အမြင့်ဆုံးနေရာအတွက် မိမိကိုယ်ကိုတည်ဆောက်ခြင်း

coverstory1

How to Develop your Career ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောပွဲကို ကျောင်းပြီးကာစ လုပ်ငန်းခွင် ဝင်ရောက်တော့မယ့်လူငယ်တွေ၊ လုပ်ငန်းခွင်ထဲက တိုးတက်ချင်တဲ့လူငယ်တွေအတွက် ရည်ရွယ်ပြီး ကျင်းပဖြစ်ခဲ့ပါတယ်။ ပွဲမှာ Chatrium Hotel Royal Lake Yangon ရဲ့ General Manager ဒေါ်မေမြတ်မွန်ဝင်း၊ Ground Solution Co Ltd ရဲ့ CEO & Chief Consultant ဦးမြင့်ဇော်နဲ့ Nielsen MMRD Research Services ရဲ့ General Manager ဦးသူရိမ်ညိမ်းတို့က ကိုယ်ပိုင်အတွေ့အကြုံတွေကို အခြေခံကာ Career Life မှာ တိုးတက်အောင်မြင်စေဖို့အတွက် လိုအပ်ချက်တွေကို ဆွေးနွေးခဲ့ပါတယ်။ သူတို့ပြောခဲ့တဲ့အကြောင်းအရာတွေကို အခုလရဲ့ Cover Story အဖြစ် တင်ဆက်လိုက်ပါတယ်။

dawmaymyatmonwin

ဒေါ်မေမြတ်မွန်ဝင်း

General Manager

Chatrium Hotel Royal Lake Yangon

Career ဆိုတာ . . .

လက်တင်စကား Carrus ကနေလာတဲ့ Career ဆိုတဲ့ စကားလုံးဟာ Wheeled Vehicle လို့လည်း အဓိပ္ပာယ်ရတယ်လို့ Wikipedia မှာ ဖော်ပြထားတာကို တွေ့ရပါ တယ်။ Wheeled Vehicle ဆိုတာက တစ်နေရာကနေ တစ်နေရာကို Efficient ဖြစ်ပြီး သွားလာလို့ရတဲ့ယာဉ်တစ်ခုလို့ ဆိုလိုတာဖြစ်ပါတယ်။ နောက်ပြီး Career ရဲ့ အဓိပ္ပာယ်ဟာ တစ်ဦးတစ်ယောက်ရဲ့ခရီးစဉ်၊  Progress ဆိုတဲ့ တိုးတက်ဖြစ်ပေါ်ပြောင်းလဲနေရမှု၊ Action ဆိုတဲ့ ကိုယ်တိုင်လုပ်ယူရမယ့် ကိုယ့်တစ်သက်တာလုံး လုပ်နေရမယ့်၊ ကိုယ်အသက်ရှင်နေသမျှ သွားနေရမယ့် ခရီးရှည်ကြီးလည်း ဖြစ်ပါတယ်။

Career ဟာ Life Long Journay ဖြစ်တယ်။ Destination လို့ ယူဆလို့ မရဘူး။ ဥပမာ - ကိုယ့်ရဲ့ Destination က မန်နေဂျာဖြစ်ဖို့ဆိုပေမယ့် ကိုယ်က မန်နေဂျာဖြစ်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ Career Development Plan တွေကို ရပ်တန့်ရမှာမဟုတ်ပါဘူး။ မန်နေဂျာတစ်ယောက်ဖြစ်ပြီဆိုတာ Stop တစ်ခုကိုရောက်ပြီ၊ ကိုယ်ရည်မှန်းထားတဲ့ အောင်မြင်မှုတစ်ခုကို ရောက်ပြီဆိုတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဘဝတိုးတက်ရေးအတွက်ကိုတော့ ဆက်ပြီးသွားနေရဦးမှာဖြစ်ပါတယ်။ ဒါကြောင့် Career ဟာ ခရီးရှည်ကြီးတစ်ခုဖြစ်ပါတယ်။ အဲဒီလိုခရီးရှည်ကြီးကို သွားတဲ့အခါမှာ လမ်းမပျောက်ရေး၊ လမ်းမမှားရေးဆိုတာ အရေးကြီးတဲ့အတွက် Time Line ပါတဲ့ Road Map တစ်ခု မဖြစ်မနေလိုအပ်ပါတယ်။

Career လမ်းကြောင်းတစ်လျှောက်မှာ Challenge တွေ၊ Barrier တွေ အများကြီး ရင်ဆိုင်တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေကို ကျော်လွှားသွားနိုင်ဖို့အတွက် လိုအပ် တဲ့ Skill Set ကျွမ်းကျင်မှုတွေ လိုလာပါတယ်။ Skill Set တွေ ဆိုတာကလည်း အမြဲတမ်းပြောင်းလဲလိုအပ်နေတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Career လမ်းကြောင်း တစ်လျှောက်လိုအပ်တဲ့ Skill Set တွေကို စဉ်ဆက်မပြတ် ဖြည့်သွားရမှာ ဖြစ်ပါတယ်။ နောက်ပြီး Environment အခြေအနေကိုလည်း သိဖို့လိုပါတယ်။

Career လို့ပြောတဲ့အခါမှာ Professional ဆိုတာကိုလည်း မဖြစ်မနေသိဖို့လိုပါတယ်။ Professional ဆိုတာက ကျွမ်းကျင်မှုဆိုင်ရာပညာရပ်တစ်ခုခုမှာ Expert ဖြစ်တာကို ခေါ်တာပါ။ Professional တွေ အများကြီးရှိပြီး Industry တွေလည်း အများကြီးရှိပါတယ်။ နောက်ပြီး Lawyer တစ်ယောက်ဖြစ်တဲ့အတွက် Law Firm မှာပဲ တစ်သက်လုံးလုပ်ရမယ်လို့ မဆိုလိုပါ ဘူး။ သူဟာလိုအပ်တဲ့ Skill Set တွေဖြည့်သွားရင် သမ္မတလည်း ဖြစ်နိုင်တယ်။ Marketer မို့လို့ တစ်သက်လုံး Marketing လုပ်ပြီး Chief Maketing Officer (CMO) ဖြစ်အောင်ပဲ လုပ်မယ်ဆိုတာမျိုးလည်း မဟုတ်ပါဘူး။ သူဟာ CEO လည်းဖြစ်နိုင်တယ်၊ ကုမ္ပဏီပိုင်ရှင်လည်း ဖြစ်နိုင်ပါတယ်။

Career လမ်းကြောင်းပေါ်က ကိုယ်ပိုင်အတွေ့အကြုံ . . .

Career လမ်းကြောင်းမှာ ဘယ်လိုတိုးတက်အောင် လုပ်မလဲဆိုတာကို ကျွန်မဖြတ်သန်းရာ Career လမ်းကြောင်းနဲ့ယှဉ်ထိုးပြီး ပြောချင်ပါတယ်။ ကျွန်မတို့ Generation X တွေရဲ့ ပညာရေးဟာ နိုင်ငံရေးအခြေအနေကြောင့် အင်မတန်ကို ထိခိုက်ခဲ့ရပါတယ်။ စီးပွားရေးလည်းပိတ်ထားတဲ့အချိန်ဆိုတော့ ဘာကိုကြည့်ပြီး ဘယ်သူ့ကိုအားကျရမှန်းတောင် မသိခဲ့ပါဘူး။

ကိုယ့်ကိုယ်ကိုယ် စဉ်းစားလိုက်တော့ အင်္ဂလိပ်စာနဲ့ တက္ကသိုလ်တက်တာဆိုတော့ အင်္ဂလိပ်စာနည်းနည်းတတ်တယ်၊ စာရေးချင်တယ်၊ စာဖတ်ချင်တယ်၊ Literacture တွေကို နှစ်သက်တယ်။ ဒီတော့ ကျောင်းပိတ်တဲ့အချိန်မှာ MCC မှာ ကိုယ်နဲ့ကိုက်ညီမယ်လို့ထင်တဲ့ Secretary Course ကို တက်ခဲ့တယ်။ နောက်ပြီး တက္ကသိုလ်လည်း မပြီးသေးတော့ ကုန်သည်ကြီးများအသင်းမှာ Intern ဆင်းပါတယ်။ ကုမ္ပဏီတွေ အသင်းဝင်ဖို့ လျှောက်လွှာတွေလာတာကို စိစစ်လက်ခံပြီး လယ်ဂျာစာအုပ်ကြီးထဲမှာထည့်၊ တုံးတွေထုတာတွေ လုပ်ခဲ့တယ်။ အလုပ်က လူကြီးတွေ၊ လာတွေ့တဲ့လူကြီးတွေကို ကော်ဖီဖျော်တိုက်၊ ဧည့်ခံတာတွေ လုပ်ခဲ့တယ်။ အဲဒီမှာ ပြောချင်တာက ကျွန်မတို့ Chatrium မှာဆိုရင်လည်း Intern တွေ ခေါ်တယ်။ အဲဒီလိုဆင်းတဲ့အခါ ကိုယ်က လခလည်း ရတာမဟုတ်ဘူး၊ အလကားလာလုပ်ပေးရတာပဲဆိုတဲ့ စိတ်နဲ့ဆိုရင်တော့ ဘာမှမရဘူး။ ကိုယ့်အချိန်တွေက အလကားဖြစ်သွားမှာပဲ။ ကိုယ်ယူတတ်ရင် အကုန်လုံးက ကိုယ့်အတွက်ပါပဲ။ ကျွန်မ Intern ဆင်းတဲ့အခါ တုံးတွေထုပေးနေ၊ ဈေးတွေသွင်းပေးနေရပေမယ့် အကျိုးမရှိတဲ့ အလုပ်လုပ်နေတယ်ဆိုပြီး မတွေးခဲ့ဘူး။ ကုမ္ပဏီတွေက ဘာလုပ်ကြတဲ့ကုမ္ပဏီတွေလဲ၊ ပဲတွေ၊ နှမ်းတွေ ဈေးက ဘယ်လောက်ဖြစ်နေပြီလဲ၊ BOD တွေ ဘယ်လိုစဉ်းစားသလဲဆိုတာတွေကို သိအောင်လေ့လာတယ်။ စိတ်ဝင်စားခဲ့တယ်။

ကျောင်းပြီးတော့ Fortune ကုမ္ပဏီမှာ စဝင်ခဲ့ပြီး ဦးမြဟန်က ကျွန်မရဲ့ဆရာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ Fortune ကလုပ်နေတဲ့ Telecom တို့၊ Engineering တို့ကို ကျွန်မတစ်ခုမှလည်း မတတ်ပါဘူး။  ဘာတတ်သလဲဆိုရင် အင်္ဂလိပ်လိုရေးတတ်တယ်၊ ပြောတတ်တယ်၊ ကွန်ပျူတာကောင်းကောင်းရတယ်။ အဲဒီတော့ သူ့ Secretary အဖြစ် အလုပ်ရတယ်။  ဦးမြဟန်က Vat နဲ့ကျောင်းပြီးပြီးတော့ အဲဒီအချိန်ကတည်းက အောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်နေပြီ။ သူ့အနားမှာ အနီးကပ်အလုပ်လုပ်ရတဲ့အခါ သူဘယ်လိုစဉ်းစားသလဲ၊ သူတို့ရဲ့ Strategy ကဘယ်လိုလဲ၊ သူ့ရဲ့ Mindset က ဘယ်လိုလဲဆိုတာကို လေ့လာရတယ်။ သူ့မှာလည်း နေ့တိုင်းမှာ Challenge တွေက အများကြီးရှိတယ်ဆိုတာ သိလာတယ်။

အဲဒီမှာလုပ်ရင်း ပို Learn လုပ်ချင်တယ်။ ကိုယ့်ရဲ့ Horizon ကိုပိုပြီးချဲ့ချင်လာတဲ့အတွက် ၁၉၉၄ ခုနှစ်၊ Summit Park View Hotel စဖွင့်ချိန်မှာ Suitable Post ဆိုပြီးလျှောက်တဲ့အခါ HR က အရင်က ဘာလုပ်ခဲ့ဖူးလဲမေးတယ်။ အရင်က Secretary လုပ်ဖူးတယ်လို့ ပြောတာနဲ့ ဒါဆိုရင် စင်ကာပူလူမျိုး Financial Controller ရဲ့ Secretary အဖြစ် လုပ်ခဲ့ရတယ်။ သူ့ဆီမှာလုပ်တော့မှ အဖွဲ့အစည်းတစ်ခုလုံးရဲ့ Growth ဆိုတာကို မြင်လာတယ်။ ဒီလိုနဲ့ ခြောက်လလောက် လုပ်ပြီးတဲ့အခါမှာ ကျွန်မ တကယ်လုပ်ချင်တာက Desk Job မဟုတ်ဘူးဆိုတာကို သိလာပါတယ်။ ဒါနဲ့ ကျွန်မရဲ့ Boss ကို ဒီ Desk Job မှာ မနေနိုင်တော့ဘူး၊ နောက်ထပ် Career က ဘာဖြစ်မလဲဆိုပြီးမေးတဲ့အခါမှာ သူက ကိုယ့်ကို ဘာတတ်လဲ၊ သင်ပေးမယ်၊ ကိုယ့်ရဲ့ Professional က ဘာလဲဆိုပြီး မေးပါတယ်။ အဲလိုမေးရင်းနဲ့ပဲ သူက နောက်အနှစ် ၂၀ လောက်ကျရင် ပျောက်သွားမယ့် အလုပ်တွေရှိတယ်။ ဘယ် Industry တွေ၊ ကျန်နေခဲ့ပြီး ဘယ် Industry အသစ်တွေ တက်လာနိုင်တယ်ဆိုတာ ကို ပြောပြပါတယ်။ နောက်ပြီး အဲဒီမှာ ဘယ်တော့မှ မပျောက်သွားနိုင်တဲ့ Professional တွေရှိတယ်။ ဒါ ကြောင့် သူက ကျွန်မကို Marketing ၊ Finance ၊ Accountant စတာတွေဟာ ဘယ်တော့မှ ပျောက်မသွားနိုင်တဲ့ Professional တွေ ဖြစ်တယ်ဆိုပြီး ပြောပြလာတယ်။ ဒါကြောင့် ကျွန်မအနေနဲ့လည်း Finance နဲ့ Accountant ပိုင်းကို ဝါသနာလည်း မပါတာကြောင့် Marketing လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပြီး Sale and Marketing နဲ့ ပတ်သက်တဲ့သင်တန်းတွေ တက်ခဲ့ပါတယ်။ ကံကောင်းတာက ကျွန်မ သင်တန်းတွေတက်ပြီး ပြန်လာတော့ Sale မှာ လူလိုတာနဲ့ဝင်ပြီး လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်း လုပ်ငန်းခွင်ထဲဝင်တဲ့အခါမှာ အခက်အခဲတွေ အများကြီးတွေ့ခဲ့ရပါတယ်။ စာတွေ့နဲ့လက်တွေ့ဟာ တကယ့်ကို ကွာခြားပါတယ်။

Career လို့ပြောလို့ရှိရင် Formal Education ဖြစ်တဲ့ ကျွန်မတို့ရဲ့ကျောင်းတွေကနေ အလုပ်တွေ အများကြီးကို Generally လုပ်လို့ရအောင် Knowledge ပေးပါတယ်။ စဉ်းစားဆင်ခြင်ဆုံးဖြတ်နိုင်တဲ့ အသိဉာဏ်မျိုးရအောင် ပေးတယ်။ ဒါပေမဲ့ ကိုယ့်မှာ ရေခံ၊ မြေခံရှိရမယ်။ ရေခံ၊ မြေခံမရှိရင် ကျောင်းကသင်ပေးလိုက်တယ်ဆိုပေမဲ့ မရတာမျိုးတွေ ဖြစ်လာမှာပါ။ ဒါကြောင့် ကျွန်မအနေနဲ့ Career ကို Develope လုပ်မယ်ဆိုရင် တစ်ခါကို ခြေလှမ်းတစ်လှမ်းပဲ လှမ်းစေချင်ပါတယ်။ တစ်လှမ်းချင်း၊ တစ်ဆင့်ချင်းမသွားဘဲ တအား Rush ဖြစ်ပြီး စုံခုန်ပြီးသွားမယ်ဆိုရင် ချော်လဲတာတွေ၊ အလျင်လို အနှေးဖြစ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ကျွန်မဆိုရင်လည်း ငယ်ငယ်က ဖြစ်ချင်တဲ့ဆန္ဒတွေ တအားများခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်က ဘယ်နေရာမှာ အားသာတယ်၊ ဘယ်နေရာမှာ လုပ်နိုင်တယ်ဆိုတာကို မသိခဲ့ပါဘူး။ အဲဒီလို ကိုယ့်ကိုယ်ကိုယ်မသိတဲ့အချိန်မှာ တဖြည်းဖြည်းချင်း တိုးတက်အောင်ကြိုးစားရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် Explore လုပ်သွားသင့်တယ်လို့ ထင်ပါတယ်။ ငယ်ငယ်က လုပ်ချင်တဲ့၊ ဖြစ်ချင်တဲ့ ရည်မှန်းချက်တစ်ခုရှိခဲ့ပေမဲ့ အခုအချိန်မှာတော့ ရည်မှန်းချက်က တစ်မျိုးပြောင်းသွားနိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ Career Planning တွေဟာ တဖြည်းဖြည်းနဲ့ ပြောင်းလဲတိုးတက်သွားရမှာဖြစ်ပါတယ်။ အရင်က ကိုယ်ဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေဟာ တကယ်တမ်းကိုယ်နဲ့ ကိုက်ချင်မှလည်း ကိုက်မှာဖြစ်ပါတယ်။

Career ကိုပျိုးထောင်ခြင်း . . .

Career Develop လုပ်တယ်ဆိုတာကို  ကျွန်မ သစ်ပင်တစ်ပင်စိုက်တာနဲ့ ဥပမာပေးချင်ပါတယ်။ သစ်ပင်ကို အပင်ပေါက်ကလေးက စစိုက်မယ်ဆိုရင် နံပါတ်တစ် အရေးကြီးတာက မျိုးစေ့မှန်ရမယ်၊ စိုက်တဲ့နေရာက မြေဆီလွှာကောင်းရမယ်။ စိုက်ပျိုးတဲ့အခါမှာလည်း အပင်က လိုအပ်တဲ့ အလင်းရောင်၊ နေရောင်ခြည်၊ ရေ စတဲ့ Support ကောင်းကောင်းတွေရှိမှ ကြီးထွားလာမှာ ဖြစ်ပါတယ်။ ဒါအပြင် ပိုးကောင်ကျတာတွေ၊ ဘာတွေ စတဲ့ ရန်တွေကနေ ကင်းဝေးအောင်လည်း စောင့်ရှောက်ရတယ်။ သစ်ပင်ကို အားရှိအောင် မြေသြဇာထည့်ရတာ စတာတွေလည်း ရှိနေတာကို တွေ့ရမှာပါ။ ကျွန်မတို့ရဲ့ Career ကို ပျိုးထောင်တာလည်း အဲဒီလိုမျိုးပါပဲ။ နှစ်ပေါင်းများစွာ အခြေခံကောင်းကောင်းနဲ့ ကျွန်မတို့ရဲ့လိုအပ်ချက်တွေဖြစ်တဲ့ Skill Set တွေ၊ Experience တွေကို စာတွေ့၊ လက်တွေ့ Learn လုပ်မှသာ လုပ်ငန်းခွင်မှာ ရာထူးတိုးဖို့အတွက် အခွင့်အလမ်းရှိလာတဲ့အခါမှာ ကိုယ့်အတွက် အခွင့်အရေးရှိလာမှာဖြစ်ပါတယ်။ မဟုတ်ရင် လုပ်ငန်းခွင်မှာ ကိုယ်ကလုပ်သက်ကြာလာပြီဆိုပေမဲ့ ကိုယ့်ရဲ့နောက်မှ အလုပ်ဝင်တဲ့လူတွေပဲ ရာထူးတိုးတိုးသွားတဲ့အခါမှာ ကိုယ်ကဘာလို့ ရာထူးမတိုးရသလဲဆိုတာမျိုး ခံစားလာရပြီး လုပ်ငန်းခွင်မှာ မပျော်တော့ဘဲ အလုပ်က ထွက်တာမျိုးတွေ၊ လုပ်ငန်းခွင်မှာ အဆင်မပြေတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

နောက်ပြီး တချို့က ကိုယ့်ရဲ့ Job Description (JD) မှာ မပါတာတွေ မလုပ်ဘူးဆိုတဲ့လူမျိုးတွေဟာလည်း တကယ်တမ်း ရာထူးတိုးပေးဖို့အတွက် အထက်အရာရှိက စဉ်းစားတဲ့အခါမှာ ကျန်ခဲ့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဘာလို့လဲဆိုရင် ကိုယ့်ရဲ့ JD ထဲမှာ မပါဘူးဆိုပေမဲ့ ကိုယ့်ရဲ့ အထက်အရာရှိက ခိုင်းတာက ကိုယ့်ကို အခွင့်အရေးပေးဖို့အတွက် ကြည့်တာမျိုးလည်း ဖြစ်တတ်တဲ့အတွက် ကိုယ့်ကိုခိုင်းတဲ့အခါမှာ ပြီးပြီးရော ပုံစံမျိုး၊ တော်ရိရော်ရိသဘောမျိုးမလုပ်ဘဲ အမှားတွေ မပါအောင် အသေးစိတ် သေသေချာချာ ဂရုစိုက်ပြီးလုပ်တဲ့အခါမှာ ကိုယ့်ရဲ့ Career Development အတွက် သီးသန့်ကြီး Learn လုပ်စရာမလိုဘဲ လိုအပ်တဲ့ Skill Set တွေကို သူ့ရဲ့အလုပ်တွေကို ကူလုပ်ရင်း၊ သူခိုင်းတာတွေကို ကူလုပ်ပေးရင်းနဲ့ ဖြည့်ပြီးသားဖြစ်သွားစေပါတယ်။ ရာထူးတိုးဖို့ အခွင့်အရေးနဲ့ကြုံတဲ့အခါမှာလည်း ကိုယ့်ရဲ့ရလဒ်က ကောင်းခဲ့တာကြောင့် ကိုယ့်မှာရာထူးတိုးဖို့ အခွင့်အလမ်းက ပိုပြီးတော့ များနေမှာဖြစ်ပါတယ်။

Road Map ရှိဖို့လို . . .

ကျွန်မတို့အနေနဲ့ အိပ်မက်ကြီးကြီးမက်ဖို့လိုသလို ကိုယ့်ရဲ့အိမ်မက်ကို တကယ်ဖြစ်အောင်လုပ်ဖို့အတွက်လည်း Road Map ရှိဖို့လိုပါတယ်။ အိပ်မက်တွေ မက်ပြီဆိုရင် ဒီအိပ်မက်တွေကနေ ကိုယ့်ရဲ့ Vision တွေ ရလာမယ်။ Vision တွေကနေ Goal တွေ ရလာမယ်။ နောက်ပြီး ဒီ Goal တွေကို Achieve ဖြစ်အောင် ဘယ်လို Strategy မျိုးနဲ့ လုပ်မှာလဲ၊ ဘယ်လို Objective တွေ ထားမှာလဲ။ ဒါတွေကို ဘယ်အချိန်အတိုင်းအတာတွင်းမှာ ပြီးအောင်လုပ်မှာလဲစတဲ့ Timeline တွေကိုလည်း ဆွဲထားရပါမယ်။ Road Map ဆွဲတဲ့အခါမှာ Timeline မပါဘူးဆိုရင်လည်း တဝဲလည်လည်ဖြစ်နေဦးမှာပါပဲ။ Road Map က တအားကောင်းတယ်ဆိုပေမဲ့ Timeline မရှိဘူးဆိုရင် အောင်မြင်မှုကိုရဖို့အတွက် မျက်စိလည်နေဦးမှာဖြစ်ပါတယ်။

နောက်ပြီး အလုပ်တစ်ခုမှာ ခြောက်လလောက် ဝင်လုပ်လိုက်၊ နောက်အလုပ်ကို ပြောင်းလိုက်၊ နောက်ထပ် Industry အသစ်တစ်ခုကို ပြောင်းလိုက်လုပ်နေရင်လည်း နောက်ပိုင်းအလုပ်လျှောက်တဲ့အခါမှာ အလုပ်ရှင်က ကိုယ့်မှာ တကယ်တမ်း Career Development Planning မရှိဘူးလို့ သတ်မှတ်သွားနိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့က Career Development Planning လုပ်တဲ့အခါမှာ ကောင်းမွန်တဲ့  Strategy ရှိဖို့ လိုပါတယ်။ နောက်ပြီး Career Development အတွက် မှန်ကန်တဲ့ Knowledge တွေ၊ ကောင်းမွန်တဲ့ Attitute တွေ၊ Motivation တွေ ရှိဖို့လိုပါတယ်။

နောက်ပြီး အမှားလုပ်ရမှာ မကြောက်ဖို့လည်း ပြောချင်ပါတယ်။ ဒါပေမဲ့ နောက်တစ်ခါမမှားဖို့ ဂရုစိုက်ရပါမယ်။ ကိုယ်မှားခဲ့တဲ့အမှားတွေ၊ သူတစ်ပါးရဲ့ အမှားတွေကနေ သင်ခန်းစာယူရမယ်။ နောက်လူတွေကိုလည်း ဒါတွေကို ပြန်ပြီးမျှဝေပေးရမှာဖြစ်ပါတယ်။ ဒါမှ သူတို့တွေအနေနဲ့လည်း ကြိုပြီးရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ Learning ကို တောက်လျှောက်လုပ်နေရမှာ ဖြစ်ပါတယ်။ Learning ဟာ ဘယ်တော့မှ မဆုံးနိုင်တဲ့အတွက် တောက်လျှောက်လုပ်နေရမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ Career Development ကို လုပ်တဲ့နေရာမှာ Attitude ကောင်းဖို့ဆိုတာကလည်း အရေးကြီးပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ လမ်းကြောင်းကို အကောင်းဆုံးဖြစ်အောင်လုပ်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ နောက်ကြောင်းပြန် နောင်တမရသင့်ပါဘူး။ ဘာပဲလုပ်လုပ် ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံးဖြစ်အောင် လုပ်ရမှာဖြစ်ပါတယ်။

ယှဉ်ပြိုင်မှုတွေများတဲ့ခေတ် . . .

အခုခေတ်က ယှဉ်ပြိုင်မှုတွေက ပြင်းထန်ပါတယ်။ သင်ပေးတဲ့ဆရာက အကုန်လုံးကို တစ်မျိုးတစ်စားတည်း သင်ပေးလိုက်ပေမယ့် နာယူတဲ့သူတွေက ကြိုးစားအားထုတ်ပုံချင်းမတူညီတဲ့အတွက် တကယ်တမ်းရလဒ်တွေ ထွက်လာတာချင်းလည်း မတူတော့ပါဘူး။ IQ ကောင်းတိုင်းလည်း ဘဝမှာအောင်မြင်ဖို့အတွက် မလုံလောက်ပါဘူး။ EQ ကိုလည်း နားလည်ဖို့ လိုပါတယ်။ EQ လို့ပြောရာမှာ သူများရဲ့ Emotion ကိုရော၊ ကိုယ့်ရဲ့ Emotion ကိုပါ နားလည်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး SQ လို့ခေါ်တဲ့ Self Awareness ရှိဖို့လည်းလိုသလို CQ လို့ခေါ်တဲ့ Culture နဲ့ပတ်သက်ပြီးတော့လည်း နားလည်ရပါမယ်။ ဒီခေတ်မှာ အောင်မြင်ဖို့ဆိုရင် Networking ရှိဖို့၊ Exposure ရဖို့က တအားအရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ခြင်းဆိုတဲ့နေရာမှာ အဓိကက စာတွေများများဖတ်ဖို့လိုပါတယ်။

လူတစ်ယောက် မန်နေဂျာဖြစ်သွားတယ်၊ Leader ဖြစ်သွားတယ်ဆိုရင် တကယ်တမ်း အပြောင်းအလဲတွေ အများကြီးပြုလုပ်ရမှာဖြစ်ပါတယ်။ တကယ်တမ်း Great Leader ဖြစ်ဖို့ဆိုရင် သူများက ကိုယ့်ကိုပြောင်းလဲပေးတာထက် ကိုယ့်ကိုယ်ကိုယ် ပိုပြီးပြောင်းလဲရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ပြောင်းလဲတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်ကောင်းဖို့ထက် ကိုယ့်ဘေးနားပတ်ဝန်းကျင်က လူတွေကိုပါကောင်းအောင် ပြောင်းလဲပေးရပါတယ်။ အခုခေတ်မှာ တစ်ဦးချင်းရော၊ အဖွဲ့အစည်းလိုက်ပါ ယှဉ်ပြိုင်မှုတွေက ပြင်းထန်လာပါတယ်။ ဒါကြောင့် ကိုယ်ရနေတဲ့ အခွင့်အလမ်းတွေကို အသုံးမချဘူးဆိုရင် နောက်ကျကျန်ခဲ့ပါလိမ့်မယ်။

အခုခေတ်မှာ အပြောင်းအလဲဖြစ်တာတွေကလည်း မြန်တယ်။ နောက်အနှစ် ၂၀ လောက်ကြာရင် တီဗီတို့၊ ဘာတို့ပျောက်သွားမလားတောင် မသိနိုင်ဘူး။ အဲဒီအချိန်လောက်ကျရင် ဘယ်လိုအလုပ်မျိုးတွေ ပျောက်သွားမလဲဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ ကျွန်မတို့အနေနဲ့ ဒီပြောင်းလဲမှုတွေနဲ့အညီလိုက်ပြီးတော့ ပြောင်းလဲနိုင်ဖို့ လိုပါတယ်။ ဒီလိုပြောင်းလဲနိုင်ဖို့ ကိုယ့်မှာလိုအပ်တဲ့ Skill Set တွေကို ဖြည့်ထားဖို့ လိုပါတယ်။ နောက်ပြီး လူတော်တော်များများဟာ Comfort Zone ထဲကို ရောက်နေပြီဆိုရင် အဲဒီထက်ပိုပြီး မကြိုးစားချင်တော့ဘူး။ တော်တော်များများက ကိုယ့်လက်ထဲမှာ ရှိနေတဲ့အရာတွေကို တည်မြဲနေမယ်ဆိုပြီး သတ်မှတ်ထားလေ့ရှိတတ် ကြတယ်။ ကျွန်မအနေနဲ့ Comfort Zone ထဲကို ရောက်နေပေမယ့် ကိုယ့်ကိုယ်ကိုယ် ပိုတော်အောင်လို့ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ပါလို့ ပြောချင်ပါတယ်။

umyintzaw

ဦးမြင့်ဇော်

CEO & Chief Consultant

Ground Solution Co Ltd

ကျွန်တော်တို့ MBA ပဲတက်တက်၊ MPA ပဲတက်တက်၊ Marketing ပဲတက်တက် ကျွန်တော်တို့ပြောတဲ့ စကားလုံးထဲမှာ Supply နဲ့ Demand ပဲ အဓိကရှိပါတယ်။ Supply ဆိုတာ ပေးနိုင်တာ၊ Demand ဆိုတာ လိုချင်တာ။ အဲဒီ Supply နဲ့ Demand က တစ်နေရာမှာဆုံသွားပြီဆိုရင် Equilibrium လို့ခေါ်တယ်။ အလုပ်တစ်ခုလုပ်တဲ့အခါမှာ ကျွန်တော်ဘာလုပ်တတ်တယ်၊ ဘယ်လောက်လိုချင်တယ်ဆိုပြီး လျှောက်တယ်၊ အလုပ်ရှင်ဘက်ကလည်း သူလိုချင်တာ ပြောတယ်၊ ညှိတယ်။ သဘောတူတယ်ဆိုရင် Equilibrium ဖြစ်ပြီး အလုပ်ခန့်တယ်။ အလုပ်ရတယ်။

ဘာကြောင့် အလုပ်ခန့်ရမှာလဲ . . .

ကျွန်တော့်အနေနဲ့ ခင်ဗျားတို့အလုပ်တစ်ခု သွားလျှောက်ပြီဆိုရင် ဘာကြောင့်အလုပ်ရှင်က ကိုယ့်ကို အလုပ်ခန့်ရမှာလဲဆိုတာနဲ့ပတ်သက်ပြီး စဉ်းစားစေချင်ပါတယ်။ သုံးချက်လောက်စဉ်းစားစေချင်ပါတယ်။ အဲဒီမှာအဖြေတော်တော်များများက ကျွန်တော်အတွေ့အကြုံလိုချင်လို့၊ လေ့လာသင်ယူချင်လို့ဆိုတာမျိုးတွေ တွေ့ရပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့၊ ကျွန်တော်တို့ မစဉ်းစားတာက လုပ်ငန်းရှင်တစ်ယောက်က လူတစ်ယောက်ကို ငှားပြီဆိုရင် ဘာလို့ငှားတာလဲ ဆိုတာပဲ။ သူမတတ်လို့ငှားတာ ဖြစ်ရင်ဖြစ်မယ်၊ သူ့အနေနဲ့ လုပ်လို့မရလို့ ငှားတာဖြစ်ရင်ဖြစ်မယ်။ ဒီတော့ ကျွန်တော် ကျွန်မကတော့ Qualified ဖြစ်လို့၊ ဒီ Position နဲ့ သင့်တော်လို့ ငှားပါဆိုရင် ငှားမလား၊ ဒါမှမဟုတ်ဘဲ ကျွန်တော့်ဘဝကြီး တိုးတက်ဖို့အတွက် ကျွန်တော့်ကိုငှားပါဆိုရင် အလုပ်ရှင်က ငှားမလားဆိုတာ စဉ်းစားဖို့လိုတယ်။ လူတစ်ယောက်ကို အလုပ်လုပ်ဖို့ငှားပြီးဆိုကတည်းက လခတစ်ခုတည်း မဟုတ်တော့ဘူး။ နေရာပေးရမယ်၊ အချိန်ပေးရမယ်၊ Facilities ပေးရမယ်။ အလုပ်သမားက လုပ်လို့ရှုံးမယ့် Risk တွေကိုလည်း အလုပ်ရှင်က ခံရဦးမယ်။

နောက်ပြီး ကျွန်တော်တို့ အလုပ်လျှောက်တဲ့ဘက်က အလုပ်လျှောက်မယ်ဆိုရင် မှားတာက သက်ဆိုင်ရာ Document တွေ တစ်ထပ်ကြီးယူသွားတယ်။ CV က နှစ်ကြောင်း၊ သုံးကြောင်းတည်းပဲ။ နောက်ထပ်မှားတာက ကျွန်တော်၊ ကျွန်မ လွန်ခဲ့တဲ့လေးနှစ်အတွင်း ကုမ္ပဏီ ၁၈ ခုမှာ လုပ်ခဲ့တယ်ဆိုတာမျိုးပါ။ ကျွန်တော် အလုပ်ရှင်တစ်ယောက်အနေနဲ့ ဘာလုပ်တတ်လဲဆိုရင် တစ်အချက် Certificate တွေ အကုန်လုံးဖယ်လိုက်တယ်။ နှစ်အချက် အလုပ်လုပ်တဲ့အထဲမှာ တစ်နှစ်မပြည့်သေးဘဲ အလုပ်ထွက်တဲ့သူတွေအားလုံးကို ဖယ်ပစ်လိုက်တယ်။ ပြီးမှ ကျွန်တော် Short List ကို တွေ့တယ်။ ကျွန်တော်က လူတစ်ယောက်အပေါ်မှာ ကျွန်တော့်လုပ်ငန်းအောင်မြင်ဖို့အတွက် Invest လုပ်ရမှာဖြစ်ပါတယ်။ သူ့ဘဝကြီးတိုး တက်အောင်မြင်အောင်လုပ်ပေးဖို့ဆိုတာ နောက်မှပါ။ လုပ်ငန်းသဘောသဘာဝအရ လိုရင်သင်ပေးမယ်၊ မလိုရင်မသင်ပေးဘူး။ ကိုယ့်တိုးတက်မှုအတွက်ကတော့ ကိုယ့်မှာပဲတာဝန်ရှိတယ်။

ဘာအကျိုးရှိမှာလဲ . . .

ဒုတိယမေးခွန်းမေးချင်တာက ကျွန်တော့်အလုပ်အတွက် ခင်ဗျားကိုငှားလိုက်ရင် ကျွန်တော့်အတွက် ဘာတွေ အကျိုးရှိနိုင်မလဲ။ အဲဒီမှာလည်း လူတော်တော်များများက အလုပ်လျှောက်တဲ့အခါမှာ ကိုယ့်ရဲ့ပညာရေး ဘယ်လောက်ကောင်းကြောင်း ပြောချင်ကြတယ်၊ အတွေ့အကြုံ ဘယ်လောက်ရှိတယ်ဆိုတာကို ပြောချင်ကြတယ်။ ဒါပေမဲ့ အလုပ်ကဘာလိုတယ်၊ ဒီ Position ကို ဘာကြောင့်ခေါ်တယ်ဆိုတာကို မေးတာမျိုး မရှိသလောက်ပါဘဲ။ ကုမ္ပဏီတစ်ခုက အလုပ်ခေါ်တယ်ဆိုရင် ဘာကြောင့် အလုပ်ခေါ်တယ်ဆိုတာကို သိအောင်လုပ်တဲ့နေရာမှာ အားနည်းကြပါတယ်။ တကယ်တမ်းမှာ အလုပ်ရှင်က အလုပ်ခန့်တဲ့အခါ သူဟာ ငါ့ကို ဘာပြန်လုပ်ပေးမလဲဆိုတာကို ကြည့်ပါတယ်။ ဆိုလိုတာက ခင်ဗျားတို့ရဲ့ Growth တွေ၊ Development တွေကို ခင်ဗျားတို့ဘက်ကကြည့်ပြီး သူ့အလုပ်အတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာမပါရင် အလကားပဲ။ ဒီလို သူ့ဘက်၊ ကိုယ့်ဘက်အမြင်မရှိဘူးဆိုရင် ဒီ Challenge မှာ ရှုံးနိမ့်သွားမယ်။ ကျွန်တော် သူ့ဘက်၊ ကိုယ့်ဘက် ဘာလို့ကြည့်ခိုင်းလဲဆိုရင် အခုဆိုရင် နိုင်ငံပြောင်းလဲလာတာနဲ့အမျှ ဟိုဘက်ခြောက်နှစ်နဲ့ ဒီဘက်ခြောက်နှစ်က မတူတော့ဘူး။ ICT ဆိုတဲ့ လှိုင်းကြီးကလည်း ကျွန်တော်တို့ကို လာပြီးရိုက်ခတ်နေတယ်။ ဒါကို အလုပ်လျှောက်မယ့်သူတွေ၊ လုပ်ငန်းရှင်တွေ မသိသေးဘူးဆိုရင် နောက်မှာကျန်ခဲ့မှာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့တွေ နောင်အနှစ် ၂၀ မှာ ဘယ်လုပ်ငန်းတွေ ပျောက်သွားနိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြပါတယ်။

အခုဆိုရင် Facebook မှာ Online Marketing တွေ အများကြီးတွေ့ရတယ်။ အသေးရော၊ အကြီးရော ထည့်ပေါင်းရင် ရှစ်ရာလောက်ရှိပါတယ်။ ၂၀၁၅ နှစ် ကုန်ပိုင်းလောက်ကမှစပြီး Online Marketing လုပ်နေတဲ့ ကလေးတစ်ယောက်နဲ့တွေ့တော့ မေးကြည့်တဲ့အခါ လစဉ်သိန်းနှစ်ရာဖိုးလောက်နဲ့ လည်ပတ်တယ်ဆိုတာ သိခဲ့ရတယ်။ Online မှာလုပ်တော့ ရုံးမရှိဘူး၊ ဂိုထောင်မရှိဘူး။ ဝန်ထမ်းမရှိဘူး။ သူ့ကိုမှာတဲ့ပစ္စည်းတွေ ဘယ်လိုပို့သလဲလို့မေးတော့ ကျွန်တော်မြို့တစ်မြို့ကို ပစ္စည်းပို့ချင်ပြီဆိုရင် ကျွန်တော်က အဲဒီမြို့မှာရှိတဲ့ အကျယ်ပြန့်ဆုံးဆိုင်တွေ ဘာတွေရှိလဲ၊ မိုဘိုင်းဖုန်းဆိုင်တွေလား၊ Real Estate ဆိုတဲ့ အိမ်ပွဲစားတွေလားဆိုတာ မှန်းပြီးတော့ သူတို့ကို Facebook ကနေ ဆက်သွယ်ပြီးတော့ ပစ္စည်းပို့ပေးဖို့ အကူအညီတောင်းပါတယ်။ သူတို့ကို Delivery ရဲ့ ၇၀ ရာခိုင်နှုန်းကိုလည်း ပေးပါတယ်တဲ့။ သူတို့ရဲ့ လုပ်ငန်းကိုကြည့်ရင် ကားလည်းမလိုဘူး၊ Distribution Office လည်း မလိုဘူး၊ ဝန်ထမ်းတွေလည်း မလိုဘူးဆိုတာကို တွေ့ရပါတယ်။ နောက်ပြီး ဒါတွေ အားလုံးကို လက်ဖက်ရည်ဆိုင်ထိုင်ရင်းတောင် လုပ်လို့ရနေပြီ ဖြစ်ပါတယ်။

လိုအပ်ချက်နဲ့ကိုက်ညီဖို့ . . .

ဒီလို Trend တွေ ရှိနေရင် Sales တွေ၊ Distribution တွေကကော အရင်ကလောက် အရေးပါဦးမလား။ ရုံးခန်းတွေနဲ့ ကုမ္ပဏီအကြီးကြီးလုပ်နေတာက လူအထင်ကြီးဖို့ သက်သက်ပဲဖြစ်နေမလား။ အဲဒီအတွက် Cost တွေ တမင်အကုန်အကျခံနေနေရတော့မှာလားဆိုတာ စဉ်းစားရတော့မှာဖြစ်ပါတယ်။ အရင်တုန်းကလို မဟုတ်တော့ဘဲ ဒီနေ့အခါမှာ Mobile Means Everything ဖြစ်နေပြီ။ Mobile Phone ဟာ Personal Assistant Device လိုမျိုး ဖြစ်နေပြီ။ သူလုပ်လို့ မရတာတွေလည်း မရှိသလောက်ဖြစ်နေပြီဖြစ်ပါတယ်။ ဗေဒင်မေးမလား၊ ကိုယ့်ချစ်သူ ဘယ်ရောက်နေလဲကြည့်မလား၊ အခုဆိုရင် ပိုက်ဆံပါ လွှဲလို့ရနေပြီ။ အဲဒီလို ပြောင်းလဲလာတဲ့အခါမှာ လုပ်ငန်းရှင်တော်တော်များများဟာ Volume ကိုပဲ သွားတော့တယ်။ Value ကို မသွားတော့ဘူး။ ပစ္စည်းတစ်ခုကို ငါးဆယ်တန်တယ်ဆိုရင် ဒါကိုပဲပစ္စည်းအခု တစ်သိန်းထုတ်မယ်ဆိုတာပဲ ဖြစ်လာတယ်။ အမြတ်ကို နည်းနည်းပဲယူပြီး များများရောင်းရအောင်လုပ်လာကြတယ်။ ဒီလိုအခြေအနေမှာ သူဌေးတွေဟာ တစ်နိုင်ငံလုံး၊ ဒါမှမဟုတ် တစ်ကမ္ဘာလုံးမှာ ဘယ်လောက်ရောင်းရတယ်ဆိုတာကို ဒီညနေမှာ သိချင်တယ်ဆိုရင်လည်း သိနိုင်တဲ့ Application တွေ အများကြီးပေါ်လာနေပြီဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုပြောင်းလဲလာတဲ့ခေတ်အခါမှာ အရင်တုန်းက ရေးခဲ့တဲ့ CV နဲ့ လက်ရှိအခြေအနေမှာ သူဌေးလိုအပ်နေတဲ့ အရည်အချင်း ကိုက်ညီမယ်လို့ ထင်ပါသေးသလား။ ဒီလိုကိုက်ညီမှုမရှိတော့ရင်လည်း ကိုက်ညီအောင်လုပ်ရမှာက ကိုယ့်တာဝန်ဖြစ်သွားပြီ။

ကျွန်တော့်အနေနဲ့ Market ဘယ်လောက်ပြောင်းသွားလဲဆိုတာ ပြောချင်ပါတယ်။ Market ဆိုတာက Demand က လိုချင်တာ၊ Supply ဆိုတာက တကယ်ဖြစ်နေတာ။ ဒီနှစ်ခုမျှတဲ့ Equilibrium အခြေအနေဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားရမယ်။

ဒါပေမဲ့ လက်ရှိမှာ ကုမ္ပဏီတော်တော်များများက Organization Structure ကို ဆွဲချင်သလို ဆွဲထားကြတဲ့အတွက် လုပ်ငန်းမှာ Professional တွေ မရှိဘူး။ Professional တွေခေါ်လာပြီး လုပ်ငန်းထဲထည့်တဲ့အခါမှာလည်း ဝန်ထမ်းအဟောင်းတွေနဲ့ အသစ်တွေကြားမှာ Conflit တွေ ဖြစ်လာတယ်။ နောက်ပြီး Physical Rediness မရှိဘူး။ SOP လို့ခေါ်တဲ့ Standard Operation Procedure မရှိတဲ့အတွက် ISO မရဘူး။ ကိုယ်ပိုင် Website မရှိဘူး၊ ရှိတဲ့ကုမ္ပဏီရဲ့ Website ကလည်း Effective မဖြစ်ဘူး။ Financial Data ရဲ့ Transparancy ကလည်း မရှိဘူးဖြစ်နေကြပါတယ်။ ကျွန်တော်တို့တွေအနေနဲ့ ပြောင်းလဲမယ်ဆိုတဲ့အခါမှာ ဘာတွေဖြစ်လာမယ်ဆိုတာကို ကြိုတင်စဉ်းစားပြီး သွားသင့်မသွားသင့်ကို ဆုံးဖြတ်ရပါမယ်။ Long Term Vision ရှိရပါမယ်။ ပြောင်းလဲတဲ့အချိန်မှာ ဈေးကွက်မှာ ကိုယ့်ရဲ့ယှဉ်ပြိုင်နိုင်စွမ်း မကျသွားဖို့လည်း လိုပါတယ်။ ကိုယ့်ဝန်ထမ်းတွေအတွက် Future ကို ဖန်တီးပေးနိုင်ဖို့လည်း လိုပါတယ်။ ဒါမှသူတို့အနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းကနေ ခဏခဏထွက်တဲ့ကိစ္စမျိုးကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

အခုခေတ်မှာ ဝန်ထမ်းတွေအနေနဲ့ကလည်း ရာထူးအမြင့်ပိုင်းတွေကို လျှောက်တဲ့အခါမှာ Strategy နဲ့ပတ်သက်ပြီး သိဖို့လိုလာတယ်။ ဈေးကွက်မှာ အောင်မြင်အောင် ဘယ်လိုလုပ်မလဲဆိုတာတွေကို Systematically သိဖို့လိုလာပါတယ်။ သူဌေးတွေကလည်း ကိုယ့်ဝန်ထမ်းတွေ ဘာလုပ်နေတယ်ဆိုတာကို အသေးစိတ်သိချင်လာပါတယ်။ ဝန်ထမ်းတွေအနေနဲ့လည်း စိန်ခေါ်မှုတွေအများကြီးကို ကြုံတွေ့လာရပါတယ်။ လုပ်ငန်းအတွေ့အကြုံတွေ ဘယ်လောက်ပဲရှိရှိ၊ အခုခေတ်မှာ ပြောင်းလဲလာတဲ့ နည်းပညာကို အမီလိုက်နိုင်ဖို့လည်း လိုလာပါတယ်။ နောက်ပြီး Company Citizenship ဆိုတာကိုတော့ ကျွန်တော့်အနေနဲ့ တအားမုန်းပါတယ်။ ကုမ္ပဏီကို လုပ်တဲ့အခါမှာ ကိုယ့်အတွက် ကိုယ်လုပ်နေတာဖြစ်ပါတယ်။ ကိုယ့်အတွက် ကိုယ်လုပ်တဲ့အခါမှာ အကောင်းဆုံးဖြစ်ရမယ်။ ကိုယ့်ကိုယ်ကိုယ် Challenge လုပ်နေရမှာဖြစ်ပါတယ်။ ကုမ္ပဏီနဲ့ပတ်သက်ပြီး ဟိုဘက်ကုမ္ပဏီနဲ့ ရန်တောင်ဖြစ်တယ်ဆိုတာမျိုးတွေ ရှိနေလို့မရပါဘူး။

သေသေချာချာသိအောင်လုပ် . . .

ဝန်ထမ်းတွေ အလုပ်တစ်ခုပြောင်းတဲ့အခါမှာ ဘာအဓိပ္ပာယ်မှမရှိဘဲ ပြောင်းတာတွေလည်း ရှိလာတယ်။ ဒါကြောင့် ကုမ္ပဏီတစ်ခုမှာ အလုပ်လျှောက်မယ်ဆိုရင် အဲဒီကုမ္ပဏီကို ဘယ်သူပိုင်တာလဲ၊ ဘယ်လိုကုမ္ပဏီလဲ၊ ဘယ်လို Run တာလဲဆိုတာတွေကို လေ့လာရပါမယ်။ ကိုယ်လုပ်ရမယ့် Job Description ကို နားလည်အောင် မေးရပါမယ်။ ပြီးမှ အလုပ်ကို လက်ခံသင့်၊ မသင့် စဉ်းစားရပါမယ်။ လစာတွေ၊ ဘာတွေကို နောက်မှစဉ်းစားပါ။ ပြီးတော့ ကုမ္ပဏီက System ကောင်းတွေကော ရှိလားဆိုတာကို လေ့လာရပါမယ်။ ဒါပေမဲ့ အဲဒီမှာ တစ်ခုသတိပေးချင်တာက ကိုယ်ကကုမ္ပဏီကောင်းတွေကိုချည်းပဲ သွားလို့မရပါဘူး။ ဘာလို့လဲဆိုရင် ကုမ္ပဏီကောင်းလေလေ ကိုယ့်ကိုပေးနိုင်တဲ့ ပညာနည်းလေလေဖြစ်ပြီး ကုမ္ပဏီစုတ်လေလေ ကိုယ့်ကိုပညာများများ ပေးနိုင်လေဆိုတာကို သိရပါမယ်။ ကိုယ့်ကိုယ်ကိုယ်အမြဲ Develope လုပ်နေဖို့လည်း လိုပါတယ်။

နောက်ပြီး အခုခေတ်မှာ Facebook ကို အသုံးများလာပါတယ်။ ဒါပေမဲ့ ကိုယ်နဲ့ဆိုင်တဲ့ ကိုယ့်အတွက် ဗဟုသုတရမယ့် အကြောင်းအရာတွေကို ရှာဖွေဖတ်ရှုတာမျိုးပဲ လုပ်ပါလို့ အကြံပေးချင်ပါတယ်။ ဘယ်အရာလုပ်လုပ် အစွန်းမရောက်ဖို့ သတိပေးချင်ပါတယ်။ နောက်ကိုယ်ဘာလုပ်လုပ် Future မှာ ကိုယ်ဘာလုပ်မယ်ဆိုတာကို ပစ်မှတ်ထားပါလို့ ပြောချင်ပါတယ်။ နောက်ပြီး Knowledge ၊ Skill နဲ့ Heart  ရှိဖို့လည်း လိုပါတယ်။ အလုပ်ရှင်တစ်ယောက်က အလုပ်ခန့်ပြီဆိုတာနဲ့ နောက်သုံးလနေမှ အလုပ်ခိုင်းမယ်ဆိုတာမျိုး မရှိတဲ့အတွက် ကိုယ်လုပ်ရမယ့်အလုပ်နဲ့ပတ်သက်ပြီး သိအောင်ကြိုတင် လေ့လာထားရပါမယ်။ အလုပ်ထဲရောက်တဲ့အခါမှာလည်း ကိုယ်ဘာကို စလုပ်ရမယ်၊ ဘယ်သူနဲ့ဘာပြောရမယ်ဆိုတဲ့ Skill တွေလည်း ရှိဖို့လိုပါတယ်။

ကုမ္ပဏီတစ်ခုဟာ ကိုယ်ဝင်လာပြီး သုံးလအတွင်းမှာ ဘာမှမပြောင်းလဲလာဘူး၊ ကိုယ်ကလည်း ဘာမှ မပြောင်းလဲလာဘူးဆိုရင် အခုခေတ်မှာ ရှုံးပြီလို့ သတ်မှတ်ဖို့သင့်တယ်လို့ ကျွန်တော့်အနေနဲ့မြင်ပါတယ်။

uthuranyein

ဦးသူရိန်ညိမ်း

General Manager

Nielsen MMRD Research Services

လူတိုင်းမေးလေ့ရှိတဲ့မေးခွန်း ရှိပါတယ်။ သား/သမီး ကြီးလာရင် ဘာလုပ်မလဲ။ ဆယ်တန်းအောင်/ ဘွဲ့ရပြီးရင် ဘာလုပ်မလဲ။ တစ်ကမ္ဘာလုံးမှာ မွေးပြီး နှစ်နှစ်၊ သုံးနှစ်လောက်အရွယ်ကတည်းက အမေးခံရဆုံးမေးခွန်းပါ။ လူ့ဘဝတစ်လျောက်လုံးမှာ အမေးအခံရဆုံး မေးခွန်းပါ။ ကျွန်တော်တို့ Researcher Point of View က ကြည့်မယ်ဆိုရင် အင်မတန်ကျယ်ပြန့်တဲ့ အဆုံးမရှိတဲ့ မေးခွန်းကြီးကို မေးလိုက်သလိုပါပဲ။ ဘယ်တော့မှမဆုံးတဲ့ အဖြေတွေကိုပဲရတယ်။ အားလုံး ပြန်ပြီးခြုံလိုက်မယ်ဆိုရင် ငွေရေးကြေးရေးအရ ကိုယ်ရပ်တည်နိုင်ဖို့၊ အတွေ့အကြုံ ရချင်လို့၊ တိုးတက်ချင်လို့၊ အနည်းဆုံးတော့ ငါအလုပ်လုပ်နေတယ်ဆိုတဲ့ ကျေနပ်မှုလေးတစ်ခုရချင်လို့ဆိုတဲ့ အခြေခံအကြောင်းရင်းတွေနဲ့ အလုပ်လုပ်ကြတယ်။

အလုပ်အကိုင်ဈေးကွက် . . .

ဒါကြောင့် လူတိုင်းအတွက် အရေးပါတဲ့ အလုပ်အကိုင်ဈေးကွက်အကြောင်း ပြောချင်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ လူဦးရေက ၅၂.၄ သန်းရှိတယ်။ ၂၀၁၄ ခုနှစ်မှာ ကောက်ယူထားတဲ့ Data အရ ကျေးလက်မှာ ၇၀ ရာခိုင်နှုန်းရှိပြီး မြို့ပြမှာ ၃၀ ရာခိုင်နှုန်းရှိတယ်။ Working Age အနေနဲ့ ၃၃ ဒသမ ၂ သန်း လောက်ရှိတယ်။ လက်ရှိမှာ Working Ratio ကို ကြည့်မယ်ဆိုရင် ၆၈ ရာခိုင်နှုန်းက အလုပ်လုပ်နေပြီး ၃၂ ရာခိုင်နှုန်းက အလုပ်မလုပ်ဘူး။ Private Sector မှာ ၁၄ ရာခိုင်နှုန်း အလုပ်လုပ်နေပြီး Government Sector မှာ ၆ ရာခိုင်နှုန်း လုပ်တယ်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်နေတဲ့သူက ၂၂ ရာခိုင်နှုန်း၊ မိသားစုလုပ်ငန်းလုပ်နေသူက ၁၈ ရာခိုင်နှုန်း၊ ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့သူက ၄၀ ရာခိုင်နှုန်း ရှိပါတယ်။ ကိုယ်ပိုင်စီးပွားရေးလို့ပြောရင် တောမှာပဲနေနေ၊ မြို့မှာပဲနေနေ လူတွေက ကိုယ့်ကိုယ်ပိုင်အလုပ်လေးတွေ စပြီးတော့လုပ်လာကြတယ်။

အဲဒီမှာ အသက်ကလည်း ၁၈ နှစ်ကျော်လာပြီး အလုပ်မလုပ်တဲ့ လူအများစုကိုကြည့်ရင် နှစ်ခုတွေ့တယ်။ တစ်ခုကကျောင်းတက်နေတာရယ်၊ အိမ်ထောင်ကျပြီး အိမ်ထောင်မှုအလုပ်ပဲ လုပ်နေတာရယ်ပါ။

coverstory2

ကျွန်တော်တို့တိုင်းပြည်က လူတိုင်းဟာ သေစာ၊ ရှင်စာတတ်တာ ကျိန်းသေတယ်။ ဘာကြောင့်လဲဆိုတော့ Primary Level ကို ကျောင်းအပ်တာ တစ်နှစ်ကို ၅ ဒသမ ၂၅ သန်းရှိတယ်။ Middle Level မှာ ၂ ဒသမ ၅၈ သန်းရှိတယ်။ High School Level မှာ ၀ ဒသမ ၇၄ သန်း ရှိတယ်။ အဲဒီအပြင် နှစ်စဉ်လုပ်ငန်းခွင်ထဲကို Fresher အနေနဲ့ဝင်လာတဲ့ သူတွေအနေနဲ့ သတိထားဖို့က တစ်နှစ်တစ်နှစ်မှာကို Labour Market ကို ဝင်လာနိုင်တဲ့ ဆယ်တန်းအောင်ပြီးသား လူတွေက သုံးသိန်းနဲ့ သုံးသိန်းခွဲကြားထဲမှာ ရှိတယ်။

အဲဒီထဲမှာမှ တက္ကသိုလ်ကျောင်းတွေ တက်တာက ဆေးပညာဆိုင်ရာတက်တာက ၃ ရာခိုင်နှုန်း ရှိတယ်။ အင်ဂျင်နီယာပညာဆိုင်ရာတက်တာက ၁၀ ရာခိုင်နှုန်းရှိတယ်။ ဘောဂဗေဒပညာရပ်ဆိုင်ရာ တက်တာက ၂ ရာခိုင်နှုန်းရှိတယ်။ ကွန်ပျူတာပညာရပ်ဆိုင်ရာ တက်တာက ၂ ရာခိုင်နှုန်းရှိတယ်။ တခြားပညာရှင်ဆိုင်ရာ တက္ကသိုလ်တွေတက်တာက ၃ ရာခိုင်နှုန်းရှိတယ်။ ဝိဇ္ဇာ၊ သိပ္ပံကို Day နဲ့တက်တာ ၂၉ ရာခိုင်နှုန်းနဲ့ စာပေးစာယူတက်တာ ၅၁ ရာခိုင်နှုန်းရှိပါတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ပညာရေးစနစ်က Private Sector ရဲ့ ဖွံဖြိုးမှုကို အားပေးနိုင်တဲ့အခြေအနေ မရှိသေးဘူး။ Private Sector ကလိုနေတာနဲ့ ကျောင်းတွေက မွေးထုတ်ပေးလိုက်တဲ့ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုတွေက ကွာခြားနေတယ်။ ကျောင်းမှာသင်လာတဲ့ ပညာဟာ လက်တွေ့မှာ အသုံးမကျဘူးဆိုတဲ့ စကားလုံးကို ဆက်သုံးနေရတယ်။ ဒါပေမဲ့ ဒါက လာမယ့်ငါးနှစ်အတွင်းမှာတော့ အပြောင်းအလဲဖြစ်လာနိုင်တယ်။

ဒီနေရာမှာ ကျေးဇူးတင်သင့်တာက အစိုးရဟာ စနစ်မှန်၊ လမ်းကြောင်းမှန်နဲ့ ကျောင်းသားတွေကို မွေးထုတ်ပေးလိုက်ရင် လက်ရှိအလုပ်လုပ်နေတဲ့သူတွေအတွက် ပြိုင်ဘက်တွေ ပိုများလာလိမ့်မယ်။ အလုပ်လုပ်တတ်တဲ့သူတွေ များလာတာနဲ့အမျှ ကိုယ်နဲ့ယှဉ်ပြိုင်ဘက်တွေ ပိုပြီးများလာမယ်။

ကျွန်တော်အလုပ်ခေါ်တဲ့ အချက်အလက်တွေကို Opportunity ၊ Work.com ၊ Job Net ၊ My Job တို့ကနေ ယူထားပါတယ်။ အလုပ်ခေါ်တဲ့ရာခိုင်နှုန်းတွေက ဘာတွေလဲ။ Sales & Marketing ဆိုရင် အလုပ်ခေါ်စာတွေရဲ့ သုံးပုံတစ်ပုံနီးပါးရှိတယ်။ တတိယလိုက်တာကတော့ Finance ဖြစ်ပါတယ်။ စတုတ္ထနေရာမှာတော့ Engineering ရှိတယ်။ ဒီမှာကြည့်လိုက်လို့ရှိရင် ကျောင်းဆင်းလာတဲ့ ကျောင်းဆင်းတွေမှာ Economic Related ကျောင်းဆင်းလာတဲ့ Finance တို့၊ Computer တို့ဟာ ရာခိုင်နှုန်းအရ အင်မတန်နည်းသေးတယ်။ ဒါပေမဲ့ Demand ကတော့ ရှိပါတယ်။ Sales & Marketing ကိုတော့ အလုပ်တွေရဲ့ ၃၅ ရာခိုင်နှုန်းက ခေါ်တယ်။ တကယ်တမ်း ကျောင်းတွေက Sales & Marketing ဆိုပြီး တိတိကျကျ မွေးထုတ်ပေးလိုက်တာမရှိဘူး။ Economics ခေါင်းစဉ်အောက်မှာပဲ ရှိတယ်။ ဒါကလည်း တက္ကသိုလ်ကျောင်းကြီးသုံးကျောင်း အပါအဝင် ပုဂ္ဂလိကကျောင်းတွေ ပေါင်းလိုက်ရင်တောင် မွေးထုတ်ပေးနိုင်တာ တစ်သောင်းမပြည့်ပါဘူး။ ဆိုလိုတာက ဈေးကွက်ကလိုအပ်နေတာနဲ့ ကျောင်းတွေကမွေးထုတ်ပေးလိုက်တာတွေရဲ့ကြားထဲမှာ Gap ကြီးဖြစ်နေတယ်။

coverstory3

ဒါကိုမပြင်နိုင်ရင် Employer တွေကလည်း သူတို့လိုချင်တဲ့သူကိုမရဘူးဆိုပြီးတော့ပဲ ပြောနေမှာပဲ။ ဒါကို ဘာကသက်သေပြသလဲဆိုရင် လွန်ခဲ့တဲ့နှစ်နှစ်က Career Development Consultancy (CDC) ကလုပ်ထားတဲ့ Salary Survey နဲ့ Employer Survey က ပြနေပါတယ်။ ဒီနှစ်ခုကို ပေါင်းပြီးကြည့်လိုက်တဲ့အခါမှာ Employer ၉၄ ရာခိုင်နှုန်းက သူတို့လိုချင်တဲ့ Employee တွေမရပါဘူးလို့ ဆိုပါတယ်။ ၆ ရာခိုင်နှုန်းပဲ စိတ်ကျေနပ်မှုရှိတယ်။ Senior & Mid Management Level တွေကို ခန့်ရတာအခက်ဆုံးဆိုပြီးတော့ တွေ့ရတယ်။ အဲဒီအတွက်လည်း ဒီတိုင်းပြည်က လွန်ခဲ့တဲ့ခြောက်နှစ်အတွင်းမှာ ကျော်ကြားလာတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကို ကြည့်လိုက်ရင် Top Management ကို နိုင်ငံခြားသား ခန့်ထားတဲ့ ကုမ္ပဏီတွေဖြစ်လာတယ်။ အဲဒီထက်ပိုဆိုးလာတာက Sales ၊ Marketing နဲ့ Distribution လုပ်တဲ့ ကုမ္ပဏီတွေမှာ Manager Level လောက်အထိ နိုင်ငံခြားသား စခန့်တယ်။

ဒီတော့ Employee ဆိုရင် စဉ်းစားရမှာက Employer တွေက သူ့ရဲ့စီးပွားရေးလုပ်ငန်းအတွက် ပြည်ပကလူတွေကို ဖြည့်မှာပဲ။ ဒီနေရာတွေက ကိုယ့်အတွက်လို့တွေးရင် ချက်ချင်းမရရင်တောင်မှ နောက်သုံးနှစ်၊ နောက်ငါးနှစ်ရမလားဆိုပြီး စပြီးစဉ်းစားဖို့လိုတယ်။ ဒါအပြင် နိုင်ငံခြားမှာကျောင်းတက်ပြီး အလုပ်လုပ်ခဲ့ပြီး ပြန်လာတဲ့ Repat တွေကလည်း Market တစ်ခုဖြစ်လာတယ်။

အလုပ်အပြောင်းအရွှေ့ . . .

နောက်တစ်ခု ကျွန်တော်တင်ပြချင်တာက အလုပ်ပြောင်းရွှေ့မှုနှုန်းဖြစ်ပါတယ်။ ကျွန်တော်တို့ Nielsen ကနေ Global Survey လုပ်တဲ့အခါ ဒီလိုအခြေအနေက တစ်ကမ္ဘာလုံးမှာဖြစ်နေတယ်ဆိုတာ တွေ့ရတယ်။ အသက်အရွယ်ပေါ်မှာ အခြေခံပြီး လူတွေရဲ့ စိတ်ကူးစိတ်သန်း၊ တိုးတက်လိုစိတ်၊ ဒါတွေအားလုံး ပြောင်းလဲလာတယ်။ အထူးသဖြင့် Boomers လို့ခေါ်တဲ့ အသက်ကြီးပိုင်းအုပ်စု (အသက် ၅၀ ကနေ ၆၄ နှစ်) တွေက နှစ်နှစ်လောက် လုပ်ပြီးရင် အလုပ်ပြောင်းတဲ့နှုန်းက ၂၆ ရာခိုင်နှုန်းလောက်ရှိတဲ့အချိန်မှာ Millennials လို့ခေါ်တဲ့ သက်ငယ်ပိုင်းအုပ်စု (အသက် ၂၁ နှစ်ကနေ ၃၄ နှစ်) က အလုပ်ပြောင်းတဲ့နှုန်းက ၄၁ ရာခိုင်နှုန်းလောက် ရှိပါတယ်။  အရင်တုန်းက အသက် ၃၅ ကျော်လာရင် Stable ဖြစ်ပြီလို့ ပြောကြတယ်။ အခုနောက်ပိုင်းမှာတော့ အကုန်ပြောင်းလဲသွားပြီ။

ရှေ့မှာပြောတာကို ပြန်ဆက်ပြီး Employer နဲ့ Employee ဘက်က လိုအပ်ချက်တွေကို သုံးသပ်ချင်ပါတယ်။ Employee ဘက်က အလုပ်ရဖို့ဆိုရင် Academic Qualification လိုတယ်။ ဒါက ကိုယ့်အပေါ်မှာ တစ်ဝက်မူတည်ပြီးတော့ အစိုးရရဲ့စနစ်အပေါ်မှာ တစ်ဝက်မူတည်နေပါတယ်။ နောက်တစ်ခုက Hard Skill ၊ Soft Skill ဖြစ်ပါတယ်။ ကိုယ်တတ်တာက ဈေးရောင်းတာပဲ၊ ကွန်ပျူတာတော့ မတတ်ဘူးဆိုပြီး နေလို့မရတော့ဘူး။ နောက်တစ်ခုက Lack of International Exposure ဖြစ်ပါတယ်။ ဒါပြည့်လာဖို့ဆိုတာက Employee ကိုယ်တိုင်က ဒီအခွင့်အရေးကိုလိုချင်ရမယ်။ နိုင်ငံခြားသွားမှ Exposure ရတာမဟုတ်ဘဲ ပြည်တွင်းမှာလည်း Exposure ယူလို့ ရပါတယ်။ နောက်ပြီး ကုမ္ပဏီတွေဘက်ကလည်း ကိုယ့်မှာရှိနေတဲ့ဝန်ထမ်းတွေကို Exposure ရအောင် ထိုက်သင့်တဲ့ကုန်ကျစရိတ် သုံးဖို့လိုတယ်။ နောက်တစ်ခုက Multiple Options ဖြစ်ပါတယ်။ ကိုယ်က နောက်ကျနေပြီဆိုတာ သိတဲ့အတွက် ဝန်ထမ်းတွေက ဟိုဟာလည်း ဖြစ်ချင်တယ်၊ ဒီဟာလည်းဖြစ်ချင်တယ်၊ အလုပ်တွေ အကုန်လျှောက်တယ်။ ကိုယ့်ရဲ့ Core Competence က ဘာလဲ၊ Skill က ဘယ်နေရာမှာရှိလဲ၊ ဒါကို လုံးဝသတိမပြုမိတော့ဘူး။ ဒါတွေက ကြက်ဥနဲ့ ကြက်မလိုပဲ ဘယ်က စမှန်းမသိတော့ဘူး။

Role နဲ့ Responsibility . . .

ပထမဦးဆုံး ကျွန်တော်မေးချင်တဲ့မေးခွန်းက အလုပ်မှာ ကိုယ့်ရဲ့ Role နဲ့ Responsibility က ဘာလဲဆိုတာပါ။ လူတိုင်းက နေ့စဉ် ကိုယ်ဘာတွေ လုပ်နေသလဲဆိုတာကို သိတယ်။ ဒါပေမဲ့ Role နဲ့ Responsibility ကို မရှင်းကြဘူး။ ILO ကထုတ်ထားတဲ့ Report အရ ၇၀ ရာခိုင်နှုန်းဝန်ထမ်းတွေမှာ Job Description (JD) တိတိကျကျ မရှိဘူးဆိုပြီး ထုတ်ပြန်ထားပါတယ်။ ဒါလုပ်ရမယ်၊ လုပ်နိုင်သလား၊ လုပ်ဆိုတာမျိုးနဲ့ သွားတာများတယ်။ ပြီးတော့ စာရွက်ပေါ်မှာချရေးထားတာနဲ့ တကယ်လုပ်နေတာကြားမှာ ကွာဟချက်တွေက အကြီးကြီးပဲ။ JD ရှိလားဆိုတဲ့နေရာမှာ အထက်အရာရှိက ပေးရမယ်။ လုပ်ရမယ်လို့ပါးစပ်နဲ့ပြောတာတွေကို ချရေးထားလိုက်ရင် JD ဖြစ်ပါပြီ။

ဒါက ဝန်ထမ်းတစ်ယောက်အတွက် လုပ်သက်များလာလေလေ၊ ကိုယ်လုပ်တတ်တဲ့အလုပ်၊ ကိုယ်ရောက်လာတဲ့ ရာထူးအပေါ်မှာ ကိုယ်မလုပ်သင့်တော့တဲ့အလုပ်ကို ဖယ်ထုတ်တဲ့အချိန်မှာ ဒီ JD ကို Review လုပ်တာက အများကြီးအကျိုးရှိပါတယ်။ ဒီတော့ ကိုယ့်ဘဝတိုးတက်ချင်တယ်ဆိုလို့ရှိရင် JD ကို ရေးရမှာ ကိုယ့်တာဝန်ပဲဖြစ်ပါတယ်။

နောက်တစ်ခုက Job Function တစ်ခုလုံးကို နားလည်တာဖြစ်ပါတယ်။ ကျွန်တော်ဆိုလိုချင်တာက ကိုယ်ဝင်လိုက်တဲ့ Industry ကဘာလဲ၊ ကိုယ်ဝင်လိုက်တာက အလယ်ပိုင်းဆိုရင် ကိုယ့်အထက်နဲ့အောက်က လုပ်တဲ့လူတွေရဲ့ Job Function တွေက ဘာလဲ၊ ကိုယ့် Job Function ကကော ဘာလဲ။ ဒါတွေကို တပေါင်းတစည်းတည်း လေ့လာထားဖို့လိုပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် HR ကို ဝင်တယ်ဆိုရင် ဘယ်အပိုင်းကိုသွားမှာလဲဆိုတာ ရှိပါတယ်။ Talent Acquisition ၊ Compensation and Benefits ၊ Talent Engagement & Development ၊ Performance Management နဲ့ဆိုပြီး ခွဲလိုက်ရင် ကိုယ်ကဘယ်ကိုသွားမှာလဲဆိုတာ စဉ်းစားရမယ်။ ကိုယ်က Talent Aquisiton ကို ဝင်မယ်ဆိုရင် ကျန်တဲ့လေးခုက ဘာလုပ်နေလဲဆိုတာလည်း သိထားရမယ်။ လေ့လာရမယ်။

coverstory4

Evaluation System ကို နားလည်ရမယ် . . .

နောက်ဆုံးက Evaluation System ကို နားလည်ဖို့ဖြစ်ပါတယ်။ အဲဒီမှာ Work Nature ရော၊ Organization Culture ကိုပါ သိဖို့လိုပါမယ်။ ကျွန်တော့် အတွေ့အကြုံအရ ပြောရမယ်ဆိုရင် ကုမ္ပဏီအလိုက် Evaluation System ထားကြတာဟာ ၂၅ ရာခိုင်နှုန်းမကျော်သေးပါဘူး။ ဒီ Culture Change မှာ ကိုယ်က ဘယ်လောက်လုပ်နိုင်ပြီ၊ ဘာတွေလုပ်တတ်သွားပြီဆိုတဲ့ Performance ကို Evaluate လုပ်တဲ့ပုံစံကို သိထားဖို့ လိုပါတယ်။ များသောအားဖြင့် Management Level ရောက်လာတဲ့အချိန်မှာ Performance ကို ကျိန်းသေပေါက်ကြည့်တယ်။ ရာထူးမြင့်လာတာနဲ့အမျှ သူ့ရဲ့ Leadership Skill ကို ကြည့်တယ်။ ဒီနှစ်ခုရဲ့ အဆင့်က တက်မလာဘဲ တစ်နှစ်ကျော် နှစ်နှစ်ကြာတဲ့အထိ တစ်နေရာတည်းမှာပဲ ရှိတယ်ဆိုရင် ဒီလူက Comfort Zone ထဲမှာထိုင်နေတာကြောင့် ဖြစ်ပါတယ်။ Comfort Zone ထဲက မထွက်ဘူးဆိုရင် တော်တယ်ဆိုလည်း သူက အမြဲတော်နေမှာပဲ။ ညံ့တယ်ဆိုရင်လည်း ဘယ်တော့မှ တိုးမလာဘူး။ အဲဒီမှာ တော်တဲ့သူတွေ အားလုံးက ပြဿနာတက်တော့တာပဲ။ ဒါပေမဲ့ သူကတန့်နေတယ်။ လူတစ်ယောက်ဟာ လက်ရှိလုပ်နေတဲ့အလုပ်တွေအားလုံး ကျွမ်းကျင်ဖို့ သူ့မှာတာဝန်ရှိတယ်။ ယူလိုက်တဲ့ရာထူးရဲ့ ခြောက်လအတွင်းမှာ နောက်ဘာလုပ်မလဲဆိုတဲ့အလုပ်ရဲ့ ၂၀ ရာခိုင်နှုန်းကို မြင်ရမယ်။ လေ့လာရမယ်။ ခြောက်လပြီးတာနဲ့ ၂၀ ရာခိုင်နှုန်း Stretching Role ထဲကို ဝင်ရမယ်။ လုပ်ငန်းရှင်တွေအားလုံးက သူပေးတဲ့လစာနဲ့တန်တဲ့ တာဝန်ကို ပေးချင်ပါတယ်။ လစာတိုးလိုချင်တယ်၊ ရာထူးတိုးလိုချင်တယ်ဆိုရင် အလုပ်ပိုလုပ်ပြရမယ်။ အဲဒီ သဘာဝကို ကျွန်တော်တို့ အိမ်နားက ပဲပြုတ်သည်ပါ သိပါတယ်။ သူများများ ပိုရောင်းချင်ရင် လမ်းများများပိုလျှောက်တယ်။ အသံပိုကျယ်ကျယ်အော်တယ်။ နောက်ပြီး ဖုန်းလေးဆက်ပြီး ပဲပြုတ်ယူဦးမလားဆိုတာ မေးတယ်။ သူက ပုံမှန်ပဲလမ်းလျှောက်ပြီး ပုံမှန်ပဲရောင်းမယ်ဆိုရင် ရောင်းမကုန်ဘူး ဆိုတာသိတယ်။ ဒါကြောင့် သူပိုလုပ်တယ်။ ဆိုက်ကားသမားတွေဆိုရင်လည်း မိုးရွာလို့ ဆိုက်ကားစီးတဲ့သူ နည်းနေတယ်ဆိုရင် အနားမှာရှိတဲ့ စတိုးဆိုင်တွေကိုပတ်ပြီးတော့ ဘာပစ္စည်းပို့ပေးရမလဲဆိုတာ မေးတယ်။ ရေသန့်ပို့ပေးရမလား သွားချိတ်တယ်။ သူ့ကို Stretching  Role သွားပြောရင်တော့ သူမသိဘူး။ ဒါပေမဲ့ သူ့အသက်မွေးဝမ်းကျောင်းအတွက် သူပိုလုပ်တယ်။

ရာထူးမြင့်မြင့်တစ်နေရာကိုရောက်ဖို့ အနှစ် ၂၀ စောင့်ဖို့မလိုတော့ဘူး။ Finance မို့လို့ စာရင်းပဲကြည့်ရမယ်။ Account ကိုနိုင်ရင်ရပြီဆိုတာမျိုး မဟုတ်တော့ဘူး။ သူသွားချင်တဲ့လားရာအပေါ်မူတည်ပြီး လုပ်နိုင်တယ်။ ကိုယ်ဟာ Finance Director ကနေ နောက်တစ်ဆင့်ပြီးတစ်ဆင့် တက်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ Role က ဘယ်နေရာမှာရှိနေပြီလဲဆိုတာ အရင်ဆုံးသုံးသပ်ရပါမယ်။ ကိုယ့်ဘောင်ကျဉ်းကျဉ်းလေးထဲမှာပဲ နေလို့မရပါဘူး။

Employee ကို စိတ်ကျေနပ်မှုပေးနိုင်တဲ့အချက်များ . . .

Employee Satisfaction လို့ခေါ်တဲ့ တိုင်းတာတဲ့အချက်တွေကိုလည်း ထည့်စဉ်းစားဖို့လိုပါတယ်။ ကုမ္ပဏီရဲ့ Reputation ကဘယ်လိုရှိသလဲ။ Vision က ၊ Mission က ဘယ်လိုသွားလဲ၊ Career Performance ဆိုတဲ့ Development ကို ကုမ္ပဏီက ဘယ်လိုလုပ်ပေးနေသလဲ။ Nature of Work နဲ့ Responsibility ကဘာတွေရှိသလဲ။ Payment နဲ့ Benefit က Fair ဖြစ်သလား။ Working Condition က ဘယ်လိုရှိသလဲ။ Working Environment နဲ့ Atmosphere က ဘယ်လိုရှိသလဲ။  Factor အနည်း ဆုံးသုံးခုမှာ အားနည်းချက်ရှိလာလို့ရှိရင် Company Structure ကို  Review လုပ်ဖို့ လိုပါတယ်။ ဒီလို Review လုပ်ပြီး မပြင်ဘူးဆိုရင် ပထမဆုံး နှစ်နှစ် မှာ ကုမ္ပဏီရဲ့ Revenue ကို မထိခိုက်ဘူး။ သုံးနှစ်ရောက်တဲ့အခါမှာ Revenue စပြီးတော့ ကျလာတယ်။ အဓိကကတော့ ကိုယ့်ကုမ္ပဏီရဲ့ Strength ကို Measurement ခွဲပြီးတော့ မတိုင်းတာတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဝန်ထမ်း ဘက်ကလည်း ကျေနပ်မှု Factor အနည်းဆုံးလေးခု လောက်မရှိဘူးဆိုရင် အဆင်မပြေဘူး။

နောက်ဆုံးအနေနဲ့မှာချင်တာက တိုးတက်ချင်တဲ့သူဟာ တိုးတက်ချင်တဲ့စိတ်ဓာတ်ရှိဖို့ လိုတယ်။ များသောအားဖြင့် သင်ယူပါလို့ပြောရင် သင်ယူရမှာကြောက်တယ်။ စိန်ခေါ်မှုကိုကြောက်တယ်။ တစ်ခုခုကို ပြင်းပြင်းထန်ထန်ကြိုးစားရမှာ ကြောက်တယ်။ ပိုပြီးကောင်းလာဖို့ Feedback ကိုကြောက်တယ်။ ကိုယ့်ကိုယ်ကိုယ် ဖြစ်လာအောင်လုပ်ဖို့ ဆန္ဒမရှိကြဘူး။ ဒါတွေရဲ့ပြောင်းပြန်ဆိုရင်တော့ တိုးတက်လိုစိတ်ရှိတယ်လို့ ဆိုရပါမယ်။

ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ Passion ရှိရမယ်။ အပြောင်းအလဲတွေရှိလာတဲ့အခါမှာ အပြောင်းအလဲကို Anticipate လုပ်နိုင်ရမယ်။ Adapt လုပ်နိုင်ရမယ်။ အပြောင်းအလဲအပေါ်မှာလည်း ကျေနပ်ရမယ်။ ဒီအပြောင်းအလဲစက်ဝန်းကြီးက အမြဲတမ်းလည်နေပြီး ဘဝမှာ အမြဲသက်ရောက်မှုရှိနေမယ်ဆိုတာ သိထားရမယ်။ ကျွန်တော်တို့မှာ ရင်းနှီးမြှုပ်နှံစရာသုံးခုရှိပါတယ်။ ငယ်စဉ်အခါမှာ လုပ်အားရှိတယ်။ အချိန်ရှိတယ်။ ဉာဏ်ပညာကို ခဏလေးထားပါ။ အဲဒီအချိန်မှာ မရှိတာက ငွေဖြစ်ပါတယ်။ ဒီတော့ ရှိတာကို အားကြိုးမာန်တက်လုပ်မယ်။ အလုပ်လုပ်ရင်းသင်ယူမယ်။ ရတဲ့ငွေဟာ ကိုယ်သုံးတာနဲ့ ကုန်သွားတာရှိတယ်။ ဒါက Entry Level မှာ ဖြစ်လေ့ဖြစ်ထရှိတာပါ။ လုပ်သက်ကလေး နှစ်နှစ်ကနေ သုံးနှစ်ဖြစ်လာတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ရောင်းကုန်တစ်ခုလို့သဘောထားမယ်ဆိုရင် ကိုယ့်ရဲ့လုပ်အား၊ ကိုယ့်ရဲ့ကျွမ်းကျင်မှုကို မပြနိုင်ဘူးဆိုရင် ဝင်ငွေတိုးလာမှာမဟုတ်ဘူး။ အချိန်ဆိုလည်း အလားတူပဲ။ အချိန်ကိုအကောင်းဆုံးအသုံးချပြီး ဖြည့်ဖို့လိုတာတွေ ဖြည့်သွားပါ။ ဘာသာစကားဟာ Barrier အဖြစ်ရှိလို့ကို မရတော့တဲ့ အခြေအနေဖြစ်တဲ့အတွက် တိုးတက်အောင် လုပ်ရမယ်။

တကယ်လို့ Sales Manager ၊ Sales Director တို့ဟာ ကွန်ပျူတာစွမ်းရည်မရှိဘူးဆိုရင် ခက်လာမယ်။ မရှိရင် ရှိအောင်၊ တိုးတက်အောင်လုပ်ရမယ်။ နောက်ပြီး ဖြစ်ချင်တာ CEO ၊ ကိုယ်လုပ်တတ်တာက HR တစ်ခုတည်း Marketing တစ်ခုတည်းဆိုရင် ဖြစ်မလာနိုင်ဘူး။ ကိုယ့်ရဲ့ Function နဲ့ဆက်စပ်နေတဲ့ လုပ်ငန်းတွေအားလုံးကို သိဖို့လိုတယ်။ နောက်တစ်ခုက Local Knowledge ဖြစ်ပါတယ်။ ဒီတိုင်းပြည်ရဲ့ Exposure ကိုနားလည်ရမယ်။ ငွေကို စုတာမတိုင်ခင် စဉ်းစားဖို့က ငါသင်ယူဖို့အတွက် ဒီငွေကို ဘယ်လိုအသုံးချမလဲ။ ဘယ်နေရာတွေမှာ မြှုပ်နှံမလဲဆိုတာ စဉ်းစားရမယ်။ နောက်ဆုံးတစ်ခုက Attitude ကောင်းဖို့ ဖြစ်ပါတယ်။ အလုပ်မှာ ငွေ၊ အတွေ့အကြုံရဖို့သာမဟုတ်ဘဲ ကိုယ်ကဘာလုပ်ပေးနိုင်မလဲဆိုတာ ရှိရပါမယ်။

အယ်ဒီတာအဖွဲ့