၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်က မန္တလေးမြို့၊ Hotel Mandalay တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပွဲမှာ Myanmar Information Technology Pte Ltd မှ CEO ဒေါက်တာထွန်းသူရသက်နှင့် AAT Business Park မှ MD ဒေါ်အေးအေးသန့်တို့မှ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဒီနေ့ခေတ်အချိန်အခါမှာ အဆင်သင့်ဖြစ်နေရန်အတွက် လိုအပ်တဲ့အရည်အချင်းတွေကို ကြိုတင်ဖြည့်ဆည်းထားနိုင်ဖို့ ရည်ရွယ်ကာ ဟောပြောဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ Entrepreneur အများစုကိုလိုအပ်လာနေတဲ့ ဒီဂျစ်တယ်အနာဂတ်မှာ လုပ်ငန်းထူထောင်လိုတဲ့၊ လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်နေတဲ့ လူငယ်တိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုတွေအကြောင်းကို အဓိကထားဆွေးနွေးခဲ့ကြတာပါ။ ပွဲမှာ TODAY Group of Companies မှ ဒါရိုက်တာ ဦးစောရန်နိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး TODAY စာအုပ်တိုက်ထုတ် မဂ္ဂဇင်းတွေဖြစ်တဲ့ CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်းနှင့်၊ ပလုတ်တုတ် ကလေးဂျာနယ်တို့ရဲ့ Ebook Version တွေဖြစ်တဲ့ App တွေကိုလည်း မိတ်ဆက်ခဲ့တာြဖ်စပါတယ်။ ဟောပြောပွဲကို မန္တလေးမြို့ရှိ လုပ်ငန်းရှင်များ၊ လုပ်ငန်းခွင်ထဲမှ လူငယ်များ၊ လုပ်ငန်းစတင်တည်ထောင်ရန်ပြင်ဆင်နေသူများနှင့် စိတ်ပါဝင်စားသူ အများအပြားတက်ရောက်ခဲ့ကြပါတယ်။ ပွဲတက်ရောက်လာကြတဲ့သူများကို ဒီမဂ္ဂဇင်းနှစ်ခုရဲ့ အောက်တိုဘာလထုတ်နဲ့ နိုဝင်ဘာလထုတ် Ebook နှစ်ခု Free Download လုပ်ခွင့်လည်းပေးခဲ့တာပါ။ ဒီပွဲကို CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းနှင့်အတူ ကူညီပံ့ပိုးပေးတာကတော့ Grand Royal Special Reserved ၊ KBZ Bank ၊ Ocen Supercenter နဲ့ Zojirushi တို့ပဲဖြစ်ပါတယ်။ ဟောပြောပွဲမှာ ဒေါက်တာထွန်းသူရသက်နဲ့ ဆရာမ ဒေါ်အေးအေးသန့်တို့ အသုံးပြုခဲ့တဲ့ Power Point Slide များကို တစ်ပါတည်း download လုပ်နိုင်အောင် Link ကို အောက်မှာ ထည့်သွင်းပေးထားပါတယ်။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ နောက်ဆုံးထား Download ရယူနိုင်မှာဖြစ်ပါတယ်။
အနာဂတ်အတွက် မိမိကိုယ်ကိုပြင်ဆင်ခြင်း - ၁
အနာဂတ်အတွက် မိမိကိုယ်ကိုပြင်ဆင်ခြင်း - ၂