- အမေရိကန်သမ္မတဒေါ်နယ်ထရန့်အနေဖြင့် သမ္မတ၏ အထူးအမိန့်နှင့် နိုင်ငံခုနစ်နိုင်ငံမှ ဒုက္ခသည်များနှင့် ပြည်သူများကို အမေရိကန်ပြည်ဝင်ခွင့် ပေးခဲ့ပါသည်။ သို့သော်လည်း ဖက်ဒရယ်တရားရုံးက ဤအထူးအမိန့်ကို တားမြစ်ခဲ့ပါသည်။ ဤတွင် Institution များ၏ အခန်းကဏ္ဍကို တွေ့မြင်နိုင်ပါသည်။
- တောင်ကိုရီးယားနိုင်ငံ၏ Chaebol အုပ်စုဝင်ဖြစ်လာမည့် Samsung အမြင့်ဆုံးရာထူးကို ဆက်ခံသည့် Jay Y. Lee ကို လာဘ်ထိုးမှုနှင့် သမ္မတရာထူးမှ ဖယ်ရှားခံရသည့် Park Geun - hye ကို သြဇာလွှမ်းမိုးရန်ကြိုးစားမှုဖြင့် ဖမ်းဆီးထားသည်။ တောင်ကိုရီးယားသမ္မတ Park Geun - hye ကို ရာထူးမှ ပယ်ရှားနိုင်ခြင်းမှာလည်း Institution များ၏ အရေးပါမှု သက်သေပင် ဖြစ်ပါသည်။
- ခိုင်မာသည့် Institution များရှိနေပါက တော်သည့်ခေါင်းဆောင်များကို မချော်သွားရန် ထိန်းကျောင်းပေးနိုင်ပါသည်။
မြန်မာနိုင်ငံတွင်လည်း အစိုးရသစ်တက်လာပြီးနောက် ဥပဒေများပြင်ဆင်ခြင်း၊ အသစ်ထုတ်ပြန်ခြင်း၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခြင်းတို့ လုပ်ဆောင်လျက်ရှိပါသည်။ တာဝန်ယူရသော ကဏ္ဍအသီးသီးမှ ခေါင်းဆောင်များ တာဝန်ယူစိတ်၊ တာဝန်ခံစိတ်ဖြင့် လုပ်ဆောင်ရန်လိုအပ်သကဲ့သို့ ဥပဒေများ၊ လုပ်ထုံးလုပ်နည်း နည်းဥပဒေများစသည့် Institution များ ခိုင်ခံ့ရန် ပြင်ဆင်လုပ်ဆောင်ထားမှသာ အစဉ်အဆက်ခိုင်မာသော အဖွဲ့အစည်းများဖြင့် နိုင်ငံကိုတည်ဆောက်သွားနိုင်မည်ဖြစ်ပါကြောင်း။
မောင်သာ