မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Jobnet.com.mm က နိုင်ငံအတွင်းရှိ ထိပ်တန်းကုမ္ပဏီကြီးတွေက HR ခေါင်းဆောင်တွေနဲ့အတူ Team Building for Greatness ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ MELIA HOTEL မှာ ၂၀၁၇ ခုနှစ်၊ မတ်လ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။
What makes Great People Leave a Company အကြောင်းအရာနဲ့ပတ်သက်ပြီး Telenor Myanmar ရဲ့ Chief People Officer ဒေါ်ရွှေရည်ဝင်းလဲ့ (Goldie) ၊ Ooredoo Myanmar ရဲ့ Chief Human Resource Officer ဖြစ်သူ Mrs.Cecile Umana ၊ MyWorld Careers ရဲ့ Country Manager ဖြစ်သူ Mr. Simon Bruce ၊ KBZ Bank ရဲ့ Senior GM of HR Department ဦးမောင်မောင်စိုးမိုးနဲ့ Manpower Group ရဲ့ Borderless Talent Solutions Manager (Cross Border Recruitment) ဖြစ်သူ Mr. Sai Tip တို့က ဆွေးနွေးခဲ့ကြပါတယ်။ ဆက်လက်ပြီး အထူးအစီအစဉ်အနေနဲ့ Myanmar Excellence Institute ရဲ့ CEO and Founder ဦးပြေခိုင်ကလည်း HR Leadership for Great Teams ခေါင်းစဉ်နဲ့ဟောပြောဆွေးနွေးခဲ့ပါတယ်။ ပွဲမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ ပုဂ္ဂိုလ်တချို့ကို HR ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
[caption id="attachment_29413" align="alignnone" width="370"]Matt De Luca[/caption]
Matt De Luca
Managing Director
JobNet.com.mm
ဒီပွဲနဲ့ပတ်သက်ပြီး အဓိကပေးချင်တဲ့ Message က . . .
Leadership ရဲ့ အရေးပါမှုနဲ့ ကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်းတွေကို ဘယ်လို Retain လုပ်သင့်သလဲဆိုတာကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။ Leadership ကို လူတွေက အဓိပ္ပာယ်အမျိုးမျိုးနဲ့ ဖွင့်ဆိုကြပါတယ်။ ကုမ္ပဏီတွေဘက်ကလည်း သူတို့ရဲ့တိကျသေချာတဲ့ Vision ၊ Mission တွေကို ဝန်ထမ်းတိုင်း နားလည်သဘောပေါက်အောင် လုပ်ဆောင်သင့်ပါတယ်။ သဘောပေါက်ရုံတင်မကဘဲ သေသေချာချာ လိုက်နာလုပ်ဆောင်စေသင့်ပါတယ်။ ကုမ္ပဏီတိုင်းမှာ သူ့နည်းလမ်း၊ သူ့ဥပဒေသနဲ့သူ ရှိကြပါတယ်။
ပြည်တွင်း HR အခြေအနေကလည်း အရင်ကနဲ့စာရင် တိုးတက်လာတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကဆို မြန်မာပြည်မှာ HR ဟာ Administrative အနေနဲ့ တည်ရှိခဲ့ပြီး ဝန်ထမ်းတွေ လစာပေးတာ၊ Attendance စစ်တာပဲပြုလုပ်ခဲ့ကြပါတယ်။ HR ရဲ့ အရေးပါမှုကို ဒီနောက်ပိုင်းမှာ Business Leaders တွေက အရေးပါတဲ့ Function အဖြစ် လက်ခံလာခဲ့ကြပါတယ်။ ကုမ္ပဏီကို အရည်အသွေးရှိတဲ့ ဝန်ထမ်းတွေနဲ့ပဲ လုပ်ကိုင်သွားချင်တယ်ဆိုရင် အခြေခံကစပြီး ပြုပြင်ပြောင်းလဲရပါမယ်။ ဝန်ထမ်းတွေကို Training ပေးတာနဲ့ ပတ်သက်ပြီး ပြောချင်တာကတော့ Self-Study လုပ်နိုင်ပါတယ်။ ကိုယ်လိုချင်တဲ့၊ သိချင်တဲ့ အချက်အလက်တွေကို စာကြည့်တိုက်အထိ သွားရှာနေစရာမလိုဘဲ လွယ်လွယ်ကူကူ လေ့လာနိုင်ပါတယ်။ Self-Study လုပ်ခြင်းကြောင့် လုပ်ရည်ကိုင်ရည် ပိုမိုမြင့်မားလာစေပါတယ်။ ကုမ္ပဏီတွေအနေနဲ့ Training ပေးနိုင်ပေမယ့် ကိုယ်တိုင်ကိုယ်ကျ ကြိုးစားအားထုတ်တာလောက် အရာမရောက်နိုင်ပါဘူး။
လူတိုင်းရဲ့ ဉာဏ်ရည်ဉာဏ်သွေးဟာ ၈၀ ရာခိုင်နှုန်းနီးပါး တူကြပါတယ်။ အဲဒီထဲမှာမှ ဘယ်သူကပိုပြီး Leadership Skill ဖြစ်တယ်၊ ဘယ်သူက မှတ်ဉာဏ်ပိုကောင်းတယ်ဆိုတာပဲ ကွာသွားတာပါ။ အရည်အချင်းရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့ ၁၀၀ ရာခိုင်နှုန်း Perfect ဖြစ်စရာ မလိုပါဘူး။ ကြိုးစားအားထုတ်နေဖို့ပဲ လိုပါတယ်။ Teamwork အတွက်ကတော့ လုပ်ဖော်ကိုင်ဖက်အချင်းချင်း သူငယ်ချင်းတွေလို ဆက်ဆံပြီး တစ်ယောက်ရဲ့သဘောထားကို တစ်ယောက်က အလေးထား၊ အတူတကွ ဆွေးနွေးတိုင်ပင် အကြံပြုဖို့ပါပဲ။ အဓိကကတော့ ကိုယ်လက်ရှိလုပ်နေတဲ့ အလုပ်ရဲ့ အဓိကပြုလုပ်သင့်တဲ့ အရာတွေကို သိရှိနားလည်ပြီး သေချာလုပ်ကိုင်ဆောင်ရွက်သွားပါ။
HR ပိုင်းနဲ့ပတ်သက်ပြီးတော့ မြန်မာပြည်မှာ တော်တော်လေး အခြေအနေကောင်းလာတာ တွေ့ရပါတယ်။ Leadership Skills ကို Develop လုပ်ဖို့ အခွင့်အလမ်းတွေလည်း အများကြီးရှိလာပါပြီ။ Leadership Skills ဆိုတာ ပုံသေသတ်မှတ်ထားလို့ ရတဲ့အရာမဟုတ်တော့ တခြားသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့ပုံစံ၊ တခြားသူတွေအပေါ် Inspire ဖြစ်မဖြစ် အစရှိတဲ့ အရည်အချင်းတွေပေါ် မူတည်ပြီး Flexible ဖြစ်အောင် ကျင့်သုံးနေရမှာပါ။
[caption id="attachment_29414" align="alignnone" width="370"]Simon Bruce[/caption]
Simon Bruce
Country Manager
MyWorld Careers Co Ltd
ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အဓိကပေးချင်တဲ့ Message . . .
လူတစ်ဦး တစ်ယောက်ချင်း၊ ဒါမှမဟုတ် ကုမ္ပဏီတစ်ခုချင်းအတွက် ခေါင်းဆောင်မှုပိုင်းက အင်မတန်အရေးကြီးပါတယ်။ ခေါင်းဆောင်မှုပိုင်းကလည်း ပုံသေတည်ရှိနေတာ မဟုတ်ပါဘူး။ ဒီတစ်ပတ်မှာ အလုပ်ဖြစ်ပေမယ့် နောက်တစ်ပတ်မှာ အလုပ်ဖြစ်ချင်မှ ဖြစ်မယ်။ ဒါကြောင့် အမြဲတမ်း Flexible ဖြစ်နေဖို့ လိုပါတယ်။ ကိုယ့်အနားကလူတွေရဲ့ စကားကို နာယူမှတ်သားပြီး သင့်တင့်သလို စီမံဆောင်ရွက်ပါ။
မြန်မာနိုင်ငံရဲ့ လက်ရှိ Human Resources အပေါ် ထင်မြင်ချက် . . .
မြန်မာပြည်ကို စရောက်တုန်းက Good Candidates တွေ မရှိဘူးလို့ ထင်ခဲ့ပါတယ်။ နောက်တော့မှ ဒီမြန်မာပြည်မှာ လုပ်ရည်ကိုင်ရည်ရှိတဲ့ ဝန်ထမ်းတွေရှိနေတာတွေ၊ ဝန်ထမ်းတွေပိုမိုပြီး အရည်အသွေးပြည့်မီအောင် လုပ်ဆောင်ပေးနိုင်တာတွေကို သိရှိခဲ့ပါတယ်။ အဓိကက မြန်မာပြည်မှာ ဘွဲ့ရပြီးခါစ၊ ဒါမှမဟုတ် လုပ်သက်နုတဲ့ ဝန်ထမ်းတွေကို အရည်အသွေး မြင့်တက်လာအောင် ကြပ်မတ်ထိန်းကျောင်းပေးနိုင်မယ့် ခေါင်းဆောင်ကောင်း တစ်ယောက်စီ ခန့်အပ်ထားဖို့ပါပဲ။ ဒါမှ ဝန်ထမ်းတွေအနေနဲ့ ကုမ္ပဏီအပေါ် တာဝန်ကျေပွန်စွာ လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတချို့က သူတို့အလုပ်တွေကို ချက်ချင်းတာဝန်ယူ လုပ်ဆောင်နိုင်မယ့် လူတွေကို အလိုရှိကြတယ်။ ဒါက Selected Candidates တွေအတွက် ယှဉ်ပြိုင်မှုတွေ ဖြစ်လာစေပြီး High Demand အဆင့်ထိ ရောက်သွားခဲ့ပါတယ်။ ကုမ္ပဏီတွေအနေနဲ့လည်း လစာပေါ်မူတည်ပြီး ဝန်ထမ်းခန့်အပ်တာမျိုးတွေ မလုပ်သင့်ပါဘူး။
ဒါက လက်ရှိမြန်မာပြည်ရဲ့ အခြေအနေပါ။ ဝန်ထမ်းတချို့ကလည်း အလုပ်ပြောင်းရင် လစာပိုကောင်းတဲ့ အလုပ်ပဲ ရချင်ကြတယ်။ တကယ်တမ်း သူတို့ရဲ့ အရည်အသွေးက ပိုပြီး Develop ဖြစ်လာလား ဆိုတော့လည်း မဟုတ်ဘူး။ အလုပ်ရှာဖွေရေး၊ ဝန်ထမ်းရှာဖွေရေးကဏ္ဍမှာ လူတော်တွေကို ရှာတွေ့နိုင်ဖို့ အခွင့်အလမ်းတွေရှိသလို၊ ကုမ္ပဏီတွေဘက်ကလည်း သူတို့အလုပ်ကို ချက်ချင်းလုပ်နိုင်မယ့် ဝန်ထမ်းပဲ တစိုက်မတ်မတ်ရှာနေတာမျိုး မဖြစ်ဖို့ အရေးကြီးပါတယ်။
ကုမ္ပဏီမှာ လူတော်တွေ ရေရှည်အလုပ် လုပ်ကိုင်ချင်အောင် ဘယ်လို Retain လုပ်သင့်လဲ . . .
Retain လုပ်ဖို့ နည်းလမ်းတွေ ရှိပါတယ်။ ပိုက်ဆံက အဓိကအဖြေ မဟုတ်ပါဘူး။ တကယ်လို့ ဝန်ထမ်းတစ်ယောက်ဟာ သူလက်ရှိရနေတဲ့ လစာထက်ပိုရသင့်တယ်လို့ထင်ရင် သူအလုပ်ထွက်ဖို့ မစဉ်းစားခင်မှာပဲ လစာတိုးပေးလိုက်ပါ။ ဝန်ထမ်းတိုင်းရဲ့ စိတ်ထဲမှာ သူတို့ဟာ ဒီကုမ္ပဏီရဲ့ အစိတ်အပိုင်းတစ်ခုပဲလို့ ခံယူထားပြီဆိုရင် သူတို့ဟာ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေပြီး တက်တက်ကြွကြ အလုပ်လုပ်ကြပါလိမ့်မယ်။
အရည်အသွေးပြည့်မီတဲ့ ဝန်ထမ်းတွေဖြစ်အောင် ဘယ်လိုပျိုးထောင်ရမလဲ . . .
ကောင်းမွန်တဲ့လူတွေကို ရွေးချယ်ပါ။ ဥပမာ- ကျွန်တော်တို့ဆီမှာ ၁၃ ယောက် အလုပ်ခန့်တာ၊ ခုနစ်ယောက်က ဘွဲ့ရပြီးခါစ လူငယ်တွေပါ။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ အရည်အသွေးကို ကျွန်တော်တို့က သူအလုပ်အတွေ့အကြုံ ရှိတာ၊ မရှိတာနဲ့ မဆုံးဖြတ်ပါဘူး။ တချို့သူတွေဆို အတွေ့အကြုံ မရှိပေမယ့် သူ့လုပ်ပုံကိုင်ပုံက ခြောက်နှစ်၊ ခုနစ်နှစ် လုပ်ကိုင်လာတဲ့သူတွေလောက် လုပ်နိုင်တာကို တွေ့ရပါလိမ့်မယ်။ Entry-Level Position ဆိုပေမယ့် သူလုပ်နိုင်တဲ့ ပမာဏပေါ်မူတည်ပြီး အလုပ်တာဝန်တွေ ပေးအပ်ပါတယ်။ လူငယ်တွေဟာ ပိုပြီးကြိုးစားအားထုတ်တာ တွေ့ရပါလိမ့်မယ်။ သူတို့လုပ်ရည်ကိုင်ရည်ပေါ် မူတည်ပြီး ဆုချပေးပါ။
Teamwork ပိုင်းနဲ့ ပတ်သက်ပြီးတော့ကော ဘယ်လိုမျိုးအကြံပေးချင်ပါသလဲ . . .
ကျွန်တော်တို့အနေနဲ့ကတော့ Organization အမျိုးမျိုးအနေနဲ့ လုပ်ဆောင်နေတာဆိုတော့ အမြဲတမ်း Team နဲ့ပဲ အလုပ်လုပ်ကြပါတယ်။ အဖွဲ့သူ အဖွဲ့သားတွေကြားမှာ အလုပ်ရာထူး Position Level မခွဲထားပါဘူး။ Hierarchy မရှိတဲ့အတွက် လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးကြပါတယ်။ ဘယ်သူ့ရဲ့အကြံဉာဏ်ပဲဖြစ်ဖြစ် အလေးအနက်ထားပြီး တိုင်ပင်တယ်။ မှန်တယ်၊ မှားတယ်ရယ်လို့ မရှိပါဘူး။ နောက်ပြီးတော့ အဖွဲ့အစည်းအတွက် တိကျသေချာတဲ့ ရည်မှန်းချက်တွေ ချမှတ်ထားဖို့ လိုပါတယ်။
အယ်ဒီတာအဖွဲ့