News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
IT & Gadgets
Editorial
February 21, 2014
IT
ကျန်းမာရေးနဲ့ပတ်သက်တဲ့ နည်းပညာအသုံးအဆောင်တွေရဲ့ အခန်းကဏ္ဍက လုပ်ငန်းခွင်ဘဝကလူတွေကို တကယ်ပဲ အထောက် အကူပြုတယ်ဆိုတာ အမှန်ပါပဲ။ နည်းပညာလောကမှာတော့ ကျန်းမာရေးအထောက်အကူပြု Gadget ပေါင်းမြောက်မြားစွာ ထွက်ပေါ်လာနေပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက နည်းပညာပစ္စည်းရောင်းတဲ့ ဆိုင်တွေမှာတော့ သူတို့ကို မတွေ့ရသေးပါဘူး။ စာရေးသူရဲ့ ညံ့ဖျင်းမှုကြောင့် ဒါတွေရောင်းချတဲ့ဆိုင်ကိုရှာမတွေ့တာလည်း ဖြစ်ချင်ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် CEO ရဲ့ စာဖတ်ပရိသတ်တွေက နိုင်ငံရပ်ခြား Business Trip တွေ ထွက်နေရတာ များတယ်ဆိုတော့ တစ်နိုင်ငံမဟုတ်တစ်နိုင်ငံမှာတော့ ဝယ်လို့အဆင်ပြေပါလိမ့်မယ်။ ဒါကြောင့်လည်း အခုလမှာ ပြည်တွင်းမှာ ဝယ်ယူနိုင်တဲ့ AC ၊ Oginal နာရီ နှစ် မျိုးနဲ့အတူ Wearable Tech Accessory နှစ်ခုဖြစ်တဲ့ Jawbone Up24 နဲ့ Fitbit Force ဆိုတဲ့ လက်ပတ် (Wistband) နှစ်မျိုးကိုပါ ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။
Jawbone UP24 တစ်နေ့တာအတွင်း လျောက်လှမ်းခဲ့တဲ့ ခြေလှမ်းအရေအတွက်၊ ကယ်လိုရီလောင် ကျွမ်းမှုပမာဏ၊ အစားအသောက်နဲ့ ပတ်သက်တဲ့အချက်အလက်တွေ၊ အိပ်စက်အနား ယူခြင်းနဲ့ ပတ်သက်တဲ့အချက်အလက် (အချိန်ဘယ်လောက်ကြာအောင်အိပ်ခဲ့ တယ်၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ရဲ့လားစသဖြင့်) တွေကို မှတ်သားထားနိုင်တဲ့ Tracker လေးဖြစ်ပါတယ်။ ပြီးတော့ အိပ်ရာကထဖို့အတွက် Vibration Alarm လည်း Set လုပ်ထားနိုင်မှာပါ။ တကယ်လို့ ကိုယ်ကမလှုပ်မယှက် အလုပ်စားပွဲမှာ ထိုင်နေမိနေတယ်ဆိုရင်ကိုယ့် ကိုသတိပေးစေဖို့လည်း Alarm လုပ်ထားလို့ရပါတယ်။ တစ်နေ့တာနဲ့ ပတ်သက်အချက်အလက်တွေကို မှတ်တမ်းတင် သိမ်းဆည်းဖို့ဆိုရင် လည်း Bluetooth Smart လုပ်ဆောင်ချက်၊ ဒါမှမဟုတ် Simple Sync တို့ကို သုံးနိုင်ပါတယ်။ Smart Accessory တို့ရဲ့ ထုံးစံအတိုင်း သူ့ကို App နဲ့ တွဲသုံးရ မှာဖြစ်ပြီး အခုလောလောဆယ်အထိတော့ UP 24 မှာ iPhone နဲ့တွဲဖက်အသုံးပြုဖို့ iOS version app ပဲရှိပါသေးတယ်။ တန်ဖိုး - 149.99 USD
Fitbit Force နေ့စဉ်ကျန်းမာရေးအခြေအနေကို Track လုပ်ပေးမှာပါပဲ။ သူက Real-Time အချက်အလက်တွေကို ပေးမှာပါ။ ခြေလှမ်းအရေအတွက်၊ ဘယ် လောက် အကွာအဝေးအထိ သွားခဲ့လဲ၊ တစ်နေ့တာအတွင်းလောင်ကျွမ်းသွားတဲ့ ကယ်လိုရီပမာဏ၊ တက်ခဲ့တဲ့ လှေကားထစ်အရေအတွက်နဲ့ တစ်နေ့တာလုံး အတွက် အချိန်ဘယ်လောက်ကြာကြာ နိုးနိုးကြားကြားရှိနေခဲ့သလဲ၊ ညအိပ် ချိန်မှာဆိုရင်လည်း အိပ်စက်အနားယူမှုကို Track လုပ်မှတ်သားပြီး မနက်မိုး လင်းရင် Vibrating Alarm နဲ့ နှိုးပေးနိုင်ပါတယ်။ Force ကတော့ Computer ၊ Android phone နဲ့ iPhone တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါ တယ်။ ဒီလိုချိတ်ဆက်ဖို့ကိုတော့ သူက Bluetooth 4.0 ကိုသုံးပါတယ်။ တန်ဖိုး - 129.99 USD
Alexadre Christie 6268MC ဒီဇိုင်းပုံစံကျပြီး ဈေးနှုန်းအရလည်း မန်နေဂျာတွေအတွက်သင့် တင့်တဲ့အနေအထားမှာရှိတဲ့ Alexadre Christie တံဆိပ်နဲ့ လက်ပတ်နာရီဖြစ်ပါတယ်။ 6268MC ရဲ့ ဒိုင်ခွက်က Stainless Steel နဲ့လုပ်ထားတာဖြစ်ပြီး ကြိုးကတော့ ရာဘာ ဖြစ်ပါတယ်။ ကြိုးအရောင် သုံးမျိုးရှိပြီး ကြိုး အရှည်က ၄၇.၀၀ မီလီမီတာရှိကာ ရေစိုခံအမျိုး အစားလည်းဖြစ်ပါတယ်။ တန်ဖိုး - ၁၇၂,၀၀၀ ကျပ်ဝန်းကျင် Cherry Oo
Ogival 305-078DLK/ DLW Swiss Made နာရီအမျိုးအစားဖြစ်ပြီး Style ကျလှပတဲ့ အသွင်ရှိတာကြောင့် Business Lady တွေနဲ့ သင့်တော်ပါတယ်။ ဘဲဥပုံဒိုင်ခွက်မှာ ကျောက်တွေနဲ့ အလှဆင်ထားတာဖြစ်ပြီး လက်ပတ်ကြိုးအရောင်ကတော့ ရွှေရောင်နဲ့ ငွေရောင် နှစ်မျိုး ရွေးချယ်နိုင်မှာပါ။ သူကလည်း ရေစိုခံအမျိုးအစားပါပဲ။ တန်ဖိုး - ၄၁၅,၀၀၀ ကျပ်ဝန်းကျင် Cherry Oo
Facebook
Twitter
LinkedIn
RELATED POSTS
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Olympus Corp က မိုက်ခရိုစကုပ်လုပ်ငန်းခွဲကို ရောင်းချ
Posted On September 4, 2022, By Editorial
အမြတ်ရာခိုင်နှုန်းတိုးတက်လာတဲ့ Singtel
Posted On August 29, 2022, By Editorial
သင့် ဖုန်း၊ တက်ဘလက်နဲ့ လက်ပ်တော့ပ်တွေရဲ့ ဘက်ထရီသက်တမ်းကြာရှည်ခံစေမယ့်အကောင်းဆုံးနည်းလမ်း
Posted On July 25, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း