News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
ICT Products, Solutions & Edu Fair 2014 ကျင်းပ
Editorial
July 25, 2014
IT
Local News
News
ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းနဲ့ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းကျင်းပတဲ့ ICT Products, Solutions & Edu Fair 2014 ကို ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမမှာ ဒီနေ့မနက်က ဖွင့်လှစ်ပေးခဲ့ပြီး ပြပွဲကို ဇူလိုင်လ ၂၇ ရက်အထိ ဆက်လက်ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုတစ်ကြိမ်ပြပွဲဟာ အရင်ကပြသခဲ့တဲ့ ပြပွဲတွေနဲ့ မတူဘဲ Products Zone, Solutions Zone နဲ့ Education Zone ဆိုပြီး ကဏ္ဍသုံးမျိုးခွဲပြီး ပြသထားတာကိုတွေ့ရပါတယ်။ Product Zone မှာ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေ၊ Mobile Phone ပစ္စည်းအစုံအလင်၊ IT ပစ္စည်းအစုံအလင်၊ နည်းပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေကို နည်းပညာကုမ္ပဏီတွေ၊ အီလက်ထရောနစ် ကုမ္ပဏီတွေက ဝင်ရောက်ပြသခဲ့ပြီး အထူးဈေးနှုန်းတွေ၊ Promotion အစီအစဉ်တွေနဲ့ ရောင်းချပေးလျက်ရှိတာကို တွေ့ရပါတယ်။ Online Banking အပါအဝင် အခြား ICT Solution အမျိုးမျိုးကို Solution Zone မှာ ပြသထားတာကိုတွေ့ရပြီး Education Zone မှာတော့ ကွန်ပျူတာသင်တန်းကျောင်းတွေအပြင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (လှော်ကား)၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (ဗဟန်းနယ်မြေ)၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသင်တန်း (ICTTI, IMCEITS Training) တို့က ကျောင်းသား၊ ကျောင်းသူတွေရဲ့ Project တွေ ပြသထားတာကို တွေ့ရှိရပါတယ်။ ပြပွဲမှာ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (လှော်ကား) က ဝင်ရောက်ပြသဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (လှော်ကား) က ကထိက ဒေါက်တာ ဇော်ထွန်းက " ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ၊ ပေးအပ်တဲ့ဘွဲ့တွေဘာတွေရှိသလဲဆိုတာအပြင် ကျောင်းရဲ့ Mobile & Web Computing Lab, JIS Lab, 3D Lab စတဲ့ Lab အသီးသီးကနေ လုပ်ဆောင်နေတဲ့ ဆောင်ရွက်ချက်တွေကို အခုပြပွဲမှာ ကျွန်တော်တို့ ပြသထားပါတယ်။ Mobile & Web Computing Lab ရဲ့ ကျောင်းသား၊ ကျောင်းသူတွေ ရေးထားတဲ့ Application ကိုးခုကိုလည်း ပြသထားပါတယ်။ Application တွေကတော့ Health နဲ့ဆိုင်တာတွေ၊ Bus Directory နဲ့ Yangon Directory လို Application တွေ၊ Food နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဖော်ပြပေးနိုင်မယ့် Application တွေ ဖြစ်ပါတယ်။ ဒီလိုပွဲမျိုးဆိုတာ Public အများကြီးလာတဲ့ ပွဲဆိုတော့ လာတဲ့သူတွေအားလုံးလည်း ကွန်ပျူတက္ကသိုလ်ရဲ့ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေအားလုံးကို သိသွားနိုင်ပါတယ်။ အများစုက တက္ကသိုလ်လို့ပြောလိုက်တာနဲ့ သင်ကြားရေးတစ်ခုပဲလို့ ထင်ကြပါတယ်။ သင်ကြားရေးလုပ်ငန်းတင်မဟုတ်ဘဲနဲ့ ကျွန်တော်တို့ လုပ်နေတဲ့ Research and Development လုပ်ငန်းတွေ ဘာတွေရှိနေသလဲဆိုတာကို လူအများ သိလာနိုင်တဲ့ အကျိုးကျေးဇူးတွေ ရရှိလာတဲ့အတွက် အခုလို ဝင်ရောက်ပြသခဲ့တာ ဖြစ်ပါတယ် " လို့ ပြောပြခဲ့ပါတယ်။ အဆိုပါပြပွဲမှာ ကုမ္ပဏီပေါင်း ၅၀ ကျော်က ပြခန်းပေါင်း ၁၄၀ ကျော် ဝင်ရောက်ပြသခဲ့ပြီး ပြခန်းကို နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ အများပြည်သူလာရောက်ကြည့်နိုင်ဖို့ ဖွင့်လှစ်ပေးထားမှာ ဖြစ်ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း