးပါတယ်။

Cloud Storage: One Drive (free)

Deskto, Mobile Device စတာတွေရဲ့ကြား အရေးကြီး File တွေနဲ့ တခြားအချက်အလက်တွေကို အချိန်နဲ့တပြေးညီ Update လုပ်နိုင်ပါတယ်။ Cloud Storage ဖြစ်တဲ့အတွက်ကြောင့် ဖျက်လိုက်မိတာတွေကိုလည်း Recover လွယ်လွယ်ကူကူ လုပ်နိုင်သလို၊ Previous Version ကို ခဏနဲ့လည်း လိုသလို ပြန်ယူနိုင်မှာပါ။

IT2017June4 IT2017June5

Contact Management: CamCard (.99 USD)

iPhone, iPad Camera နဲ့ ချိန်ပြီး လိပ်စာကဒ်တွေကို ဓာတ်ပုံရိုက်ယူကာ အထဲက နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ် စတဲ့ အချက်တွေကို Text Recognition Software နဲ့ဖတ်ပြီး သိမ်းပေးမှာ ဖြစ်ပါတယ်။ Manually  ရိုက်ထည့် နေစရာမလိုတဲ့အတွက် အတော်လေး အသုံးတည့်မှာပါ။

Remote Meeting: GoToMeeting (free)

Video Conferencing လုပ်ဖို့အတွက် တကယ် အသုံးတည့်တဲ့ App တစ်ခု ဖြစ်ပါတယ်။ အများဆုံး လူ ၂၅ ယောက် အထိကို အင်တာနက် ချိတ်ဆက်ထားတဲ့ Device တွေကနေတစ်ဆင့် တပြိုင်နက်ခေါ်ဆို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Access your work PC: Microsoft Remote Desktop (free)

အလုပ်က ကွန်ပျူတာထဲမှာက အချက်အလက်တိုင်းလိုလို သိမ်းထားတာဖြစ်လို့ အပြင်ရောက်နေတုန်း တစ်ခုခုလိုရင် လှမ်းသုံးဖို့ ကူညီပေးမယ့် App ဖြစ်ပါတယ်။ ကိုယ့် PC မှာ Client PC တစ်ခု တပ်ဆင်ထားပြီး ဖုန်းထဲက App ကနေတစ်ဆင့် Window Desktop နဲ့ Virtually လှမ်းကြည့်ကာ တချို့ Window Program တွေကိုပါ iPad, iPhone တို့ကနေ လှမ်းသုံးနိုင်စေပါတယ်။

Payment Processing: Square Register (free)

Card System သပ်သပ်တပ်ထားစရာမလိုဘဲ ကိုယ့်ဖုန်း၊ တက်ဘလက်ကနေတစ်ဆင့် Card Payment လက်ခံနိုင်အောင် လုပ်ပေးထားတဲ့ App ဖြစ်ပါတယ်။ ဒါပေမဲ့ App ကိုအသုံးပြုဖို့ Register လုပ်ပြီးရင် Email ကနေ Device မှာတပ်သုံးဖို့ Dongle လေးတစ်ခုလှမ်းတောင်းရပါတယ်။ ပြီးရင်တော့ Card တိုင်းက Payment ကို ဖုန်း၊ iPad ကနေတစ်ဆင့် App ဖွင့်သုံးကာ လက်ခံနိုင်ပါပြီး ဒီအတွက် Square Register ကို အခကြေးငွေ ပေးရတယ်ဆိုပေမယ့် လွယ်လွယ်နဲ့သုံးလို့ရတာကြောင့် လက်သင့်ခံနိုင်စရာ ရှိပါတယ်။

IT2017June6 IT2017June7

Accounting: Freshbook (Free to download with a Freshbook subscription, starting at $20/months)

တကယ့် Accounting Software တွေလိုမျိုး လုပ်ဆောင်ချက်တွေ အကုန်ပါတဲ့ Mobile App ဖြစ်ပါတယ်။ အသုံးပြုရ လွယ်ကူတဲ့ Interface နဲ့ Cloud Storage နဲ့ ချိတ်ဆက်ထားမှုတို့ကြောင့်လည်း ပိုအသုံးအဆင်ပြေစေမှာပါ။

Messaging: Microsoft Teams (free)

Office 365 အပေါ်မှာပဲ မှီခိုနေရသူတွေအတွက် လုပ်ငန်းသုံး Messaging App တစ်ခု ဖြစ်ပါတယ်။ Admin က ဘယ်သူတွေ Access လုပ်လို့ရမလဲဆိုတာ သတ်မှတ်ပေးနိုင်ပြီး ကိုယ့် Team အတွင်း အချင်းချင်း Conversation ပြောတာ၊ Documents များ Share တွေ ပြုလုပ်နိုင်ပါတယ်။