iPad ကို စီးပွားရေးလုပ်ငန်းများအတွက် အသုံးချသင့်သည့် အကြောင်းရင်းငါးချက်

ipad-2-no-home-button1

iPad ကိုအသုံးပြုသင့်ကြောင်း၊ iPad ကောင်းကြောင်း စာတွေ ဖတ်ဖူးကြပါလိမ့်မယ်။ ဒါပေမဲ့ iPad  ကို စီးပွားရေးအတွက် ဘာကြောင့်အသုံးပြုသင့်တာကို ထောက်ခံအားပေးထားတဲ့ စာတွေကိုတော့ လုံးဝမတွေ့ဘူးတာလည်း ဖြစ်နိုင်သလို၊ ရှားပါးကြောင်း သတိထားမိပါလိမ့်မယ်။ iPad  ကို မိမိတစ်ကိုယ်ရေ အသုံးပြုတာသာမကဘဲ စီးပွားရေးလုပ်ငန်းတွေအတွက်ပါ ထိထိရောက်ရောက် အသုံးပြုနိုင်ကြပါတယ်။ အဲဒီလိုအသုံးပြုနိုင်ဖို့အတွက် သိသင့်တဲ့အချက်တွေကို တင်ပြလိုက်ပါတယ်။ (1) Battery သက်တမ်းကြာရှည်ခံမှု

image3-e1354725376654

  iPad  ကို အချိန်ကြာကြာ အသုံးပြုနိုင်တယ်ဆိုတာကို သုံးစွဲသူတိုင်းသိပြီး ဖြစ်ပါတယ်။ စမ်းသပ်မှုပေါင်း အများကြီးနဲ့လည်း စမ်းခဲ့ပြီးဖြစ်ပါတယ်။ Laptop တွေဆိုရင် များသောအားဖြင့် ရှစ်နာရီထက်ပိုမခံကြောင်း တွေ့ရတယ်။ အဲဒီထက် ပိုအသုံးပြုလိုပါကလည်း ထူထဲလေးလံတဲ့ Extended Battery တွေနဲ့ ခက်ခက်ခဲခဲအသုံးပြုရပါတယ်။ Multimedia  တွေနဲ့ ပတ်သက်တဲ့အလုပ်တွေ၊Processor အားယူရတဲ့ကိစ္စ တွေအတွက် Laptop တွေမှာ အချိန်ကြာကြာ မခံတာကိုတွေ့ရတယ်။ iPad တွေမှာတော့ ရုပ်ရှင်တွေ ဆက်တိုက်ကြည့်တဲ့တိုင်အောင် အချိန်ဆယ်နာရီလောက်တော့ အသာလေး အသုံးပြုနိုင်တာကိုတွေ့ရပါတယ်။ အလုပ်အတွက် အသုံးပြု မယ်ဆိုရင်လည်း ရုံးချိန်အတွင်း ပြည့်ပြည့်၀၀အသုံးပြုနိုင် တာကိုတွေ့ရပါတယ်။ (2)ချက်ချင်းအသုံးပြုနိုင်ခြင်း iPad က iPhone နဲ့  iPod Touch တွေမှာ အသုံးပြုထား တဲ့တူညီတဲ့ iOS Operation System  ကိုပဲ အသုံးပြုထားတဲ့အတွက် iPad ကိုဖွင့်ပြီး မကြာခင်မှာပဲ ချက်ချင်းဆိုသလို စတင်အသုံးပြုနိုင်တယ်။  Soild State Drive အသုံးပြုထားတဲ့ Windows 7 Laptop  အချို့မှာလည်း အဲဒီလို အသုံးပြုနိုင်တာကို တွေ့ရတယ်။ ဘယ်လိုပဲဆိုစေ၊ သုံးစွဲသူတွေဟာ ခလုတ်ဖွင့်လိုက်တာနဲ့ ချက်ချင်းအသုံးပြုချင်ကြသူတွေသာ ဖြစ်ကြပါတယ်။ (3) လုံခြုံရေးကိစ္စ iPad ကို အသုံးပြုရင် အားသာချက်တွေရနိုင်သလို အား နည်းချက်တွေလည်း ရှိတယ်။ Laptop နဲ့ Desktop တွေမှာ Kingston Secutrity Slot  တွေပါဝင်ပေမဲ့ iPad မှာ အဲဒီလိုမျိုး Slot တွေပါဝင်မှုမရှိပါ။ အဲဒီအကြောင်းအရာကပဲ iPad ကိုခိုးယူဖို့ လွယ်ကူတဲ့အချက်တစ်ခု ဖြစ်ပါတယ်။ iPad ကိုစီးပွားရေးလုပ်ငန်းအတွက် အသုံးပြုထားမယ်ဆိုရင် စိုးရိမ်ဖွယ်ဖြစ်တယ်။ အဲဒါကြောင့် iPad ကို Public  နေရာ တွေမှာ အသုံးပြုရမယ်ဆိုရင် အထူးသတိထားပြီး အသုံးပြုသင့်ပါတယ်။ (4) အလုပ်တစ်ခုတည်းအတွက်မဟုတ် Power ခလုတ်ဖွင့်ပြီးတာနဲ့ ချက်ချင်းအသုံးပြုနိုင်တဲ့ iPad ဟာ ပေါ့ပါးတဲ့ Touch Screen  ပါဝင်တာကြောင့် သုံးစွဲရ အဆင်ပြေပါတယ်။ လုပ်ငန်းအတွက် ထိရောက်မှုရှိပါတယ်။ ဒါပေမဲ့ အမှန်အတိုင်းဆိုရင် iPad က အခြား Device  တွေလိုမျိုးမဟုတ်ဘဲ Single Tasking Device လို့ဆိုတဲ့ တစ်ချိန်မှာ အလုပ်တစ်ခုတည်းလောက်ကိုသာ ထိထိရောက် ရောက်လုပ်ပေးနိုင်တဲ့ပစ္စည်းမျိုး ဖြစ်တယ်။ ဆိုလိုတာက Multi-Tasking မရနိုင်ပါဘူး။ Windows  ၊ Mac OS အသုံးပြုထားတဲ့ Work Station တွေနဲ့ မတူတာက  iOS  ကို တည်ဆောက်ထား ပုံက အဲဒီအပေါ်မှာ App  တွေအနေနဲ့ Stand Alone သာ အလုပ်လုပ်နိုင်ဖို့ လုပ်ထားပါတယ်။ အသုံးပြုတဲ့အခါ App တစ်ခုက တစ်ခုကို ပြောင်းနိုင်ပေမဲ့ CPU က တစ်ချိန် မှာ အလုပ်တစ်ခုကိုသာ လုပ်ပေးနိုင်တယ်။ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေအနေနဲ့ iPad ကို အသုံး ပြုပြီးအလုပ်လုပ်မယ်ဆိုပါက App တွေကို အဲဒီ Flow နဲ့ ကိုက်ညီအောင် စီစဉ်ရမှာဖြစ်တယ်။ (5) WiFi ကန့်သတ်ချက်များ

2012-10-24-19-48-32

  အခြား Desktop  ကွန်ပျူတာတွေ၊ Laptop ၊ Netbook တွေ လိုမဟုတ်ဘဲ iPad က Connection  ယူရာမှာ Wireless တစ်ခုတည်းသာ ရနိုင်တယ်။ အဲဒါလည်း WiFi ကသာ အခြေခံကျတဲ့ Connection တစ်ခုဖြစ်တယ်။ WiFi ဟာ Set up လုပ်ပြီး သုံးစွဲရလွယ်ကူတာကြောင့် အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေအနေနဲ့ Application သုံးစွဲမှုတွေ နဲ့ပတ်သက်ပြီး Reliability နဲ့ Security ရှုထောင့်တွေ ဘက်က ကြည့်သင့်တယ်။ အဲဒီကိစ္စနဲ့ပတ်သက်တဲ့ပညာရှင်တွေက ရေးသားထားတဲ့ဆောင်းပါးတွေကိုလည်း အသေးစိတ် ထပ်မံလေ့လာနိုင်ပါတယ်။