Information Matrix ရဲ့ ပဲ့ကိုင်ရှင် ဦးသောင်းစုငြိမ်း

uthaungsunyein1

Information Matrix မှာ ပုံနှိပ်မီဒီယာလုပ်ငန်းပိုင်းနဲ့ IT ကဏ္ဍပိုင်းဆိုတဲ့ မတူညီတဲ့လုပ်ငန်းနှစ်ခုကို ဦးဆောင်ရင်း မြန်မာ့စီးပွားရေးနယ်ပယ်မှာ နေရာတစ်ခု အခိုင်အမာယူထားတဲ့ ဦးသောင်းစုငြိမ်းနဲ့ တွေ့ဆုံခိုက်မှာ လုပ်ငန်းစီမံခန့်ခွဲမှု အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။

စီမံခန့်ခွဲမှုနည်းလမ်း

ကျွန်တော့်အနေနဲ့ ဝန်ထမ်းတွေ လုပ်ချင်စိတ်ရှိလာအောင်၊ အရည်အချင်းပိုကောင်းလာအောင် စောင့်ကြည့်စည်းရုံးရေးတွေ လုပ်ပါတယ်။ လိုအပ်ချက်တွေက ဘာတွေရှိနေလဲ၊ အချိန်လိုတာလား နည်းပညာ လို တာလား၊ ဝန်ထမ်းလိုတာလားဆိုတာကို စောင့်ကြည့်ပြီး ပံ့ပိုးမှုတွေလုပ်ပေးတဲ့ စနစ်နဲ့ သွားပါတယ်။

ကုမ္ပဏီရဲ့ ဆောင်ပုဒ်

အနာဂတ်အတွက် စွန့်ဦးတီထွင်ခြင်းဆိုတဲ့ဆောင်ပုဒ်ကို ဝန်ထမ်းတိုင်းမှာ စွဲနေအောင်လုပ်ပေးပါတယ်။ အ လုပ်တစ်ခုလုပ်ပြီဆိုတာနဲ့ သူများနဲ့မတူအောင် Innovate လုပ်ပါတယ်။

ပုံနှိပ်မီဒီယာဆိုတာကလည်း လွန်ခဲ့တဲ့နှစ်ပေါင်းရာကျော်ကတည်းက ရှိနေတာဖြစ်တဲ့အတွက် အသစ်အဆန်းမဟုတ်ပါဘူး။ ရှေ့မှာထွက်ရှိပြီးသား မဂ္ဂဇင်းတွေ၊ သတင်းစာတွေ ဂျာနယ်တွေဆိုတာ ရှိပြီး သားဆိုတော့ သူတို့ထက်ဘာတွေပိုပြီး ကောင်းအောင်လုပ်နိုင်မလဲဆိုတာ အမြဲတွေးပြီးတော့လုပ်ပါတယ်။ အဲဒါကြောင့်လည်း People Magazine ဆိုရင် မြန်မာနိုင်ငံမှာ ပထမဆုံးကြွေစက္ကူနဲ့ ထုတ်တဲ့မဂ္ဂဇင်းဖြစ်ခဲ့ ပါတယ်။ ဒါပေမဲ့ ရှုံးပါတယ်။ ဒါပေမဲ့ ဒါကိုကျွန်တော်တို့အနေနဲ့ စံတစ်ခုထားပြီး တန်ဖိုးထားပါတယ်။ နည်းပညာလုပ်ငန်းဘက်မှာလည်း ဒီလိုပါပဲ။ E-Government ခေတ်မစားလာခင် လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကတည်းက ဒါကို ကျွန်တော်တို့ဘက်က ဝန်ဆောင်မှုတွေပေးနေတာဖြစ်ပါတယ်။ Industry Trend ကိုလည်း အမြဲစောင့်ကြည့်နေတာဖြစ်ပါတယ်။ ခုလက်ရှိဆိုရင် မြန်မာနိုင်ငံမှာက Mobile Revolution လည်း စနေပြီဆိုတာကြောင့် လူနေမှုပုံစံတွေ ပြောင်းလဲလာနေတာဖြစ်ပါတယ်။ အဲဒီလိုပြောင်းနေတာက နောက်ပိုင်းဆိုရင် အွန်လိုင်းကနေတစ်ဆင့် ဈေးဝယ်တာတွေလည်း ဖြစ်လာတော့မှာပါ။ နောက်တစ်ဆင့်မှာတော့ Mobile Government  စတာတွေအထိ ပြောင်းလဲ လာတာမျိုးတွေ ဖြစ်လာနိုင်တဲ့အတွက်  ဈေးကွက် ဘယ်ကိုသွားနေလဲဆိုတာကို ကြည့်ပြီးတော့ အမြဲလုပ်နေရပါတယ်။

uthaungsunyein2

လုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင်

လုပ်ငန်းတစ်ခုထူထောင်မယ်ဆိုရင်တော့ လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီးတော့ ငွေကြေးပမာဏရင်းနှီး မှုရှိနေရမယ်။ နောက်တစ်ခုက ဦးဆောင်ပြီးလုပ်မယ့် သူကလည်း ဒီအလုပ်ကို ဇွဲရှိရှိနဲ့ဇောက်ချပြီး လုပ်မယ် ဆိုတဲ့ စိတ်ဓာတ်ရှိနေရပါမယ်။ အဲဒီ စိတ်ဓာတ်မရှိဘူးဆိုရင်တော့ နှစ်အနည်းငယ်အတွင်းမှာ ပျက်နိုင်ပါတယ်။ နောက်တစ်ခုက ဈေးကွက်ကို သုတေသနလုပ်ဖို့လည်း လိုအပ်ပါတယ်။ Market Research မှာလည်း တကယ့်ကို အမှန်အတိုင်းသိအောင်လုပ်ဖို့ လိုအပ်ပါတယ်။ ကိုယ်နဲ့တွဲလုပ်မယ့်သူတွေ အကုန်လုံးကိုလည်း ကောင်းကောင်းမွန်မွန်တွဲခေါ်သွားနိုင်ဖို့ လိုအပ်ပါတယ်။ တကယ်အားကိုးရမယ့်သူ ရှိနေဖို့လည်း လိုအပ်ပါတယ်။ Location ကောင်းမွန်ရမယ်။ ကိုယ့်လက်ရှိအခြေအနေအမှန်ကိုလည်း ကိုယ်တိုင်သိနေဖို့ လိုအပ်ပါတယ်။

လက်ရှိဖတ်ဖြစ်နေတဲ့စာအုပ်

စာအုပ်မှ၊ Website မှမဟုတ်ဘဲ ကိုယ်နဲ့သင့်တော်မယ် ထင်တာအားလုံးကို ဖတ်ရှုလေ့လာပါတယ်။ လောလောဆယ်သုံးနေတဲ့ Zite ဆိုတဲ့ Mobile App ကနေ တစ်ဆင့်အများဆုံးစာဖတ်ဖြစ်ပြီး Leadership နဲ့ Management ကို ဦးစားပေးဖတ်ဖြစ်ပါတယ်။ နောက်ဆုံး ဖတ်ဖြစ်ခဲ့တဲ့စာအုပ်ကတော့ Steve Job နဲ့ ပတ်သက်တဲ့စာအုပ်ပါ။

အယ်ဒီတာအဖွဲ့