News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
IBM က Watson နည်းပညာကို သီးသန့်လုပ်ငန်းတစ်ခုအဖြစ် ခွဲထုတ်
Editorial
January 10, 2014
International News
IT
News
IBM ဟာ Watson အမည်ရှိ အင်တာနက် အချက်အလက်စုဆောင်းရေး (Cloud Computing) စနစ်ကို ကိုယ်ပိုင်လုပ်ငန်းခွဲအဖြစ် နယူယောက်မြို့က နေရာသစ်တစ်ခုမှာ ဖွင့်လှစ်သွားဖို့ ဒေါ်လာ ၁ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံသွားမယ်လို့ ကြေငြာလိုက်ပါတယ်။ IBM ဟာ Watson TV ပေါ်ထွက်လာပြီးတဲ့နောက် အဲဒီကွန်ပျူတာတွက်ချက်မှုစနစ်ကို ပိုမို လက်တွေ့ကျအောင် ဖန်တီးပြီး Cloud နည်းပညာ ဝန်ဆောင်မှုအဖြစ် ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။ Watson ဟာ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ကြီးမားတဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှုကနေ ဘဏ်လုပ်ငန်းတွေအထိ နယ်ပယ်တွေမှာ လက်ရှိ အသုံးပြုလျက်ရှိပါတယ်။ IBM ရဲ့ CEO ဖြစ်သူ Ginni Rometty က "Watson ဟာ ကွန်ပျူတာအများစုမှာ ပါဝင်တဲ့ Program တွေနဲ့ မတူတဲ့အတွက် ထူးခြားမှုတွေ ရှိပါတယ်။ ထည့်သွင်းလိုက်တဲ့ အချက်အလက်တွေကိုပဲ အားကိုးနေမဲ့အစား သတင်းအချက်အလက် မြောက်မြားစွာကို ဖတ်ရှုပြီး ယခင်လုပ်ဆောင်ချက် ရလဒ်တွေနဲ့ ပေါင်းစပ်ပြီးမှ ပြဿနာတွေကို အဖြေရှာပေးတာ ဖြစ်ပါတယ်။ အချက်အလက်အများကြီး စုဆောင်းရတဲ့ လုပ်ငန်းနယ်ပယ်တွေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်" လို့ ပြောပါတယ်။ IBM ရဲ့ နယူးယောက်မြို့က ရုံးချုပ်သစ်ဟာ Watson အတွက် App တွေ ထုတ်လုပ်ပေးနေတဲ့ Startup လုပ်ငန်းသစ်တွေ၊ ဖောက်သည်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။ အဲဒီလို ပူးပေါင်းမှုတွေကနေ Watson နည်းပညာကို ပိုမိုသုံးစွဲလာစေမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းဟာ အစက ဝန်ထမ်း ၂၇ ယောက်နဲ့ စတင်ခဲ့ပေမယ့် အခုတော့ ဝန်ထမ်းပေါင်း ၂၀၀၀ ခန့်ဟာ ရုံးချုပ်သစ်ကို ပြောင်းရွှေ့ကြတော့မှာ ဖြစ်ပါတယ်။ Watson နည်းပညာကို ပထမဆုံး အသုံးပြုတဲ့နယ်ပယ်ဟာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဖြစ်ပြီး ကင်ဆာရောဂါ ကုသရာမှာ အချက်အလက် မြောက်မြားစွာကို ဆရာဝန်တွေက ကိုင်တွယ်ဖြေရှင်းနိုင်အောင် ကူညီပေးပါတယ်။ လက်လီအရောင်းနဲ့ ခရီးသွား လုပ်ငန်းနယ်ပယ်တွေကလည်း Watson နည်းပညာကို အသုံးပြုလာနိုင်ဖွယ် ရှိနေပါတယ်။ Travelocity.com နဲ့ Kayak.com ဝက်ဘ်ဆိုက်တွေကို တည်ထောင်သူ Terry Jones က "အင်တာနက် Search Engine တွေဟာ ခရီးသွားလာဖို့ Booking လုပ်နိုင်ပေမယ့် ခရီးသွားကိုယ်စားလှယ်တစ်ယောက်လို သတ်မှတ်ခရီးစဉ်တွေ၊ ခရီးသွား လှုပ်ရှားမှုတွေအတွက် ထိရောက်တဲ့ အကြံဉာဏ်တွေ မပေးနိုင်ပါဘူး။ Watson ရဲ့ အစွမ်းအစကတော့ ခရီးသွား ဘလော့တွေ၊ စာအုပ်တွေနဲ့ သတင်းစာတွေကို ရှာဖွေပြီး အသုံးပြုသူအတွက် လိုအပ်တဲ့ အဖြေကို ရစေနိုင်ပါတယ်။ အခုလုပ်ငန်းသစ်ကို IBM ရဲ့ လုပ်သက်ရင့် အမှုဆောင်တစ်ယောက်ဖြစ်တဲ့ Michael Rhodin က ဦးဆောင်မှာ ဖြစ်ပြီး သူက အခုလိုနေရာပြောင်းရွှေ့မှုဟာ Silicon Valley ပုံစံအတိုင်း ငယ်ရွယ်တဲ့ အစွမ်းအစရှိသူတွေကိုလည်း ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။
Ref : AP
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း