"ကိုယ်ပိုင်လုပ်ငန်းတည်ထောင်လျှင်" ဟောပြောပွဲပြုလုပ်

 

IMG_5120

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁ ရက် ရန်ကုန်မြို့၊ Chatrium Hotel Royal Lake Yangon မှာ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်လျှင် Seminar ကို ကျင်းပခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းထားကို များစွာအထောက်အကူပြုနိုင်သော Startup ၊ SME လုပ်ငန်းများစွာကို စွန့်ဦးတီထွင်လုပ်ကိုင်နိုင်သူများ ပိုမိုများပြားလာစေရန် ရည်ရွယ်ကျင်းပတဲ့ "ကိုယ်ပိုင်လုပ်ငန်းတည်ထောင်လျှင်" ဟောပြောပွဲကို တူဒေးစာအုပ်တိုက်မှ ထုတ်ဝေတဲ့ CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းမှ ကြီးမှူးကျင်းပတာဖြစ်ပြီး Sponsor များအဖြစ် CB Bank၊ City Mart Holding Co., Ltd ၊ Enervon-C နဲ့ PAN တို့က ပါဝင်ပံ့ပိုးပေးတာဖြစ်ပါတယ်။

ပွဲမှာ CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းမှ အယ်ဒီတာချုပ် ဆရာဒေါက်တာသာထွန်းဦးမှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပါတယ်။

ကုမ္ပဏီတည်ထောင်ရန်လိုအပ်သည့် အချက်များဆိုသည့် ခေါင်းစဉ် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးလည်းကောင်း၊ အခွန်အခဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ခေါင်းစဉ်ဖြင့် ဟောပြောပို့ချပေးပါရန် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၁) မှ ဒုညွှန်ကြားရေးမှူး ဦးမင်းလွင်ဦး မှလည်းကောင်း ၊ ကိုယ်ပိုင်အတွေ့အကြုံ - Rangoon Tea House ခေါင်းစဉ်ဖြ Rangoon Tea House မှ Managing Director ဦးထက်မြက်ဦး မှလည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ပါတယ်။

ပွဲအတွင်း Speaker များအသုံးပြုခဲ့သော Powerpoint များကို CEO Myanmar Website မှာ စက်တင်ဘာလ ၁၅ ရက်အထိ တင်ထားပေးသွားမှာဖြစ်ပါတယ်။

ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး အသုံးပြုခဲ့သော powerpoint

ဒုတိယညွှန်ကြားရေးမှူး ဦးမင်းလွင်ဦး အသုံးပြုခဲ့သော powerpoint

ဦးထက်မြက်ဦးအသုံးပြုခဲ့သော powerpoint