DFDL ၊ Nabarro LLP နှင့် SIAC တို့မှ “အပြည်ပြည်ဆိုင်ရာ အနုညာတ စီရင်ဆုံးဖြတ်ခြင်း” ခေါင်းစဉ်ဖြင့် မြန်မာနှီးနှောဖလှယ်ပွဲ ကျင်းပ

arbitration-seminar_6

အပြည်ပြည်ဆိုင်ရာဥပဒေကြောင်းနှင့် အခွန်ဆိုင်ရာ ဥပဒေရေးရာ အဖွဲ့ DFDL Myanmar Limited မှ စင်္ကာပူနိုင်ငံ ဥပဒေရေးရာအဖွဲ့ Nabarro LLP နဲ့ ပူးပေါင်းကာ A Changing World: International arbitration for commercial disputes in an integrated ASEAN ခေါင်းစဉ်ဖြင့် နှီးနှောဖလှယ်ပွဲကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်က ကျင်းပခဲ့ပါတယ်။ ပွဲမှာ စင်္ကာပူ အပြည်ပြည်ဆိုင်ရာ အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဗဟိုဌာန (Singapore International Arbitration Centre) ရဲ့  ပူးပေါင်းပါဝင်မှုနဲ့ လျှပ်စစ်ဓါတ်အား စွမ်းအင်နှင့် အခြေခံအဆောက် အအုံဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့အစည်းတွေမှ အပါအဝင် ကဏ္ဍပေါင်းစုံမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊  ပြည်တွင်းပြည်ပ မြန်မာစီးပွားရေး လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပါတယ်။   ပွဲတွင် မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော် ရင်းနှီးမှုုများနှင့် ပဋိညာဉ်စာချုပ်များအတွက် “အပြည်ပြည်ဆိုင်ရာ အငြင်းပွားမှု ဖြေရှင်းရေး” အကြောင်းအချက်များကို ကျွမ်းကျင်သူ ပညာရှင်များဆွေးနွေး တင်ပြခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ စင်္ကာပူနိုင်ငံ၊ Nabarro LLP ဥပဒေရေးရာအဖွဲ့မှ Managing Partner  Steven Lim က  “အပြည်ပြည်ဆိုင်ရာ ကူးသန်း ရောင်းဝယ်ရေး အနုညာတစီရင်ဆုံးဖြတ်ခြင်း ၏ အခြေခံသဘောတရားများ နှင့် နိုင်ငံဖြတ်ကျော် ကူးသန်း ရောင်းဝယ်ရေး အငြင်းပွါးမှုများကို ဖြေရှင်းရန် နည်းလမ်းတစ်ရပ် ” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပြီး၊ SIAC ရဲ့ Deputy Registrar & Centre Director ဖြစ်သူ Kevin Nash က “အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော် အငြင်းပွားမှုကို ထိရောက်စွာ ဖြေရှင်းရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခဲ့ပါတယ်။ DFDL Myanmar Ltd ရဲ့ Partner နဲ့ Managing Director  William D. Greenlee, Jr. က  New York Convention သို့ ဝင်ရောက်ခြင်းနဲ့ “အနုညာတစီရင်ဆုံးဖြတ်ခြင်း ဥပဒေ”  အသစ်ပြဌာန်းခြင်းတို့ ပြုလုပ်ခဲ့တာတွေက မြန်မာနိုင်ငံ ရှေ့ဆက်တိုးတက်ရေးအတွက် ကြီးမားတဲ့ ဆောင်ရွက်မှုတွေဖြစ်တဲ့အပြင်၊  ဒီလိုဆောင်ရွက်မှုတွေဟာ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီတွေအနေနဲ့ နိုင်ငံတစ်နိုင်ငံတွင် ရင်းနှီး မြှပ်နှံမှုမပြုမီ လေ့လာလေ့ရှိတဲ့ လိုအပ်ချက်တွေဖြစ်ကြောင်း၊ အငြင်းပွားမှု ဖြေရှင်းရေးက  အလွှန်သိမ်မွေ့နက်နဲကြောင်း၊ အငြင်းပွားမှုတစ်ရပ်ကို ကြားနေနိုင်ငံတစ်နိုင်ငံနဲ့  နေရာဒေသတစ်ခုတွင် ဖြေရှင်းနိုင်မယ့် အရည်အချင်း လိုအပ်ကြောင်း စသဖြင့် ဆွေးနွေးခဲ့ပါတယ်။         မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလအတွင်းက “အနုညာတစီရင်ဆုံးဖြတ်ခြင်း ဥပဒေ - Arbitration Law” ကို အသစ် ပြဌာန်းခဲ့ခြင်းဖြစ်ပြီး  New York Convention ကိုတော့ မြန်မာနိုင်ငံက ၂၀၁၃ ခုနှစ်၊ ဧပြီလအတွင်းက စတင်ဝင်ရောက်ခဲ့ပါတယ်။