၁။ စိတ်ကူးကောင်းကောင်းရအောင် ကြိုးစားပါ
စီးပွားရေးလုပ်ငန်းအများစုဟာ စိတ်ဝင်စား စရာစိတ်ကူးစိတ်သန်းတစ်ခုခုနဲ့ စခဲ့ကြရ တာချည်းပါပဲ။ လူတွေလိုအပ်နေတဲ့ ဝန် ဆောင်မှုတစ်မျိုးမျိုးဖြစ်ဖြစ်၊ နေ့စဉ်လုပ်ကိုင်ရတဲ့ အလုပ်ကလေးတွေ လွယ်ကူသက်သာသွားစေနိုင်တဲ့ အသုံးတည့်တဲ့ပစ္စည်းမျိုးဖြစ်ဖြစ် အဲဒီလို လိုအပ်ချက် နှစ်မျိုးကို ဖြည့်ဆည်းပေးနိုင်တဲ့ဟာမျိုးပဲဖြစ်ဖြစ် လုပ် ဖို့ရာမှာ စိတ်ကူးကောင်းဖို့ လိုတယ်။ ပိုပြီး အရေးကြီးတာက စိတ်ကူးကို ဘယ်လိုအကောင် အထည်ဖော်သလဲဆိုတာ ဖြစ်တယ်။ - စိတ်ကူးကောင်းတစ်ခုတော့ရပြီး ဒါပေမဲ့ တကယ့်လက်တွေ့ အကောင်အထည်ဖော် နိုင် မဖော်နိုင်ဆိုတာကို စဉ်းစားချင့်ချိန်ဖို့ လိုတယ်။ ကုန်ကျစရိတ် ဘယ်လောက်ရှိ မယ်။ ထုတ်လုပ်ရတဲ့အချိန်၊ လူကြိုက်များ မများဆိုတာတွေကို ထည့်စဉ်းစားပါ။ - ကိုယ်ရထားတဲ့စိတ်ကူးနဲ့မတူတဲ့ တခြားစိတ်ကူး တွေအတွက် အမြဲတံခါးဖွင့်ထားပါ။ လူတွေက ကိုယ့် ပစ္စည်းကို ဝယ်ချင်စိတ်ရှိမရှိသိရအောင် မေးမြန်း ပြီး မှတ်တမ်းတင်ထားပါ။ - စိတ်ကူးရယ်လို့ မရှိသေးရင်တော့ ပစ် မှတ်ထားရမယ့် ဈေးကွက်အကြောင်းကို ပထမ စဉ်းစားပါ။ အဲဒီနောက်ဘယ်ဆိုင်တွေမှာ သူတို့ ဈေးဝယ်ကြတယ်၊ သူတို့အကြိုက်တွေက ဘာတွေဖြစ် နိုင်တယ် စတဲ့ အချက်တွေကို မွှေနှောက်ဆက်စပ် စဉ်းစားပါ။ အဲဒီအချက်အလက်တွေထဲက သုံးချက် လောက်ကိုပဲ ရွေးပြီး အနှစ်ချုပ်စဉ်းစားပါ။ တစ်ချိန် တည်းမှာပဲ ကုန်ကျစရိတ်၊ ထုတ်လုပ်ရချိန်နဲ့ လူကြိုက် များ၊ မများ ဆိုတာတွေကိုထည့်တွက်ပါ။ အဲဒါတွေထဲ ကမှ တကယ်အကောင်အထည်ဖော်နိုင်တဲ့ ကုန်ပစ္စည်း ထုတ်လုပ်ဖို့လည်း အလွယ်ဆုံးဖြစ်မယ့် ပစ္စည်းကို ရွေးပါ။၂။ စီးပွားရေးလုပ်ငန်းအစီအစဉ်ဆွဲပါ
အသေးစိတ်ရေးဆွဲပါ။ အားလုံးဟာ လက်တွေ့အကောင်အ ထည်ဖော်နိုင်ဖို့လိုတယ်။ အချိန်ယူပြီး အပိုင်းလိုက် သုံးသပ် ပါ။ စီးပွားရေးလုပ်ငန်းစီမံချက်တစ်ခုမှာ အောက်ပါအပိုင်း တွေ ပါဝင်လေ့ရှိတယ်။ - ပစ္စည်းအကြောင်းဖော်ပြချက်။ ။ သင့်ပစ္စည်းဟာ အမြင်အားဖြင့် ဘယ်လိုရှိတယ်၊ ဘယ်လိုကုန်ကြမ်း တွေနဲ့ လုပ်မယ်ဆိုတာတွေပါပဲ။ ပစ္စည်းဟာ အမြင် အရ ဆွဲဆောင်မှုရှိဖို့လိုတယ်။ - ဈေးကွက်ဆန်းစစ်ချက် ။ ။ ဘယ်ဈေးကွက်ကို ဦးတည်မှာလဲ။ ကိုယ့်စိတ်ကူးထားတဲ့သူတွေက ဘယ် ဈေးတွေမှာ ဈေးဝယ်ကြသလဲ။ အဲဒီဈေးတွေက ဘယ် မှာရှိကြတာလဲ။ - အပြိုင်အဆိုင် ။ ။ ပြိုင်ဘက်တွေက ဘယ်သူတွေ လဲ၊ သူတို့ရဲ့အားသာချက်တွေက ဘာတွေလဲ။ သူတို့ ထက်သာအောင် ဘယ်လိုလုပ်မလဲ။ - မားကက်တင်း (ရောင်းရအောင် ဆောင် ရွက်ခြင်း)။ ။ ပစ္စည်းကို ရောင်းထွက်အောင် ဘယ် လိုလုပ်မလဲ။ ပစ္စည်းကို ဝယ်မယ့်သူတွေ ဘယ်လို မြင်စေချင်သလဲ။ ဘယ်မှာ ကြော်ငြာမလဲ။ ပြောချင် တာကဘာလဲ။ အမြင် ကောင်းအောင် ဘယ်လို ထုပ်ပိုးမှာလဲ။ - လက်တွေ့ရောင်းချခြင်း ။ ။ ဘယ်မှာ ရောင်းမှာလဲ။ ဝယ်ချင်အောင် ဘယ်လိုလုပ်မှာလဲ။ ဘယ်တော့ ရောင်းမှာလဲ။ ဘယ်လောက်ဖိုး ရောင်းရမယ်လို့ မှန်း ထားသလဲ။ - ထုတ်လုပ်ခြင်း ။ ။ ဘယ်လိုထုတ်လုပ်မှာလဲ။ ဒါ ကိုအဆင့်ဆင့်အသေးစိတ်ရေးဆွဲထားပါ။ ဘယ်လို ကုန်ကြမ်းတွေလိုမလဲ။ ဘယ်နေရာမှာ ဘယ်တော့ ထုတ်လုပ်မှာလဲ။ ထုတ်လုပ်ကုန်ကျစရိတ်က ဘယ် လောက်လဲ။ - ဘဏ္ဍာရေး ။ ။ လုပ်ငန်းစဖို့ ငွေဘယ်လောက် လိုမလဲ။ ဘယ်လောက်မြတ်မယ်လို့ မှန်းထားသလဲ။၃။ စီးပွားရေးလုပ်ငန်းစီမံချက်ကို သိပ်ပြီး ကျယ်ကျယ်ပြန့်ပြန့်ကြီးဆွဲဖို့ မလိုဘူး
စီမံချက်ဆိုတာ စိတ်ကူးအားပြုပြီး ရေးဆွဲရတာများတယ်။ စီးပွားလုပ်ငန်းအတွေ့အကြုံသိပ်များများစားစားလည်း မရှိ ဘူး။ ဈေးကွက်ကလည်း အသစ်ဖြစ်ပြီး တစ်ခါမှ မသိခဲ့ ဖူးတဲ့ဈေးကွက်ဖြစ်နေရင် အဲဒီလိုစီးပွားရေးအစီအစဉ်တွေ ရေးဆွဲတာဟာ အချိန်ဖြုန်းတာပါပဲ။ ပိုဆိုးတာက မိမိကိုယ် မိမိ လှည့်စားထားသလိုဖြစ်ပါတယ်။ ဒါကြောင့် ပထမဦး ဆုံးအနေနဲ့ ရောင်းရဖို့လေးပဲ ဦးတည်ချက်ထားပြီး စီစဉ် ပါ။ - အရေးအကြီးဆုံးကတော့ ကိုယ့်ပစ္စည်းဝယ်သူအနည်းဆုံး တစ်ယောက်စိတ်ချမ်းသာသွားဖို့ပါပဲ။ အဲဒီလို ဖြစ်လာ ရင် ပစ္စည်းလည်း အဆက်မပြတ် ထုတ်ရပြီး အရောင်း လည်း လက်မလည်ဖြစ်ပြီး ကုန်ထုတ်နဲ့ ကုန်ရောင်း ဟာ အမြန်အူလည်လိုက်လာမှာဖြစ်တယ်။ အဲဒီအခါ သင့်စီးပွားရေးလုပ်ငန်းဟာ စတင်လည်ပတ်နေပြီလို့ ဆိုရမှာဖြစ်တယ်။ အဲဒီအခါကျမှ အထက်က ပြောခဲ့တဲ့ ကျယ်ကျယ်ပြန့်ပြန့် ရေးဆွဲထားတဲ့စီမံချက်မျိုး တွေဟာ ပေါ်ပေါက်လာတဲ့ပြဿနာတွေကို ဖြေရှင်းပေး နိုင်ပါလားဆိုတာ သဘောပေါက်လာနိုင်မှာဖြစ်တယ်။၄။ ရင်းနှီးမြှုပ်နှံမယ့်သူကို ရအောင်ရှာပါ
သင့်ကုမ္ပဏီစဖို့ လိုအပ်တဲ့ငွေရဖို့အတွက် ရင်းနှီးမြှုပ်နှံမယ့် သူကို သင့်စိတ်ကူးတွေနဲ့ပတ်သက်ပြီး သဘောပေါက် နားဝင်သွားအောင် ပြောပါ။ သင့်မှာ အကြံကောင်းစိတ်ကူး ကောင်းရှိနေပြီဆိုရင်တော့ ရင်းနှီးမြှုပ်နှံချင်ကြမှာပါပဲ။ - PowerPoint သုံးပြီး ကုန်ပစ္စည်းအကြောင်းရှင်းလင်း တင်ပြတာမျိုးဖြစ်ဖြစ်၊ ဒါမှမဟုတ် အလားတူနည်းသုံး ပြီး ရှင်းပြတာမျိုးဖြစ်ဖြစ် အသုံးပြုပါ။ သင့်ပစ္စည်း ဟာ ဘာကြောင့် အကောင်းဆုံးဖြစ်တယ်ဆိုတဲ့အ ကြောင်း၊ သင့်စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ပြီး အပိုင်းလိုက် အသေးစိတ်ရှင်းပြပါ။ - သင့်လုပ်ငန်းက အမြတ်အစွန်း ခန့်မှန်းခြေဘယ်လောက် ရနိုင်တယ်။ ရင်းနှီးမြှုပ်နှံသူတွေက အမြတ်ရဲ့ ဘယ် နှရာခိုင်နှုန်းကို အတိုးအဖြစ် ရနိုင်တယ်ဆိုတာတွေ တင်ပြပေးပါ။ Venture Capital နဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းတွေဟာ သင့်ကို အောင်မြင်အောင်လုပ်ဖို့ ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ သင့်အနေနဲ့ကတော့ သူတို့ ဝင်ပါလာလို့ ကိုယ်ကြိုက် နှစ်သက်တဲ့လုပ်ငန်းလေးကနေ တစ်နှစ်ဒေါ်လာ ရှစ်သောင်းလောက် အမြတ်ရနေရင် တော်လှပေပြီ။ အောင်မြင်နေပြီလို့ မှတ်ယူသင့်ပါတယ်။ - လုပ်ငန်းကို နည်းနည်းလေးနဲ့ပဲ စပြီး ဖောက်သည် အနေနဲ့လည်း နည်းနည်းပါးပါးလောက် ရနေရင်ပဲ အလားအလာကောင်းပြီလို့ ဆိုရမှာဖြစ်တယ်။ ဒါပေမဲ့ Venture Capital အလုပ်ကို လုပ်နေကြသူတွေဟာ အဲဒီလို အလားအလာကောင်းတာမျိုးကို မကြိုက်ကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့လုပ်နည်းလုပ် ဟန်က လောလောဆယ် အလားအလာမကောင်းပေ မဲ့ နောင်အခါအကျိုးအမြတ်တွေ အများကြီးရနိုင် တဲ့အလားအလာရှိတယ်လို့ အရဲစွန့်ပြီး ရင်းနှီးမြှုပ်နှံ ခြင်းအားဖြင့် ဘီလီယံနာသူဌေးကြီးတွေဖြစ်အောင် ရည်ရွယ်ချက်နဲ့ လုပ်နေကြတာဖြစ်တယ်။ ဒါဟာ သူ တို့ရဲ့ လုပ်နည်းလုပ်ဟန်ပဲ။ ကိုယ့်လုပ်ငန်းထဲ အဲဒီ Venture Capitalist တွေ ဝင်လာပြီဆိုရင် ကိုယ်စိတ် ကူးရှိသလောက် လွတ်လွတ်လပ်လပ် လုပ်နိုင်ခွင့် ဆုံး ရှုံးသွားတော့တာပါပဲ။ ဒါကြောင့် အရင်းအနှီးတွေ အများကြီးမသုံးဘဲ လုပ်ငန်းစနိုင်ရင်အကောင်းဆုံးပါပဲ။၅။ ရောင်းပါ
သင့်ရဲ့ကုန်ပစ္စည်းကို ရောင်းပါ။ ဖြန့်ဖြူးပေးပါ။ အမြတ် အစွန်းလေးရလာပြီဆိုရင်တော့ ဒါဟာ အလုပ်ဖြစ်ပြီပေါ့။ ဒီလိုလုပ်ခြင်းအားဖြင့် သင်ဟာ ဈေးကွက်နဲ့ပတ်သက်တဲ့ သင့်အယူအဆတွေကို လက်တွေ့စမ်းသပ်ကြည့်နေတာဖြစ် တယ်။ ဘယ်ဟာက အလုပ်ဖြစ်တယ်။ ဘယ်ဟာကတော့ အလုပ်မဖြစ်ဘူး သိလာမှာဖြစ်တယ်။ နောက်ထပ်ပိုကောင်း တဲ့ အကြံသစ်ဉာဏ်သစ်တွေလည်း ရလာမှာဖြစ်တယ်။ ဘာ ဝင်ငွေမှ မရဘူးဆိုရင်တော့ စိတ်အထင်သာဖြစ်ပါလိမ့်မယ်။၆။ အလုပ်နဲ့ပတ်သက်တဲ့ကွန်ရက်ကို ဝယ်
ကိုယ့်လိုစီးပွားရေးလုပ်ငန်းစွန့်စားစတင်လုပ်ကိုင်သူတွေနဲ့ ပေါင်းပါ။ အဲဒီလို လုပ်ခြင်းအားဖြင့် အဆက်အသွယ်တွေ ရပြီး အခွင့်အလမ်းတွေလည်း ကြားသိလာနိုင်တယ်။ ပိုပြီး အရေးကြီးတာကတော့ အဲဒီပုဂ္ဂိုလ်တွေရဲ့ တွေးခေါ်ယူဆပုံကို သိနားလည်လာနိုင်တာပဲ ဖြစ်တယ်။ သူတို့ရဲ့သဘောထားတွေ၊ အခွင့်အလမ်းကောင်းရှာတတ် ပုံတွေ၊ အကြံဉာဏ်မှန်သမျှလက်ခံစဉ်းစားတတ်ပုံတွေ၊ တစ် ခါတစ်ရံ ဆန့်ကျင်ဘက်အယူအဆတွေကလည်း အလုပ်ဖြစ် တယ်ဆိုတာကို သိကြပုံတွေနဲ့ လုပ်နည်းလုပ်ဟန်ကွဲပြားကြပုံ တွေကို နားလည်သိရှိလာမှာဖြစ်ပါတယ်ညွန့်သောင်း