အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း (ILO) ဟာ ၁၉၁၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အလုပ်သမားတွေရဲ့ အလုပ်ခွင်မှာရရှိမယ့် အခွင့်အရေးတွေမြှင့်တင်ဖို့၊ အလုပ်သမားတွေရဲ့ လူနေမှုဘဝအကာ အကွယ်ရှိစေဖို့နဲ့ အလုပ်ခွင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပွင့်လင်းစွာပြောဆိုနိုင်ဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာအလုပ်သမားအစည်းအဝေးကို နှစ်စဉ်ဇွန်လမှာ ဆွစ်ဇာလန်နိုင်ငံရဲ့ ဂျနီဗာမြို့မှာ ကျင်းပလေ့ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ကိုယ်စားပြုအနေနဲ့ သွားရောက်ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့သမျှကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
ILO ကို သွားရောက်ဆွေးနွေးခဲ့တဲ့အတွေ့အကြုံ ကျွန်မတို့ အဲဒီကို သွားရောက်ခဲ့တာက အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားညှိနှိုင်းရတဲ့ အလေ့အကျင့်ကိုတွေ့လည်း တွေ့ခဲ့တယ်။ ကိုယ်တိုင်လည်းရခဲ့ပါတယ်။ မနက်ပိုင်း မှာ အစိုးရဆိုလည်း အစိုးရသီးသန့်၊ အလုပ်ရှင်ဆိုလည်း အလုပ်ရှင်သီးသန့်၊ အလုပ်သမားဆိုလည်း အလုပ်သမားသီးသန့်စတဲ့ ဆိုင်ရာဆိုင်ရာအဖွဲ့အစည်း အလိုက် ဆွေးနွေးမှုတွေ လုပ်ကြပါတယ်။ အဲဒီလို သီးသန့်ဆွေးနွေးခဲ့တဲ့အစည်းအဝေး ကရလဒ်တွေကို သုံးပွင့်ဆိုင် ဆွေးနွေးပွဲမှာ ပြန်လည်ဆွေးနွေးကြတယ် ဆိုတော့ တော်တော်လေးကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြတာဖြစ်တယ်။ အဲဒါလေးတွေ ကျွန်မအနေနဲ့လေ့လာ တွေ့ခဲ့ရတာဖြစ်ပါတယ်။ နောက်တစ်ခု ကျွန်မ သဘောကျတာက ဟောခန်းအကျယ်ကြီးထဲမှာ နိုင်ငံပေါင်းရာနဲ့ချီပြီးတက်ကြတာ ကိုယ်စားလှယ်တွေနဲ့ဆိုအများကြီးပဲ။ ကိုယ့်ရဲ့နိုင်ငံနာမည်အလိုက် တစ်နှစ်နဲ့တစ်နှစ် လှည့်ပြီးထိုင်ရတာဖြစ်တဲ့အတွက် နေရာရွေးလို့မရပါဘူး။ နောက်တစ်ခုက ကျွန်မအနေနဲ့ ILO သွားမှ မဟုတ်ပါဘူး။ ကျွန်မတို့ တိုင်းပြည်ထဲမှာရှိတဲ့ကလေးတွေကို စကားပြောကြည့်တဲ့အခါမှာ နားလည်အောင်ပြောရင် နားလည်ပါတယ်။ ဒါကြောင့် အရေးကြီးတာက အလုပ်ရှင်၊ အလုပ်သမား Dialogue ကို ILO ရော၊ နိုင်ငံတော် အစိုးရရော အများကြီးပြောနေရတာ၊ သိအောင်ပြောနေရတာ ဖြစ်ပါတယ်။ သဘောချင်း မတိုက်ဆိုင်တာလည်း ရှိတယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးပြောနေတာမဟုတ်ဘူး ဆိုတာကိုတော့ လူတိုင်းက လက်ခံထားရမယ်။ ကဏ္ဍကို ခွဲစေချင်ပါတယ်။ နိုင်ငံတော်အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ Stakeholder အားလုံးက ထိုင်ပြီးစကားပြော ကြမယ်ဆိုရင် ငါဆိုတာကို ဖျောက်ခဲ့ရမှာဖြစ်တယ်။ ကဏ္ဍခွဲနိုင်တဲ့အလေ့အကျင့်လုပ်ဖို့ လိုပါတယ်။ ကျွန်မတို့နိုင်ငံတကာကနေ ကဏ္ဍခွဲတာလေးတော့ တော်တော်လေ့ လာခဲ့ရပါတယ်။ ဆွေးနွေးမှုတွေက မြန်မာနိုင်ငံရဲ့ အလုပ်သမားရေးရာအပေါ် အထောက်အကူပြုနိုင်မှု ကျွန်မတို့ ဒီတစ်နှစ်သွားခဲ့တာက အလုပ်သမားကိုယ်စားလှယ်တစ်ဦးနဲ့ အကြံပေးနှစ်ဦးပါတယ်။ မနှစ်က သွားတုန်းက အလုပ်သမားကိုယ်စားလှယ် တစ်ဦးပဲပါတယ်။ ဒီနှစ်မှာ သုံးဦးပေါ့။ သူတို့နဲ့ ကျွန်မတို့ ဆွေးနွေးပြီး စကားအများကြီး ပြောဖြစ်ကြတယ်။ လမ်းခရီးမှာလည်း ပြောဖြစ်တယ်။ ဟိုရောက်တော့လည်း ပြောဖြစ်ကြတယ်။ သုံးဖွဲ့သွားတဲ့အခါမှာ သုံးပွင့်ဆိုင်စကားပြောဖြစ်ခဲ့ကြတယ်။ ကျွန်မတို့ပြောတဲ့ စကားတွေက ကျွန်မတို့ထင်ပြီးတဲ့စကား မဟုတ်ဘူးလေ။ ဒီကနေပြန်လာရင် ကျွန်မက လည်း အလုပ်ရှင်တွေ ပြန်ပြောပြရတာ။ အလုပ်သမားကိုယ်စားလှယ်က အလုပ်သမားတွေကို ပြန်ပြောရတာ။ ကျွန်မတို့ဆုံတဲ့အခါမျိုးမှာ ဆွေးနွေးဖြစ်ခဲ့ကြတာရှိရင် ဒီဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေက Constructive တအားဖြစ်တယ်။ အတူသွား၊ အတူစား၊ အတူနေတဲ့အခါမှာ တစ်ယောက်ကိုတစ်ယောက် နားလည်လာကြ တာပေါ့။ လူတိုင်းလူတိုင်းမှာ အားသာ၊ အားနည်းတဲ့အချက်လည်းရှိတယ်။ ဒါကို ကျွန်မတို့နားလည်ရမယ်။ ကျွန်မတို့မှာရှိတဲ့ အားသာခြင်း၊ အားနည်းခြင်းထဲမှာမှ ဆက်စပ်ပြီး ဘာလုပ်လို့ရမလဲ။ ချက်ချင်းတော့ လူတိုင်းရဲ့စိတ်ကိုပြောင်း မြင်ခိုင်းလို့မရဘူးလေ။ အများကြီးစကားတွေပြောနေရမယ်။ အများကြီးအသိပညာတွေ ဖလှယ် ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ အလုပ်သမားတွေရဲ့ လက်ရှိအနေအထား၊ အလုပ်သမား အခွင့်အရေး၊ အလုပ်သမားဥပဒေအပေါ်အမြင် ကျွန်မတို့နိုင်ငံမှာ အခုအလုပ်သမားတွေက ရေကြည်ရာ မြက်နုရာရွှေ့ကြတာကို တွေ့ရပါတယ်။ ဒါလည်း စိတ်တော့မကောင်းဘူး။ ဒါပေမဲ့ အပြစ်တင်လို့တော့လည်း မရပါဘူး။ ကိုယ့်ဆီမှာလည်း ကျန်တဲ့ကလေးတွေကျန်ပါတယ်။ ဒါပေမဲ့ သွားတဲ့ကလေးတွေလည်း သွားနေကြတာပါပဲ။ ကိုယ်သင်သလောက် ကိုယ်နဲ့နေနိုင်ရင် ကောင်း ပါတယ်။ ကျွန်မတို့ကလည်း ဒီကလေးတွေမြဲမှ၊ ကျွမ်းကျင်မှုတက်လာမှ ဝင်ငွေက တက်လာမှာ ဖြစ်တယ်။ ဝင်ငွေတက်လာမှလည်း သူတို့ကို ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မှာဖြစ်တယ်။ အခုဟာက ကျွမ်းကျင်စပြုလာရင် အပြင်ကိုရောက်သွားတဲ့အခါ မကျွမ်းကျင်တဲ့ကလေးတွေပြန် သင်၊ ပြန်လုပ် ရတဲ့အပိုင်းတော့ရှိတာပေါ့။ အဲလိုမျိုးရောနေတော့ အရည်အသွေးရော၊ Production မှာပါ ကျွမ်းကျင်တဲ့ကလေးရဲ့လုပ်ရပ်က ထင်သလောက် မပေါ်လွင်တော့ဘူးလေ။ ဝင်ငွေတစ်ခုကလည်း မှန်းသလောက်တက်မလာဘူး။ သူတို့လည်း မြဲမှ ကိုယ်လည်း ပိုအကျိုးရှိအောင် ဆောင်ရွက်ပေးနိုင်မှဆိုတဲ့အပိုင်းကိုတော့ ဘယ်လိုလုပ်ကြမလဲ ဆိုတာက Constructive Engagement နဲ့ သွားရမှာပဲ။ လက်ရှိမြန်မာနိုင်ငံရဲ့အထည်ချုပ်လုပ်ငန်းကဏ္ဍအခြေအနေ အထည်ချုပ်လုပ်ငန်းက တိုးတက်မှုရှိပါတယ်။ စက်ရုံတွေလည်း များလာပါတယ်။ မနှစ်ကဆိုရင်တောင် အခုလောက် မကောင်းပါဘူး။ အခုတော့ တော်တော်လေးကောင်း လာပါတယ်။ အရေးကြီးတာကတော့ Capacity ဖြစ်တယ်။ စက်ရုံကထုတ်လုပ်တဲ့အားနဲ့ ချုပ်နိုင်တဲ့အားက ပေးမယ့် Order နဲ့ မမျှပြန်ဘူး။ မမျှနိုင်တော့ ကိုယ့်ဆီလာအပ်တဲ့ Customer တိုင်းကို လက်မခံနိုင်ဘူး။ လက်ခံပြီးရင်လည်း အချိန်မီမပေးနိုင်ပြန်ဘူး။ အဲဒီလိုဖြစ်နေတော့ အလုပ်သမား အရေအတွက်နဲ့စက်ရုံတွေ တိုးတက်လာပေမယ့် ထုတ်လုပ်မှုပမာဏက ထပ်ပြီးတိုးတက်လာဖို့ ကျွန်မတို့ ကြိုးစားနေကြရမှာပါ။ ကျွန်မတို့ စက်ချုပ်သင်တန်းကလည်း တစ်နှစ်မှာ သင်နိုင်ရင် မိုင်ကုန်အယောက်နှစ်ထောင်ပဲ သင်နိုင်တာ။ စက်ချုပ်သင်တန်းဆိုပေမယ့် အခမဲ့သင်ပေးတဲ့အပြင် အသိပညာပေး ကဏ္ဍတွေလည်းပါပါတယ်။ လက်တွေ့ချုပ်လုပ်မှုတွေအပြင် HIV ကူးစက်နိုင်မှုအသိပညာပေးတွေ၊ လူကုန်ကူးမှုနဲ့ပတ်သက်တဲ့ အသိပညာပေးတွေ လုပ်ပါတယ်။ လုပ်ငန်းခွင်ဝင်မယ့် ကလေးတွေ က အသက်အရွယ်ငယ်တဲ့အတွက် Risk က ရှိနေပါတယ်။ ကြိုတင်ကာကွယ်မှုအတွက် ဒါတွေကိုဆောင်ရွက်ပေးနေပါတယ်။ အဲဒါတွေသင်ပေးပြီးမှ သူတို့ဆန္ဒ အလျောက် လုပ်ငန်းခွင်ထဲဝင်နိုင်ဖို့ ဆက်သွယ်ပေးပါတယ်။ ဒီနှစ်ထဲမှာ မသန်စွမ်းလူငယ်တွေ ၄၁ ယောက်ကို လူငယ်သင်တန်းကျောင်းမှာ လက်ခံ သင်ကြားပေးပြီးတော့ အခုဆိုရင် အယောက် ၃၀ ဟာ စက်ရုံအသီးသီးမှာ အလုပ်ဝင်နေကြပါပြီ။ ၂၀၁၅ ခုနှစ် AEC အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ထားပုံ ၂၀၁၅ ခုနှစ် ပေါင်းစည်းမှုမှာ ကျွမ်းကျင်လုပ်သား ယိုစီးမှုကလည်း ပွင့်ပွင့်လင်းလင်း ဖြစ်တော့မှာပါ။ အမှန်တကယ်ဆိုရင် ၂၀၁၅ ခုနှစ်တောင်မလိုပါဘူး။ အခုကတည်းက ကျွန်မတို့ Borderless ဖြစ်နေပါတယ်။ အခု ထိုင်းနဲ့ဆိုရင်လည်း ဝန်ကြီးဌာနနှစ်ခုနဲ့ပူးပေါင်းပြီး ထိုင်းနိုင်ငံရောက် တဲ့ကျွန်မတို့ရဲ့ မြန်မာအလုပ် သမားတွေကို တရားဝင်ဖြစ်အောင် လုပ်ဆောင်နေပါတယ်။ ဒါမှ ဥပဒေအကာအကွယ် (Protection) တွေရမှာ ဖြစ်တယ်။ ကျွန်မတို့ကလေးတွေ အခုကတည်းက သွားလို့ ရနေပါပြီ။ ပြင်ဆင်မှုတွေကတော့ ခုနကပြောသလို တစ်နှစ်မှာ အလုပ်သမားနှစ်ထောင်လောက်ပဲ သင်ပေးနိုင်တယ်ဆိုပေမယ့် စက်ရုံတိုင်း စက်ရုံတိုင်းကတော့ သီးသန့် Training တွေ လုပ်ပေးနေပါတယ်။ Sanction တွေ ရုပ်သိမ်းလိုက်တဲ့အတွက် မြန်မာနိုင်ငံက အလုပ်သမားထုအနေနဲ့ ရရှိတဲ့အကျိုးကျေးဇူး Sanction တွေ ရုပ်သိမ်းလိုက်တဲ့အတွက် ပုံမှန်ဆိုရင်တော့ ဈေးကွက်ပွင့်ပြီလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ထင်သလောက် ဈေးကွက်က ဒိုးယိုပေါက်မပွင့်သေးပါဘူး။ သူများနိုင်ငံမှာလည်း စနစ်တွေ၊ ဇယားတွေ စတဲ့ သူတို့ရဲ့လိုအပ်ချက်တွေ ရှိတဲ့အတွက် အဲဒီလိုအပ်ချက်တွေကို ကျွန်မတို့လုပ်ငန်းရှင်တွေဘက်ကသိအောင် အများကြီး ကြိုးစားနေရပါသေးတယ်။ သူတို့လိုချင်တဲ့ Standard တွေက ဒီမှာ ကျင့်သုံးနေပြီလား၊ ကိုယ်ကျင့်သုံးတဲ့ Standard တွေကကော သူတို့နဲ့ ကိုက်ညီမှုရှိသလား စတာတွေကြည့်ပြီး အများကြီးလေ့လာပြုပြင်မှုတွေ လုပ်ရပါဦးမယ်။ တကယ်လို့ ဈေးကွက်ဒိုးယိုပေါက်ပွင့်သွားပြီး Order တွေ အများကြီးဝင်လာမယ်၊ ကိုယ့် ရဲ့ကျွမ်းကျင်အလုပ်သမားတွေလည်း ကိုယ့်ရဲ့တိုင်းပြည်ထဲမှာ ထိန်းသိမ်းထားနိုင်မယ်ဆိုရင်တော့ လုပ်ငန်းတိုးချဲ့ဖို့အတွက် အလုပ်အကိုင်အခွင့်အလမ်း အများကြီး ဖြစ်လာပါလိမ့်မယ်။ အလုပ်ဌာနတစ်ခုအနေနဲ့ အဘက်ဘက်က တိုးတက်မှုရှိလာရင် Social Parteners အားလုံးရဲ့ အကျိုးကို ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသား ပို့ကုန်မြှင့်တင်ရေးကိုလည်း ဆောင်ရွက်နေတာမို့လို့ ဒီကဏ္ဍအောင်မြင်အောင် အကောင် အထည်ဖော်လာနိုင်မယ်ဆိုရင် တိုးလာတဲ့ဝင်ငွေဟာ အလုပ်သမားတွေလည်း မျှဝေခံစားရမှာ ဖြစ်တယ်။ ဒါကိုလည်း ကျွန်မတို့ ဦးစားပေးကြိုးစားနေပါတယ်။ ဦးစားပေးပြုပြင်ပြောင်းလဲမှု ဆောင်ရွက်နေတဲ့ စီးပွားရေးမူဝါဒတွေထဲက ပို့ကုန်တိုးမြှင့်ရေးကဏ္ဍ အခု ကျွန်မတို့ အမျိုးသားအဆင့်ပို့ကုန်မဟာဗျူဟာလုပ်ငန်းစီမံချက် (National Export Strategy - NES) လုပ်နေပါတယ်။ ဒီ NES ကို စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ဂျာမနီနိုင်ငံ GIZ အဖွဲ့ရဲ့ အထောက်အပံ့နဲ့ နိုင်ငံတကာကုန်သွယ်မှု (International Trade Center - ITC) က နည်းပညာပံ့ပိုး ကူညီပေးတာဖြစ်ပါတယ်။ NES ရဲ့ ဦးစားပေးအကောင်အတည်ဖော်တဲ့ကဏ္ဍ ငါးခုမှာ ဆန်၊ ပဲအမျိုးမျိုးနဲ့ ဆီထွက်သီးနှံ၊ ရေထွက်ကုန်ပစ္စည်း၊ သစ်နဲ့ သစ်တောထွက်ဖြစ် ပြီး၊ ဦးစားပေးဝန်ဆောင်မှုလုပ်ငန်းက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ အလားအလာ ကောင်းတဲ့လုပ်ငန်းကတော့ ရာဘာဖြစ်ပါတယ်။ ဦးစားပေး ကဏ္ဍကိုအတောက် အကူပြုမယ့်ကဏ္ဍလေးခုလည်း ပါဝင်ပါတယ်။ အဲဒါတွေကတော့ကုန်သွယ်မှုဆိုင်ရာငွေကြေးဝန်ဆောင်မှု၊ ကုန်သွယ်မှုဆိုင်ရာသတင်းအချက်အလက်နဲ့ ကုန်သွယ်မှုမြှင့် တင်ရေး၊ အရည်အသွေးစီမံခန့်ခွဲခြင်း၊ ကုန်သွယ်မှုလျင်မြန်ချောမွေ့ခြင်းနဲ့ ကုန်စည်သယ်ယူပို့ဆာင်ရေး စတာတွေဖြစ်ပါတယ်။ အစည်းအဝေးမှာ ITC က ကျွမ်းကျင် ပညာရှင်တွေ၊ ဒီကဏ္ဍတွေနဲ့ သက်ဆိုင်တဲ့ အစိုးရဌာနတွေနဲ့ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍတွေ အစုံအလင်ပါဝင်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲကနေ Strategic Objectives, Operational Objectives နဲ့ ဆောင်ရွက်မယ့် Activities တွေကို ပဏာမအဆင့်အနေနဲ့ ထွက်လာပါတယ်။ အစည်းအဝေးတွေ ဆက်တိုက် လုပ်ပြီး ရှေ့ဆက်ရမယ့်လုပ်ငန်းစဉ် (Way Forward) တွေကတော့ နှစ်ကုန်လောက်မှာ အချောထည်အနေနဲ့ထွက်လာမယ်လို့မျှော်ထားပါတယ်။မို့မို့လတ်မောင်