လုပ်ကိုင်ခွင့်ပြုခဲ့သည့် အာမခံအမျိုးအစားများနှင့် မတည်ရင်းနှီးငွေ ပမာဏ
အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ပုဂ္ဂလိကကုမ္ပဏီများကို ခွင့်ပြုထားသည့် အာမခံအမျိုးအစားများမှာ အသက အာမခံနှင့် အထွေထွေအာမခံများဖြစ်သည့် မီးအာမခံ၊ မော်တော်ယာဉ် အလုံးစုံအာမခံ၊ ငွေပို့ငွေသယ်အာမခံ၊ ငွေသားလုံခြုံမှု အာမခံ၊ သမာဓိအာမခံတို့ဖြစ်ပြီး မတည်ရင်းနှီးငွေ (Paid-up Capital) အနေဖြင့် အသက် အာမ ခံလုပ်ငန်းတစ်မျိုးတည်းအတွက် ကျပ် ခြောက်ဘီလီယံ၊ အသက်အာမခံလုပ်ငန်း အပါအဝင် အထွေထွေ အာမခံလုပ်ငန်းများလုပ်ကိုင်လိုပါက မတည်ရင်းနှီးငွေကျပ် ၄၆ ဘီလီယံ သတ်မှတ်ထားကြောင်း သိရပါသည်။အာမခံလုပ်ငန်းသဘောတရား
အာမခံလုပ်ငန်း၏သဘောတရားမှာ အနာဂတ်တွင် ပျက်စီး ဆုံးရှုံးမှုများပေါ်ပေါက်လာပါက လုပ်ငန်းများရပ်တန့် မသွားဘဲ အရှိန်မပျက်ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့၊ ဆုံးရှုံးမှုအား အတိုင်းအတာတစ်ခုအထိ ကာမိနိုင်ဖို့ လျော် ကြေးငွေပြန်လည်ရရှိရန် အာမခံကတိရယူခြင်းလုပ်ငန်းစဉ်ဖြစ်သည်။ လူတစ်ဦးချင်းစီအတွက်ဖြစ်စေ၊ ကုမ္ပဏီ အတွက်ဖြစ်စေ၊ အခြားကိစ္စများအတွက်ဖြစ်စေ မျော်လင့်မထားသည့် ဆုံးရှုံး ပျက်စီးမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ ဘဏ္ဍာရေးအခြေအနေကို ကာကွယ်ပေးနိုင် ရန်အတွက် အာမခံထားရှိ ရခြင်းဖြစ် သည်။ အာမခံအမျိုးအစား အမျိုးမျိုးရှိပြီး အချို့အာမခံများသည် ဥပဒေအရလိုအပ်သော်လည်း အချို့အာမခံ များမှာ သက်ဆိုင်ရာ အခြေအနေအပေါ်မူတည်ပြီး ရွေးချယ်ပိုင်ခွင့်ရှိပါသည်။ အာမခံမူဝါဒတစ်ခုတွင် ပါဝင်သည့် သတ်မှတ်ပြဋ္ဌာန်းချက်များအပေါ်မူတည်ပြီး အာမခံလုပ်ငန်း (Insurer) နှင့် အာမခံထားရှိသူ (Insured) ကြား စာချုပ်ချုပ်ဆိုမှုပြုကြသည်။အာမခံလုပ်ငန်းအမျိုးအစား
နိုင်ငံတကာတွင် အသက်အာမခံနှင့် အထွေထွေအာမခံ ဟူသည့် အဓိကအာမခံလုပ်ငန်းနှစ်မျိုးရှိပါသည်။ အဆိုပါ အဓိကအာမခံအမျိုးအစားနှစ်မျိုးအောက်တွင် သက်ဆိုင်ရာ အခြေအနေအကြောင်း ကိစ္စအပေါ်မူ တည်ပြီး ကွဲပြားခြားနားသည့် အာမခံအမျိုးမျိုးသတ်မှတ်ထားရှိကြခြင်းဖြစ်သည်။ အသက်အာမခံသည် အာမခံထားရှိသူ၏ အသက်သေဆုံးမှု ကဲ့သို့သောအဖြစ်အပျက်အတွက် အာမခံထားရှိသူအား သတ်မှတ်ထား သည့် ငွေကြေးပမာဏတစ်ခုအား ပြန်လည် ပေးလျော်ခြင်းဖြစ်သည်။ အသက်အာမခံအတွက် အကျုံးဝင်သည့် အချိန်ကာလမှာ အများအားဖြင့် တစ်နှစ်ထက်ကျော် သည့်သက်တမ်းကာလဖြစ်သည်။ ထို့ကြောင့် လစဉ်၊ သုံးလ တစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် စသဖြင့်အာမခံကြေး (Premium) ကို အရစ်ကျပေး သွင်းရသည်။ အထွေထွေအာမခံသည် အသက်အာမခံတွင် မပါဝင်သည့် အခြားပျက်စီးဆုံး ရှုံးမှုများအတွက် ကာကွယ်ပေး သည့် အာမခံမူဝါဒဖြစ်သည်။ အထွေထွေအာမခံအတွက် အကျုံးဝင်သည့်ကာလမှာ အများအားဖြင့် တစ်နှစ်သက်တမ်းဖြစ်ပြီး အာမခံကြေးကို တစ်ကြိမ်သာ ပေးသွင်းရသည်။ အာမခံဆိုတာဟာ စီးပွားရေးရဲ့ အကာအကွယ် ပေးတဲ့ယန္တရား (Protective Mechanism) ၊ ဒါမှမဟုတ် စီးပွားရေးတိုးတက်ကြီးထွားမှုအတွက် အကာအကွယ်ပေး တဲ့အရာတစ်ခု(Protective Layer) ဖြစ်ပါတယ်။ အာကာသ ယာဉ်မှာဆိုရင် Heat Shield ခေါ်တဲ့အပူဒဏ်ကို ကာကွယ်ပေးတဲ့အရာရှိမှ ဒီအာကာသယာဉ် မီးလောင်မ ပျက်စီးသွားမှာဖြစ်တယ်။ အဲဒီလိုပဲ အာမခံဆိုတဲ့ အကာအကွယ် ရှိမှ စီးပွားရေး လုပ်ငန်းတွေဟာ သဘာဝဘေးအန္တရာယ် ကြောင့်ဖြစ်စေ၊ မမျော်လင့်တဲ့ ဘေးအန္တရာယ် တွေကြောင့် ဖြစ်စေ ပျက်စီးဆုံးရှုံးမှုကနေ အကာအကွယ်ရမှာ ဖြစ်ပါတယ်'ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက် တာမောင်မောင်သိမ်းကGlobal World Insurance Co Ltd ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကမ္ဘာတစ်ဝန်းအာမခံလုပ်ငန်း အနေအထားနှင့် ပတ်သက်ပြီး ဒေါက်တာမောင်မောင် သိမ်းက 'ပြီးခဲ့တဲ့နှစ်တွေတုန်းက ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ အာမခံ ကုမ္ပဏီတွေရဲ့ အသားတင်အမြတ်ဟာ ၂၀ ရာခိုင်နှုန်းရှိ တယ်ဆိုတာကို တွေ့ရပါတယ်။ ၂၀ ရာခိုင်နှုန်းဆိုတာ တစ်ရာရင်းရင် ၂၀ ပြန်ရတယ်ဆိုတဲ့ သဘောမျိုးရှိတဲ့အ တွက် တော်တော်ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးပွားရေး လုပ်ငန်းတွေမှာ ၅ ရာခိုင်နှုန်းရဖို့ကို တော်တော်လေး ရုန်းကန်နေရတာဖြစ်တယ်။ နောက်တစ် ချက်ကလည်း ကမ္ဘာတစ်ဝန်းလုံးမှာ ပြန်ကြည့်တဲ့အခါမှာ အသက်အာမခံနဲ့ အထွေအထွေအာမခံဆိုပြီးခွဲထားရာမှာ အသက်အာမခံလုပ်ငန်းက ပိုပြီးဖွံ့ဖြိုး ကြီးထွားတာကို တွေ့ ရပါတယ်။ ထူးခြားတဲ့အချက်ကတော့ အသက်အာ မခံလုပ်ငန်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုပြီးကြီးထွားနေတယ်ဆိုတာ ကိုတွေ့ရပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံလို့ဆိုရာမှာ ထင်မှတ်မထားတဲ့ ဖင်လန်နဲ့အက်စ်တိုးနီးယားလိုနိုင်ငံတွေမှာ အသက်အာမခံ လုပ်ငန်းရဲ့ အောင်မြင်မှုဟာ ကြောက်ခမန်းလိလိဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ပြီးတဲ့နိုင်ငံတွေမှာတော့ အသက်အာ မခံဟာ လူတိုင်းနီးပါးမှာ ပျံ့နှံ့ပြီးသားဖြစ်တဲ့အတွက် Room for Improvement ထပ်မရှိတော့တဲ့သဘော ဖြစ်ပါ တယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ တွေမှာ အသက်အာမခံ Popular ဖြစ်လာတဲ့အတွက် အခုမှအသက်အာမခံထားကြတဲ့အတွက် တိုးတက်လာတဲ့ သဘောဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဟာလည်း အာမခံလုပ် ငန်းဖွံ့ဖြိုးစအနေအထားဖြစ်တဲ့အတွက် အသက်အာမခံ က သေချာပေါက်ပျံ့နှံ့သွားနိုင်တဲ့အနေအထား ရှိပါတယ်။ ကျွန်တော်တို့ဆီမှာ အသက် အာမခံလုပ်ငန်းတွေ တိုးတက်ချင် တယ်ဆိုရင်တော့ ကျွန်တော်တို့သုံးနေကျ Policy တွေကို ဘေးဖယ်ထားပြီးတော့ ကမ္ဘာနဲ့ရင်ပေါင် တန်းနိုင်မယ့် Policy မျိုးတွေကို တီထွင်ကြံဆပြီး လုပ်ဆောင်သွားဖို့ လိုပါတယ်' ဟုဆိုပါသည်။အာမခံဘာကြောင့်အရေးကြီး
နိုင်ငံတကာတွင် အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အာ မခံစနစ်များကောင်းမွန်ပြီး အဆိုပါနိုင်ငံတို့ရှိ ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် အာမခံ (Insurance) ၏အရေးပါမှုကို သိရှိရင်းနှီးကျွမ်းဝင် မှုရှိပြီးသားဖြစ်သော်လည်း မြန်မာပြည်သူလူထုအနေဖြင့် ရင်းနှီးကျွမ်းဝင်မှု သိပ် မရှိသေးပေ။ အစိုးရအနေဖြင့် စီးပွားရေး တံခါးဖွင့်ဝါဒကျင့် သုံးလာပြီးနောက်ပိုင်း ပြုလုပ်ခဲ့သည့် ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများတွင် အာမခံလုပ်ငန်းများ လုပ်ခွင့်ပြုခဲ့ ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပေရာ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်း များ၊ ပြည်သူများအနေဖြင့် အာမခံထားရှိခြင်း၏ အကျိုးကျေးဇူးများအကြောင်း အကျွမ်းတဝင်ရှိရန် အရေးကြီးပေသည်။ သို့ပါ၍ မြန်မာနိုင်ငံရှိ အာမခံလုပ်ငန်း လုပ်ခွင့် ရထားသည့်လုပ်ငန်းအချို့မှ တာဝန်ရှိသူများ အား ယင်းတို့၏ အာမခံဝန်ဆောင်မှုများအကြောင်း တွေ့ဆုံမေးမြန်းထားသည်များကို ဒီတစ်လ၏ မျက်နှာဖုံး ဆောင်းပါးအဖြစ် CEO မဂ္ဂဇင်း၏စာဖတ်ပရိသတ်များအတွက် ဖော်ပြပေး လိုက်ပါသည်။ [caption id="attachment_8838" align="alignnone" width="370"] ဦးအောင်စိုးဦးအထွေထွေမန်နေဂျာ
IKBZ Insurance Co. Ltd.[/caption]
IKBZ က ဝန်ဆောင်မှုပေးနေသော အာမခံအမျိုးအစားများ
ဝန်ဆောင်မှုလေး မပြောခင်မှာ ကျွန်တော်တို့ KBZ Group ရဲ့ အာမခံလုပ်ငန်းလုပ်ကိုင်ရတဲ့ရည်ရွယ်ချက်လေး ကိုပြော ပြချင်ပါတယ်။ IKBZ ဖွင့်လှစ်ရတဲ့ အဓိကရည်ရွယ် ချက်ကတော့ ပြည်သူတွေနဲ့ အသက်အိုးအိမ်စည်း စိမ်နှင့် စီးပွားရေးလုပ်ငန်းများကို ကာကွယ်ဆောင်ရွက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ကိုင်ဆောင်ရွက်ခဲ့တာဖြစ်ပါ တယ်။ ကျွန်တော်တို့ IKBZ က ဝန်ဆောင်မှုပေးတဲ့ အာမခံအမျိုးအစားတွေကတော့ အသက်အာမခံနဲ့ အသက်အာမခံမဟုတ်တဲ့ အထွေထွေအာမခံဆိုပြီး ဝန်ဆောင် မှုပေးနေပါ တယ်။ အသက်အာမခံမှာဆိုရင် ပြည်သူပြည်သား အသက်အာမခံ၊ စက်ရုံ၊ အလုပ်ရုံနဲ့ ကုမ္ပဏီဝန်ထမ်းတွေအတွက် စုပေါင်းအ သက်အာမခံ၊ အားကစားတွေအတွက် အားကစားသမားများ ကိုယ်အင်္ဂါထိခိုက်မှုအာမခံနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ကျေးဇူးရှင် တောင်သူလယ်သမားကြီးများအတွက် မြွေအန္တရာယ်အ သက်အာမခံဆိုပြီး အသက် အာမခံလေးမျိုးရှိပါတယ်။ အထွေ ထွေအာမခံမှာဆိုရင် မီးနှင့် သဘာဝဘေးအန္တရာယ်များ အာ မခံ၊ မော်တော်ယာဉ် အလုံးစုံအာမခံ၊ ငွေပို့ငွေသယ် အာမခံ၊ ငွေသားလုံခြုံ မှု အာမခံနဲ့ သမာဓိအာမခံဆိုတဲ့ အာမခံ အမျိုးအစားပေါင်း ငါးမျိုးကို ဝန်ဆောင်မှုပေးနေပါတယ်။ဘာကြောင့် အာမခံဝယ်သင့်ပါသလဲ
ဘာကြောင့် အာမခံဝယ်သင့်သလဲဆိုတော့ ဥပမာအနေနဲ့ ပြောရရင် လူတစ်ဦးတစ်ယောက်ရဲ့ သူနှစ်ပေါင်းများ စွာ ရှာဖွေစုဆောင်းလာတဲ့ သူ့ရဲ့စည်းစိမ်ဥစ္စာ ပစ္စည်းတွေဟာ လူတွေရဲ့ပေါ့ဆမှုကြောင့် မီးဘေးအန္တရာယ်တွေ ရင်ဆိုင်ရ ရင်ပဲဖြစ်ဖြစ်၊ ထိန်းချုပ်လို့မရနိုင်တဲ့သဘာဝ ဘေးအန္တရာယ် တွေကြောင့်ပဲဖြစ်ဖြစ် ပျက်စီးဆုံးရှုံးမှုတွေ ပေါ်ပေါက်ခဲ့မယ်ဆို သူနှစ်ပေါင်းများစွာ အချိန်ထပ်ယူဖို့ လိုပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီသူဟာ သူ့ရဲ့ပိုင်ဆိုင်မှု တွေကို ပရီမီယံကြေး အနည်း ငယ်ပေးသွင်းပြီး အာမခံအကာအကွယ်ဝယ်ထားခြင်းအားဖြင့် သူ့မှာဆုံးရှုံးမှုတွေ ပေါ်ပေါက်ခဲ့မယ်ဆိုရင် အာမခံက သူ့ကိုလျော်ကြေးပြန်ပေးခြင်းအားဖြင့် သူ့ဘဝကို ချက် ချင်းပြန်စနိုင်မှာ ဖြစ်ပါ တယ်။ အာမခံရဲ့ သဘောကတော့ ပျက်စီးဆုံးရှုံးမှုတွေကို ငွေရေးကြေးရေးနည်းလမ်းနဲ့ ကုစား ပေးတဲ့စနစ်တစ် ခုပါ။ ကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ စက်ရုံအ လုပ်ရုံတွေလည်း အာမခံဝယ်သင့်ပါတယ်။ ကျွန်တော်ရှေ့မှာ ပြောခဲ့သလိုပဲ မမျော်မှန်းနိုင်တဲ့ဆုံးရှုံးမှုတွေ ပေါ်ပေါက်ခဲ့မယ် ဆိုရင် အာမခံအကာအကွယ်ယူထားခြင်းအားဖြင့် ကိုယ့်လုပ် ငန်းတွေကို ချက်ချင်းပြန်စနိုင်ပါတယ်။ စက်ရုံ အလုပ်ရုံ တွေနဲ့ စီးပွားရေးလုပ်ငန်းတွေက ပိုပြီးတော့တောင်ထား သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကနေ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးမှာ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အရှိန်အဟုန်နဲ့ ဆောင်ရွက်နေချိန်မှာ မမျော်မှန်းနိုင်တဲ့ ထိန်းချုပ်လို့ မရတဲ့ သဘာဝအန္တရာယ်တွေကြောင့်၊ အခြားပျက်စီးဆုံးရှုံးမှုတွေ ဝင်လာလို့ အာမခံမထားခဲ့ဘူး ဆိုရင် လုပ်ငန်းပြန်စဖို့ ကြန့်ကြာနိုင်ပါတယ်။ အဲဒီကုမ္ပဏီ တွေ၊ စက်ရုံအလုပ်ရုံတွေမှာရှိတဲ့ဝန်ထမ်းတွေလည်း အလုပ် လက်မဲ့ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်ရဲ့စီး ပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းကြီးတွေ၊ စက်ရုံ အလုပ်ရုံတွေအနေနဲ့ အာမခံအကာအကွယ်ယူဖို့ လိုပါတယ်။ ဒီထက်အရေးကြီးတဲ့အချက်ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတဲ့အခါမှာ ကိုယ်နဲ့တွဲလုပ်ဖို့ ဝင်လာတဲ့နိုင်ငံ ခြားသားအများစုက ဒီမှာရှိတဲ့လုပ် ငန်းတွေ အာမခံလုပ်ထား မထားကို အဓိကမေးကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အကျိုးစီးပွားအတွက် သူတို့ပိုင်ဆိုင်မှုတွေကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဆုံးရှုံးမှုမျိုး ပေါ်ပေါက်ခဲ့မယ်ဆိုရင် သူတို့ကို အကာအကွယ်ပေးနိုင်မယ့် အာမခံထားတဲ့သူနဲ့ပဲ တွဲလုပ်ချင်ကြ တယ်။ တကယ်လို့ မထားရသေးရင်လည်း အာမခံထားဖို့ တိုက်တွန်းလေ့ရှိပါတယ်။ ဘာ့ကြောင့်လဲဆို တော့ နိုင်ငံခြားမှာ ဘာပဲလုပ်လုပ် အာမခံရှိမှပဲ အလုပ် လုပ်ကြတာဖြစ်ပါတယ်။ဝန်ထမ်းတွေရော အာမခံဝယ်သင့်ပါသလား
ဝန်ထမ်းတွေတင် မဟုတ်ပါဘူး။ ပြည်သူတွေအနေနဲ့လည်း အာမခံထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာမခံ ထားခြင်းဟာ အလှူဒါနပြုလုပ်ခြင်းတစ်ခုပါပဲ။ အာမခံထားသူက ပရီမီယံကြေးအနည်းငယ်မျပေးသွင်းပြီး အာမခံ အကာအကွယ်ယူထားခြင်းအားဖြင့် မိမိမှာ ဆုံးရှုံးမှုပေါ်ပေါက် ခဲ့ရင် ချက်ချင်း ဘဝကို ပြန်စနိုင်သလိုပဲ ကိုယ့်မှာဆုံးရှုံးမှု မပေါ်ခဲ့ဘူးဆိုရင်လည်း ဆုံးရှုံးမှုပေါ်တဲ့သူကို ပေးလျော်လိုက် ရတဲ့ငွေထဲမှာ ကိုယ့်ပရီမီယံကြေး တွေ ပါသွားတဲ့အတွက် ဒုက္ခရောက်နေတဲ့သူကို ကူ ညီခြင်းဖြစ်လို့ ကုသိုလ်ရပါတယ်။ ဒါကြောင့် ကျွန်တော် တို့ပြည်သူတွေအနေနဲ့ အာမခံရဲ့အကျိုး ကျေးဇူးတွေနဲ့ အာမခံအကြောင်းတွေကို သိရှိနား လည်ထားပြီး ဆင်းရဲတွင်းမနက်စေဖို့ အာမခံထားသင့်ပါတယ်။ တကယ်တော့ အာမခံဟာ ပြည်သူတွေကို ချမ်းသာသွား အောင်တော့ မလုပ်ပေးနိုင်ပေမဲ့ ဆင်းရမသွားအောင်တော့ ကာကွယ်ပေးနိုင်ပါ တယ်။ [caption id="attachment_8840" align="alignnone" width="370"] ဦးဌေးပိုင်Director (Technical)
Grand Guardian Insurance Public Co Ltd[/caption]
စတင်တည်ထောင်တဲ့ခုနှစ်နဲ့ ဝန်ဆောင်မှုပေးနေတဲ့အာမခံအမျိုး အစားတွေ
Grand Guardian Insurance ကို ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပါတယ်။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က လုပ်ခွင့်ပေးထားတဲ့ အာမခံ ကိုးမျိုးကို လုပ်ကိုင်နေပါတယ်။ အဓိကအာမခံ အုပ်စုကတော့ အသက်အာမခံနဲ့ အထွေအထွအာမခံဆိုပြီး လုပ်ငန်းနှစ်မျိုးကို လုပ်ကိုင်ပါတယ်။ အသက်အာမခံ လုပ်ငန်း အုပ်စုထဲမှာ နှစ်ရှည်ငွေစုဆောင်းခြင်းသဘောပါတဲ့ ငွေပင်ငွေရင်းအာမခံ (Endowment Life Insurance) ၊ အလုပ်သမားအများစုကို Target ထားတဲ့ စုပေါင်းအသက် အာမခံ(Group Life Insurance) ၊ မြွေအန္တရာယ်အာမခံ (Snake-Bite Insurance) နဲ့ အားကစားသမားများ ကိုယ်အင်္ဂါထိခိုက်မှုအာမခံဆိုပြီး အသက်အာမခံအ မျိုးအ စားလေးမျိုး လုပ်ကိုင်ပါတယ်။ ငွေ ပင်ငွေရင်းအာမခံက နှစ်ရှည်အာမခံအမျိုးအစား ဖြစ်ပြီး ကျန် တဲ့သုံးမျိုးက တစ်နှစ်ချင်းထားလို့ရတဲ့ သက်တမ်းတိုအာမခံ အမျိုးအစား (Term Insurance) ဖြစ်ပါတယ်။ ကျွန်တော်တို့လုပ်ငန်းစတင်တည်ထောင်ပြီး ကိုးလအတွင်း နှစ်ရှည်အသက် အာမခံရောင်းချခဲ့ရာ မှာ အာမခံထား သူ သုံးထောင်ကျော် ရှိပါပြီ။Grand Guardian u Shwe Taung Development Co Ltd နဲ့ လုပ်ငန်းချင်းဆက်စပ်နေတဲ့ မိတ်ဖက်ကုမ္ပဏီဖြစ်တဲ့အတွက် အဲဒီအသက်အာမခံသုံးထောင် ကျော်ထဲမှာ ရွှေတောင်ကဝန်ထမ်းတွေများပါတယ်။ ပုဂ္ဂလိက ပိုင်းကတော့ တစ်ရာနီးပါးရှိပါပြီ။ စုပေါင်းအသက်အာမခံက ငါးယောက်ကနေ အယောက် တစ်ရာ၊ နှစ်ရာ စသဖြင့် ထားလို့ရပြီး ကျွန်တော်တို့ရောင်းထားတာ ပေါ်လစီအစောင် ၅၀ လောက်ရှိပါတယ်။ ထို့ပြင် လူဦးရေကတော့ တော်တော် များပါတယ်။ Snake Bite ကရောင်းဖို့ အခွင့်အလမ်း သိပ်မသာသေးပါဘူး။ အားကစားသမားများ ကိုယ်အင်္ဂါ ထိခိုက်မှုအာမခံတော့ နည်းနည်းပါးပါးပဲ ရောင်းပါသေးတယ်။ ခြုံငုံသုံးသပ်ရရင်တော့ သိပ်မဆိုးပါဘူး။ အထွေအထွေအာမခံလုပ်ငန်းထဲမှာ အဓိကအာမခံ ငါးမျိုးပါပါတယ်။ လူကြိုက်များပြီး အများဆုံးထားကြတဲ့ မီးအာမခံ (Fire Insurance) ၊ အလွန်ရေပန်းစားတဲ့ နောက် အာမခံတစ်ခုဖြစ်တဲ့ အလုံးစုံမော်တော်ယာဉ်အာမခံ (Comp- rehensive Motor Insurance) ၊ ငွေသားလုံခြုံမှုအာမခံ (Cash in Safe Insurance)၊ ငွေပို့ငွေသယ် အာမခံ (Cash in Transit Insurance) နဲ့ သမာဓိအာမခံ(Fidelity Insurance) တို့ ဖြစ်ပါတယ်။ဘာကြောင့်အာမခံဝယ်သင့်ပါသလဲ
လူတွေရဲ့ဘဝမှာ သောကကင်းဝေးစွာနေထိုင်နိုင်ဖို့အတွက် ဘဝရှေ့ရေးစီမံကိန်းရှိဖို့ လိုပါတယ်။ အဲဒီအတွက် အသက် အာမခံစနစ်က ဆောင်ရွက်ပေးနိုင်ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာရော ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ မိမိအတွက်၊ မိမိရဲ့မိသားစုအတွက် စသဖြင့် အသက်အာ မခံထားကြပါတယ်။ အသက်အာမခံ ရှိတဲ့သူဟာ ဘဝမှာ လုံခြုံတယ်လို့ ခံစားရပါတယ်။ ရှေ့ကိုတွေးကြည့်လိုက်မယ် ဆိုရင် မျော်လင့်မထားတာတွေ အများကြီးဖြစ်ပျက်နိုင်ပါတယ်။ နှစ်တိုအသက် အာမ ခံတွေဖြစ်တဲ့ Group Life၊ Snake-Bite၊ Travel Insurance စတာတွေကို ဘာကြောင့်ဝယ်သင့်သလဲ ဆိုတော့ လူတစ်ယောက်ရဲ့ဘဝမှာ မမျော်လင့်တာတွေ ကြုံတွေ့ရ တဲ့အခါမှာ ငွေရေးကြေးရေးအရ အကာအကွယ် (Financial Protection) ပေးနိုင်ဖို့အတွက် အာမခံစနစ်က မရှိမ ဖြစ်လိုအပ်တယ်။ ပိုင်ဆိုင်မှုပစ္စည်းတွေဖြစ်တဲ့ အိမ်၊ စက်ရုံ၊ ကုမ္ပဏီ တွေကို ဘာကြောင့်အာမခံထားသင့်သလဲဆိုတော့ မီးလောင် တာ၊ မုန်တိုင်းတိုက်တာ၊ ရေကြီးတာ၊ ငလျင်လှုပ်တာ စတဲ့ မမျော်လင့်တဲ့ သဘာဝဘေးအန္တရာယ် (Risk) တွေနဲ့ကြုံ တွေ့ရတဲ့အခါမှာ လျော်ကြေးရမှာဖြစ်တယ်။ အာမခံစနစ်က ချမ်းသာအောင်တော့လုပ်ပေး မှာ မဟုတ်ဘူး။ အခုလိုနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေအများကြီး ဝင်ရောက်လာနေတဲ့ အချိန် မျိုးမှာ လုံလောက်တဲ့အာမခံစနစ်မရှိဘဲနဲ့ ဘာလုပ်ငန်းမှ စလို့မရပါဘူး။ ဒါကြောင့် မျော်လင့်မ ထားတဲ့အန္တရာယ် တွေကြောင့် ဆုံးရှုံးမှုကြုံတွေ့ရတဲ့အခါမှာ လျော်ကြေးပြန်ရနိုင်တဲ့ ငွေရေးကြေးရေးအရ အကာအကွယ်ပေးတဲ့ စနစ်ဖြစ်တဲ့အတွက် အာမခံထားသင့်တယ်လို့ ပြောချင်တယ်။ကုမ္ပဏီတွေဘာကြောင့် အာမခံဝယ်သင့်ပါသလဲ
စက်ရုံ၊ အလုပ်ရုံနဲ့ ကုမ္ပဏီတစ်ခုထူထောင်မယ်ဆိုရင် ဥပဒေ အရ လိုက်နာရမှာတွေ အများကြီးရှိပါတယ်။ ဥပမာ-ကုမ္ပဏီတွေအနေနဲ့ ကိုယ့်ရဲ့အလုပ်သမားတွေကို ကာကွယ်ရမယ်ဆိုပြီး သတ်မှတ်ပြဋ္ဌာန်းထားတာရှိ ပါတယ်။ အဲဒါကို အာမခံစနစ်က အကာအကွယ်ပေးနိုင်ပါတယ်။ သူတစ်ပါးကို ထိခိုက်စေချင်တဲ့ ရည်ရွယ်ချက်မရှိပေမယ့် လုပ်ငန်းတစ်ခုရဲ့သဘာဝက မိမိလုပ်ငန်းနဲ့မသက်ဆိုင်တဲ့ အခြားသူတွေကို ထိခိုက်နိုင်တဲ့လုပ်ငန်းမျိုးဆိုရင် နိုင်ငံတကာ မှာရော မြန်မာနိုင်ငံမှာပါ အစိုးရက Public Liability Insurance ထားဖို့ ñွှန်ကြားသတ်မှတ်ထားပါတယ်။ ဒါ ကြောင့်တချို့ကိစ္စတွေမှာ ကုမ္ပဏီတွေဟာ ဥပဒေကြောင်းအရ အာမခံ မထားမနေရ ထားဖို့လိုအပ်ပါတယ်။ တချို့ကိစ္စ ကျတော့ Financial Protection မရှိရင် အလုပ် လုပ်လို့မရ တဲ့အနေအထားမျိုးမှာ လုပ်ငန်းလိုအပ်ချက်အရ ငွေရေးကြေး ရေးအရ အကာအကွယ်ရှိဖို့ အတွက် အာမခံထားရတာရှိပါတယ်။ဝန်ထမ်းတွေရောအာမခံထားသင့်ပါသလား
၁၉၅၂ ခုနှစ်တုန်းက အစိုးရပိုင်ပြည်ထောင်စုအာမခံစနစ် ဆိုတာပေါ်ဖူးပါတယ်။ အဲဒီတုန်းက နိုင်ငံမှာရှိတဲ့ဝန်ထမ်း တိုင်း မိမိလစာနဲ့အညီ အာမခံထားရမယ်ဆိုပြီး ဥပဒေထုတ် ခဲ့ပါတယ်။ ဒါဟာ ဒီနိုင်ငံမှာ ထားကိုထားရမယ် ဆိုပြီး အစိုးရက စီမံထားတဲ့ကိစ္စဖြစ်တယ်။ ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့ရှေ့ရေးအတွက် တစ်ချိန်ချိန်မှာ စုဆောင်းဖြစ်အောင်ရည်ရွယ်ပြီး အစိုးရက စီစဉ်တာဖြစ်တယ်။ ဒါမှမဟုတ် မိမိကွယ်လွန်တဲ့အခါမှာ မိသားစုကစဉ့်ကလျား မဖြစ်အောင် ကာကွယ်ပေးတာဖြစ်တယ်။ အသက်အာမခံထားသူတွေရဲ့ အလီလီစုငွေတွေဟာ နိုင်ငံတော်အတွက်လည်း အရင်းအနှီး စုဆောင်း ပေးသလိုမျိုး ဖြစ်နေတဲ့အတွက် အကျိုးများပါတယ်။ Capital Market ပေါ်ပေါက်လာရင်လည်း အသက်အာမခံ လုပ်ငန်းရဲ့ စုဆောင်းငွေတွေနဲ့ Capital Market ကို ကြီး ပွားဖွံ့ဖြိုးတိုးတက်အောင် အထောက်အကူပြုပါလိမ့်မယ်။ နောက်တစ်ခုက အစိုးရပေးတဲ့ ထောက်ပံ့ကြေးက မိမိဘဝအတွက် ပြည့်စုံလုံလောက်တယ်လို့ မပြောနိုင်ပေမယ့် အင်မတန်ရုပ်ပျက်ဆင်းပျက် ဒုက္ခမရောက်ဘဲ နေထိုင်သွားနိုင်အောင် စီစဉ်ပေးတယ်။ Grand Guardian မှာလည်း Shwe Taung Group က ဝန်ထမ်းတွေတော်တော်များများ အသက် အာမခံထားကြပါတယ်။ လူ့ဘဝလုံခြုံမှုအတွက် အသက် အာမခံစနစ်ကအကောင်း ဆုံးအနှစ်သာရတွေကို ယူဆောင် လာပေးနိုင်ပါတယ်။ လုပ်ငန်းခွင်မှာရှိတဲ့ အလုပ်သမားတွေ အတွက် ထိခိုက်ဒဏ်ရာရတယ်ဆိုရင် ကာကွယ်ထောက်ပံ့ ပေးနိုင်တဲ့စနစ်ရှိဖို့က အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒါကို လုပ်လာကြပြီဖြစ်ပေမဲ့ လိုအပ်ချက်တွေ ရှိနေပါသေး တယ်။မြန်မာနိုင်ငံအာမခံလုပ်ငန်း ဈေးကွက်အလားအလာ
မြန်မာနိုင်ငံရဲ့ လူဦးရေက ၆၅ သန်းခန့်ရှိပြီး အသက် ၁၈ နှစ်ကနေ ၄၅၊ ၅၀ အထိ လူဦးရေက စုစုပေါင်းလူဦးရေရဲ့ တစ်ဝက် ၂၅ သန်းနဲ့ သန်း ၃၀ ကြားလောက်မှာ ရှိပါ လိမ့်မယ်။ အဲဒါက ကျွန်တော်တို့ရဲ့ ွှမေါနအ ဃကျအသာနမ ဖြစ်တယ်။ ဝင်ငွေအလယ်အလတ်လူတန်းစား (Middle -income Class) ကို Focus လုပ်မယ်ဆိုရင် Market Size ကတအားကြီးတယ်။ ဒါပေမဲ့ အနည်းဆုံးလူဦးရေ ဆယ် သန်း၊ ၁၅ သန်းလောက် ရှိလိမ့်မယ်။ အလယ်အလတ် ဝင်ငွေရှိတဲ့လူတွေက စားဝတ်နေရေးအတွက် လုံးလည်ချာ လည်လိုက်ပြီးနေတယ်။ ရတဲ့လခထဲမှာမှ စားစရာပိုမှ စုစရာရှိမှာဖြစ်တဲ့အတွက် အသက်အာ မခံဈေးကွက် အနေအထားက တော့သိပ်ကြီးမယ်လို့ မှန်းလို့မရသေးပါဘူး။ နိုင်ငံခြားသား တွေသုံးသပ်တာ ကတော့ လူဦးရေ ၆၅ သန်းမှာ အာမခံထားပြီးသားက ငါးသိန်းထက်မပိုဘူးဆိုတော့ ၁ ရာခိုင်နှုန်း လောက်ပဲရှိတယ်။ ဒါကြောင့် ဈေးကွက်အနေအထားကို ကြည့်မယ်ဆိုရင် ဒီအချိန်မှာ အာမခံကုမ္ပဏီထောင်တာ သိပ်ကောင်းတယ်လို့ သုံးသပ်ကြတယ်။ ဘာကြောင့်လဲ မေးတော့ မင်းတို့ Market က အသစ် (Virgin) တဲ့။ ဂျပန် တို့၊ စင်္ကာပူတို့မှာဆိုရင် Mature Market ဖြစ်တဲ့အတွက် အသက်အာမခံလုပ်ငန်းလုပ်ဖို့ သိပ်မလွယ် ဘူးလို့ပြောပါ တယ်။ ဒါပေမဲ့ ပထမအချက်က ဒီမှာရတဲ့ လုပ်ခလစာက ငွေစုဆောင်းနိုင်တဲ့အနေအထားကို ရောက်ပြီလားဆိုတာက အရေးကြီးပါတယ်။ နောက်တစ်ချက်က ကျွန်တော် တို့ရောင်းတဲ့ ဏမသိကခအ တွေက အာမခံထားတဲ့လူအတွက် ဘယ်လောက် အကျိုးရှိသလဲ၊ ဘယ်လောက်ဆွဲ ဆောင်မှုရှိသလဲဆိုတာက အရေးကြီးပါတယ်။ နောက်ပြီး ဘဏ်မှာငွေစုတာနဲ့ အသက်အာမခံထားပြီး ငွေစုတာ ဘယ်ဟာကသာမလဲ စတဲ့ အချက် တွေကို ချိန်ပြီးတော့မှ Market ကို ချဲ့ရမှာဖြစ်တယ်။ ခြုံငုံ ပြောရရင်တော့ Market Size ကြီးပြီး အလားအလာလည်း ကောင်းတယ်။ အလယ်လတ်ဝင်ငွေရှိတဲ့ လူတွေကလည်းများတယ်။ ဒါပေမဲ့ အချိန်စောင့်ရလိမ့်မယ် ထင်ပါတယ်။ အခုလောလောဆယ်မှာ တော့ အသက်အာမခံလုပ်ငန်းကို အင်တိုက်အားတိုက် လုပ်မယ်ဆိုရင်တောင်မှ အခြေအနေသိပ် မပေးသေးဘူး။ လူတွေရဲ့စိတ်ပါ ဝင်စားမှု ကလည်း နည်းနေ ပါသေးတယ်။ အထွေအထွေအာမခံလုပ်ငန်းမှာဆိုရင် မီးအာမခံက ဟိုအရင်ကတည်းက Popular ဖြစ်ခဲ့ပါတယ်။ အခု လည်း မီးအာမခံထားတာက ထိပ်ဆုံးမှာပဲရှိနေပါတယ်။ မြန်မာ့အာမခံမှာ ကျွန်တော်လုပ်တုန်းကဆိုရင် ဝင်ငွေအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးက မီးအာမခံကရတာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ ကြီးထွားလာနိုင်တဲ့ နောက်အာမခံ အမျိုးအစားတစ်ခုက မော်တော်ကားအာမခံဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ မော်တော်ကားစင်းရေ ငါးသိန်းလောက် ရှိပေမဲ့ အလုံးစုံမော်တော်ယာဉ်အာမခံ ထားပြီး သား ၈ç၅၀၀ လောက်ပဲရှိပြီး ၁.၆ ရာခိုင်နှုန်းလောက်ပဲ ရှိသေးတယ်လို့ မြန်မာ့အာမခံလုပ်ငန်းရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းကပြောပါတယ်။ အဲဒီမှာ ပုဂ္ဂလိကအာမခံ လုပ်ငန်းတွေမှာ ၂ç၅၀၀လောက်ရှိပြီး ကျန်တာ ကတော့ မြန်မာ့အာမခံလုပ်ငန်းမှာ ရှိတယ်လို့ ပြောတယ်။ သုံးသပ်ရ ရင်တော့ ယာဉ်အသုံးပြုသူတွေအ တွက် တစ်နေ့တခြားထိခိုက် ဖို့ဖြစ်နိုင်ခြေတွေတိုးလာတဲ့အတွက် မော်တော်ကားအာမခံ လုပ်ငန်း Demand တွေ တိုးပွားလာလိမ့်မယ်လို့ ယူဆပါတယ်။ ရေကြောင်းအာမခံလိုမျိုးကတော့ လုပ်ခွင့်ရလာမယ်ဆိုရင် ကြီးထွားလာနိုင်တဲ့အလားအလာ ရှိပါတယ်။ [caption id="attachment_8842" align="alignnone" width="370"] ဦးသောင်းဟန်Managing Director
CB Insurance Public Co Ltd[/caption]
အာမခံလုပ်ငန်းအမျိုးအစား၊ ဝန်ဆောင်မှု
ကျွန်တော်တို့ CB Insurance မှာ တစ်နှစ်သက်တမ်းအာမခံ အမျိုးအစားသုံးမျိုးရှိပါတယ်။ စုပေါင်းအသက် အာမခံ၊ အားကစားသမား ကိုယ်အင်္ဂါထိခိုက်မှုအာမခံ၊ မြွေအန္တရာယ် အာမခံဆိုပြီးရှိပါတယ်။ အဲဒီသုံးမျိုး စလုံးဟာ မတော်တဆ ဖြစ်ပွားမှုကြောင့်သေဆုံးတာတို့၊ ဒဏ်ရာရတာတို့၊ မစွမ်းမသန် ဖြစ်တာတို့အတွက် Cover ရနိုင်ပါတယ်။ ပြည်သူပြည်သား အသက်အာမခံကတော့ ရေရှည်ငွေစုဆောင်းတဲ့ အစီအစဉ်ပါ။ သွင်းရတဲ့ပရီမီယံကြေးကများပေမဲ့ သက်တမ်းပြည့်သွားလို့ ဘာမှမဖြစ်ဘူးဆိုရင် သွင်းထားတဲ့ပိုက်ဆံကို သက်တမ်းပြည့်ခံ စားခွင့်ဆိုပြီး ပြန်ရတယ်။ အာမခံသက်တမ်းအတွင်းဒဏ်ရာ ရတဲ့အတွက် အကျိုးခံစားခွင့် မပေးပေမဲ့ ရုတ်တရက်ထိခိုက် မှုကြောင့်၊ ဒါမှမဟုတ် ရောဂါကြောင့်ဖြစ်လာမယ့် ထာဝစဉ် မစွမ်းမသန်ဖြစ်မှုကို တော့ ရနိုင်ပါတယ်။ ထာဝစဉ်မစွမ်း မသန်ဖြစ်မှုအတိုင်းအတာကို အလွယ်တကူပြောရမယ်ဆိုရင် ဝင်ငွေရရှိတဲ့အလုပ်အကိုင်တစ်ခုကို လုံးဝမလုပ်ကိုင်နိုင်တဲ့ သူကို ခေါ်ဆိုတာပါ။ ဒါကြောင့်စုပေါင်းအားကစား၊ မြွေ အန္တရာယ်တို့က သေတာရော၊ ဒဏ်ရာရတာရော၊ မစွမ်း မသန်ဖြစ်တာရော၊ လျော်ပေမဲ့ ပြည်သူပြည်သား ကတော့ ဒဏ်ရာရတဲ့အတွက်ကို လျော်ကြေးမပေးပါဘူး။ သေတာ ရယ်၊ ထာဝစဉ်မစွမ်းမသန် ဖြစ်တာရယ် အတွက်ပဲ အကျိုး ခံစားခွင့်ရှိတာပါ။ မြွေအန္တရာယ် အာမခံဆိုရင်လည်း တစ်ယူ နစ်ကို ငါးရာကျပ်လောက်ပဲ ရှိပါတယ်။ အခုခေတ်အနေနဲ့ဆိုရင် ဘယ်သူမဆို ဝယ်နိုင်ပါတယ်။ အများဆုံးဆယ်ယူနစ် အထိဝယ်ခွင့်ရှိပါ တယ်။ ဆေးကုသစရိတ်အနေနဲ့လည်း လျော်ကြေးပေးပါတယ်။ စုပေါင်းအသက်အာမခံဆိုလည်း သိန်း ၅၀ ထိ အများဆုံးအာမခံထားလို့ရပါတယ်။ စုပေါင်း အသက်အာမခံကျတော့ လုပ်ငန်းအနေနဲ့ဆိုတော့ အနည်းဆုံး လူငါးဦးပါတဲ့အစုဖြစ်ရမယ်။ ဒီစုပေါင်းအသက်အာမခံက လည်းအခုနောက်ပိုင်း တော်တော်လေးကို တွင်ကျယ် လာပါတယ်။ ပြည်သူပြည်သား အသက်အာမခံကတော့ လစဉ်လည်း သွင်းလို့ရတယ်။ သုံးလ တစ်ကြိမ်၊ ခြောက်လတစ်ကြိမ်လည်း သွင်းလို့ရပါတယ်။ အာမခံလုပ်ငန်းဆိုတာ အကျိုးအမြတ် ရလိုမှုသဘော ၏မျိုးမဟုတ်ဘဲ တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ငွေရေးကြေးရေးအရ ဆုံရှုံးမှုတွေ မဖြစ်အောင်ကာကွယ်ပေးတဲ့ သဘောပါ။ ဒီဖြစ်ရပ်တွေကို မဖြစ်အောင် တားဆီးလို့ မရပေမဲ့ ဖြစ်လာတဲ့အခါမှာ ကိုယ့်ရဲ့မိသားစုတွေ ငွေကြေး အတွက်နဲ့ ဒုက္ခမရောက်ရအောင်၊ ဝန်ထုပ်ဝန်ပိုးမဖြစ်ရအောင် စတာတွေအတွက် အကာအကွယ်ပေးတာပါ။ဘာကြောင့်အာမခံဝယ်သင့်ပါသလဲ
လူတွေမှာအဆင့်အတန်းအမျိုးစုံရှိပါတယ်။ တကယ်တမ်း ပြောရရင် ချမ်းသာတဲ့လူတွေအတွက်တော့ အာမခံကမလို အပ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့မှာက ငွေကြေး ပြည့်စုံတယ်။ တစ်စုံတစ်ခုဖြစ်ခဲ့မယ် ဆိုရင်တောင် သူတို့က တတ်နိုင်တဲ့အတွက် ပြဿနာမရှိနိုင်ဘူး။ အောက်ခြေလူ တန်းစားနဲ့ လူလတ်တန်းစား တွေအတွက် ကတော့ ပြဿနာ ရှိနိုင်ပါတယ်။ အိမ်ထောင်စုတစ်စုမှာ အဓိကဝင်ငွေရှာပေးနေ တဲ့သူရှိတယ်။ ဒီလူတစ်ယောက်က သူဝင်ငွေရှာရာကနေ မရှာနိုင်တော့ဘူးဆိုရင် ကျန်တဲ့မိ သားစုက ဒုက္ခရောက်ကြတယ်။ အဲလိုအခြေအနေမျိုးကတော့ အောက်ခြေလူတန်း စားနဲ့ လူလတ်တန်းစားတွေမှာ သွားဖြစ်နိုင်တယ်။ ဝင်ငွေ တစ်ခုဆုံးရှုံးသွားနိုင်တယ်။ အဲဒီလို ကျန်တဲ့မိသားစုတွေ ဒုက္ခမရောက်ရအောင် အာမခံထားခြင်းက အကာအကွယ်ပေးနိုင်တယ်။ အဲဒါကလည်း အာမခံရဲ့အနှစ်သာရပဲဖြစ်ပါတယ်။ ဒီလိုမျိုးတွေကို အသက် အာမခံလုပ်ငန်းတွေက ပံ့ပိုးပေးနိုင်တယ်။ ဒါကြောင့်ကျွန်တော်တို့က အောက်ခြေလူတန်းစားနဲ့ လူလတ် တန်းစားတွေကို အာမခံကိုဝယ်ထားသင့်တယ် လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံမှာက အသက်အာမခံနဲ့ သိပ်အကျွမ်းတဝင်မရှိသေးတာရယ်၊ အသက်အာမခံရဲ့သ ဘောတရားကို နားမလည်သေးတာရယ်တွေကြောင့် အများစုက အာမခံရဲ့ အကျိုးကျေးဇူးတွေကို မသိကြသေးဘူး။ နိုင်ငံတကာမှာဆိုလည်း သူတို့က အာမခံတစ်မျိုး မဟုတ် တစ်မျိုးကို လိုလည်းလိုအပ်လေ့ရှိတယ်။ ဝယ်လည်းဝယ်ထားကြတယ်။ ဝန်ထမ်းတွေအနေနဲ့လည်း ွမသကစ အလိုက်လည်း ထားလို့ ရပါတယ်။ Endowment Plan (နှစ်ရှည် ငွေစုဆောင်းတဲ့အစီ အစဉ်) အနေနဲ့လည်း ထားလို့ရပါတယ်။ ဝန်ထမ်းတွေရဲ့ ဝင်ငွေက အလယ်အလတ်အဆင့်ကို ရောက်သွားပြီဆိုရင် အနည်းနဲ့အများ ပိုက်ဆံကိုစုဆောင်းတတ်ကြပါတယ်။ တစ်လကို တစ်သောင်း၊ နှစ်သောင်း စသဖြင့်ပေါ့။ တစ်သောင်း၊ နှစ် သောင်းဆိုတာကလည်း မစုဘဲထားရင်လည်း ဒီအတိုင်းပဲ ကုန်သွားတတ်တယ်လေ။ အဲလိုမျိုး အာမခံဝယ်ထားလိုက် မယ်ဆိုရင်တော့ နှစ်ရှည်အတွက် ငွေစုဆောင်းမိတဲ့သဘော မျိုးဖြစ်သွားပါတယ်။အာမခံလုပ်ငန်းအလားအလာ
အာမခံလုပ်ငန်းအလားအလာက အင်မတန်ကို ကောင်းပါ တယ်။ အာမခံလုပ်ငန်းတွေဟာ နိုင်ငံတကာမှာ ပေါ်ပေါက် နေတာကြာပါပြီ။ ယနေ့အထိလည်း အောင်မြင်တဲ့ လုပ်ငန်းတွေအဖြစ် ဆက်လက်ရပ်တည် နေပါတယ်။ ဒီလိုလုပ်ငန်းတစ်ခု နှစ်ရာနဲ့ချီအောင်မြင်ဖို့က အခြေခံအကြောင်း တရားတွေရှိရတယ်။ ဒီလိုအောင်မြင်ရခြင်း အကြောင်းအရင်း အဓိကကလိုအပ်ချက်ပါ။ လူတွေမှာ လိုအပ်ချက်တွေရှိတယ်။ ဒီလိုအပ်ချက်တွေကို အာမခံလုပ်ငန်းတွေက ဖြည့်ဆည်းပေး နေတဲ့အတွက်ကြောင့် ဒီလုပ်ငန်းတွေက အောင်မြင်နေရခြင်း ဖြစ်ပါတယ်။ အာမခံလုပ်ငန်းတွေက Risk တွေ အားလုံးကို ခေါင်းပေါ်တင်ထားတဲ့ သဘောပါပဲ။ ဒါဆိုရင် သူတို့ဘယ်လိုရပ် တည်နေတာလဲဆိုတော့Risk Managment ကောင်းအောင် ဆောင်ရွက်နေကြတာမျိုးပါ။ လူတိုင်းကအာမခံဝယ်ထားလိုက်ရင်ဘယ်လောက်ပဲ အန္တရာယ် ရှိရှိ ကိုယ့်ရဲ့ မိသားစုဒုက္ခမရောက်တော့ဘူးဆိုပြီး စိတ်ချမ်းသာမှုကို ရသွားတာပါ။ ဒါကြောင့်အာမခံလုပ်ငန်းက လူတွေရဲ့ ဘဝကို လုံခြုံစိတ်ချစေတာကြောင့် လုပ်ငန်းအလားအလာ အများကြီးကောင်းလာမယ်လို့ ယုံကြည်ပါ တယ်။အာမခံလုပ်ငန်းတွင်ကျယ်လာဖို့အတွက် ပြင်ဆင်ထားသင့်ပုံ
အဓိကကတော့ ဒီအလုပ်ကိုထိန်းကျောင်းပေးနေတဲ့ အစိုးရ ပိုင်း (Policy Maker) တွေက ဖွင့်ပေးဖို့လိုပါတယ်။ လူတွေ မှာရှိတဲ့ လိုအပ်ချက်တွေကို ဖြည့်နိုင်ဖို့အတွက် Product အသစ်တွေကို ဖွင့်ပေးဖို့လိုပါတယ်။ နောက်ကုမ္ပဏီတွေအနေနဲ့ ဒီလုပ်ငန်းတွေကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ပေးနိုင်တဲ့ပညာ ရှင်တွေနည်း နေသေးတယ်။ နိုင်ငံခြားက အကူအညီတွေယူပြီး ဒီလုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့အတွက် မြန်မြန်ဆန်ဆန်လုပ်ဖို့ လိုပါတယ်။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (IBSB) ကနေ ဦးစီးဦးဆောင် အနေနဲ့ လုပ်ဆောင်နေတာ တွေတော့ ရှိပါတယ်။ ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိဖို့အတွက် ပညာပေးအစီအစဉ်တွေ လုပ်ပေးဖို့လည်းလိုပါတယ်။ အဲလို လုပ် ပေးနိုင်မယ်ဆိုရင်တော့ အာမခံလုပ်ငန်းကြီးက လျင်လျင် မြန်မြန်ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ဒါမှလည်း ပြည်သူလူထုက အကျိုးကျေးဇူးရရှိမယ်။ နိုင်ငံအနေနဲ့လည်း အကျိုးကျေးဇူးရှိမယ်။ နောက်တစ်ခုက ကျန်းမာရေးအာမခံပါ။ ကျွန်တော်တို့ လက်ရှိဖြန့်ဖြူးနေတဲ့ Product တွေအပြင် ကျန်းမာရေးအာမခံကိုတော့ သိပ်ပြီးထိ ထိရောက် ရောက် လုပ် မပေးနိုင်သေးဘူး။ သိပ်မကြာခင် အချိန်မှာပဲ ကျန်းမာရေး အာမခံတွေ ပေါ်လာမှာဖြစ်ပါတယ်။ ဒီကျန်းမာရေးအာမခံက လည်း ပြည်သူတွေကို အကျိုးပြုနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ [caption id="attachment_8846" align="alignnone" width="370"] ဦးစိုးဝင်းသန့်General Manager
Global World Insurance Co Ltd[/caption]
လုပ်ငန်းစတင်တဲ့ခုနှစ်၊ လုပ်ကိုင်ဆောင်ရွက်နေမှုအပိုင်း
Global World Insurance ကို ၂၀၁၃ ခုနှစ်၊ စက်တင် ဘာလ၊ ၂၁ ရက်နေ့က စတင်ဖွင့်လှစ်လုပ်ကိုင်ခဲ့တာဖြစ် ပါတယ်။ ကျွန်တော်တို့က ဘဏ္ဍာရေးကနေ အာမခံလုပ်ငန်း အမျိုးအစား နှစ်မျိုးလုပ်ခွင့်ရပါတယ်။ အဲဒါတွေက တော့ အသက်အာမခံ (Life Insurance) နဲ့ အထွေထွေအာမခံ General Insurance) တွေပဲဖြစ်ပါတယ်။ အဲဒီနှစ်မျိုး ထဲမှာမှ အာမခံအမျိုးအစားပေါင်းခြောက်မျိုး လုပ်ပါတယ်။ အသက်အာမခံမှာ ဆိုရင် ပြည်သူပြည်သားအသက်အာမခံ၊ စုပေါင်းအသက်အာမခံ၊ မြွေအန္တရာယ်အာမခံ၊ အားကစား သမားအာမခံဆိုပြီး ရှိပါတယ်။ အထွေထွေအာမခံမှာဆိုရင် မော်တော်ယာဉ်အလုံး စုံအာမခံ၊ မီးအာမခံ၊ ငွေသယ်ငွေပို့အာမခံ၊ ငွေသားလုံခြုံ မှုအာမခံ၊ သမာဓိအာမခံဆိုပြီးရှိပါတယ်။ အစိုးရကပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၂ ခုကို လုပ်ကိုင်ခွင့်ပြုထားတယ်။ လိုင် စင်ချပေးထားပါတယ်။ အဲဒီ ၁၂ ခုမှာ ခြောက်ခုက အထွေထွေအာမခံ လုပ်ငန်းကို လုပ်ခွင့်ရပြီးတော့၊ ကျန်တဲ့ ခြောက်ခုကတော့ အသက်အာမခံလုပ်ငန်းကိုပဲ သီးသန့် လုပ်ကိုင်ခွင့် တွေ ရရှိကြပါတယ်။ ကျွန်တော်တို့ Paid-up Capital အတွက် ငွေသွင်းရပါတယ်။ အထွေထွေအာမခံကိုပါ တွဲ လုပ်မယ့်သူတွေဆိုရင် Paid-up Capital က ၄၆ ဘီလီယံသွင်းရပါတယ်။ အသက်အာမခံလုပ်တဲ့ ကုမ္ပဏီ တွေဆိုရင် Paid-up Capital ခြောက်ဘီလီယံသွင်းရပါ တယ်။ ကျွန်တော်တို့ Global World ကတော့ Paid-up Capital ကို ၄၆ ဘီလီယံသွင်းပြီး လုပ်ကိုင်နေတဲ့အမျိုး အစားထဲမှာ ပါပါတယ်။ဘာကြောင့်အာမခံဝယ်သင့်ပါသလဲ
ကျွန်တော်တို့အာမခံကုမ္ပဏီတွေရဲ့ သဘောတရား (ဆောင် ပုဒ်) ကတော့ 'မိမိဘဝနောင်ရေးစိတ်အေးဖို့ အာမခံထားကြ စို့' ဆိုတာလေးတွေ စသဖြင့်ပါပဲ။ အသက်အာမခံလုပ်ငန်း မှာဆိုရင်လည်း ပြည်သူပြည်သား အသက်အာမခံဆိုရင်လည်း ကိုယ်ထားတဲ့ငွေပေါ်မှာမူတည်ပြီးတော့ ကိုယ်ထားတဲ့အတိုင်း အတာအလိုက် ပရီမီယံကြေးက နှစ်စဉ်သွင်းနေရတာမျိုးပါ။ သူက နှစ်ရှည်စုဆောင်းငွေလည်းဖြစ်တယ်။ နှစ်မပြည့်ခင်မှာ အသက်ဆုံးရှုံးသွားရင်လည်း ကိုယ်အာမခံထားထားတဲ့ငွေကို ပြန်ရတာပါ။ ကိုယ်ကသွင်းရမယ့်ငွေက မပြည့်သေးပေမဲ့ လျော်ကြေးကျတော့ အပြည့်ရတာပါ။ ဝန်ထမ်းတွေအတွက် ထားတဲ့ စုပေါင်းအသက် အာမခံကတော့ တစ်နှစ်ချင်းစီထားရ တာပါ။ အနည်းဆုံး လူငါးဦးကနေ စထားလို့ရပါတယ်။ အဲဒီအာမခံက လုပ်ငန်းခွင်အန္တရာယ်ထိခိုက်မှုကနေ ဝန်ထမ်း တွေကို ကာကွယ်ပေး တဲ့သဘောပါ။ အဲလိုဝန်ထမ်းတွေကို အာမခံထားပေးခြင်းအားဖြင့် အလုပ်ရှင်နဲ့ ဝန်ထမ်းကြားမှာ ရှိတဲ့ဆက်ဆံမှုကလည်း ပိုပြီး ယုံကြည်မှု ရှိလာတယ်။ အထွေထွေ အာမခံလုပ်ငန်းထဲမှာပါတဲ့ မော်တော်ယာဉ် အလုံးစုံအာမခံကတော့ ယာဉ်တိုက်မှု တွေအတွက် အာမခံ ကုမ္ပဏီက မိမိယာဉ်နဲ့ သူတစ်ပါးတိုက်မိတယ်ဆိုရင် မိမိယာဉ် ပျက်စီးမှုအတွက်လည်း ပေးလျော်တယ်။ သူတစ်ပါးအတွက်လည်း ပေးလျော်တယ်။ ဒါကြောင့် ကျွန်တော်တို့က ဒါကိုမော်တာ်ယာဉ် အလုံးစုံအာမခံ လို့ခေါ်တာပါ။ ဘာပဲဖြစ်ဖြစ် အာမခံထားခြင်းရဲ့ အကျိုး ကျေးဇူးတွေကတော့ အများကြီးပါ။ လုပ်ငန်းရှင်တွေ၊ စီး ပွားရေးသမားတွေအနေနဲ့ကလည်း ကိုယ့်ရဲ့လုပ်ငန်းကြီးကြီး၊ သေးသေးဝယ်သင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အာမခံ ထားလိုက်ခြင်းအားဖြင့် ကိုယ့်ရဲ့လုပ်ငန်းပဲဖြစ်ဖြစ်၊ ကားပဲ ဖြစ်ဖြစ် ရာနှုန်းပြည့် စိတ်ချယုံကြည်မှုရှိရှိနဲ့ လုပ်ကိုင်နိုင်ပါ တယ်။ ကိုယ့်ရဲ့ပိုင်ဆိုင်မှုကို အာမခံထားလိုက်တဲ့အခါ ကိုယ့်ပိုင်ဆိုင်မှုဟာ အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးခဲ့ရင် တောင် အာမခံထားတဲ့တန်ဖိုးအတိုင်း အပြည့်ရတာဆိုတော့ ဆုံရှုံးစရာမရှိတော့ဘူးပေါ့။ ဒါကြောင့်ကုမ္ပဏီဖြစ်ဖြစ်၊ စီးပွား ရေးလုပ်ငန်းရှင်ဖြစ်ဖြစ်၊ ဈေးသည်ဖြစ်ဖြစ်၊ သာမန်လက်လုပ် လက်စားတွေဖြစ်ဖြစ် အာမခံထားသင့်တယ်လို့ ထင်ပါတယ်။အာမခံလုပ်ငန်းအလားအလာ
လောလောဆယ်အခြေအနေမှာတော့ ကျွန်တော်က မော်တော် ယာဉ်အလုံးစုံအာမခံနဲ့ယှဉ်ပြီး ပြောချင်ပါတယ်။ ကညန စာရင်းအရ မြန်မာနိုင်ငံမှာမှတ်ပုံတင်ထားတဲ့ မော်တော် ကားက ငါးသိန်းကျော်ရှိပါတယ်။ မြန်မာ့အာမခံ လုပ်ငန်း နဲ့ ပြင်ပပုဂ္ဂလိကတွေမှာအာမခံထားတဲ့ ကားအစီးရေက ရှစ်ထောင်ကျော်ပဲ ရှိပါတယ်။ ၁ ရာခိုင်နှုန်း ကျော်ကျော် လောက်ပဲရှိတဲ့သဘောပါ။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးလာရင် ရုပ် ဝတ္ထုပစ္စည်းတွေလည်း တိုးတက်လာပါတယ်။ ဒါကြောင့် မော်တော်ယာဉ်တွေလည်း အများကြီးသွင်းလာကြဦးမှာပဲ။ လမ်းတွေကလည်း ကျပ်တည်းလာပြီး လမ်းတွေပေါ်မှာ၊ အမြန်လမ်းတွေပေါ်မှာ Accident တွေတော်တော်များများ ဖြစ်လာကြပြီ။ အဲလိုဖြစ်လာတာတွေ သိလာတာနဲ့အမျှ လူ တွေက ဒီလိုမော်တော်ယာဉ်တွေကို အာမခံထားဖို့စိတ်ပါ ဝင်စားလာကြမယ်။ ကျွန်တော်တို့ နေ့စဉ်အလုပ်လုပ်ရတဲ့ အာမခံခြောက်မျိုးထဲမှာ မော်တော်ကားအာမခံ အများဆုံးလုပ် ရပါတယ်။ ကျန်တဲ့မော်တော်ယာဉ် ၉၈ ရာခိုင်နှုန်းလောက်က လည်း အာမခံထားလာကြမှာပဲ။ အချိန်နည်းနည်းတော့ယူရဦးမှာပေါ့။ ဟိုအရင် တုန်းက မြန်မာ့အာမခံလုပ်ငန်းပဲရှိခဲ့တာဆိုတော့ လူတွေက သိပ်ပြီးမသိကြဘူး။ အခုတော့ ပုဂ္ဂလိကအာမခံတွေလည်း တွင်ကျယ်လာပြီဆိုတော့ မြန်မာ့အာမခံလုပ်ငန်းအပါအဝင် အာမခံအဖွဲ့ပေါင်း ၁၃ ခု ဖြစ်လာတဲ့အခါမှာ လူတွေပိုပြီး သိလာကြတယ်။ ဈေးကွက်ကြီးကတော့ အကျယ်ကြီးပါပဲ။ ကျွန်တော်တို့ကုမ္ပဏီအချင်းချင်းက ပြိုင်ဘက်တွေ မဟုတ် ဘဲ တစ်ခရီးတည်းသွားနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ် ပါတယ်။ အာမခံလုပ်ငန်းက တခြားအဖွဲ့အစည်းနဲ့မတူ တာက အာမခံကြီးကြပ်ရေးအဖွဲ့ (IBSB) ကလည်း ကျွန် တော်တို့ကို ထိန်းကျောင်း၊ ညှိနှိုင်းပေးထားပါတယ်။ ကျွန် တော်တို့အချင်းချင်းကလည်း ပြိုင်ဘက်တွေအနေနဲ့ မဟုတ် ဘဲ ပူးပေါင်းဆောင်ရွက်သူတွေအနေနဲ့ လုပ်ကိုင်ကြတဲ့အခါ အာမခံလုပ်ငန်းကြီးကလည်း လျင်လျင်မြန်မြန်နဲ့ တိုးတက် လာမယ်လို့ ယုံကြည်ပါတယ်။ [caption id="attachment_8850" align="alignnone" width="370"] ဦးရန်ပိုင်General Manager
Capital Life Insurance[/caption]