ဉာဏ်အမြော်အမြင်နဲ့ယှဉ်တဲ့ ဆွေးနွေးညှိနှိုင်းမှု

meeting

 ဉာဏ်အမြော်အမြင်နဲ့ယှဉ်တဲ့ ဆွေးနွေးညှိနှိုင်းမှု  (Intelligent Negotiation) ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်တဲ့အခါ ဘယ်အချက်တွေက ပျော့ကွက်တွေ၊ အခက်အခဲတွေ ရှိနိုင်သလဲဆိုတာ သိ အောင်လုပ်ဖို့ လိုပါတယ်။ ဒါမှ ဒီလိုအခက်အခဲတွေကို ရှောင်ရှားနိုင်မှာဖြစ်ပြီး ရေရှည်ကျေနပ်စရာကောင်းတဲ့အကျိုး ရနိုင်မှာ ဖြစ်တယ်။   အယူအဆ ဟားဗတ်စီးပွားရေးပညာသင်ကျောင်း (HBS) ရဲ့ ပါမောက္ခ James Sebenius  ဟာ ရှုပ်ထွေးတဲ့ညှိနှိုင်းဆွေးနွေးမှုနဲ့ ပတ် သက်တဲ့ကိစ္စတွေမှာ အထူးလေ့လာနေသူဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာHBS ဟာ ဆွေးနွေးညှိနှိုင်းမှုဆိုတဲ့ ဘာသာရပ်ကို MBA သင်တန်းမှာ မသင်မနေရဘာသာရပ်အဖြစ် ထည့် သွင်းခဲ့ပြီး အဲဒီကျောင်းမှာပဲ ဆွေးနွေးညှိနှိုင်းရေး ဘာသာရပ် ဆိုင်ရာသင်ကြားရေးဌာနကို စတင်ဖွင့်လှစ်ခဲ့တယ်။ ဆွေးနွေးညှိနှိုင်းရာမှာ မအောင်မမြင်ဖြစ်သွားရခြင်း ရဲ့ အမှားခြောက်ချက်ကို သူက အောက်ပါအတိုင်း တင်ပြခဲ့ တယ်။ ဒီအမှားတွေကို ရှောင်လွှဲနိုင်ရင် ဆွေးနွေးပွဲအောင်မြင် နိုင်တယ်။ တစ်ဖက်လူရဲ့ ပြဿနာကို မျက်ကွယ်ပြုခြင်း - အဲဒီလူ ကျော်လွှားဖို့ကြိုးစားနေတဲ့ပြဿနာကို သင်နားမလည်ဘူး ဆိုရင် သင့်အတွက် အကောင်းဆုံးအဖြေထွက်လာမှာမဟုတ် ဘူး။ ဈေးရရင် (ငွေရရင်) ပြီးရောဆိုပြီး တခြားကိစ္စတွေကို  ဖြစ် ချင်ရာဖြစ်သဘောထားခြင်း - ဈေးရဖို့ချည်း၊ ငွေရဖို့ချည်း အာရုံစိုက်တာ လွယ်ပါတယ်။ တခြားကိစ္စတွေကိုလည်း ပစ် ပယ်မထားဖို့လိုတယ်။ အဲဒါတွေကတော့ လုပ်ငန်းနဲ့ပတ်သက် ပြီး အပြုသဘောဆောင်တဲ့ဆက်ဆံရေး၊ စေတနာ၊ နှစ်ဦး နှစ်ဖက်လိုက်နာဖို့ သဘောတူထားတာတွေ၊ နှစ်ဦး နှစ်ဖက် လေးလေးစားစားနဲ့ တရားမျတစွာ စေ့စပ်ပြောဆိုရတာတွေ စတဲ့အရာတွေ ဖြစ်တယ်။ မိမိရဲ့ရပ်တည်ချက်အနေအထားကိုပဲ စွဲကိုင်ထားခြင်း - ရပ် တည်ချက်ချင်း၊ အနေအထားချင်း ကွဲပြားပေမဲ့ အကျိုးတူပူး ပေါင်းဆောင်ရွက်နိုင်တာတွေ ရှိနိုင်တယ်။ တစ်ဖက်သား ကို သူ့ရဲ့ရပ်တည်ချက် စွန့်လွှတ်လိုက်ဖို့ ကြိုးစားတာထက် တခြားအကျိုးတူစီးပွားဖြစ်လုပ်ကိုင်နိုင်တာတွေမှာ သဘောတူ ညီမှုရအောင် ကြိုးစားတာက ပိုအကျိုးရှိတယ်။ ဘုံအကျိုးစီးပွားရဖို့ချည်း တအားဖိပြီး ကြိုးစားနေခြင်း - ဘုံအကျိုးစီးပွားရှိရင် ဆွေးနွေးပွဲ အောင်မြင်ဖို့ အထောက် အကူပြုတယ်။ ဒါပေမဲ့ မတူကွဲပြားတဲ့မျော်မှန်းချက်တွေ ထဲကလည်း ကောင်းတဲ့အကျိုးရလဒ်တစ်စုံတစ်ခု ရလာနိုင် တယ်။ BATNA ကို လျစ်လျူပြုခြင်း - BATNA ဆိုတာက တော့ Best Alternative To a Negotiated Agreement  ရဲ့အတိုကောက်ဖြစ်တယ်။ ဆိုလိုရင်းကတော့ ဆွေးနွေးညှိ နှိုင်းမှုတွေမအောင်မြင်တဲ့အခါ တခြားအကောင်းဆုံးနည်း လမ်းတစ်ခုကိုဆိုလိုတယ်။ ဆွေးနွေးပွဲ မအောင်မြင်တဲ့အခါ သူ့ဘက်က ရှေ့အလားအလာတွေနဲ့ ကိုယ့်ဘက်က ရှေ့အ လားအလာတွေကိုစိစစ်ပြီး ကိုယ့်ဘက်က ဘယ်အခါမှာ ဘာတွေ ပေးနိုင်သလဲဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။ တစ်ဖက်စောင်းနင်းဖြစ်နေတဲ့ မိမိရဲ့အမြင်ကို မပြင်ခြင်း - အောင်မြင်မှုရနိုင်တယ်လို့ မိမိကိုယ်မိမိ အလွန်အကျူးတွက် ဆမှတ်ယူထားခြင်းဆိုတဲ့အမြင်နဲ့ မိမိကိုယ်မိမိ အမွှန်းတင်ကာ သူတစ်ပါးကို အပုပ်ချခြင်းဆိုတဲ့ ဘက်လိုက်တဲ့အမြင်တွေ ဖြစ်တယ်။ မိမိကိုယ်မိမိ တစ်ပါးသူရဲ့နေရာမှာ ထားကြည့်ရင် ဒီလိုအမြင်စောင်းတာတွေကို ကျော်လွှားနိုင်ပါတယ်။   လက်တွေ့ဆောင်ရွက်ရန် -        တစ်ဖက်သားရဲ့လိုအင်ဆန္ဒတွေနဲ့ ရှုထောင့်အမြင်တွေ ကို နားလည်ဖို့လိုတယ်။ ဒါမှလည်း သင့်ရဲ့ အဆိုပြု ချက်တွေ၊ တင်ပြချက်တွေကို လက်ခံချင်စိတ်ပေါက် လာမှာဖြစ်တယ်။ -        ဆွေးနွေးတဲ့အခါ လူပုဂ္ဂိုလ်ကိုပဲဖြစ်ဖြစ် ကုမ္ပဏီကိုပဲ ဖြစ်ဖြစ် သူတို့အကြောင်း သိသင့်တာတွေ သိအောင်လုပ် ပါ။ လောလောဆယ်ဆွေးနွေးမှုနဲ့ ပတ်သက်တာတွေ သာမက သူတို့ဆောင်ရွက်နေတဲ့လုပ်ငန်းလောက အ ကြောင်း၊ ကုမ္ပဏီရဲ့ရည်မှန်းဦးတည်ချက်တွေ၊ အဲဒီ အဖွဲ့အစည်းတွေ ကြုံတွေ့နေရတဲ့ ဈေးကွက်အခြေ အနေတွေကိုပါ လေ့လာသိရှိထားရင် သူတို့နဲ့ဆွေးနွေး ရာမှာ ကိုယ့်ဘက်က သူတို့အပေါ် ဖိအားပေးနိုင်တဲ့ အားသာချက်တစ်ရပ်ရလာနိုင်တယ်။ -        တအားတွန်းတွန်းတိုက်တိုက်ဖိပြီး ပြောဖို့လိုတယ်လို့ မယူဆသင့်ဘူး။ ဆွေးနွေးညှိနှိုင်းရာမှာ ပြတ်ပြတ်သား သားရှိတယ်ဆိုတာကိုပဲ ပြပါ။ အချင်းချင်း ခင်မင်ရင်း နှီးမှုနဲ့ နားလည်မှုတွေဟာ အလွန်အကျိုးရှိတယ်ဆိုတာ မမေ့ပါနဲ့။ -        ဘယ်ဘက်ကမှ အရှုံးမရှိဘဲ နှစ်ဦးနှစ်ဝအကျိုးရှိစေ မယ့် သဘောတူညီမှုတွေ ဘယ်လိုရလာနိုင်မလဲဆို တာ ကြိုတင်စိစစ်ထားပါ။

ညွန့်သောင်း