Motorola CEO နဲ့ အင်တာဗျူး

Google Motorola Phones Motorola ကုမ္ပဏီကို Goggle က အမေရိကန်ဒေါ်လာ ၁၂.၄ ဘီလီယံနဲ့ ဝယ်ယူလိုက်တာဟာ Android OS စနစ်ကို ဉာဏပစ္စည်း မူပိုင်ခွင့်တရားစွဲဆိုခံရမှုကနေ ကင်းလွတ်ဖို့အတွက် Google ရဲ့ မူပိုင်ခွင့်တွေကို ရယူပိုင်ဆိုင်ဖို့ကြိုးပမ်းမှုတစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံထားရပါတယ်။ Motorola ကတော့ မိုဘိုင်းဖုန်းထုတ်လုပ်မှုကို ရပ်တန့်ဖို့မရှိသေးပါဘူး။ သြဂုတ်လတုန်းက အမေရိကန်မှာ ပထမဆုံးတပ်ဆင်ထုတ်လုပ်တဲ့ Moto X စမတ်ဖုန်းကို စတင်ရောင်းချခဲ့ပါတယ်။ ပြီးခဲ့တဲ့လမှာ ဘတ်ဂျက်ချွေတာတဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ ထွန်းသစ်စဈေးကွက်တွေအတွက်ရည်ရွယ်ပြီး Moto G ကို ထုတ်လုပ်ခဲ့ပါတယ်။ Moto G မှာ ဈေးကွက်မှာ ဦးဆောင်နေတဲ့ နာမည်ကြီးစမတ်ဖုန်းတွေမှာပါဝင်တဲ့ Feature တွေနဲ့ အရည်အသွေးမြင့်ရုပ်ထွက်ပါဝင်ပြီး ဈေးနှုန်းကတော့ အမေရိကန်နိုင်ငံမှာ ၁၇၉ ဒေါ်လာ ကနေစတင်ရောင်းချပြီး ဒေါ်လာ ၆၀၀ နဲ့အထက်ရောင်းချတဲ့ အခြားအရည်အသွေးမြင့်စမတ်ဖုန်းတွေနဲ့ နှိုင်းယှဉ်ရင် ဈေးအတော်သက်သာပါတယ်။ စမတ်ဖုန်းအသစ်တွေထုတ်လုပ်နေပေမဲ့ Motorola အနေနဲ့ အကူးအပြောင်းကာလကို ဖြတ်သန်းနေရဆဲ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ Razr flip phone ကို ဈေးကွက်မိတ်ဆက်ပြီးတဲ့နောက်မှာ Motorola ရဲ့ ရောင်းအား အရမ်းတက်ခဲ့ပေမဲ့ အဲဒီလိုအနေအထားမျိုးထပ်ပြီးဖြစ်လာဖို့ကိုတော့ ရုန်းကန်ခဲ့ရတာဖြစ်တယ်။ Google ရဲ့ လက်အောက်ကိုရောက်သွားချိန်မှာတော့ အမေရိကန်ဒေါ်လာ ၂ ဘီလီယံလောက်ရှုံးခဲ့ပြီး ဝန်ထမ်းအရေအတွက်ကိုလည်း နှစ်သောင်းကနေ ၃၈၀၀ အထိလျှော့ချခဲ့ရပါတယ်။ Motorola ရဲ့ ထုတ်ကုန်တွေအကြောင်းနဲ့ အင်တာနက်ကို လူတိုင်းသုံးပြုနိုင်မယ့်အနေအထားမျုးိရောက်အောင် ရည်မှန်းထားတာတွေနဲ့ပတ်သက်ပြီး Motorola ကို Google က ဝယ်ယူလိုက်ပြီးနောက် ၂၀၁၂ ခုနှစ်မှာ Motorola ရဲ့CEO ဖြစ်လာတဲ့ Dennis Woodside နဲ့ AP သတင်းဌာနရဲ့ တွေ့ဆုံမေးမြန်းခန်း ကို ဖော်ပြပေးလိုက်ပါတယ်။ Q: လူတော်တော်များများက Motorola ကို ဆဲလ်ဖုန်းတွေနဲ့ Razr ဖုန်းတွေနဲ့ပတ်သက်ပြီး သိကြပါတယ်။ အခုခင်ဗျားအနေနဲ့ Motorola ကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုချင်လဲ။ A: ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေက Hardware ချည်းသက်သက်မဟုတ်ဘဲ မိုဘိုင်းအင်တာနက်ပိုင်းလည်း ပါဝင်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ သန်းပေါင်းများစွာသောလူတွေကို မိုဘိုင်းဝန်ဆောင်မှုတွေ ရရှိဖို့အတွက် ထောက်ပံ့ပေးနိုင်ဖို့ပဲဖြစ်တယ်။ Moto G မှာ ကျွန်တော်တို့ရဲ့ နည်းဗျူဟာကို တွေ့ရမှာပါ။ Moto G ကတော့ iPhone တစ်ဖုန်းလုံးရဲ့ စွမ်းဆောင်မှုတွေအတိုင်းရရှိနိုင်ပြီး iPhone ထက် လေးဆလောက်ဈေး သက်သာတဲ့နှုန်းနဲ့ ဝယ်ယူနိုင်မှာပါ။ Q:မိုဘိုင်းဖုန်းလုပ်ငန်းကို ဆက်သွားဖို့အတွက် Motorola ကုမ္ပဏီတစ်ခုတည်း ဘာဖြစ်လို့ သီးသန့်မရပ်တည်နိုင်ခဲ့တာလဲ။ A: Google က Motorola ကို လုပ်ဆောင်ပေးတဲ့အရာတွေရှိပါတယ်။ အဲဒီအထဲကတစ်ခုကတော့ ရှင်းလင်းပြတ် သားတဲ့ ရေရှည်ရည်မှန်းချက်ရှိလာအောင် Google ကပြုလုပ်ပေးပြီး အဲဒီရည်မှန်းချက်ကို ထားရှိဖို့ တကယ့်ကို တွန်းအားပေးနှိုးဆော်ခဲ့တာဖြစ်သလို အပြောင်းအလဲပြုလုပ်ဖို့အတွက် Google ကျွန်တော်တို့ကို အရင်းအနှီးမတည် ပေးခဲ့တာပါ။ ကျွန်တော်တို့နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ဝန်ဆောင်မှုတွေအားလုံးကို အရည်အသွေးမြင့် ပစ္စည်းကိရိယာ တွေကိုအသုံးပြုပြီး လူတွေအားလုံးဆက်သွယ်အသုံးပြုနိုင်မယ့် ရေရှည်တန်ဖိုးစံနှုန်းတစ်ခုကို ယုံကြည်ဖို့လိုပါတယ်။ Google မှာပဲ အဲဒီလို ရေရှည်အမြော်အမြင်ရှိတာပါ။ Q: Motorola မှာ Google ရဲ့ အခန်းကဏ္ဍနဲ့ Motorola ရဲ့ အခန်းကဏ္ဍကို သိချင်ပါတယ်။ A: Goole က Motorola ရဲ့ ရှယ်ယာရှင်ဖြစ်ပေမဲ့ လုပ်ငန်းလည်ပတ်တာကို Motorola ကပဲ သီးသန့်လုပ် ကိုင်တာပါ။ ကျွန်တော်တို့ရဲ့ နည်းပညာ(စနစ်)တွေက သီးခြားစီဖြစ်တယ်။ Google ရဲ့ Data Center တွေနဲ့ Internal Tools တွေကို အဆင့်မြှင့်တင်တာမျိုးကို ကျွန်တော်တို့အနေနဲ့ လုပ်ချင်ပါတယ်။ ဒါပေမဲ့ Android OS က စမတ်ဖုန်းထုတ်လုပ်သူအားလုံး အသုံးပြုနိုင်တဲ့ Platform ဖြစ်တဲ့အတွက် ကျွန်တော်တို့မှာ IT Access ရထားရင် အခုလိုသီးခြားရပ်တည်မှုကနေ သတင်းပေါက်ကြားမှုတွေဖြစ်ပေါ်နိုင်ပါတယ်။ Android Version အသစ်ရဲ့ Code ကို အခြားစမတ်ဖုန်းထုတ်လုပ်သူတွေရတဲ့အချိန်နဲ့ တစ်ပြိုင်နက်တည်းမှာ ကျွန်တော်တို့လည်း ရပါတယ်။ ကျွန်တော်တို့က ဒီထက်ပိုပြီးလုပ်ချင်တဲ့အပိုင်းတွေ ရှိနေတော့ တစ်ခါတလေကျရင်အဲဒါက စိတ်ရှုပ်စရာပါပဲ။ Q:  ကုမ္ပဏီနှစ်ခုပေါင်းလိုက်တဲ့အခါမှာ ခေါင်းအစားဆုံးကိစ္စက ဘာပါလဲ။ A: မျှော်မှန်းထားတာတွေကတော့ အရမ်းကိုမြင့်ပါတယ်။ Google က ငါတို့ကိုပိုင်သွားပြီဖြစ်တဲ့အတွက် ဘာမဆိုအရာအားလုံးကို Google နဲ့ ပူးပေါင်လုပ်ကိုင်ဖို့ မျှော်လင့်ထားတဲ့လူတွေ Motorola မှာရှိသလို ကုမ္ပဏီနှစ်ခုပူးပေါင်းလိုက်တဲ့အတွက် အရင်ကနဲ့လုံးဝမတူခြားနားတဲ့ Software ဒါမှမဟုတ် Hardware နည်းဗျူလာတွေထွက်ပေါ်လာမယ်လို့ မျှော်မှန်းထားတဲ့ အပြင်လူတွေလဲရှိပါတယ်။ နောက်ထပ်စိန်ခေါ်ချက်တစ်ခုကတော့ ကုမ္ပဏီအတွင်းပိုင်းကဖြစ်တယ်။ အဲဒါက အင်ဂျင်နီယာနည်းပညာ အခြေပြု ဦးဆောင်မှုနဲ့ မောင်းနှင်လာတဲ့ ကုမ္ပဏီကနေ လုပ်ထုံးလုပ်နည်းတွေ ပြောင်းလဲလာတာကို စီမံခန့်ခွဲရတဲ့ အပိုင်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လိုချင်သလို သုံးစွဲသူအခြေပြု ဦးဆောင်စီမံတဲ့ပုံစံမျိုးတော့ မဟုတ်ပါဘူး။ Q: Android Software ကို Google ကနေ စောစောစီးစီးမရပေမဲ့ အခြားဘာတွေရတာမျိုးရှိပါသလဲ။ A: သုံးစွဲသူတွေနဲ့ဆယ်သွယ်ဖို့ ကျွန်တော်တို့ရဲ့ ချဉ်းကပ်မှုနည်းလမ်းက နမူနာကောင်းတစ်ခုပါ။ ကျွနတော်တို့ရဲ့ လုပ်ငန်းနယ်ပယ်မှာ ပစ္စည်းထုတ်လုပ်တဲ့လူတွေဟာ Social Network အသုံးပြုဖို့ အလားအလာမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ထုတ်လုပ်ရေးမန်နေဂျာတွေကတော့ အဲဒါကို အသုံးပြုပါတယ်။ ဈေးကွက်နဲ့ ဖောက်သည်တွေရဲ့သဘောသဘာဝကို နားလည်ဖို့အတွက် Google က ထုတ်လုပ်ရေးမန်နေဂျာတွေဟာ သုံးစွဲသူတွေနဲ့ တိုက်ရိုက်ပြောဆိုဆက်ဆံဖို့ အရမ်းကို စိတ်အားထက်သန်ကြသူတွေပါ။ သုံးစွဲသူတွေနဲ့သူ တွေရဲ့ ပစ္စည်းကိရိယာသုံးစွဲမှုအလေ့အထတွေကို ကျွန်တော်တို့ရဲ့ အငယ်တန်းထုတ်လုပ်ရေးမန်နေဂျာတွေ တိုက်ရိုက်ထိတွေ့နားလည်နိုင်စေဖို့  အဲဒီလိုမျိုးနိုင်ငံတကာလေ့လာရေးခရီးစဉ်တွေအများကြီးကို ကျွန်တော်တို့ သွားခဲ့ပြီးပါပြီ။ Q:  သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့စမတ်ဖုန်းအသုံးပြုတဲ့အခါ အစောပိုင်းမှာ ဘာတွေကြုံတွေ့ရပြီး နောက်ပိုင်းမှာ ဘာတွေကို မျှော်လင့်လာနိုင်ပါသလဲ။ A:  ဖုန်းမျက်နှာပြင်က ဖန်သားနဲ့လုပ်ထားတဲ့အတွက် ထိခိုက်ကျကွဲတာမျိုးဖြစ်တာကို တွေ့ရပါတယ်။ အခုအချိန်မှတော့ ပလတ်စတစ်က ပိုမိုပေါများလာပြီး ထုတ်လုပ်ရလွယ်ကူတဲ့အတွက် လာမယ့် ၂၄ လ မှာတော့ အပြောင်းအလဲဖြစ်လာမှာပါ။ ကိုယ်လုပ်ချင်တာအတွက် ဖုန်းကို နှိပ်နေတာမျိုးမဟုတ်ဘဲ ဖုန်းကို အသံပေးခိုင်းစေရုံနဲ့ ကိုယ်လုပ်စေချင်တာကို ဖုန်းကတုန့်ပြန်လုပ်ဆောင်ပေးမှာဖြစ်တယ်။ စမတ်ဖုန်းတွေကို ဖက်ရှင်ပစ္စည်းတစ်ခုအနေနဲ့ စိတ်ဝင်စားပြီး အသုံးပြုလာကိုလည်း တွေ့ရပါတယ်။ Q:  Motorola ရဲ့ အနီးကပ်ဆုံးပြိုင်ဘက်တွေက ဘယ်သူတွေကလို့ ထင်ပါသလဲ။ A: Apple နဲ့ Samsung ပါ။ အထူးဖြင့် Samsung ဆိုရင် မားကက်တင်းနည်းဗျူဟာနဲ့ ထုတ်ကုန်တစ်ခုကို အံ့သြလောက်တဲ့အောင်မြင်မှုရရှိအောင် သက်သေပြထားပါတယ်။ ကျွန်တော်တို့ရဲ့ ပစ္စည်းတွေကို မားကက်တင်းလုပ်ဖို့ ကျွန်တော်တို့မှာ သူတို့လောက် ငွေကြေးအရင်းအနှီးမရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို အနည်းငယ်ခြားနားတဲ့နည်းလမ်းနဲ့လုပ်ဖို့လိုပြီး ဒါကို Moto G မှာ စပြီး တွေ့ရှိရမှာပါ။ Q: သုံးစွဲသူတွေအပေါ်မှာ ခင်ဗျားအနေနဲ့ ထပ်ခါထပ်ခါတိုက်တွန်းနေတဲ့ မဖြစ်နိုင်တဲ့ ကိစ္စအချို့က ဘာတွေပါလဲ။ A: တကယ်လို့ ခင်ဗျားရဲ့ မျှော်မှန်းချက်က စမတ်ဖုန်းလောကထဲကို နောက်ထပ်ဝင်ရောက်လာမယ့် သန်းထောင်ဂဏန်းရှိတဲ့လူတွေဆီကို ဈေးကွက်ချဲ့ထွင်ဖို့ဆိုရင်တော့          ခင်ဗျားအနေနဲ့ သုံးစွဲသူတွေကြုံတွေ့နေရတဲ့ ကိစ္စတွေကို စတင်စဉ်းစားနေပြီလို့ ဆိုရမှာပါ။ ရိုးရှင်းတဲ့ဥပမာတစ်ခုကတော့ လူတော်တော်များများက စမတ်ဖုန်းကနေ ဘယ်လိုအကျိုးကျေးဇူးတွေရတယ်ဆိုတာကို မသိကြတာပါပဲ။ ကိုယ်တိုင်လည်း စမတ်ဖုန်းမရှိသလို ကိုယ့်ရဲ့မိတ်ဆွေတွေမှာလည်း စမတ်ဖုန်းမရှိတဲ့လူတွေကို စမတ်ဖုန်းရဲ့ အကျိုးကျေးဇူးတွေကို ဘယ်လိုရှင်းပြမလဲ။ စမတ်ဖုန်းအသုံးပြုမှုအတွေ့အကြုံကို လူတွေရဖို့ ဘယ်လိုဆွဲ ဆောင်မလဲ။ ဒါက လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ Q: ခင်ဗျားအနှစ်သက်ဆုံး App တွေက ဘာတွေလဲ။ A: လူတွေဘာပြောတယ်ဆိုတာကို သိချင်တဲ့အတွက် Twitter ကို ကျွန်တော်အသုံးများပါတယ်။ Moto G၊ Moto X တို့နဲ့ပတ်သက်တဲ့ သတင်းတွေကို ကျွန်တော်အမြဲတစေရှာဖွေပါတယ်။ ကျွန်တော့်ရဲ့မိသားစုဝင်တွေနဲ့ ဓာတ်ပုံတွေကို Share လုပ်ဖို့ Google Plus ကိုလည်း သုံးပါတယ်။ ကျွန်တော်က ရေကူး၊စက်ဘီး၊ အပြေးသုံးမျိုးပေါင်းအားကစားလုပ်တဲ့သူဖြစ်တဲ့အတွက် TrainingPeaks ဆိုတဲ့ App ကိုလည်း သုံးပါတယ်။ Ref: AP