Instagram ကို ကိုယ့်လုပ်ငန်းအတွက် အကျိုးရှိရှိသုံးနည်း ၅ ခု

1.Product အသစ်ကို လူပိုသိအောင်၊ Offer အသစ်ကို လူပိုသိအောင်လုပ်ပါ။ ဒါပေမဲ့ Spam သဘောမျိုး ဖြစ်လောက်တဲ့အထိတော့ မလုပ်ပါနဲ့။ ကြော်ငြာ တအားမဆန်ပါစေနဲ့။

Case Study : Starbucks က သူ့ရဲ့ Disneyland Theme Park ကို စတင်မိတ်ဆက်တော့ Instagram ကနေ ရိုးရိုးရှင်းရှင်းပဲ Promote လုပ်ခဲ့ပါတယ်။

2.ကိုယ့် Product တွေသုံးတဲ့ Customer တွေကိုလည်း ဂုဏ်ယူတဲ့အနေနဲ့ ဖော်ပြပေးပါ။

Case Study : Sharpie ဆိုရင် သူ့ Sketch Pen တွေသုံးပြီး Customer တွေ ဆွဲထားတဲ့ပုံတွေကို သူ့ Instagram Page မှာ မကြာခဏဆိုသလို ဖော်ပြပေးလေ့ရှိပါတယ်။

3.Behind the Scene တွေကို လူတွေသိချင်ကြပါတယ်။ ဒါက ကိုယ့် Brand ရှင်သန်နေတယ်ဆိုတာ ကိုယ့် Fan တွေ ခံစားမိစေပါတယ်။ ဒါကြောင့် Snapshot တွေကို ပြသပေးပါ။

Case Study : Tiffany & Co ဆိုရင် သူ့ရဲ့ငါးခုမြောက် Avenue Store အတွက် အနုပညာရှင်တစ်ယောက်က Backdrop ကို ရေးဆွဲနေပုံကို သူ့ရဲ့ Instagram ပေါ်မှာ တင်ပြပေးခဲ့ပါတယ်။ Tiffany & Co က သူတို့ရဲ့ Activity တွေကို ဒီလိုပဲ မကြာခဏ တင်လေ့ရှိပါတယ်။

4.ကောင်းမွန်ရာကိုလုပ်တဲ့ပုံရိပ်ကိုလည်း ပြသပေးပါ။ ကိုယ့် Brand Image အတွက် ဝန်ထမ်းတွေ အတွက်ပဲဖြစ်ဖြစ်၊ Community အတွက်ပဲဖြစ်ဖြစ် ဘယ်လို ကောင်းကျိုးသယ်ပိုးလေ့ရှိတယ်ဆိုတာကိုလည်း Highlight လုပ်ပြသပေးပါ။

Case Study : Levis  ဆိုရင် ပရဟိတလုပ်တာ ဘယ်လိုကောင်းကြောင်း Promote လုပ်ပါတယ်။ သူ့ရဲ့ ဝန်ထမ်းတွေကိုလည်း ဒီလိုပရဟိတလုပ်ဖို့အတွက် ခွင့်ရက်ပေးလေ့ရှိပါတယ်။ ပြီးတော့ ဒါကိုလည်း သူ့ရဲ့ Instagram ကနေ ဂုဏ်ယူစွာဖော်ပြပါတယ်။

5.ကိုယ့် Fan တွေ၊ Customer တွေအတွက် Instagram Photo Contest တွေ ပြုလုပ်ပေးပါ။ ရည်ရွယ်ချက်က Brand နဲ့ Customer တွေရဲ့ကြား ပို Engage ဖြစ်လာစေဖို့ပါ။

Case Study : San Diego Zoo က သူတို့ဆီ လာတဲ့ Fan တွေကို တိရစ္ဆာန်ရုံမှာရှိနေတုန်း ဓာတ်ပုံရိုက်တင်သမျှကို Hashtag လုပ်ခိုင်းပါတယ်။