သင်ရတဲ့ဆုကြေး (Bonus) ကို တစ်နေရာတည်း သုံးမပစ်လိုက်ပါနဲ့။ Manulife S’pore က အကြံပြုထားတဲ့ သင့်ဆုကြေးငွေကို ထိန်းသိမ်းဖို့ ပိုကောင်းတဲ့နည်းလမ်းခြောက်မျိုးကို ဖော်ပြပေးပါရစေ။ တိုင်းပြည်စီးပွားရေး မတည်ငြိမ်လင့်ကစား သင်ဟာ ဒီနှစ်လစာ ငွေတိုးမြှင့်ခံရတယ်၊ ဒါမှမဟုတ် ဆုကြေးငွေရတယ်ဆိုပါစို့။ အဲဒီလိုရအောင် သင်ဘယ်လိုလုပ်သင့်သလဲလို့ သင့်မိတ်ဆွေတချို့က မေးပါလိမ့်မယ်။ ဒါပေမဲ့ အရည်မရ အဖတ်မရ စကားတွေပြောနေမယ့်အစား သင်ဟာ သင့်ရဲ့ငွေတွေကို သုံးဖြုန်းရင်း မအားမလပ်ဖြစ်နေမယ်လေ။ အဲဒါမဟုတ်သေးဘူး။ ဘဝနေမှု ဟန်ဖောင်းပွမှု ထောင်ချောက်ထဲ လူတချို့ပြုတ်ကျပေမယ့် သင်ကတော့ အဲဒီလိုမဖြစ်ပါဘူး။ သင်ဟာ ငွေပိုရလို့ ပိုသုံးရင် အကြွေးထူသွားပါလိမ့်မယ်။ သင်ဟာ ဆင်ခြင်တွေးဆတတ်တဲ့ လူသားတစ်ဦးဖြစ်ပြီး သင်ငွေရဖို့အတွက် သင်ကြိုးစားခဲ့ရတာပါ။ အရင်က သင်ဟာ ငွေကို အလွယ်သုံးခဲ့ဖူးတယ်ဆိုရင်တောင် သင်ပိုချမ်းသာလေ ငွေကိုစည်းကမ်းရှိရှိသုံးစွဲတတ်လေ ဖြစ်ရပါမယ်။
၁။ သင့်လက်ထဲဆုကြေး မရောက်မချင်း ကြိုမသုံးပါနဲ့
သင့်ရုံးက သောက်ရေအိုးနားမှာပြောတဲ့ ကောလာဟလတွေကို သင်ကြားတယ်၊ ဒါမှမဟုတ် သင့်ကိုလျှို့ဝှက်ခိုင်းတဲ့ ငွေစာရင်းဌာနက သင့်မိတ်ဆွေဆီက တိုက်ရိုက်ကြားတယ်။ သင်ရမယ့် ဆုကြေးပမာဏ အတိအကျဖော်ပြတဲ့ စာကိုတောင် သင့်ကုမ္ပဏီက သင်ရထားပြီးပြီ။ ဘာမှမထူးပါဘူး။ ဆုကြေးဟာ သင့်ဘဏ်စာရင်းထဲ ငွေမဝင်မချင်း မသုံးလိုက်ပါနဲ့။ ဒီနည်းအားဖြင့် သင်ဟာ ပေါ့ပေါ့ဆဆ ကြိုတင်မှန်းဆခြင်းရဲ့သားကောင် မဖြစ်တော့ပါဘူး။
၂။ သင့်ရဲ့ ခရက်ဒစ်ကတ်အတွက် အကြွေးဆပ်လိုက်ပါ
သင်ပေးဆပ်ရမယ့် အကြွေးကို မဆပ်ဘဲနေရင် သင်ရှာလို့ရတဲ့ ငွေကို ဘယ်တော့မှ စုစည်းနိုင်မှာ မဟုတ်ဘူး။ အဲဒီဆုကြေးတချို့ကို သုံးစွဲဖို့ သင့်ရဲ့ခရက်ဒစ်ကတ်ကို သင်အသုံးပြုရမယ်ဆိုတာ သိပါတယ်။ ဒါကြောင့် ချေးငွေရရှိနိုင်မှုကို ယူဆောင်ပြီး သင်မသုံးစွဲခင် မူလငွေပမာဏအဆင့် ပြန်ဖြစ်အောင်ဖြည့်ပါ။
၃။ သင့်ရဲ့ လွတ်မြောက်မှု ရန်ပုံငွေတည်ထောင်ပါ
တချို့က အရေးပေါ်ရန်ပုံငွေကို ခေါ်ကောင်းခေါ်ဖွယ်ရှိပေမယ့် လွတ်မြောက်မှုရန်ပုံငွေဆိုတာ သင်လိုချင်တဲ့အရာနဲ့ ပိုတူပါတယ်။ ဒီငွေဟာ သင်အလုပ်ပြုတ်ကိန်းရှိတယ်လို့ အောက်မေ့ရတဲ့အခါ၊ ဒါမှမဟုတ် သင့်အလုပ်ရှင်နဲ့ ဗီအိုင်ပီအစည်းအဝေး ထပ်တက်ချင်စိတ် လုံးဝမရှိတော့တဲ့အခါ သုံးစွဲဖို့ဘေးဖယ်ထားတဲ့ ငွေပါ။ လစဉ် သင်စိတ်ချမ်းသာစွာ ဆက်လက်ရှင်သန်ဖို့ ငွေဘယ်လောက်လိုမလဲတွက်ပြီး နောက်ထပ်ဝင်ငွေရလမ်း အသစ်ရှာမတွေ့ခင် လအရေအတွက်ကို အဲဒီငွေနဲ့မြှောက်ပါ။ ပြီးတော့ စိတ်ချရအောင် လိုရမည်ရအဖြစ် ခြောက်လကနေ ၁၂ လ စာအထိ စုဆောင်းထားရှိပါ။
၄။ သင့်အငြိမ်းစားဘဝအတွက် ငွေစတင်စုပါ
မမျှော်လင့်တဲ့ ငွေများများစားစားရတဲ့အခါ သင့်အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ဖို့ အကောင်းဆုံးအချိန်ပါ။ သင့် အသက်ငါးဆယ်ကျော်တဲ့အခါကျမှ အငြိမ်းစားယူဖို့ အစီအစဉ်ဆွဲဖို့ လိုမယ်ထင်သလား။ ပြန်စဉ်းစားပါဦး။ ကြိုတင်ပြင်ဆင်မှုမရှိဘဲ ဇရာဖြစ်မှုရဲ့ တုန်လှုပ်ဖွယ်ဇာတ်လမ်းတွေ ကျွန်ုပ်တို့ပြောပြဖို့ မလိုအပ်ပါဘူး။ အသက်ရှင် ဆင်းရဲနေတဲ့ သင့်ဦးလေး၊ ဒါမှမဟုတ် အဒေါ်တစ်ဦး သင့်အတွက် သက်သေရှိချင်ရှိမှာပါ။ ရေရှည်မှာ ငွေပမာဏအနည်းငယ်စီကို စုဆောင်းထားခြင်းဟာ သင့်ဘဝတည်ငြိမ်ဖို့ အလားအလာရှိတဲ့ သဘောပဲ။ ဒီနေ့ သင်စတင်စုဆောင်းရင် သင်ဟာ စောစောစီးစီး အငြိမ်းစားယူလို့ ရချင်ရမယ်။ သင် အငြိမ်းစားယူရင် လိုအပ်မယ့်ကိစ္စတွေကို နားလည်တဲ့ ဘဏ္ဍာရေးစီမံကိန်းရေးဆွဲသူတစ်ဦးနဲ့ ဆွေးနွေးကြည့်ပါ။
၅။ သင့်ရဲ့ လစဉ်ဘတ်ဂျက် (အသုံးစရိတ်) ကို လျှော့ချဖို့ အခွင့်အရေးကို ရယူပါ
သင့်ငွေကို သိပ်စိစစ်ချွေတာ သုံးနေရပါသလား။ သင့်ငွေကို နည်းနည်းထုတ်သုံးဖို့ အချိန်ကျပါပြီ။ ဒါပေမဲ့ ထပ်တိုးရန်ပုံငွေတွေ ဘယ်ရောက်လဲဆိုတာ သင်တိကျစေ့စပ်စွာသိပါ။ ဥပမာ- တစ်ပတ်မှာ ညစာထွက်စားဖို့၊ ဒါမှမဟုတ် လေ့ကျင့်ခန်းရုံသွားဖို့ ဒေါ်လာငါးဆယ် ထပ်သုံးမယ်ဆိုပါစို့။ ပိုကောင်းတဲ့စားသောက်ဆိုင် သွားမလား၊ ဒါမှမဟုတ် လေ့ကျင့်ခန်းဓာတ်စာတွေ ဝယ်မလား။ သိပ်မကြာခင် ဘိုင်ကျတဲ့ဘ၀ သင်ပြန်မရောက်ရအောင် သင်ခြေရာခံပြီး လွယ်ကူတဲ့နည်းလမ်းနဲ့ အသုံးစရိတ်ကို တိုင်းတာပါ။
၆။ သင့်ကိုယ်သင်၊ ဒါမှမဟုတ် သူများတွေကို ပြုစုကျွေးမွေးပါ
အဆင့်မြင့် ညစာသွားစားပါ။ တစ်နေကုန် ဈေးလျှောက်ဝယ်ပါ၊ ဒါမှမဟုတ် သင်သွားချင်နေတဲ့ ကုန်းလမ်းခရီးတို တစ်ခုအတွက် ငွေချန်ထားပါ။ သင်ခံစားထိုက်တာမို့ ဆုလာဘ်နဲ့ပျော်ရွှင်မှု ကျိန်းသေရရှိအောင် သင်လုပ်ပါ။ ဒါပေမဲ့ အချက် ၁ ကနေ ၄ အထိ သင်စဉ်းစားပြီးမှသာ လုပ်ပါ။ ပရဟိတကိစ္စတစ်ခုခုသို့ ငွေတချို့လှူဒါန်းရင် လိုအပ်တဲ့လူတွေကို သင်ကူညီရုံမက သင့်ရဲ့လိပ်ပြာလည်း ပိုလှပပါလိမ့်မယ်။ ယေဘုယျလမ်းညွှန်ချက်အရ ၅၀၊ ၃၀၊ ၂၀ စည်းကမ်းဟာ ကျွန်ုပ်တို့အများစုအတွက် အဆင်ပြေတယ်လို့ ယူဆခံရပါတယ်။ အကြွေးဆပ်ဖို့ ၅၀ ရာခိုင်နှုန်း သုံးပြီး ၃၀ ရာခိုင်နှုန်း စုဆောင်းပါ။ ၂၀ ရာခိုင်နှုန်းနဲ့ ပျော်ပါးပါ။ သင့်ရဲ့ဘဏ္ဍာရေးအခြေအနေ တိကျသေချာမှုအပေါ် အဲဒါကွာခြားနိုင်ပါတယ်။ သင့်ဆုကြေးတစ်ဝက်ကို ပျော်ဖို့အတွက်သုံးရင် နောက်ဆုံး သင်ပျော်ရတော့မှာ မဟုတ်ဘူး။
နိုင်သီဟ