Information Engineering ဘာသာရပ်နဲ့ National Wuhan University ကနေ ကျောင်းပြီးချိန် အသက် ၂၀ လောက်ကတည်းက Huawei ကုမ္ပဏီမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ရာထူးတာဝန်အဆင်ဆင့်တိုးမြှင့်ယူခဲ့ရာ လက်ရှိအချိန်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကနေ အရှေ့တောင်အာရှနိုင်ငံ ၁၄ နိုင်ငံရဲ့ President အဖြစ် တာဝန်ယူလုပ်ကိုင်လျက်ရှိပါတယ်။ Mr Thomas Liu ဟာ ဥရောပ Telecom Industry နဲ့ပတ်သက်တဲ့ အတွေ့အကြုံကောင်းတွေ ရှိပါတယ်။ Huawei ဟာ ရန်ကုန်ရုံးခွဲကနေ အောက်မြန်မာပြည်အတွက် Huawei Device တွေနဲ့ပတ်သက်လို့ တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ ဇွန်လထဲမှာ ဖွင့်လှစ်ခဲ့တဲ့ မန္တလေးရုံးခွဲကတော့ အထက်မြန်မာပြည်အတွက်ကို ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။ မြန်မာနိုင်ငံမှာ Huawei ရဲ့ဈေးကွက်ပိုင်ဆိုင်မှုက ၆၀ ရာခိုင်နှုန်းနီးပါးရှိကြောင်းသိရပြီး Huawei Smartphone တွေအနေနဲ့ ဥရောပဈေးကွက်၊ အရှေ့တောင်အာရှဈေးကွက်စသဖြင့် အရည်အသွေးကွာခြားခြင်းမရှိဘဲ ဈေးကွက်အားလုံးအတွက် တန်းတူဖြစ်ကြောင်းလည်း သိရပါတယ်။
Huawei က တစ်နှစ်ကို ကုန်ပစ္စည်းဘယ်နှခုလောက် မိတ်ဆက်လေ့ရှိပါသလဲ. . .
Huawei ဟာ Premium Market အတွက်ဆိုရင် နွေရာသီမှာ P Series ဖုန်းတွေကို မိတ်ဆက်လေ့ရှိပြီး ဆောင်းရာသီမှာဆိုရင်တော့ Mate Series တွေကို မိတ်ဆက်လေ့ရှိပါတယ်။ P Series ပစ္စည်းတွေဟာ ဆန်းသစ်တဲ့ဒီဇိုင်းတွေဖြစ်ဖို့ ဦးစားပေးပြီး ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် လူငယ်ပိုင်းက အားပေးကြတာများပြီး Mate Series ပစ္စည်းတွေကိုတော့ စီးပွားရေးလုပ်ငန်းရှင်တွေဘက်က ပိုမိုအားပေးကြပါတယ်။ Mass Market မှာတော့ ကျွန်တော်တို့ကလစဉ်နီးပါးကို ပစ္စည်းအသစ်တွေနဲ့ မိတ်ဆက်ပေးနေလေ့ရှိပါတယ်။ အခုနောက်ပိုင်းမှာ ကျွန်တော်တို့ Huawei က Wearable Device တွေကိုလည်း ထုတ်လုပ်ပေးနေပြီ ဖြစ်ပါတယ်။
ဥရောပဈေးကွက်နဲ့ အရှေ့တောင်အာရှဈေးကွက်ရဲ့ ကွာခြားချက်တွေ. . .
European ဈေးကွက်ဟာ တော်တော်လေး Stable ဖြစ်ပါတယ်။ အာဆီယံဒေသကတော့ နည်းပညာဖွံ့ဖြိုး တိုးတက်မှုနှုန်း အတော်မြန်ပါတယ်။ SEA Region က တိုးတက်မှုနှုန်း အမြန်ဆုံးတွေထဲက တစ်ခုပါ။ Sales Behavior ၊ Consumer Behaviour နဲ့ Aftersales Behaviour တွေကအစ ဥရောပနဲ့ လုံးဝကွာခြားပါတယ်။ အာရှနဲ့ ဥရောပ၊ မြန်မာနဲ့ အင်္ဂလန်၊ ဒါမှမဟုတ် ဂျာမနီတို့ရဲ့ အဓိကကွာခြားချက်က ကျွန်တော်တို့က သူတို့ရဲ့ဆယ်ဆလောက် တိုးတက်မှုနှုန်းမြန်ဆန်ပါတယ်။ သူတို့တွေကတော့ တိုးတက်မှုနှုန်း နှေးနေပါပြီ။ ဒါမှမဟုတ် ကျွန်တော်တို့က သူတို့ထက်ဆယ်ဆလောက်ပိုပြီး Dynamic ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ သူတို့က Stable ဖြစ်နေပါပြီ။ ဥရောပဈေးကွက်က သုံးစွဲသူတွေဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကလည်းက စမတ်ဖုန်းတွေကို အသုံးပြုလာခဲ့သူတွေဖြစ်ပါတယ်။ အခုအချိန်မှာ သူတို့က စမတ်ဖုန်းတွေကို အတော်လေးနားလည်နေကြပါပြီ။ SEA Region မှာတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက Potential Customer တွေကို စမတ်ဖုန်းဘယ်လိုသုံးနိုင်သလဲဆိုတာကို ပြသပေးဖို့က အတော်အရေးကြီးနေပါသေးတယ်။ Man-power ၊ After-Sales center ၊ Local Headoffice နဲ့ တခြားဝန်ဆောင်မှုတွေအားလုံး လိုအပ်ပါတယ်။ အဲဒီလို အရာတွေအားလုံးပါတဲ့ Eco System တွေက ဥရောပမှာတော့ Establish ဖြစ်နေပြီးသားပါ။
Huawei Phone တွေရဲ့အရည်အသွေးက ဥရောပဈေးကွက်နဲ့ အာရှဈေးကွက်အတွက် ကွာခြားမှုရှိသလား. . .
ကျွန်တော်တို့ Huawei ဖုန်းတွေရဲ့ အရည်အသွေးနဲ့ဦးတည်ချက်က အာရှမှာပဲဖြစ်ဖြစ်၊ ဥရောပမှာပဲ ဖြစ်ဖြစ် အတူတူဖြစ်သလို၊ Standard ကလည်း အတူတူပါပဲ။ တချို့ကုမ္ပဏီတွေက သူတို့ရဲ့ Product တွေရဲ့ အရည်အသွေးကို ဈေးကွက်အပေါ်မူတည်ပြီး ပြောင်းလဲထုတ်လုပ်လေ့ရှိပေမဲ့ ကျွန်တော်တို့ Huawei ကုမ္ပဏီကတော့ ဘယ်ဈေးကွက်အတွက်ကိုပဲဖြစ်ဖြစ် အရည်အသွေးတစ်ညီတည်းပဲ ထုတ်လုပ်ပါတယ်။ ဖွံ့ဖြိုးဆဲဈေးကွက်နဲ့၊ ဖွံ့ဖြိုးပြီးဈေးကွက်အတွက် ခွဲခြားမထုတ်လုပ်ပါဘူး။ Quality Standard ကို လျှော့ချတာမျိုးလည်း မလုပ်ပါဘူး။ Technology Gap လည်း မရှိပါဘူး။
၂၀၁၅ ခုနှစ်နောက်ပိုင်းဖြစ်လာမယ့် တယ်လီကွန်းဈေးကွက်အပေါ် သုံးသပ်ချက်. . .
အရှေ့တောင်အာရှရဲ့ တယ်လီကွန်းဈေးကွက်ဖွံ့ဖြိုးနှုန်းဟာ တအားကိုမြန်ပါတယ်။ ဒါကြောင့် Customer တွေကို ဝန်ဆောင်မှုကောင်းကောင်းမပေးနိုင်တဲ့ ကုမ္ပဏီတွေ၊ ဆန်းသစ်တီထွင်မှုမလုပ်နိုင်တဲ့ ကုမ္ပဏီတွေ၊ ကုမ္ပဏီငယ်တွေ ပြုတ်ကျန်ခဲ့မှာဖြစ်ပြီး နောက်ပိုင်းမှာ ကုမ္ပဏီကြီးတွေလောက်ပဲ ရှင်သန်နိုင်လိမ့်မယ်လို့ မြင်ပါတယ်။ တဖြည်းဖြည်းနဲ့ တယ်လီကွန်းဈေးကွက်မှာ ပြိုင်ဆိုင်မှုတွေက ပြင်းထန်လာမှာဖြစ်ပြီး ဆန်းသစ်တီထွင်မှုတွေ၊ ဝန်ဆောင်မှုတွေ ပိုကောင်းတဲ့ကုမ္ပဏီတွေပဲ ရှင်သန်နိုင်မှာဖြစ်ပါတယ်။
နည်းပညာဈေးကွက်ဟာ လက်ရှိအချိန် တစ်ခုတည်းအတွက်မဟုတ်ဘဲ အနာဂတ်အတွက် ဖြစ်ပါတယ်။ ဥရောပဟာ ဒီနေ့ခေတ်မှာ အနှစ် ၃၀ လောက် နောက်ကျနေတဲ့ နည်းပညာကို အသုံးပြုနေပါတယ်။ နည်းပညာအသုံးစရိတ်တွေက တအားကို ဈေးကြီးနေတဲ့အတွက် အဲဒီလို နည်းပညာဟောင်းတွေကို သုံးနေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကတော့ နည်းပညာမြင့်တာတွေကို သုံးနေကြပါတယ်။ ဒါကြောင့် အာရှနိုင်ငံတွေဟာ နောက်ငါးနှစ်လောက်ဆိုရင် ဥရောပထက် နည်းပညာပိုမိုသာလွန်လာဖို့ ရှိတယ်လို့မြင်ပါတယ်။
ဖြူလဲ့မွန်၊ ကိုဒီ