MENU
News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
IFC သည် ရိုးမဘဏ် အား အမေရိကန်ဒေါ်လာ ၅သန်းရှိ ပြောင်းလဲအသုံးပြုနိုင်သော ချေးငွေ (convertible loan) ပေးရန် သဘောတူ
Editorial
September 16, 2014
Highlight
Local News
News
နေပြည်တော်၊ မြန်မာနိုင်ငံ၊ ၂၀၁၄ခုနှစ် စက်တင်ဘာလ ၁၆ ရက်
- ကမ္ဘာ့ဘဏ်အုပ်စုဝင်ဖြစ်သော IFC သည် ရိုးမဘဏ် အား အမေရိကန်ဒေါ်လာ ၅သန်းရှိ ပြောင်းလဲအသုံးပြုနိုင်သော ချေးငွေ (convertible loan) ပေးရန် သဘောတူလိုက်ပြီဖြစ်ပြီး ငွေထုတ်ချေးသူ ၏ risk management ခေါ် ထိခိုက်ဆုံးရှုံးမှု ရှိနိုင်သည့် လုပ်ငန်းကိစ္စများအား စီမံဆောင်ရွက်မှုနှင့် corporate governance ခေါ် အဖွဲ့အစည်းအတွင်းအုပ်ချုပ်စီမံ
ခန့်ခွဲမှု ပိုမိုကောင်းမွန်လာစေရန်ကူညီသည်
့ ရိုးမဘဏ်၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာလုပ်ငန်းစဉ်ကို အကူအညီ ပေးထောက်ပံ့မည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါသဘောတူညီမှုသည် အလုပ်အကိုင်များပိုမိုဖန်တီးနို
င်ရန်နှင့် ရိုးမဘဏ်၏ ဘဏ္ဍာရေးဆိုင်ရာ တိုးမြှင့်ပေးရန်အထူး လိုအပ်လျက်ရှိသော မြန်မာနိုင်ငံ၏စီပွားရေးကဏ္ဍမှတစ်
ခုဖြစ်သည့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအား တိုးမြှင့်ချေးပေးနိုင်ရန် လုပ်ဆောင်ရာတွင် အကူအညီပေး နိုင်ရန် မျှော်လင့်ထားကြောင်း သိရပါသည်။ ယခုချေးငွေသည် IFC၏ ရိုးမဘဏ်အတွက် ပဏာမ ဘဏ္ဍာရေးဆိုင်ရာ အကူအညီဖြစ်ပြီး သွင်းကုန်လုပ်ငန်းရှင်များ၊ ပို့ကုန်လုပ်ငန်းရှင်များအား ဘဏ္ဍာရေးထောက်ပံ့ပေးရန် ဘဏ်များ၏လုပ်ကိုင်နိုင်စွမ်းရည်
ကို တိုးမြှင့်ခြင်းဆိုသည့် IFC၏ Global Trade Finance အစီအစဉ်အတိုင်း လာမည့်နှစ်များတွင် အမေရိကန်ဒေါ်လာသန်း ၃၀ အထိ တိုးမြှင့်ပေးသွားဖို့ရှိကြောင်း သိရပါသည်။ ၎င်းနောက်ထပ် ရိုးမဘဏ်အား တိုးမြှင့်ကူညီထောက်ပံ့မည့် အစီအစဉ်များအား IFC၏ စီမံခန့်ခွဲမှုအဖွဲ့နှင့် ဘုတ်အဖွဲ့တို့မှ နောက်လက်တွေ့ကွင်းဆင်းလေ့လာမှုနှ
င့် သဘောတူညီမှု အဆင့်ဆင့်တို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရပါသည်။ “မြန်မာနိုင်ငံမှာ အသေးစားနဲ့အလတ်စားလုပ်ငန်းတွေရဲ
့ လုပ်ငန်းလည်ပတ် ဖွံ့ဖြိုးနိုင်ဖို့အတွက် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများရရှိအောင်ဆောင်ရွ
က်ရေးက မရှိမဖြစ်အရေးပါပါတယ်။ ရိုးမဘဏ်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို
့အတွက် IFC အဖွဲ့ကြီးနဲ့ ပူးပေါင်းပြီး နိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါလှတဲ့ အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ပိုပြီး ထောက်ပံ့ပေးနိုင်တော့မှာကို အထူးပဲဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံအတွင်းရှိ အသေးစားနှင့်အလတ်စားစီးပွားရေး ဦးဆောင်ဘဏ်တစ်ခုဖြစ်လာဖို့ ရည်ရွယ်ထားပြီး အားကောင်းတက်ကြွတဲ့ အသေးစားနှင့်အလတ်စားစီးပွားရေး
လုပ်ငန်းကဏ္ဍ ပေါ်ထွန်းလာဖို့အတွက် ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်
” ဟု ရိုးမဘဏ်၏ အမှုဆောင်ဥက္ကဋ္ဌနှှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးသိမ်းဝေခေါ် Mr.Serge Pun က ပြောကြားခဲ့ပါသည်။ IFC အနေဖြင့် ငွေချေးခြင်းများအပြင် ၊ ရိုးမဘဏ်၏ မဟာဗျူဟာနှင့် ၎င်းနှင့်ဆက်စပ်နေသော လုပ်ငန်းတိုးချဲ့ရေးအစီအစဉ်များ
ကိုလည်း အကူညီပေးသွားမည်ဖြစ်ကြောင်း လာမည့်သုံးနှစ်အတွင်း IFC သည် ရိုးမဘဏ် အား core banking system ဟုခေါ်သည့် ပင်ရင်းဘဏ်လုပ်ငန်းစနစ်တစ်ရပ် ပေါ်ထွန်းလာစေရေး၊ risk management ခေါ် ထိခိုက်ဆုံးရှုံးမှု ရှိနိုင်သည့် လုပ်ငန်းကိစ္စများအား စီမံဆောင်ရွက်မှုပိုမိုအားကောင်
းလာစေရေး၊ corporate governance ခေါ် အဖွဲ့အစည်းအတွင်းအုပ်ချုပ်စီမံ
ခန့်ခွဲမှု ပိုမိုကောင်းမွန်လာစေရေး၊ ဘဏ္ဍာရေး ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်ထိရောက်စေရေး၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး လာစေရေးအတွက် ဝန်ဆောင်မှုအသစ်များ၊ သုံးစွဲသူများထံ အရောက်ပို့ဆောင်သည့်နည်းလမ်းမျာ
းကို ဖော်ထုတ်ဖွံ့ဖြိုးစေခြင်းဖြင့် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါသည်
။ ရိုးမဘဏ် အနေဖြင့်လည်း ၎င်းတို့ထံမှ ဘဏ္ဍာရေး အကူအညီရယူကာ စီးပွားရေးလုပ်ကိုင်ခြင်းမှဖြစ်
ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုအဖွဲ့အစည်း တို့အတွက် ထိခိုက်စေနိုင်မည့် အရေးကိစ္စများကိုဖော်ထုတ်ကာ လိုအပ်သလို စီမံဆောင်ရွက်နိုင်မည့် ပေါ်လစီများ ကို ချမှတ်သွားမည်လည်းဖြစ်ကြောင်း သိရပါသည်။IFC ၏ ရင်းနှီးမြှုပ်နှံမှုနှင့် အကြံဉာဏ်ပေးခြင်းဆိုင်ရာ အထောက်အပံ့ ပေးမှုကြောင့် ရိုးမဘဏ် အနေဖြင့် ၂၀၁၉ ခုနှစ်အရောက်တွင် လက်ရှိဘဏ်လုပ်ငန်းများအပြင် အမေရိကန် ဒေါ်လာသန်းပေါင်း ၃၇၀ နှင့် ညီမျှသော ငွေချေးမှုပေါင်း ၁၀၀၀ ကို ပြည်တွင်းရှိအသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအား ထုတ်ချေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရပါသည်။ “ IFC ရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး မဟာဗျူဟာမြောက် အာရုံစိုက်မှုတစ်ခုက နိုင်ငံအတွင်းက ဘဏ္ဍာရေးနဲ့ ဘဏ်လုပ်ငန်းစနစ်တွေ ဖွံ့ဖြိုးတိုးတက်လာအောင် အကူအညီပေးဖို့နဲ့ ဘဏ်လုပ်ငန်းရဲ့ကဏ္ဍာ ဟာ စွန့်ဦးတီထွင်လုပ်ကိုင်သူများ
နဲ့ စီးပွားရေးကဏ္ဍကြီးတစ်ခုလုံးဖွံ
့ဖြိုးလာစေဖို့အတွက် အရေးကြီးပါတယ်။ IFC က ရိုးမဘဏ်နဲ့ တကွ တခြားငွေချေးသူတွေကို သဘာဝပတ်ဝန်ကျင်နဲ့ လူမှုရေးဆိုင်ရာရေရှည်တည်တံ့ခြင်
းနဲ့ စံနှုန်းတွေဖော်ထုတ်သတ်မှတ်ဖို့ အတွက်နဲ့ စီမံခန့်ခွဲမှုနည်းစနစ်တွေ အားကောင်းလာစေဖို့ ကူညီနေတာဖြစ်ပြီး အဲဒီကမှတဆင့် ဒီအဖွဲ့အစည်း တွေဟာ နိုင်ငံတကာ ဘဏ်လုပ်ငန်းစနစ်နဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်မှာဖြစ်
သလို မြန်မာနိုင်ငံရဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေရဲ့ လိုအပ်ချက်တွေကို ပိုမိုထိရောက်ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်မှာ ဖြစ်ပါတယ်။” ဟု IFC ၏ အာရှပစိဖိတ်ဆိုင်ရာ ဒုတိယဥက္ကဋ္ဌဖြစ်သူ Karin Finkelston က ပြောကြားခဲ့ပါသည်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ တစ်ပတ်စာဟောစာတမ်း
Previous Slide
Next Slide