ပီစီကွန်ပြူတာကုမ္မဏီကြီး HP က ဒီနှစ်အစောပိုင်းမှာ အထက်ပိုင်းက ဝန်ထမ်းတွေလျှော့ချသွားမယ့်ကိစ္စကို အတည်ပြုခဲ့ပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာလမှာ ဝန်ထမ်းလျှော့ချဖို့ စီစဉ်ထားတဲ့ပမာဏထက် ဝန်ထမ်း ၅၀၀၀ ပိုပြီး လျှော့ချသွားမယ်လို့ သိရပါတယ်။ ဆက်လက်ဖြစ်ပေါ်နေတဲ့ ဈေးကွက်နဲ့ လုပ်ငန်းပိုင်းဆိုင်ရာဖိအားတွေကြောင့် အခုလိုဝန်ထမ်းလျှော့ချရတာဖြစ် တယ်လို့ HP က ဆိုပါတယ်။ အဆိုပါအစီအစဉ်ဟာ ၂၀၁၂ ခုနှစ် လုပ်ငန်းပြန်လည်ဖွဲ့စည်းရေးမှာ စီစဉ်ထားတဲ့ ဝန်ထမ်းလျှော့ချမယ့်အရေအတွက်မှာ ဝန်ထမ်းအရေအတွက် ၂၉၀၀၀ ထပ်တိုးလာတာဖြစ်တယ်။ မတ်လအတွင်းမှာ နဂိုစီစဉ်ထားတာထက် ၁၅ ရာခိုင်နှုန်းအထိ အပြောင်းအလဲလုပ်ပြီး လျှော့ချသွားဖို့ရှိတယ်လို့ HP က ကြေငြာခဲ့ပါတယ်။ Ref : AP