အောင်မြင်သူများရဲ့ အများနဲ့မတူတဲ့ အမူအကျင့် ၇ ခု

ကမ္ဘာ့နိုင်ငံအနှံ့အပြားက နယ်ပယ်အသီးသီးမှာ ထူးချွန်အောင်မြင်နေသူတွေ၊ အထူးသဖြင့် စီးပွားရေးနယ်ပယ်မှာ အောင်မြင်မှုတွေရှိနေသူတွေကို လေ့လာချက်တွေအရ သူတို့ရဲ့ အတွေးအခေါ်၊ အယူအဆ၊ အပြုအမူ၊ လုပ်ကိုင်ပုံနဲ့ ဘဝနေထိုင်နည်းတွေက သာမန်လူအများနဲ့ မတူတာ တွေ့ရပါတယ်။ ယေဘုယျဆန်သော်လည်း လွယ်လွယ်ကူကူ ကျင့်သုံးနိုင်တဲ့ အောင်မြင်သူတွေရဲ့ အမူအကျင့် ၇ ခုကို ကိုယ်တိုင်လိုက်လုပ်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

HowToJan

၁။ ဝေဖန်မှုကို လက်ခံကြတယ်

---------------

ကျွန်တော်တို့ဟာ အစစအရာရာကို မသိနိုင်ဘူးဆိုတဲ့ အချက်ကို သဘောပေါက်လက်ခံဖို့အတွက် မိမိတို့ကိုယ် မိမိတို့ မာန်မာနမကြီးဘဲ နှိမ့်ချတတ်ဖို့လိုပါတယ်။ ရထားတဲ့ အောင်မြင်မှုလေးတွေနဲ့ ရပ်တန့်မနေဘဲ ဆက်လက် လေ့လာသင်ကြားနေကြရမယ်။

၂။ အရှုံးကို လက်ခံကြမယ်

-----------

Bill Gates က အောင်မြင်တဲ့အခါပျော်ကြတာ ကောင်းပါတယ်။ ဒါပေမဲ့ ဆုံးရှုံးမှုက ရတဲ့သင်ခန်းစာတွေကို အလေးထား ဂရုစိုက်တတ်ဖို့က ပိုအရေးကြီးတယ်လို့ ပြောခဲ့ဖူးတယ်။ မဆုတ်မနစ်လုပ်ကြတယ်။ အရှုံးကို ပုံကြီးချဲ့ပြောမနေကြဘူး။ ရှုံးရာကနေ ပြန်ထနိုင်အောင် ဘယ်လိုကြိုးစားမယ်ဆိုတာပဲ စဉ်းစားကြတယ်။

၃။ အမြင်တူသူတွေနဲ့ တွဲကြတယ်

---------------------

''ရည်ရွယ်ချက်ချင်းတူပြီး မဆုတ်နစ်တဲ့ ဇွဲလုံ့လနဲ့ လုပ်ကိုင်ဆောင်ရွက်ကြသူတွေနဲ့ အတူတူလုပ်ရရင် ဘာမဆို အောင်မြင်နိုင်တယ်'' (Howard Schultz Starbucks CEO)

၄။ ပုဂ္ဂိလက စိတ်ခံစားချက်တွေကို ထည့်မတွက်ဘူး

-------------

ချမ်းသာကြွယ်ဝကြသူတွေဟာ ငွေကို သုံးစွဲရာမှ စိတ်ခံစားမှုအရ မဟုတ်ဘဲ ကျိုးကြောင်းဆီလျော်သင့်မြတ်မှု ရှိ မရှိဆိုတာပဲ ထည့်တွက်ကြတယ်။ သူများတွေလုပ်တိုင်း လိုက်မလုပ်ကြဘူး။

၅။ လောလောဆယ် အလိုဆန္ဒပြည့်သွားတာမျိုး မလုပ်ကြဘူး

---------------------

လောလောဆယ်ဆန္ဒပြည့်ဝသွားတာကို မလုပ်ဘဲ နောင်အနာဂတ်အတွက် ထည့်သွင်းစဉ်းစားကာ စိတ်ရှည်ရှည်နဲ့ သည်းခံနေနိုင်ခြင်းဟာ စိတ်ကို ထိန်းချုပ်နိုင်ခြင်းနဲ့ စိတ်စည်းကမ်းလိုက်နာခြင်းပဲ ဖြစ်တယ်။

၆။ ဇွဲနဲ့ဇောက်ချလုပ်ကိုင်တတ်တယ်

----------------

ကျွမ်းကျင်မှုတွေသာမက အလုပ်ကို ဇွဲနဲ့ဇောက်ချလုပ်ကိုင်ဖို့လည်း လိုပါတယ်။ အလုပ်တွေကို စနစ်တကျ စီမံချက်ချပြီး မဖြစ်မနေ လုပ်ကိုင်ဆောင်ရွက်ကြတယ်။

၇။ ရည်မှန်းချက် မြင့်မြင့်မားမားထားကြတယ်

-----------------

အလွန်အောင်မြင်ကြသူတွေဟာ ရှေ့ကိုလည်း မျှော်တွေးတတ်ကြသလို သူများတွေထက် ကြီးကြီးကျယ်ကျယ် တွေးတောတတ်ကြတယ်။ အရေးကြီးတဲ့အရာတွေကိုပဲ အာရုံစိုက်ထားကြတယ်။ အောင်မြင်မှုအမြင့်ဆုံးရချင်ရင် မိမိကိုယ်မိမိ ကန့်သတ်ထားလို့မဖြစ်ပါဘူး။

ညွန့်သောင်း