ပြောင်းလဲလာတဲ့ခေတ်အခြေအနေမှာ IT နဲ့ ပတ်သက်တဲ့ စတင်ခါစလုပ်ငန်း (Start-up) တွေ မြန်မာနိုင်ငံမှာ တဖြည်းဖြည်း ပိုမိုများပြားလာပါတယ်။ ရန်ကုန်မြို့မှာသာမက မန္တလေးမြို့မှာပါ တွေ့လာရပါတယ်။ မန္တလေးသား IT ပညာရှင်တစ်ယောက်ဖြစ်တဲ့ ကိုမိုးထက်ကျော်က Software ရေးသားဝန်ဆောင်မှုပေးတဲ့ IT Profile Software Development & Consultancy Services ကို ထူထောင်ထားပါတယ်။ အဲဒီလုပ်ငန်းစတင်ကတည်းက သူကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေ၊ ဖောက်သည်တွေကို ဝန်ဆောင်မှုပေးပုံတွေ၊ ပြောင်းလဲနေတဲ့ခတ်နဲ့အညီ အမီလိုက်နိုင်အောင် ကြိုးပမ်းအားထုတ်ပုံတွေအကြောင်း အခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
IT Profile ကို စတင်တည်ထောင်ဖြစ်ခဲ့ပုံ ကျွန်တော်က BSc (Physics) အဝေးသင်နဲ့ ကျောင်းပြီးခဲ့ပြီး University of Greenwich (UK) က ပေးအပ်တဲ့ BSc (Hons.) Business Information Technology ဘွဲ့ကိုလည်း ရရှိခဲ့ပါတယ်။ IT Profile ကို ၂၀၁၂ ခုနှစ်အစပိုင်းကမှ စတင်တည်ထောင်ခဲ့တာဆိုတော့ တစ်နှစ်ခွဲလောက်တော့ရှိပါပြီ။ ကျွန်တော်က Information System Management လို့ခေါ်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ IT နည်းပညာကို အကျိုးရှိရှိ အသုံးချနိုင်အောင် စီမံခန့်ခွဲတဲ့အပိုင်းကိုစိတ်ဝင်စားပါတယ်။ ဒါကြောင့်လည်း Competitive ဖြစ်တဲ့ ယနေ့ခေတ် စီးပွားရေးလုပ်ငန်းတွေမှာ IT နည်းပညာကို အကျိုးရှိရှိမှန်ကန်စွာ အသုံးချပြီး လုပ်ငန်းခွင်အခက်အခဲတွေ ကို ဖြေရှင်းပေးနိုင်အောင်ပံ့ ပိုးပေးဖို့အတွက် IT Profile ကို စတင်တည်ထောင်ဖြစ်ခဲ့ပါတယ်။
လုပ်ငန်းအမည်ပေးဖြစ်ခဲ့ပုံနဲ့ ရည်ရွယ်ချက် IT Profile ဆိုတဲ့ နာမည်ပေးဖြစ်လိုက်တာက Profile ဆိုတဲ့ စကားလုံးလေးရဲ့အဓိပ္ပာယ်ကို နှစ်သက်လို့ ဖြစ်ပါတယ်။ Business တိုင်းရဲ့ Profile ထဲက IT ကဏ္ဍကို IT Profile က ထောက်ပံ့ပေးမယ်ဆိုတဲ့သဘောလည်းပါပါတယ်။ လုပ်ငန်းရည်ရွယ်ချက်တွေထဲမှာ ပထမအချက်ကတော့ Effectiveness & Efficiency to the Business လို့ခေါ်တဲ့ IT နည်းပညာကို အကျိုးရှိရှိမှန်ကန်စွာ အသုံးချနိုင်ခြင်းဖြင့် လုပ်ငန်းဆောင်တာတွေ ပိုမိုမြန်ဆန်ကောင်းမွန်လာပြီး သိသာထင်ရှားတဲ့အကျိုးကျေးဇူးတွေ ရရှိစေနိုင်ဖို့ ဖြစ်ပါတယ်။ ဒုတိယရည်ရွယ်ချက်ကတော့ Quality at Fair Price with Maximum Advantages လုပ်ငန်းနဲ့ အထူးအံဝင်ကိုက်ညီတဲ့ဆော့ဖ်ဝဲကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ ရေရှည်အောင်မြင်စွာ အသုံးပြုနိုင်ဖို့ပဲဖြစ်ပါ တယ်။ နောက်ဆုံးရည်ရွယ်ချက်ကတော့ Strategic Support to the Business လို့ဆိုရမယ့် IT နည်းပညာဟာ လုပ်ငန်းရဲ့ရေရှည်အကျိုးစီးပွားအတွက် မဟာ ဗျူဟာမြောက် လက်နက်တစ်ခုအဖြစ် အထောက်အပံ့ ပေးနိုင်ရမယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒါ့အပြင် IT Profile က စီးပွားရေးလုပ်ငန်းတွေအတွက်သာမကဘဲ ကျွန်တော့်လို IT နည်းပညာကို စိတ်ဝင်စားတဲ့ IT Academic လမ်းကြောင်းပေါ်က လူငယ်တွေကို Professional တစ်ယောက်ဖြစ်အောင် Train ပေးနိုင်တဲ့၊ Educ- ate လုပ်ပေးနိုင်တဲ့ Center တစ်ခုအဖြစ်လည်း ရည်ရွယ်ထားပါတယ်။
လုပ်ငန်းလည်ပတ်ပုံ ကျွန်တော်က ရုံးမှာ Business IT Consultant ရာထူးကို တာဝန်ယူထားပါတယ်။ လုပ်ငန်းတွေမှာ Software တစ်ခုကို အကျိုးရှိရှိနဲ့ အောင်မြင်စွာအသုံးချနိုင်အောင် အကြံပေးဆောင်ရွက်တာ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်က System Design တွေ ဆွဲပေးတယ်။ ဒီထဲမှာ ကျွန်တော် အဓိကထောက်ပြချင်တာ က Quality Control (QC) အပိုင်းပါ။ ထိတွေ့ကိုင်တွယ်လို့ရတဲ့ပစ္စည်းတိုင်းမှာ QC ဆိုတဲ့ စာတန်းလေးပါရင် ဘယ် သူမဆို ဒီပစ္စည်းဟာ အရည်အသွေးပိုင်းဆိုင်ရာ မှန်ကန်တိကျမှုရှိအောင် ဆောင်ရွက်ထားပြီးသားဆိုတာကို နားလည်ကြပါတယ်။ ဒါဆိုထိတွေ့ကိုင်တွယ်လို့ မရတဲ့ Software ကို ဘယ်လ QC လုပ်သလဲဆိုတဲ့အပိုင်းက စိတ်ဝင်စားစရာ ကောင်းမယ်လို့ထင်ပါတယ်။ ကျွန်တော့်ရုံးမှာ ဝန်ထမ်းတိုင်း မဖြစ်မနေ လုပ်ရတဲ့တာဝန်က QC ပါ။ ဘာကို QC လုပ်သလဲဆိုတော့ ဥပမာပေးရရင် စာရင်းကိုင် Software ကို အဓိကအသုံးပြုသူက စာရင်းကိုင်ဝန်ထမ်းဖြစ်ပြီး ထွက်လာတဲ့ အစီရင်ခံစာကို ကြည့်မှာက ပိုင်ရှင်ဖြစ်ပါတယ်။ ဒီနှစ်ယောက်ရဲ့ Software တစ်ခုပေါ်က ရချင်တဲ့ မျှော်မှန်းတဲ့ အရာတွေ မတူပါဘူး။ ဝန်ထမ်းက လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်နဲ့ တိကျတဲ့ စာရင်း ထွက်နိုင်ဖို့ဖြစ်ပြီး၊ ပိုင်ရှင်ကတော့ ရှင်းလင်းထိရောက်တဲ့ အစီရင်ခံစာတွေ လုပ်ငန်းအတွက် ဆုံးဖြတ်ချက်ချရာမှာ လိုအပ်တဲ့စာရင်းတွေ ထွက်လာဖို့ဖြစ်ပါတယ်။ IT Profile က ထုတ်လုပ်လိုက်တဲ့ Software တွေကို အသုံးပြုသူတွေ ရသင့်တဲ့အချက်တွေကို သေချာအောင် QC ကို စနစ်တကျ လုပ်ထားတာဖြစ်ပါတယ်။
ရည်ရွယ်ချက်ကောင်းမွန်တဲ့ဝန်ဆောင်မှု ဆော့ဖ်ဝဲကုမ္ပဏီဆိုတာ အဓိကက ဆော့ဖ်ဝဲတွေကိုထုတ်လုပ်ရောင်းချတာဖြစ်ပါတယ်။ အခုဆိုရင် မြန်မာပြည်မှာ ရောင်းချတဲ့ဆော့ဖ်ဝဲတွေ အများအပြားရှိပါတယ်။ IT Profile လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ IT Profile ကို ဆော့ဖ်ဝဲရောင်းတာဆိုတာထက် စီးပွားရေးလုပ်ငန်းတွေကို အဆင်ပြေစေမယ့်IT ဝန်ဆောင်မှု တစ်ခုကို ပံ့ပိုးပေးနေတယ်ဆိုတဲ့ ပုံစံနဲ့သွားပါတယ်။ တကယ်က IT Strategy ဆိုတာ Business Strategy ကိုအထောက်အပံ့ပေးရမယ့် အရေးကြီးအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ Software House ဘက်ကနေ ဖောက်သည်ကို ဒါပဲသုံး၊ ဒါနဲ့ကိုက်အောင်သုံးဆိုတဲ့ ပုံစံမျိုးနဲ့သွားလို့ မဖြစ်ပါဘူး။ ဆော့ဖ်ဝဲတစ်ခုဟာ အသုံးပြုမယ့် လုပ်ငန်းခွင်နဲ့ အံဝင်ခွင်ကျဖြစ်မှသာ သိသာထင်ရှားတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ရင်တော့ IT ကို အသုံးပြုခြင်းဟာ အဟန့် အတားတစ်ခု အတားအဆီးတစ်ခု ဖြစ်နေပါလိမ့်မယ်။ ဒီနေရာမှာ လုပ်ငန်းရှင်တော်တော်များများ လွဲမှားနေတဲ့အလေ့အထက ဆော့ဖ်ဝဲတစ်ခုကိုစပြီးဝယ်ရင် သာမန်ပစ္စည်းတစ်ခု ဝယ်နေသလို ဈေးကိုကြည့်မယ်၊ အပြင်ပန်း အပြင်အဆင်တွေကိုကြည့်ပြီး ကြိုက်ရင်ဝယ်မယ်၊သုံးကြည့်မယ်၊ မကြိုက်ရင် ပြန်လဲမယ်ဆိုတဲ့ အယူအဆပါပဲ။ ဒါဟာ တကယ်ကိုလွဲမှားနေပါတယ်။ လုပ်ငန်း အတွက်လည်း အန္တရာယ် ကြီးပါတယ်။ IT စနစ်တစ်ခုကို စီးပွားရေးလုပ်ငန်းမှာစတင်အသုံးပြုတဲ့ (Manual ကနေ Computerized ကိုပြောင်းလဲမှု) ကာလဟာ အကူး အပြောင်းကာလဖြစ်တဲ့အတွက် ထည့်သွင်းစဉ်းစားရမယ့်အချက်တွေ အများကြီးရှိပါတယ်။ ဒီအတွက်ကြောင့်လည်း IT Profile မှာ Software Development သာမ က Consultancy Services ဆိုတဲ့အပိုင်းကို ထည့်သွင်းထားတာဖြစ်ပါတယ်။ IT Profile ရဲ့ ဖောက်သည်တော်တော်များများက Trading ကုမ္ပဏီတွေဖြစ်ပါတယ်။ ဒုတိယကတော့ ဟိုတယ်လုပ်ငန်းတွေဖြစ်ပြီး၊ တတိယကတော့ ဆောက် လုပ်ရေးလုပ်ငန်းတွေ ဖြစ်ပါတယ်။ သုံးတဲ့အထဲမှာ လုပ်ငန်းကြီးတွေရော၊ အလတ်ရော၊ အသေးစားလုပ်ငန်းတွေပါ ပါဝင်ပါတယ်။ လုပ်ငန်းအရွယ်အစားနဲ့ ကိုက်ညီအောင်လည်း IT Profile ရဲ့ Product တွေကို Version အမျိုးမျိုး ခွဲထားပါတယ်။ဒါကြောင့် တွက်ခြေကိုက်မှုဆိုတဲ့အချက်ကိုလည်း ပြေလည်အောင် ပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။
လုပ်ငန်းတည်ထောင်စဉ် တွေ့ကြုံရတဲ့ အခက်အခဲ အကြီးမားဆုံးအခက်အခဲကတော့ Human Resources ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် တောင့်ခံထားရတယ်ဆိုတဲ့ ပုံစံမျိုးပါပဲ။ ကျွန်တော်တို့ IT နယ်ပယ်မှာHR က အလွန်ခက်ပါတယ်။ အခြေခံပညာရေးစနစ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မိမိရဲ့အကျိုးခံးစားခွင့်နဲ့ ရာထူးအလိုက် လုပ်ငန်းတိုင်းမှာ တာဝန်ယူမှုကိုယ်စီရှိရမယ်ဆိုတဲ့ အပိုင်းမှာ တော်တော်လေးအားနည်းတာကို တွေ့ရပါတယ်။ နောက်တစ်ခုကတော့ Skillful မဖြစ်တာပေါ့။ တာဝန် ကောင်းကောင်းယူနိုင်ဖို့၊ ကိုယ်တာဝန်ယူတဲ့အပိုင်း ကို ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။ Educational Background ၊ Experience တွေ ကောင်းကောင်းရှိထားဖို့ လိုအပ်ပါတယ်။ ဒါတွေဟာIT Profile အတွက်သာမ က မြန်မာနိုင်ငံ IT ကဏ္ဍအတွက် ကျော်လွှားရမယ့် အခက်အခဲကြီးပဲဖြစ်ပါတယ်။ နောက်ပြီး နိုင်ငံတော်က ပံ့ပိုးပေးရမယ့် အခြေခံအဆောက်အအုံတွေ အားနည်းတဲ့ အချက်တွေဖြစ်တဲ့ အင်တာနက်မြန်နှုန်းမကောင်းတာ၊ မီးပျက်တာတွေကလည်း အဟန့်အတားတစ်ခုဖြစ်နေပါသေးတယ်။
လုပ်ငန်းချဲ့ထွင်သွားဖို့အစီအစဉ် အခုတော့ ရန်ကုန်မှာကုမ္ပဏီခွဲ ဖွင့်ဖို့တော့ စီစဉ်ထားပါတယ်။ IT လုပ်ငန်းတွေအတွက် အလားအလာ အင်မတန်ကောင်းတာကိုလည်း တွေ့ရပါတယ်။ အဓိကကတော့ IT လုပ်ငန်းတွေ အရည်အသွေး ရှိလာဖို့ပါပဲ။ ကျွန်တော်က မန္တလေး AAT Business Park မှာလည်း ဆရာမကြီး ဒေါ်အေးအေးသန့်ရဲ့Workshop တွေ၊ Seminar တွေ ကို တက်ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေ ဘာကိုမျှော်လင့်တောင့်တနေကြတယ်ဆိုတာကို ခန့်မှန်းမိတဲ့အတွက်လည်း ဒီလုပ်ငန်းကို ဒီထက်ပိုပြီး အရည်အသွေး ရှိအောင် လုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။ အရည်အသွေးရှိတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကတော့ မြန်မာနိုင်ငံမှာ ဦးဆောင်ခေါင်းမော့နိုင်မယ်လို့လည်း သုံးသပ်မိပါတယ်။
လုပ်ငန်းစတင်မယ့် လူငယ်တွေအတွက် အကြံဉာဏ် ပထမအရေးကြီးဆုံးကတော့ မိမိအကြောင်းကို မိမိကိုယ်တိုင် ရှင်းရှင်းလင်းလင်းသိအောင် အရင်လုပ်ဖို့ ဖြစ်ပါတယ်။ ဥပမာ - ကုန်စုံဆိုင်လေးဖွင့်ချင်ရင် ကိုယ့်ဆိုင်မှာ ဘယ်လို ကုန်စည်တွေ တင်မှာလဲ၊ ဘယ်သူတွေကိုရောင်းမှာလဲ၊ ဆိုင်ရဲ့ ဝင်ငွေကို ဘယ်လိုအဓိက လည်ပတ်မလဲ၊ လုံးဝမရောင်းရရင် ဘယ်လိုလုပ်မလဲ စတဲ့ မေးခွန်းတွေကို မိမိကိုယ်တိုင်အရင်ဖြေ ကြည့်ရပါမယ်။ ထွက်လာတဲ့အဖြေတွေကို ပြန်လည်သုံးသပ်ပြီးမှ အစီအစဉ်ချပြီး လုပ်ကိုင်သင့်ပါတယ်။ ဒုတိယအချက် အနေနဲ့ကတော့ HR ပါ။ တစ်ကိုယ်တော် လုပ်ငန်းဆိုရင် ပြ ဿနာမရှိပေမဲ့ အဖွဲ့အစည်းအနေနဲ့လုပ်မယ်ဆိုရင်တော့ HR က လုပ်ငန်းတိုင်းရဲ့ အောင်မြင်မှု၊ ရှုံးနိမ့်မှုကို အဆုံးအဖြတ်ပေးနေတာပါ။ ဒါကြောင့် HR အတွက် Plan ကောင်းကောင်းရှိသင့်ပါတယ်။ တတိယအချက်ကတော့ Investment ဖြစ်ပါတယ်။ မိမိ Invest လုပ်နိုင်တဲ့ ငွေပမာဏကို အစကတည်းက ကြိုတင်တွက်ချက်ပြီး ဘယ်လောက်ငွေကြေးအတိုင်းအတာထိ တောင့်ခံနိုင်သလဲစဉ်းစားသင့်ပါ တယ်။ နောက်ဆုံးအချက်ကတော့ မိမိစတင်မယ့်လုပ်ငန်းနဲ့ လိုက်လျောညီထွေဖြစ်မယ့် အချိန်အခါ (Timing) ဖြစ်ဖို့ အရေးကြီးပါတယ်။ ဒီနေရာမှာEnvironment Factor တွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ဒီလို လုပ်ငန်းတစ်ခုအတွက် အရေးကြီးတဲ့ ရင်းမြစ်တွေကို ကောင်းစွာစီမံနိုင်ရင် အောင်မြင်တဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်လာပါလိမ့်မယ်။
ဆက်သွယ်ရန်လိပ်စာ IT Profile Software Development & Consultancy Services ရဲ့ လိပ်စာကတော့ အမှတ် ၁၄၆၊ ၃၁ လမ်း (လမ်း ၈၀ နှင့် ၈၁ လမ်းကြား)၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့၊ ဖုန်း ၀၂-၇၃၉၂၀ ဖြစ်ပါတယ်။
အယ်ဒီတာအဖွဲ့