Bill Gates ၊ Jack Ma ၊ Richard Branson နဲ့ Apple ရဲ့ CEO Tim Cook တို့မှာ ဘယ်အရာတွေ တူညီကြလဲ။ သူတို့တွေက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအချက်ကို ဖယ်ထားလိုက်မယ်ဆိုရင် ဒီချမ်းသာတဲ့သူတွေမှာ တူညီတဲ့အချက်တွေ အများကြီးရှိပါတယ်။ အဲဒါက သူတို့ရဲ့ ကြိမ်ဖန်များစွာ လုပ်ဆောင်လာတဲ့အကျင့်တွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ကိုယ်တိုင်လုပ်ဆောင်နေတဲ့ အရာတွေရဲ့ ထုတ်ကုန်တွေဖြစ်ပါတယ်။ အောင်မြင်သူတွေက သူတို့ကိုနေရာတစ်ခုခုမှာ လွှမ်းမိုးအောင် ပြုလုပ်ပေးနိုင်တဲ့အကျင့်တွေကို မွေးမြူထားကြပါတယ်။ အောက်ဖော်ပြပါအချက်တွေက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေ လက်ရှိသူတို့ရောက်နေတဲ့နေရာကို ရောက်ရှိအောင် ထောက်ပံ့ပေးခဲ့တဲ့ အလေ့အကျင့်ခြောက်မျိုးပဲဖြစ်ပါတယ်။
ချမ်းသာတဲ့သူတွေက စောစောအိပ်ရာထကြသူများဖြစ်ပါတယ်
----------------------
လူတော်တော်များများက စောစောအိပ်ရာထကြပြီးတော့ အဲဒီနောက်ကွယ်မှာ သူတို့ရဲ့ကိုယ်ပိုင်အကြောင်းအရင်းတွေ ရှိကြပါတယ်။ Apple ရဲ့ CEO Tim Cook က မနက်ဆိုရင် လေးနာရီခွဲမှာ အိပ်ရာထပြီးတော့ ကုမ္ပဏီအီးမေးလ်တွေကို စပို့ပါတယ်။ နာရီဝက်အချိန်အတောအတွင်းမှာ သူက Gym ကို သွားတဲ့အတွက်ကြောင့် ငါးနာရီမှာဆို သူ့ကို Gym မှာပဲ တွေ့နိုင်ပါတယ်။ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ Disney ရဲ့ CEO Bob Iger ၊ Starbucks ရဲ့ CEO Howard Schultz ၊ Richard Branson နဲ့ Pepsi Co CEO တို့ကလည်း မနက်အိပ်ရာစောစောထကြသူများဖြစ်ပါတယ်။ မနက်အိပ်ရာစောစောထတာက အကျင့်ကောင်း ဘာကြောင့်ဖြစ်တယ်ဆိုတာနဲ့ပတ်သက်ပြီး သိပ္ပံနည်းကျ အကြောင်းအခြင်းအရာတွေရှိပါတယ်။ သုတေသနတွေအရ အိပ်ရာစောစောထသူတွေဟာ အလုပ်မှာ လုပ်ရည်ကိုင်ရည်ပိုကောင်းပြီး ပိုပျော်ရွှင်လေ့ရှိကြပါတယ်။
အောင်မြင်တဲ့သူတွေက ပျင်းရိလေ့မရှိဘူး
-------------------------
Oprah Winfrey နဲ့ Warren Buffett တို့လို ချမ်းသာသူတွေက သူတို့လုပ်ဆောင်တော့မယ့်အရာတွေနဲ့ပတ်သက်ပြီး အပြောနဲ့အချိန်ဖြုန်းလေ့မရှိပါဘူး။ သူတို့က အဲဒီအချိန်ကို ပထမခြေလှမ်းလှမ်းနိုင်အောင် အသုံးပြုပါတယ်။ ချမ်းသာတဲ့သူတွေက သူတို့ရဲ့အချိန်ကို ငွေလိုပဲ ဆက်ဆံပါတယ်။ သူတို့လုပ်နိုင်တဲ့အရာအတွက် ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ သဘောတူညီချက်ကိုမှ မလိုအပ်ဘူးဆိုတာကို သိကြပါတယ်။ ဒါက အကျင့်နဲ့မတူသလိုဖြစ်နေပါတယ်။ ဒါပေမဲ့ ခဏလောက်ရပ်ပြီး ကိုယ့်မှာရှိတဲ့ဗဟုသုတနဲ့ အရင်းအမြစ်တွေနဲ့ ကိုယ်ဘာတွေလုပ်နိုင်တယ်ဆိုတာကို တွေးကြည့်လိုက်ရင် ကိုယ်လုပ်နိုင်တာတွေ အများကြီးရှိတယ်ဆိုတာကို သိနားလည်လာမှာပါ။ ဆင်းရဲသူနဲ့ ချမ်းသာသူတွေရဲ့ ကွာခြားချက်က ချမ်းသာသူတွေက အဲဒါကို ချက်ချင်းလုပ်တယ်၊ ဒါပေမဲ့ ဘာကြောင့်လူတွေမအောင်မြင်လဲဆိုတော့ သူတို့က ပျင်းရိကြလို့ပါ။ သူတို့က များများတွေးပြီးတော့ နည်းနည်းပဲလုပ်ကြတယ်။
ချမ်းသာသူတွေက ဘယ်အချိန်မှာ ငြင်းဆိုရမလဲသိတယ်
-------------------
ခေါင်းခါလိုက်ချင်ပေမယ့် မတတ်သာလို့ ခေါင်းညိမ့်လိုက်ဖူးလား။ ဒါကို ကျွန်တော်တို့တော်တော်များများမှာ ဖြစ်ဖူးကြပါတယ်။ တခြားသူကို မထိခိုက်စေဘဲနဲ့ ငြင်းဆိုနိုင်တာက အတတ်ပညာတစ်ခုပါပဲ။ အဲဒီအတတ်ပညာကို ချမ်းသာသူတော်တော်များများက သိကြပါတယ်။တကယ့်အောင်မြင်သူတွေက ဘယ်အရာကိုမဆို ခေါင်းခါလေ့ရှိကြသူတွေပါ။ သူတို့က သူတို့ရဲ့ကိုယ်ပိုင်အချိန်ကို တန်ဖိုးထားတယ်၊ ဒါကြောင့် တစ်ခုခုကိုယ်မလုပ်ချင်တဲ့အရာကို ခေါင်းညိမ့်ပြီးတော့ တခြားသူတွေ စိတ်ကျေနပ်ဖို့ ဘယ်တော့မှမကြိုးစားဘူး။ သူတို့ရဲ့အချိန်ဇယားအတိုင်း လိုက်နာတယ်၊ ခေါင်းခါဖို့လည်း ကိစ္စမရှိဘူး။
ချမ်းသာသူတွေက သူတို့ရဲ့ပိုက်ဆံကို အလုပ်အတွက်သုံးတယ်
--------------------
အောင်မြင်သူတွေက ပစ္စည်းဥစ္စာလည်းရှိကြပြီး အောင်မြင်ကြသူတွေဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ငွေကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကို သိတယ်။ သူတို့က ငွေကိုရင်းနှီးမြှုပ်နှံတယ်၊ သူတို့ငွေထားဖို့ အခွင့်အရေးအသစ်တွေကို အမြဲတမ်းရှာဖွေနေကြတယ်။ ချမ်းသာသူတွေက အောင်မြင်ဖို့အတွက် သူတို့ကိုယ်သူတို့ပြင်ဆင်တယ်။ ကံကောင်းဖို့မမျှော်လင့်ဘူး။
သူတို့က ပန်းတိုင်တွေ ချမှတ်တယ်
-----------------------
အောင်မြင်တဲ့သူတွေက ပန်းတိုင်ကို နည်းလမ်းမှန်နဲ့ ချမှတ်တတ်တဲ့အကျင့်ကောင်းရှိတယ်။ ကျွန်တော်တို့အားလုံးမှာ ပန်းတိုင်တွေရှိကြတယ်။ ကလေးဘဝကတည်းက ကျွန်တော်တို့အများစုက အိပ်မက်တွေရှိကြပြီး ရည်မှန်းကြီးကြီး ထားကြတယ်။ ချမ်းသာတဲ့သူတွေက ဖြစ်နိုင်တဲ့ပန်းတိုင်တွေကို ချမှတ်ကြပြီး သူတို့ရဲ့ပန်းတိုင်တွေကို ချရေးထားကြတယ်၊ သူတို့ရည်မှန်းထားတဲ့ပန်းတိုင်တွေကို ရယူနိုင်ဖို့ အာရုံစိုက်ကြတယ်။ အကျင့်ကောင်းတွေက သူတို့ကို ကြွယ်ဝချမ်းသာမှုတွေနဲ့နီးကပ်စေပြီး အကျင့်ဆိုးတွေက သူတို့ဘဝမှာ မကောင်းတဲ့အကျိုးသက်ရောက်မှုတွေရှိစေမယ်ဆိုတာကို သိကြတယ်။
အောင်မြင်တဲ့သူတွေက သင်ယူနေကြတယ်
-------------------
ချမ်းသာသူတွေက သူတို့ရဲ့အချိန်တွေကို TV ကြည့်ရင်း မဖြုန်းကြဘူး။ သူတို့က စာဖတ်တယ်၊ အရည်အသွေးအသစ်တွေကို သင်ယူတယ်၊ နယ်ပယ်တစ်ရပ်ရပ်မှာ သူတို့ရဲ့ ဗဟုသုတကို တိုးတက်စေမယ့်အခွင့်အလမ်းတွေကို ဘယ်တော့မှ လက်လွတ်မခံဘူး။ သင့်လျော်တဲ့ အရည်အသွေးတွေပေါ်မှာပဲ အာရုံစိုက်နိုင်အောင် ကြိုးစားတယ်။ ဝင်ငွေရပေါက်ရလမ်းတွေ ဖန်တီးဖို့ နည်းလမ်းအသစ်တွေကို သင်ယူတယ်၊ အဲဒါကို အကျိုးရှိရှိလုပ်ဆောင်တယ်။ ပညာရေးက သူတို့ကို အမှားတွေကနေ ရှောင်နိုင်အောင် ကူညီတယ်၊ ဒါက လူတွေအနေနဲ့ အရည်အသွေးအသစ်တွေကို သင်ယူရတဲ့ အကြောင်းအရင်းပဲဖြစ်ပါတယ်။
ဆင့်ဆင့်စိုး